တစ်ည မိုးတွေသဲသဲမဲမဲရွာချ
နိုးထတဲ့နံနက် လမ်းလျှောက်ထွက်တဲ့ငါ့မှာ၊
ဝိရိယကောင်းတဲ့ အတွဲများတွေ့ရင်
မှတ်တမ်းဘို့လက်မှာက ကင်မရာ၊
ဒါပေမယ့် တွေ့လိုက်ရတာ နိုးထဆဲနေမင်းနဲ့ တိမ်တွေပါ။
မိုးသားများထဲကနေအားယူလို့ထိုးထွက်နေတဲ့နေမင်းကို ညိုပုတ်ပုတ် တိမ်အုပ်က ဖုံးထားတော့ လှပသောရောင်စင်တန်းတွေကိုလက်ခနဲ့တွေ့လိုက်ရပါတယ်။
တိမ်ပုံလေးတွေ ကတူသယောင်ရှိပေမယ် နည်းနည်းစီကွဲပြားလို့တော့ နေပါတယ်။
ကျနော်ကတော့ ဒီတိမ်လေးတွေကိုငေးမောမိရင်း အတွေးတွေက စီးမျောလို့သွားပါတယ်။
လူ့ဘဝကြီးလိုပေါ့ ………………..
မှောင်ရီဝိုးတဝါးဖုံးကွယ်ထားတဲ့ကြားက ဇွတ်ရုန်းထွက်ရသလိုပေါ့နော်။
7 comments
Shwe Tike Soe
May 28, 2011 at 2:13 am
မိုက်တယ်နော် မြင်ကွင်းက
တိမ်းလုံးကြီးထဲကနေ ရောင်ခြည်နဲ့ပြစ်တော့မလားထင်ရတယ်…
AKKO
May 28, 2011 at 4:23 am
အပေါ်ဆုံးက ပုံကို ကြိုက်တယ်… ငှက်တကောင်ရဲ့ မြင်ကွင်းမျိုးမို့လေ… ။
ကျန်တဲ့ပုံတွေကတော့ လှပါတယ် ..ဒါပေမဲ့ ပထမဆုံးပုံကိုပိုကြိုက်တယ် ..။
manawphyulay
May 28, 2011 at 10:14 am
တိမ်တွေက အရမ်းလှတယ်နော်။ နောက်ပြီး ရွေ့လျားနေတာ ကြည့်ရတာ အရမ်းကောင်းတယ်။ ပထမဆုံးပုံကတော့ အပေါ်ကို ဦးစားပေးထားတာဆိုတော့ တိမ်တွေကို သီးသန့်မြင်ရတာပေါ့။
MaMa
May 28, 2011 at 10:40 am
ကျမကတော့ အောက်ဆုံးပုံလေးကို ကြိုက်တယ်။ နေရောင်လေး လင်းလာလို့။
padonmar
May 28, 2011 at 1:12 pm
အပေါ်ဆုံးပုံကို ကြိုက်တယ်။တိမ်မဲညိုကို အားမာန်အပြည့်နဲ့ ထိုးဖောက်ဖို့ကြိုးစားနေတဲ့ နေမင်းပဲ။
မမလေး
June 4, 2011 at 6:16 am
လန်ပြန်ထွက်နေတာပဲ .. ကူးလိုက်ပြီ ကြိုက်လို့ … သူကြတော့ ဓါတ်ပုံတင်လို့ရတယ် ဒီမှာမရဘူး ဘာလို့လဲ ….
ကိုပေါက်(မန္တလေး)
June 4, 2011 at 6:34 am
ကျနော်မှာက ဓါတ်ပုံတင်ခါနီးတင်လို့ရအောင်ရွတ်တဲ့ ဂါထာရှိတယ်.။
လိုချင်ရင်ပေးမှာပေါ့။