ပရိတ်တရားတော်

BayoteApril 26, 20101min600

ပရိတ်တရားတော်တို့၏ စွမ်းအားများ ထက်မြက်လာစေရေးအတွက် ရွတ်ဖတ်သူနဲ့ နာယူသူတို့အတွက် ဆောင်ရန် ရှောင်ရန်များကိုလိုက်နာရန်မှာ အထူးလိုအပ်လှပေသည်။ ပရိတ်ရွတ်ဖတ်သူတို့အတွက် ပြည့်စုံရမည့် အင်္ဂါရပ်များကို တင်ပြရပါလျှင် ——-
(၁) မိမိရွတ်ဖတ်နေသည့် ပါဠိစာသားတို့၏ အနေအထား မလွဲမှားစေခြင်း၊
(၂) မိမိရွတ်ဖတ်နေသည့် ့ပရိတ်တော် ပါဠိစာသား၏ အနက်အဓိပ္ပါယ်ကို သိရှိနားလည်ခြင်း၊
(၃) ပရိတ်နာသူ (သို့) ရည်ရွယ်ပြီး ရွတ်ဖတ်နေသူအပေါ် ကောင်းကျိုးကိုလားသည့် ဖြူစင်သည့် စေတနာ မေတ္တာအရင်းခံထားဖို့လိုအပ်ပေသည်။

ပရိတ်တရားတော် နာကြားသူများဖက်မှလည်း ပြည့်စုံရမည့်အင်္ဂါရပ် သုံးချက်ရှိပါသည်။ ၎င်းတို့မှာ —-
(၁) အမိသတ်ခြင်း၊ အဖသတ်ခြင်း၊ မြတ်စွာဘုရားကို သွေးစိမ်းတည်အောင် ပြုလုပ်ခြင်း၊ ရဟန္တာပုဂ္ဂိုလ်ကိုသတ်ခြင်းနှင့် သံဃာအချင်းချင်း သင်းကွဲအောင်ခွဲခြင်းဟုဆိုသည့် ပဉ္စာနန္တရိယကံ ကြူးလွန်သည့်ပုဂ္ဂိုလ်မဟုတ်ခြင်း။
(၂) လူခန္ဓာတွင် အသက်ဇီဝလိပ်ပြာကောင်ရှိသည် ၎င်းအသက်ဇီဝသည် ထာဝရတည်မြဲနေသည် စသည်ဖြင့် နိယတမိစ္ဆာဒိဋ္ဌိအယူမရှိသူဖြစ်ခြင်း။
(၃) ရွတ်ဖတ်ပူဇော်သည့် ပရိတ်တော်နှင့် ကောင်းကျိုးတို့အပေါ် လေးစား ယုံကြည်မှုရှိခြင်းတို့ဖြစ်သည်။
အထက်ပါကြောင်းအရာများထဲမှ နအဖစစ်အုပ်စု လွန်ကျူးထားသည့် အသေးစိတ်အချက်အလက်များကို ဆွေးနွေး တိုက်ဆိုင်ကြည့်ရန်မလိုပါ။