G-talker and Blogger

zoxnetApril 26, 20101min1227
formyblog

ဘယ်သူ့ကိုမှတော့ ထိခိုက်စေချင်တဲ့ ဆန္ဒမပါပါဘူး။ အကြံအပေးအယူနဲ့ ဖိတ်ခေါ်ချင်တဲ့ စိတ်ကလေးကြောင့်ပါ။ ပတ်ဝန်းကျင်မှာ တွေ့နေရတဲ့ အချို့အချို့ဖြစ်ရပ်တွေကို ကြည့်ပြီး သက်ပြင်းလည်း ခဏခဏချမိလို့ပါ။ ကျွန်တော်တင်ခဲ့တဲ့ ပို့စ်အဟောင်းလေးက အကြောင်းအရာလည်း အပါအဝင်ပါပဲ။ ဂျီတော့ခ် ချက်တင်နဲ့ ပတ်သက်ပြီး ဆွေးနွေးချင်လာလို့ပါ။ အခုနောက်ပိုင်းမှာ အင်တာနက်ဆိုင်တွေ ကျွန်တော်တို့ နိုင်ငံမှာ ပွထလာပြီး ဂိမ်းဆိုင်လေးတွေတောင် တော်တော်မှေးမှိန်သွားပါတယ်။ လူငယ်ယောက်ျားလေး နည်းနည်းပါးပါးလောက်ပဲ ဂိမ်းဆော့ကြတာ တွေ့ရတယ်။ တော်တော်များများက အင်တာနက်ဆိုင်ကို ရောက်နေကြပါပြီ။ အင်တာနက်နဲ့ နီးစပ်မှု ရှိလာတာ ကောင်းပါတယ်။ ယူတတ်ရင် အင်တာနက်ကနေ အများကြီးရတတ်ပါတယ်။ အသိပညာ၊ ဗဟုသုတ၊ စီးပွားရေးဆိုင်ရာ ကိစ္စ၊ အလုပ်အကိုင် အခွင့်အရေး အားလုံးလိုလို အင်တာနက်မှာ ရနိုင်ပါတယ်။ ဒါပေမယ့် များသောအားဖြင့် အခုခေတ်လူငယ်တွေ သုံးနေတဲ့ အင်တာနက်က ဘာအတွက် အဓိကဖြစ်နေလဲ။ ကျွန်တော် အင်တာနက်ဆိုင်ကို ရောက်တိုင်း မိန်းကလေး၊ ယောက်ျားလေး အားလုံးလိုလို အင်တာနက်ဆိုင်မှာ ထိုင်ပြီး ချက်တင်ချည်း သုံးနေတာတွေ့ရပါတယ်။ ပန်းခြံမှာတောင် ကျယ်ကျယ်မပြောရဲတဲ့ စကားတွေကို အင်တာနက်ဆိုင်မှာ ပေါ်တင် စိတ်လွတ်ကို်ယ်လွတ် ပြောလာတာကို ကြားရပါတယ်။ တချို့တချို့ဆို ကျောင်းစိမ်းအကျင်္ီလေးတွေနဲ့ ” ကိုယ်က ဘယ်ကလဲ၊ မ ကဘယ်ကလဲ၊ တို့က ပဲခူးကလေ ” ဆိုပြီး ရန်ကုန်မှာ ထိုင်ရင်း ပြောတတ်လာပါတယ်။ အရွယ်မရောက်သေးတဲ့ သူတွေ ချက်တင်မှာပဲ သူတို့ကိုယ်တိုင် မမြင်ဖူးသေးတဲ့သူတွေနဲ့ ချစ်သူတွေ ဖြစ်နေကြပါတယ်။ အခုမှ ခုန်ဖို့အားယူနေတဲ့ သူတို့နှလုံးသားတွေ စောစောစီးစီး အားတွေကုန်နေရပါတယ်။ ကျွန်တော် ကြုံဖူးပါတယ်။ ဂျီတော့ခ်ကို သုံးပြီး ၄ နှစ်လောက် ချက်တင်ထိုင်နေတဲ့ သူတစ်ဦးဟာ Google ကနေ image ကိုကလစ်နှိပ်ပြီး ဓါတ်ပုံ မရှာတတ်သေးပါဘူး။ သူအင်တာနက် သုံးခဲ့တဲ့ လေးနှစ်တာ သက်တမ်းဟာ ဂျီတော့ခ် Sign in, Sign out ဆိုတဲ့ အသိပညာတစ်ခုကိုပဲ ပေးနိုင်ခဲ့ပါတယ်။ ကျွန်တော် နိုင်ငံခြားမှာ ရှိနေတဲ့ အချိန်မှာ ပေါက်ကရ ပညာရှင်တချို့ရဲ့ အစွမ်းတစ်ခုကို ကြုံခဲ့ရဖူးပါတယ်။ ဒူဘိုင်းက အင်တာနက်ဆိုင် တစ်ဆိုင်မှာပါ။ မိန်းကလေး တော်တော်များများ ခံလိုက်ရပါတယ်။ VZO ကို အသုံးချခဲ့တာပါ။ ဖြစ်ပုံကို ပြောပြပါမယ်။

အဲဒီ သူတွေက မိန်းကလေးလို့ ထင်ရတဲ့ ယူဇာနိမ်းတွေကို အင်ဗိုက်လုပ်ပါတယ်။ ဒီဘက်ကလက်ခံလိုက်ပြီဆိုရင် တဆက်တည်း call ပါတယ်။ ဒီဘက်က လူက အဲဒီ call ကိုလက်ခံလိုက်ပြီ ဆိုတာနဲ့ webcam ကနေ အသုံးပြုသူရဲ့ ပုံမပေါ်လာပဲနဲ့ (ညစ်ညမ်း ဗွီဒီယို) ကား ပေါ်လာပါတယ်။ ပြန်ပိတ်လို့လည်း မရပါဘူး။ ဒါကလည်း ဆော့ဖ်ဝဲရ် တစ်ခုကို သုံးပြီး နှောင့်ယှက်တာပါ။ စကားစပ်မိလို့ ပြောတာပါ။ (ဘယ်တောင် ရောက်သွားလဲ မသိဘူး)။ ဒီလိုပဲ ချက်တင်ကနေ လူရောင်းစားတာတို့ ငွေလိမ်တာတို့ ခဏခဏ ကျွန်တော်ပြည်ပမှာ ကြားဖူးပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာလည်း တစ်ခုစ နှစ်ခုစ ဖြစ်လာပါပြီ။ တချို့တချို့ မိန်းကလေးတွေ အင်တာနက်မှာဖြစ်သွားတဲ့ ချစ်သူကို ပေါ်ပေါ်ထင်ထင် ပိုက်ဆံချေးတတ်လာပါပြီ။ ယောက်ျားလေးတွေကလည်း webcam ကနေ မျက်နှာမပြရင်နေ၊ တခြားတစ်ခုက ပြဖို့ တောင်းဆိုလာပါပြီ။ ကျွန်တော် ဘယ်သူ့ကိုမှ တိတိကျကျ မရည်ရွယ်ပါဘူး။ ချက်တင်ကို အကျိုးမရှိအသုံးချနေတဲ့ သူတွေအတွက် ပြောပြနေတာပါ။ အပျင်းပြေကနေ တစိုက်မတ်မတ် ငြိမသွားဖို့တော့ ဂရုပြုကြဖို့လိုပါတယ်။
ကျွန်တော် ဘလော့ဂ်နဲ့ ပတ်သက်ပြီး တော်တော်ရူးသွပ်ခဲ့ပါတယ်။ မိတ်ဆွေတော်တော်များများကို မေးခဲ့ပေမယ့် တိတိကျကျ ညွှန်ပြမှု မရခဲ့ပါဘူး။ တစ်ချိန်မှာတော့ royal myanmar က အစ်ကိုက ကျွန်တော့်ကို ဘလော့ဂ်လုပ်နည်း အီးဗုက်တစ်ခု ပေးပါတယ်။ ကိုစေတင်ဂေါ့တ် ရဲ့ စာအုပ်လေးပါ။ blogspot အတွက်ပါ။ ဒါပေမယ့် အဲဒီအချိန်မှာ မြန်မာနိုင်ငံရဲ့ ကော်နက်ရှင်ကလည်း တော်တော်ဆိုး၊ ဘန်းတဲ့ ပြသနာတွေကလည်းရှိ၊ အနီးကပ်ပြသပေးမယ့် ဆရာကလည်း မရှိတော့ ကျွန်တော် အထမမြောက်ခဲ့ပါဘူး။ ဒီလိုနဲ့ ကျွန်တော် သားဖြိုးနဲ့ ဆုံခဲ့ပါတယ်။ သားဖြိုးက ကျွန်တော့်ကို wordpress အတွက် လမ်းညွှန်ပေးပါတယ်။ ကိုသင်္ကြန်ရဲ့ အီးဗုက်ပေးပါတယ်။ အနီးကပ်ပြသပေးပါတယ်။ အစပိုင်းမှာ အခက်အခဲတွေနဲ့ ကြုံရပေမယ့် သူ့ရဲ့ အနီးကပ် ပြသပေးမှုတွေကြောင့် ကျွန်တော် wordpress နဲ့ ဘလော့ဂ် အထမြောက်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ လုပ်ငန်းလေးတစ်ခု ဖြစ်တဲ့ (ကျောက်ပန်းချီ) လုပ်ငန်းအတွက် ဘလော့ဂ်တင်ပါတယ်။ အစပို်င်းမှာတော့ အခက်အခဲတွေ၊ နားမလည်မှုတွေ၊ မှားယွင်းမှုတွေ အများကြီးကြုံရပေမယ့် သားဖြိုးရဲ့ ကူညီပြသပေးမှုရယ်၊ ကိုယ်ကိုယ်တိုင်က ဝါသနာပါလွန်းတဲ့ အတွက် မဖြစ်မနေ ကြိုးစားအားထုတ်မှုရယ် ပေါင်းစပ်ပြီး နောက်ပိုင်းမှာ ကျွန်တော် လွယ်ကူမှုတွေ ရခဲ့ပါတယ်။ ဘလော့ဂ်နဲ့ ထိတွေ့မှုနောက်ပို်င်းမှာ အဲဒီဘလော့ဂ်ကနေပဲ အသိပညာတွေ အများကြီးကို ရရှိခဲ့ပါတယ်။ စီးပွားရေး အဆက်အသွယ်တွေ ရရှိခဲ့ပါတယ်။ ယောင်တောင်တောင် ဟိုမေးဒီမေး ခေါင်းကုတ်ပြီး သင်ပြပေးသူ တစ်ယောက်လောက်နဲ့ ဘလော့ဂ်စရေးခဲ့တဲ့ ကျွန်တော်ဟာ နောက်ပို်င်းမှာ အဲဒီဘလော့ဂ် လောကကနေပဲ ကူညီသင်ပြပေးသူ၊ အသိပညာ ဝေမျှသူတွေ မြောက်မြားစွာကို ရရှိခဲ့ပါတယ်။ ငွေမပေးရပဲ အခမဲ့ စိတ်ရှည်လက်ရှည် သင်ပြပေးတဲ့ အသိပညာ ကျောင်းတော်တွေကို လအနည်းငယ်အတွင်းမှာပဲ တွေ့ခဲ့ရပါတယ်။ ခံစားချက်ချင်းတူညီတဲ့ မိတ်ဆွေတွေကို ခက်ခက်ခဲခဲ မရှာရပဲ သိခွင့်ရခဲ့ပါတယ်။ လေးစားစရာ ပုဂ္ဂိုလ်တွေကို ဘလော့ဂ်စာမျက်နှာရဲ့ သူတို့ရေးသားထားတဲ့ စာလုံးတွေကနေ ရှုမြင်ခဲ့ရပါတယ်။ အဲဒီ ဘလော့ဂ်ကနေပဲ ကျွန်တော့်ရဲ့ computer knowledge ကို မြင့်တက်စေခဲ့ပါတယ်။ (ဘလော့ဂါအားလုံးလည်း ကျွန်တော်နဲ့ ထပ်တူ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်)။ ကျွန်တော် အာမခံပါတယ်။ ဘလော့ဂ်လောက ထဲကို ရည်မှန်းချက် ကြီးကြီး နဲ့ ဝင်လာခဲ့ပါ။ ဇွဲ လေးနည်းနည်းလည်း ထည့်လာခဲ့ပါ။ ဘလော့ဂ်ကို ချစ်တဲ့ စိတ်လေးရှိရင် ဘလော့ဂ်ကလည်း ကိုယ့်ကို ပြန်ချစ်ပါလိမ့်မယ်။ မမျှော်လင့်ထားတဲ့ အသိပညာတွေကို သူက ပြန်ပေးပါလိမ့်မယ်။ ဆုံးရှုံးမှု တစ်ခုမှ မရှိစေရပါဘူး။ ကျွန်တော် အာမခံ ပါတယ်။ ကျွန်တော် ရဲရဲကြီးအာမခံပါတယ်။ အားလုံးပဲ ဂျီတော့ခ်ချည်း သုံးနေမယ့် အစား ဘလော့ဂ်တစ်ခုလောက် တင်ပါလားခင်ဗျာ။

7 comments

  • Rain girl

    April 26, 2010 at 7:40 am

    ဟုတ်တယ်။ ဘလော့ ရေးတဲ့ စာအုပ်ဘယ်ကနေ ရနိုင်မလဲဟင်။ ဘလော်ခ်ကို စိတ်ဝင်စားပါတယ်။ pdf ရှိရင်လည်း ဝေမျှစေချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

  • susunosuki

    April 26, 2010 at 4:05 pm

    ကျွန်တော်တွေးထားတာနဲ့သိပ်တူပါတယ်
    အစ်ကိုတော်ရဲ့ လမ်းညွှန်ကိုလည်းတန်ဖိုးထားပါတယ်

  • zinkokothant

    April 27, 2010 at 5:16 am

    ဟုတ်တယ်အခုလိုပြောပြတာအရမ်းကျေးဇူးတင်ပါတယ်

  • kopauk mandalay

    April 27, 2010 at 5:16 am

    ညီလေးရေ
    အင်တာနက်ဆိုတာကြီး အင်မတန်ကျယ်ပြန်.တဲ. ဈေးတန်းကြီးတစ်ခုလိုမြင်ကြည်.လိုက်ပါ။
    ဈေးဆိုမှတော.
    ကောင်းတဲဟာ ညံ.တဲ.ဟာ
    အဘိုးတန်တာ အဘိုးမတန်တာ
    ပုတ်သိုးနေတဲ.ဟာ လတ်ဆတ်တဲ့ဟာ
    ဈေးကြီးတာ ဈေးပေါတာ
    အသားငါးလား အသီးအနှံလား
    ဘုရားတင်တဲ.ပန်းလား ပန်ဘို.ပန်းလား
    ဆော.ဘို.အတွက် အရုပ်လား အလုပ်အတွက်လိုအပ်တဲ.ကုန်ကြမ်းလား
    အစုံရှိပါမယ်။
    ဒီအထဲကမှ ဝယ်တဲ.သူက
    သူအတွက်လိုအပ်နေတာ
    သူနှစ်သက်တာ
    သူနှစ်သက်ပေမဲ.လဲ သူမှာရှိတဲ.ငွေနဲ.ဝယ်နိုင်တာကို ရွေးချယ်လို.ဝယ်ကြတာပါ။
    ညီလေးပြောသလို အကိုလည်း အင်တာနက်မှာ စာရေးသူဖြစ် လာအောင် သူငယ်ချင်းတစ်ယောက်က ဒီလိုတိုက်တွန်းခဲ.ပါတယ်။
    သူအကိုကိုပြောပြတာကတော.
    “ကိုယ်သိဘို.အတွက်စာချည်းဘဲဖတ်မနေနဲ. ကိုယ်သိတာလေးတွေကိုလဲ ပို.စ်တွေရေးလို.တင်ပါ။
    ကြီူက်တဲ.လူလဲရှိမယ် မကြိုက်တဲ.လူလဲရှိမယ်။
    ဖတ်တဲ.သူအများကြီးရှိချင်မှလဲရှိမယ်။
    ဒါပေမဲ.မင်းသိထားတာတွေထဲက ကောင်းတာလေးတစ်ခုကို ပြောပြလိုက်လို.နောက်တယောက်ကသိသွားမယ်။
    သူကဆက်ပြီးထပ်ပြောလို.နောက်ထပ် နောက်ထပ်တွေသိသွားမယ်ဆိုရင် ဘယ်လောက်တန်ဘိုးရှိလိုက်မလဲ”
    သူဒီလို.တို်က်တွန်းရာကနေ အင်တာနက်မှာ စာရေးဖြစ်တာပါ။
    အချိန်နဲ.အသက်အရွယ်နဲ.အတွေ.အကြုံတွေက နေ ကောင်းတာ မကောင်းတာကိုရွေးချယ်တတ်အောင် သင်ပေးပါလိမ်.မယ်။
    မသိသောသူများကိုသိအောင်နားလည်လာအောင်လုပ်ဘို.က လောကကြီးကို အရင်စောရောက်လာသူတွေရဲ.တာဝန်လို.အကိုကတော.ယုံကြည်ထားပါတယ်ညီရေ။
    အကိုတို.ညီတို.က ကိုယ်.ထက်ငယ်သော မသိသေးသောကလေးတွေကို စာလေးတွေရေးလို.ဝို်င်းပြင်ပေးရအောင်။
    တစ်ယောက်က သိလာလို.ပြင်သွားရင်တစ်ယောက်အမြတ်ပေါ.နော်
    ခင်သော ကိုပေါက် မန်းတလေး

  • zoxnet

    April 27, 2010 at 5:32 am

    ဟုတ်တယ်.. အစ်ကိုရေ။ အစ်ကို ရှင်းပြတဲ့ နည်းလေးက သဘောပေါက်လွယ်စေတယ်။ ကျွန်တော်လည်း တတ်နိုင်သလောက်တော့ လက်တွဲခေါ်နေပါတယ်။ သူတို့တွေ စိတ်ပါလာဖို့ အရေးကြီးပါတယ်။ ကျေးဇူးတင်တယ်အစ်ကိုရေ။

  • abonlahorg

    August 25, 2010 at 9:37 am

    thank a lot my brother, i like your post, i’ll try to make a blog but i think i should start loading a post, i’ll try that please hlep me.

Leave a Reply