Photo: gulf-times.com

ဖိလစ်ပိုင်နိုင်ငံမှာ မိန်းကလေးတွေကို အင်တာနက်ကနေ Live webcam နဲ့ ဖော်ချွတ်ပြသစေပြီး ညစ်ညမ်းဝက်ဘ်ဆိုက်နဲ့ စီးပွားရှာနေတဲ့ ဆွီဒင်နိုင်ငံသား နှစ်ယောက်နဲ့ ဖိလစ်ပိုင်နိုင်ငံသား သုံးယောက်ကို ထောင်ဒါဏ် အနှစ် ၂ဝ စီ ပြစ်ဒါဏ်ချလိုက်ပါတယ်။

ဆွီဒင်နိုင်ငံသားနှစ်ဦး ဖြစ်တဲ့ အသက် ၃၁ နှစ်ရှိ Bo Stefan Sederholm နဲ့ အသက် ၃၅ နှစ်ရှိ Emil Andreas Solemo တို့ကို ထောင်ဒါဏ် အနှစ် ၂ဝ နဲ့ ငွေဒါဏ် ဒေါ်လာ ၄၆၀၀ဝ စီ ကျခံစေပြီး ဖိလစ်ပိုင် နိုင်ငံသား ၃ ဦးကတော့ ထောင်ဒါဏ် အနှစ် ၂ဝ နဲ့ ငွေဒါဏ် ဒေါ်လာ ၂၃၀၀ဝ စီ ကျခံရမှာ ဖြစ်ပါတယ်။

သူတို့ဟာ အသက် ၁၉ နှစ်ကနေ ၂၄ နှစ်အတွင်း ရှိတဲ့ အမျိုးသမီး ၁၈ ဦးကို တစ်လ ဒေါ်လာ ၃၅ဝ ပေးပြီး သရုပ်ဆောင်စေခဲ့တာပါ။  ဖိလစ်ပိုင်နိုင်ငံ ဥပဒေအရ တရားမဝင်တဲ့ ဒီလုပ်ငန်းမျိုးတွေဟာ အမြတ်အစွန်း များပြားတဲ့အတွက် တိုးပွားလာနေတဲ့ စီးပွားရေးလုပ်ငန်း ဖြစ်ပါတယ်။

ကျနော်တို့ မြန်မာနိုင်ငံမှာတော့ ကော်နက်ရှင် အခက်အခဲရယ်၊ ခရက်ဒစ်ကဒ်တွေ မသုံးနိုင်သေးတာရယ်ကြောင့် ဒီလုပ်ငန်းမျိုး မရှိသေးဘူးလို့ မျှော်လင့်ရပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်း အဝတ်လဲခန်းတွေ၊ တည်းခိုခန်းတွေမှာ လျှို့ဝှက်ကင်မရာ တပ်ထားပြီး အင်တာနက်ကနေ ဖြန့်တယ်ဆိုတာမျိုးတွေတော့ ခဏခဏ ကြားရပါတယ်။ စီးပွားရေး အရလား၊ ဝါသနာပါလို့ အပျော်တမ်း လုပ်တာလား မသိပေမယ့် ခံရတဲ့ လူတွေအတွက် အရမ်းနစ်နာပြီး အင်မတန်မှ အောက်တန်းကျတဲ့ လုပ်ရပ်မျိုးမို့ သက်ဆိုင်ရာက အရေးယူ သင့်ပါတယ်။ ဒီကိစ္စမျိုးကို မြန်မာနိုင်ငံရဲ့ ဥပဒေအရ ဘယ်လို သတ်မှတ်ထားတယ် ဆိုတာကိုတော့ မသိပါဘူး။ ဒါပေမယ့် အပေါ်က လူတွေထက် ပြင်းထန်တဲ့ အပြစ်ဒါဏ် ပေးသင့်တယ်လို့ ထင်ပါတယ်။      ။

Ref: newswire.xbiz.com

About Zaw Wonna

Zaw Wonna has written 107 post in this Website..

မော်လမြိုင်သား ပါခင်ဗျာ။ စာဖတ်တာကို ဝါသနာပါပြီး စာရေးဖို့ ကြိုးစားနေတာပါ။ လိုအပ်ချက်တွေကို ဝေဖန်ထောက်ပြ ပေးမယ်ဆိုရင် ကျေးဇူးတင်စွာနဲ့ လက်ခံလိုပါတယ်။