အောက်တန်းမကျပါ

သူတောင်းစားနဲ့အတူတူ သီချင်းတွဲဆိုဘူးပါသလား

ကျွန်တော် ကိုယ်တိုင်ကတော့သူတောင်းစား တစ်ယောက် မဟုတ်ဘူးဗျ ။အင်း…….. သူတို့လင်မယားသုံးယောက်နဲ့ အတူ
သီချင်းတွဲဆိုဘူးတယ် ဗျ ..။။
လင်မယားသုံးယောက်ဆိုလို့ တစ်မျိုးမထင်လိုက်နဲဗျ ဒီကောင်က သူတောင်းစားသာဆိုတယ်
မိန်းမနှစ်ယောက်ယူထားတာလေ  သူနဲယူထားတဲ့ကောင်းမလေးတွေက ငယ်ငယ်လေးတွေဗျ
အသက် ရှိမှ ဆယ့်ငါးဆယ့်ခြောက် ပေါ့ သူကလဲ ခပ်ငယ်ငယ်ပါပဲ သူအသက်ကတော့ နှစ်ဆယ် လောက်ရှိမယ်ထင်တယ်
ပထမ စပြီယူထားတဲ့မိန်းမကြီးနဲ့က ခလေးတစ်ယောက်မွေးထားတယ်လေ
သူနာမည်က“““မောင်ကို”””တဲ့..ခြေထောက်လေးတစ်ဖက်က နည်းနည်းတော့ ဆာတာတာနဲ့ပဲ
သူ့မိန်းမနှစ်ယောက်နာမည်တော့ မမှတ်မိတော့ဘူးဗျ
မောင်ကိုဟာ မြန်မာပြည် အနှံအပြားမီးရထားနဲ့သွားလို့ရတဲ့နေရာမှန်သမျှ မြိ့ရွာတွေမှာ သူမနေဘူး မရောက်ဘူးတဲ့မြို့
မရှိသလောက်သလောက်ပါပဲ ယခင် ငယ်စဉ်ကတော့ သာမန် သူတောင်းစားတစ်ယောက်လို့ တောင်းစားခဲ့တာပါတဲ့
ဒါပေမယ့် သူဟာ သူလုပ်နေတဲလုပ်ငန်းအပေါ်မှာ တိုးတက်ခြင်စိတ်တော့ရှိတယ်လို့ပြောရမယ်ဗျ…
သူတောင်းလို့ရသမျှထဲက ပိုက်ဆံကိုစုပြီး..စဉ်အိုးလေးတွေဝယ် ထီးရွက်စုတ်တွေလိုက်ကောက်
ဝါဓနိရောင်းတဲ့ဆိုင်က ဝါးဆစ်ပိတ်နှစ်ခုတောင်း လင်ကွင်းချမ်း လေးတွေရှာဝယ်ပြီး
သူတောင်းစားတီးဝိုင်းထောင်ထားတာဗျ…..။။။
သူနဲကျွန်တော် သိတာမကြာသေးပါဘူး  ကျွန်တော်ယခင်အစိုးရ ဝန်ထမ်းဘဝက တာဝန်ကျရာ ရွာကြီးကိုသူတို့
လင်မယားသုံးယောက် ရောက်လာတော့မှ စတင်သိကြွမ်းခင်မင်တာပါပဲ….
အဲဒီရွာကြီးကတော့    လက်ပံတန်းမြို့နဲ့ သာရဝေါ ကျေးရွာကြီးကြားမှာရှိတဲ့ ဇီးဖြူကုန်းဆိုတဲ့ရွာကြီးမှာပါ
ရထားလမ်းသာရှိတာမို့ အဲဒီရွာကြီး ဟာလဲ မီးရထား ကိုသာအားကိုးနေရတဲ့ရွာကြီးပါ
ကျွန်တော်ဟာလဲ နေ့စဉ် လက်ပံတန်းမြို့ပေါ်ကို ရုံးကိစ္စနှင့် သွားလေတိုင်း မိးရထားပေါ်ကလူတွေအကုန်နီးပါ
ကို မျက်မှန်းတန်းမိပြီးသားပါ  ဒီမီးရထားဟာ လက်ပံတန်း နဲ့သာရဝေါ ကိုနေ့စဉ်မနက်တစ်ကြိမ် ညနေတစ်ကြိမ်
အစုန်အဆန် ပြေးဆွဲတဲ့ လော်ကယ်ရထားပါ  ကိုယ့်ရွာသားအားလုံးလိုလိုပဲစီးနေတဲ ရထားဖြစ်တဲ့ အတွက် မသိသူအလွန်ပဲနည်းပါတယ်
အဓိကအချက်ကတော့…ဒီရထားပေါ်မှာသူတောင်းစား မရှိတာပါပဲ….။။။
တစ်နေ့တော့  လက်ပံတန်းဘူတာက ရထားထွက်တယ်ဆိုရင်ပဲ စည်းချက်လေးတချွင်ချွင်နဲ့ သူတောင်းစားတီးဝိုင်းလေဟာ
ကျွန်တော်ထိုင်နေတဲ့ ခုံအနီးမှာ နေရာယူလိုက်ပြီ စတင်လက်သံစမ်းပါတော့တယ်…မီးရထားပေါ်ကလူတွေကလဲ တစ်ခါမှ
ဒီလိုမျိုး ဒီရထားပေါ်မှာ လာတောင်းတဲ့သူတောင်စားမတွေဘူးတာနဲ့ အသာညိမ်ပြီးကြည့်နေကြတယ်ဗျ…
စဉ်အိုးအရွယ်တော်လေး(၅)လုံးကို ထီးရွက်ဖြင်လေးတွေနဲ့ အုပ်
ကြက်ပေါင်းသာရေကြိုးနဲ့တင်းနေအောင်စည်း
ဒါးလှီးမုန့် လို့ခေါ်တဲ့ မုန့် ရဲအတွင်းသား ညိုညိုလေးတွေနဲ့ အသံအနိမ်အမြင့်အလိုက်
ထီးးရွက်စည်းထားတဲ့ စဉ်အိုးပေါက်ဝမှာ ပတ်စာကပ်
လင်ကွင်း အကြီးတစ်ချပ်ကို သစ်သားတုံးပေါ်ပက်လက် လှန်သံနဲ့ရိုက်
လင်ကွင်းသေးသေးလေးကို လည်းသစ်သားတုံးအရွယ်တော်ပေါ် ပက်လက်လှန်သံနဲ့ရိုက်ထားပြီး
အဲဒီဆိုင်ဝိုင်းလေးကို ကောင်လေးကတော့ လက်ရောခြေရောမအားအောင် တီးရပြီး
ဘေးနားက ကောင်းမလေးက ဝါးဆစ်ပိတ် ဝါးလုံေးလ နှစ်ချောင်းကိုတီးကွက်နဲ့အညီ လိုက်ပြီ
မီးရထားကြမ်းပြင်မှာဆောင့်ချကာ ထွက်ပေါ်လာတဲ့ အသံတွေစုစည်းပြီး ..အဆိုတော် တွံတေးစိုးအောင်ရဲ့
ဦးနဲ့သမီး  သီချင်းနဲ့ စဖွင့်တော့တာပဲဗျို့  လက်သံကလည်းတစ်ကယ် ဆိုင်းဆရာလားအောင်မေ့ရတယ်
စည်းချက်လိုက်တဲ့ ဘေးကကလေးမနှစ်ယောက်ကလည်းအချက်မှန်…..
စည်းလိုက်ရင်းသီချင်းစားသားတွေဆိုတဲ့ကောင်းမလေးနဲ့ ဆိုင်းတီးရင်ဒီကောင်လေးဆိုတဲ့အသံဟာ
ရထားစီး ခရီးသွားများရဲ့အာရုံအပြင် ကျွန်တော့ရဲ့အာရုံကိုပါဖမ်းစားထားပါတော့တယ်….
ဒီလိုနဲ့ပဲ ဒီသူတောင်းစားလင်မယားတွေနဲ့ စတင်ဆုံစည်းခဲရတာပါပဲ။။။။
သူတိုမိသားစုလေးဟာ ရိုးသားတယ်လို့တော့ပြောရမှာပဲ
သူဟာ..သူတီးဝိုင်းလေးကို အမြဲတမ်းတသသလုပ်နေတတ်တယ်ဗျ  အဲ..နေတာကတော့
ဘူတာလေးထဲမှာ ဘူတာရုံပိုင်ကြီးကိုခွင့်တောင်းပြီးနေလေရဲ့
ညဖက်တွေဆိုရင် သူရဲတီးဝိုင်းသံလေးကို
ဘူတာလေးထဲကနေ တစ်ခါတစ်ရံကြားနေရတတ်တယ်ကျွန်တော်ဆိုတဲ့ကောင်ကလဲ စပ်စုတတ်တဲလူဆိုတော့
သူတို့မိသားစုလေးညကြီး ဘယ်သူမှမရှိပဲဆိုင်းတွေတီးပြီးဘာတွေလုပ်နေပါလိမ်ဆိုပြီးသွားကြည့်တဲ့အခါမှာတော့
ဘယ်ဟုတ်မလဲ သူတိုသီချင်းအသစ်ကလေးတွေ တိုက်ပြီးစမ်းတီးနေကြတာပဲ သူမိန်းမနှစ်ယောက်ကအလှည်ကျဆို သူကတီး
ပျော်စရာကြီးတောင်းကောင်းနေသေးတော့တယ် ..
နောင်အခါတွေမှာတော့ သူတိုဟာ လော်ကယ်ရထားကြီးရဲဖျော်ဖြေရေးအဖွဲကြီးလိုဖြစ် ပြီး ရထားစီးတဲဈေးသည်၊ကုန်သယ်၊ဝန်ထမ်း
သူတိုလင်မယားအဖွဲ့ကိုမသိတဲ့သူမရှိတော့ပါဘူး.. သူတို့ကိုလည်းသူတောင်းစားလို့တောင်မထင်ကြတော့ဘူးလေ
ခရီးသည်တွေက ဟိုသီချင်ဆိုပြပါ ဒီသီချင်းဆိုပြပါနဲ့ မိမိစီးနင်းရာ ဘူတာမရောက်မချင်း သူတို့ဆိုပြတဲ့ သီချင်းနားထောင်ပြီး
ရထားစီးရတဲ့ခရီးကိုအပျင်းဖြေကြရတဲ့အထိပါပဲ…
ဒီလိုနဲ့နေလာလိုက်တာ မောင်ကိုဟာ မနက်တစ်ချိန်ညနေတစ်ချိန်ရထားနဲ့သွား
နေပေမယ့် ညနေပိုင်း ဘူတာကို ပြန်ရောက်တဲအချိန်ဆိုလည်းမနားပါဘူး..နီးစပ်ရာလူခေါ်ခိုင်းတဲ့ ရေခပ် ထင်းခွဲအလုပ်လေးလိုက်လုပ်
သူ့မိန်မလေးတွေကလည်း ညနေဆို နီးစပ်ရာ အိမ်တွေက မအားလပ်သူများရဲ အဝတ်လျှော် ပေးတဲ့ အလုပ်လေးတွေလုပ်ကြရှာတယ်။။
ညနေပိုင်း သူတို့ ထမင်းဝိုင်းလေးကတော့ ခင်မင်ကြသူများနဲ့ ဘူတာရုံပိုင်ကြီးရဲ့ သဘောကောင်းတဲ့စိတ်ထားတွေကြောင့်
ဟင်းကြွေမယ့်သူမရှား ထမင်းပေးမယ်သူမရှာပါဘူး….အဲဒီလိုလူတွေထဲမှာကျွန်တော်လဲပါတယ်လေ..
ညနေ သူတို့ညပြန်လာချိန်ဆို မနက်က ချက်လို့ကျန်နေတဲ့ဟင်းလေးနွေးနွေးပြီးသွားပို့ရတာ အလုပ်တစ်ခု
ဘူတာနဲ့ ကျွန်တော်အိမ်ကသိပ်မဝေးတော ့ညစဉ်ဘူတာပေါ်ရောက်ဖြစ်တိုင်း .သူတို့မိသားစုတီးဝိုင်းလေးက ညအတွက်စိတ်အပန်းပြေစရာပါ
အဲကိုယ်ကလည်းသူငယ်ချင်းများနဲ့ နည်းနည်း လေးများရေချိန်ကိုက်လာပြီဆို အိမ်မပြန်ပဲ သူတို့ မိသားစုတီးဝိုင်းလေးဆီ
အဖွဲ့လိုက်ချီတက်သွားပြီး ““မောင်ကို””ရေ အမေနဲ့ ရွာကိုလွမ်တယ်လေးလုပ်ပါအုံးဆိုပြီး ””သီချင် တောင်းတော့တာပဲ
တစ်ခါတစ်လေသူလက်သံနဲ့ ကိုပါဝင်ဆိုရင်ဆိုပြစ်လိုက်တာ….ဘူတာရုံပိုင်ကြီးပါတစ်ခါတရံဝင် ဟဲချင်ဟဲနေတတ်တာပဲလေ
သူကတော့ သီချင်းကြီးသမားပေါ့…..
မြို့ပြလိုနေရာမျိုမှာ သာ…အခုလို သူတောင်းစားမိသားစုနဲ့ ဝင်ရောက်သီချင်းဆိုနေတဲ့သူတစ်ယောက်ကိုဘာပြောကြမလဲ..မစဉ်းစားတတ်ပါ။။
သူတို့တီးဝိုင်းလေးနဲ့ညတိုင်းနီးပါ းဆိုခဲ့တဲ့ သီချင်းလေးများကို အခုထိ သတိယနေမိပါသေးတယ်….။။။။
ကံအကြောင်းမလှကြလို့ စာပေမတတ် ကိုယ်မိဘကို မသိ လမ်းဘေးမှာနေ လမ်းဘေးမှာတောင်းစားနေရပေမယ့်….
လက်ဝါးဖြန့်တောင်းတဲသူတွေထက် စာရင်..သူတတ်နိုင်တဲ့အရင်းနှီးလေးနဲ့..လူတကာစိတ်ချမ်းသာစရာသီချင်းတွေဆိုပြ ပြီးမှ
လူတွေသဘောကျမှ ပေးတာယူတတ်တဲ့ ဒီလိုသူတောင်းစားလေးတွေရှိပါသေးတယ်…ဘာပဲဖြစ် အဝတ်လျှော်ရေခပ်..
ပိုက်ဆံဆိုတာအလကားမရတတ်..ဘူးဆိုတာသူတို့အသိမှာရှိသမျှတော့ ဗျာ……..ကျွန်တော်ထင်တယ်….
“““““သူတို့ သူတောင်းစားပေမယ့်အောက်တန်းမကျဘူး”””””

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ဘီလူး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

12 comments

  • ET

    July 27, 2011 at 8:34 pm

    ဘယ်လိုထင်ကြေးပေးရမလဲမသိဘူး
    မြန်မာလူတော်တော်များများက အမြင်နဲ့ပဲ ပိုင်းခြားဆုံးဖြတ်ကြတာများတာကို

    ခင်မင်စွာဖြင့် ကို Ogre

  • ရွှေဘိုသား

    July 27, 2011 at 9:32 pm

    အဲဒီလို တောင်းတဲ.လူကျတော. များများတောင်ထည်.သင်.ပါတယ်
    အလကားမယူးဘူး ကိုယ်တတ်တာလေးနဲ. ဖျော်ဖြေ ပြီးစေတနာရှိသလောက် တောင်းတာကျတော.
    အရမ်းလည်း လေးစားဖို.ကောင်းပါတယ်

  • bigbird

    July 27, 2011 at 9:41 pm

    အဲ့ဒီလိုသူတောင်းစားမျိုးကိုတော့ အပြစ်မဆိုသာပါဘူး…
    ဒါပေမယ့် မွေးလာတဲ့ခလေးကိုတော့ တောင်းစားမတက်အောင်၊ သူတောင်းစားမဖြစ်ရအောင်
    ထိန်းကျောင်းသင်ပြနိုင်ရင် ပိုကောင်းမယ်လို့ ထင်ပါတယ်။

  • kai

    July 28, 2011 at 9:38 am

    “““““သူတို့ သူတောင်းစားပေမယ့်အောက်တန်းမကျဘူး”””””
    ဆိုတာကို ဖတ်ပြီး.. တမျိုးကြီးဖြစ်နေလို့..။
    အဓိပါ္ပယ်အရကောက်ရင်.. .. သူတောင်းစားဆိုသည်မှာ… အောက်တန်းကျပါတယ်ဆိုတာကြီးများ ဖြစ်နေသလားလို့..။
    အဲဒါတော့ မဟုတ်သေးပါဘူးဗျာ..။

    ထားပါတော့..။
    ပြောစရာက…
    ယူအက်စ်မှာ.. နယူးယောက်..လော့စ်အိန်ဂျလိစ်..ဆန်ဖရန်စစ်စကိုမှာ.. လမ်းဘေး..အဲဒီလိုသီချင်းလေးတွေဆို.. သံပုံးတွေတီး..။ ဂီတာတီး.. ဖျော်ဖြေသူတွေရှိတယ်..။
    ရှေ ့မှာ.. ဂီတာဗူး၊ ဦးထုတ်..၊ သံပုံး..သဖြင့်ချထားတယ်..။
    အဲဒါ တောင်းစားနေသူတွေမဟုတ်ဖူးဗျ…။ အနုပညာသမားတွေ..။
    နာမယ်ကျော်ဂီတ ပညာရှင်တွေ..အနုပညာရှင်တွေ.. မင်းသားတွေ..အကသမားတွေ..တော်တော်များများ… အဲဒီလမ်းကစကြတာ..။
    စင်တာမော်နီကာ.. ဆန်တာဘာဗရာ..စတဲ့. ပင်လယ်ကမ်းခြေမြို ့တွေမှာ.. အဲဒီလိုလူတွေ..ကိုယ့်နေရာနဲ့ကိုယ်.. စနေတနင်္ဂနွေမှာ… လမ်းဘေးတလျှောက်ဖျော်ဖြေနေကြတာပဲ..။
    တချို ့ကလည်း.. ဘာသာရေးကို…ပြောချင်ရာပြောတယ်..။
    တချီု ့ကလည်း.. နိုင်ငံရေး..ဟောချင်ရာဟောတယ်..။
    သူတို့ဖျော်ဖြေတာ..ပြောတာကြိုက်ရင်.. ငွေသွားပေးယုံပဲ..။
    သူတို့ဟာ..သူတောင်းစားတွေမဟုတ်ဖူး..။ သူများဆီကငွေကို အလကားတောင်းယူနေတာမဟုတ်ဖူး.။
    တချို့ပရိုဂျူဆာတွေ..ဒါရိုက်တာတွေ..အဲလိုနေရာကနေ.. လူရှာလည်းရှိတယ်..။
    ဇော်ဝင်းထွဋ် ယူအက်စ်လာတုံးက.. အဲဒီလမ်းဘေးမှာဂီတာတီးနေတဲ့..ချာတိတ်ကိုကြည့်ပြီး.. ဒီချာတိတ်က..ငါတို့ဆီက..စင်ပေါ်ကလူတွေထက်အများကြီးသာတယ် ပြောသွားဖူးတယ်..။

    ဒီလို လမ်းဘေးမှာ.. တီးဆိုက..ဖျော်ဖြေတဲ့..အလေ့အကျင့်မျိုးက… အင်မတန်ကောင်းတာ..။
    မြန်မာပြည်မှာ..ရှေးကရှိဖူးတယ်..။
    မြေလျှောက်မင်းသားတို့.. မြေဝိုင်းအကတို့ ဆိုတာ အဲဒါမျိုးတွေလို့ခေါ်ရမယ်..။
    ဒီခေတ်ရန်ကုန်မှာ.. မြစ်ကမ်းတနေရာလောက်ကို.. ညနေညနေ..သတ်သတ်မှတ်မှတ်နေရာလေးထားပြီး.. လူတွေအဲဒီလို.. တီးမှုတ်ကခုန်ပျော်ကြစေချင်တယ်..။

  • ကြောင်ကြီး

    July 28, 2011 at 9:52 am

    ။။။။။။။။။။။။။။။။။။။။။။။။“““““သူတို့ သူတောင်းစားပေမယ့်အောက်တန်းမကျဘူး”””””
    ဆိုတာကို ဖတ်ပြီး.. တမျိုးကြီးဖြစ်နေလို့..။
    အဓိပါ္ပယ်အရကောက်ရင်.. .. သူတောင်းစားဆိုသည်မှာ… အောက်တန်းကျပါတယ်ဆိုတာကြီးများ ဖြစ်နေသလားလို့..။
    အဲဒါတော့ မဟုတ်သေးပါဘူးဗျာ..။

    ထားပါတော့..။။။။။။။။။။။။။။။။။။။။။။။။

    မထားပါနဲ့ သဂျီးရယ်။ ဒီလို အဆင့်အတန်းခွဲခြားတဲ့စာမျိုးကို ဒဏ်ကြေးပွိုင့်တထောင် ချသင့်ပါတယ်။ 😡

  • ogre

    July 28, 2011 at 9:53 am

    သူကြီး က ယူအက်စ် မှာနေတာ
    ကျွန်တော်က မြောက်ဥက္ကလာအဝိုင်းမှာနေတာ
    သူကြီတို့ ယူအက်စ်ကသူတောင်းစားက တီဝ်ိုင်းလေးနဲသီချင်းဆိုပြပြီးတောင်းတယ်
    ပိုက်ဆံမထည့်ပဲရပ်နားထောင်းသွားလဲ ကိစ္စမရှိဘူးထင်တယ်..
    ကျွန်တော်က မရောက်ဘူးလို့မသိပါ
    မြောက်ဥက္ကလာအဝိုင်းကသူတောင်းစားက မပေးမချင်းပေကပ်ရပ်နေပြီး လူကိုလက်နဲ့လာလာတို့သေးတယ်
    အကြွေမပါဘူး ပြောလိုက်လို ကျွန်တော့ကောင်းမလေး ကို ေ- – ိုး မကြီးလို့ဆဲသွားတယ်။။
    ကျွန်တော်ဆိုလိုရင်းက သူတောင်းစားချင်းတူတာတောင် တိုးတက်ချင်စိတ်ရှိတဲ့ စိတ်နေစိတ်ထားအရ
    လူအားလုံးနဲယှဉ်ရင်စိတ်ဓါတ်အောက်တန်းမကျဘူးလို့…ဆိုလိုရင်းသာဖြစ်ပါကြောင်း။။။

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 28, 2011 at 10:00 am

    လမ်းပေါ်က အိမ်ခြေရာခြေမဲ့ သူတောင်းစား အသံကောင်းလွန်း၍ ရေဒီယိုနှင့် ရုပ်သံဌာနများမှကမ်းလှမ်းခံရပြီး ဒေါ်လာတစ်သန်းကျော် ရရှိမည်
    အမေရိကန်ပြည်ထောင်စု အိုဟိုင်းယိုးပြည်နယ် ကိုလံဘတ်မြို့တွင် နှစ်ပေါင်းများစွာ အိမ်ခြေရာခြေမဲ့ကာ တောင်းစားနေရသည့် သူတောင်းစား တစ်ဦးဖြစ်သောတက်ဝီလျံသည် လမ်းပေါ်တွင်လိုက်တောင်းနေသော သူ၏အသံကြောင့် ရေဒီယိုနှင့် ရုပ်သံဌာနမှ ကမ်းလှမ်းမှုကို ရရှိပြီး အမေရိကန်ဒေါ်လာ တစ်သန်းကျော်ရရှိတော့မည်ဖြစ်ကြောင်း သိရသည်။
    သူသည်မယုံကြည်နိုင်စရာကောင်းလောက်သည့်အသံမျိုးရှိပြီး သူ၏အသံမှာ အလွန် ငြင်သာ ချောမွေ့ ကာ တောမီးကဲ့သို့ ကျယ်ပြန့်စွာ လွင့်ပျံ့သွားသည်ဟု ဆိုသည်။ သူသည် အင်တာနက် ဗီဒီယိုတစ်ခု၌ သူ၏အစွမ်းအစကို ပြခဲ့ပြီးနောက် ယခုကဲ့သို့ကမ်းလှမ်းမှုမျိုးကို ရရှိခဲ့ခြင်း ဖြစ်သည်။
    လမ်းပေါ်မှ အိမ်ခြေရာခြေမဲ့ သူတောင်းစားမှာ ယခုအခါ MTV၊ NFL နှင့် ESPN တို့အပါအဝင် ရေဒီယိုနှင့် ရုပ်သံဌာန များစွာတို့က အစီအစဉ်ကြေညာသူအဖြစ် ခန့်ထားရန် အလုအယက် ကမ်းလှမ်းထားချက်များကို ရရှိထားကြောင်းသိရသည်။ ထို အိမ်ခြေရာခြေမဲ့ သူတောင်းစားဘဝမှ အသံကြောင့် ကျော်ကြားလာသူ တက်ဝီလျံ(၅၃ နှစ်) အား သူ၏သမီးတစ်ဦးက အရက်ပြန်သောက်နေကြောင်း စွပ်စွဲခဲ့သောကြောင့် အဆိုပါ သူတောင်းစားတစ်ဖြစ်လဲ အစီအစဉ်ကြေညာသူသည် နာလန်ထ စခန်းသို့ ဝင်ခဲ့ရ ကြောင်း DM သတင်းဌာနက ဇန်နဝါရီလ၁၂ ရက်နေ့တွင် ဖော်ပြသည်။
    တက်ဝီလျံ၏ ကိုယ်စားလှယ်များက ဦးစွာဆက်သွယ်ခဲ့ပြီးနောက် တက်ဝီလျံသည် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် နာလန်ထစခန်းသို့ ဝင်ခဲ့ ကြောင်းသိရသည်။ ဝီလျံသည် အိုဟိုင်းယိုးပြည်နယ် ကိုလံဘတ်မြို့တွင် တကြော်ကြော်အော်ကာတောင်းစားခဲ့ရာ၌ သူ၏အသံကို လွန်စွာ သဘောကျ သွားကြသောကြောင့် အလုပ်ပေါင်းများစွာရရှိခဲ့သည်။
    သူသည် ရုပ်မြင်သံကြားကြော်ငြာဌာနတစ်ခု၌ အလုပ်ရခဲ့သည့်အပြင် ရုပ်သံဌာနပေါင်း များစွာက အသံနှင့်ပတ်သက်သော အလုပ်များကို သူ့အား ကမ်းလှမ်းထားပြီး အမေရိကန်ပြည်ထောင်စု၏ အကျော်ကြားဆုံး ဘတ်စကက်ဘော အသင်းဖြစ်သည့် ကလီဗာလန်းကာဗာလီယာသင်းကပင်လျှင် သူ့အား အစီအစဉ် ကြေညာသူအဖြစ် ဆောင်ရွက်ပေးရန် ကမ်းလှမ်းထားကြောင်း သိရသည်။
    …………………..
    …………………..
    ဒါကတော့ကျုပ်လည်း လင့်မမှတ်မိတော့ဘူးဗျ
    ဘယ်ဆိုဒ်လည်းမသိတော့လို့ပါ
    ဒီတော့ကာ ခင်ဗျားတို့လည်း
    ကိုယ့်အသံ တော်တော်ပြဲတယ်ဆိုတာ ယုံကြည်ရင်
    ခွက်တစ်လုံးနဲ့ စမ်းကြည့်ပေါ့

  • MOEPWINTPHYU

    July 28, 2011 at 10:24 am

    ဒီရုံးလာတောအဲဒီအကြောင်းစဉ်းစားလာတာ ရုံးလာတဲလမ်းမှာတောင်းနေတဲလူတစ်ယောက်ရှိတယ် သူကတော့ ထိုင်ပြီးတောင်းနေတာပါ သူကိုလှူတော့သူက အမြဲလှူတယ်သာဓုတဲ့ ကုသိုလ်အများကြီးရချင်ရင်ရဟန်းတွေ၊ဘုရားတွေမှာ သွားလှူမှာပေါစိတ်ထဲမှာတမျိုးခံစားရတယ် တခါလဲရုံးကအပြန်မှာ ကလေးချီထားတဲမိန်းမတစ်ယောက်က လာတောင်းတယ်
    ကန်တောဆိုကန်တော့ပါမယ်လိုပြောပြီး စိတ်ထဲကနေ သူကန်တောလိုငါဘာဖြစ်သွားမှာမို့အဲလိုပြောပြီးတောင်းရတာလဲလို
    ဒီက တောင်းတဲလူအများစုကတော ဘာမှမလုပ်ပြကြပါဘူး ဒီတိုင်ပဲတောင်းနေကြတာ အလုပ်မလုပ်ချင်လိုတောင်းကြတာလား
    ဒါကပဲအလုပ်လား စဉ်စားမရပါ

  • hmee

    July 28, 2011 at 2:55 pm

    ကျွန်မတို့ ဈေးထဲကို အမြဲလာတောင်းတတ်တဲ့ ကောင်မလေး တယောက်ရှိတယ်။ ခြေထောက် တဖက်မရှိဘူး ချိုင်းထောက်နဲ့။ဈေးလူစည်ချိန်မှာ လမ်းလျောက်ပြီး သီချင်းဆိုတယ်။ လက်မှာ စည်းနဲ့ဝါး ကိုင်ပြီးတီးတယ်၊ ချိုင်းထောက်မှာ ဒန် တလုံးချိုင့်လေး ချည်ထားတယ်။ သန့်သန့် ပြန့်ပြန့်ပဲ သနပ်ခါးကို ဖွေးနေတာပဲ လိမ်းထားတာ။ ခြေတဖက်မရှိလို့ အရင်းအနှီးမရှိလို့ တောင်းစားပေမဲ့ အဆင့်ရှိတယ်။ သူလာပြီဆို ဈေးသည်တိုင်း ပိုက်ဆံ ထည့်တယ်။ တချို့ဆို သမီးလေး မောနေပြီ နားဦး ဆိုပြီး ရေတိုက်သူ၊ ထိုင်ခုံချပေးသူတောင် ရှိသေးတယ်။ သန်သန်မာမာနဲ့ ခြေလက်အကောင်းကြီးနဲ့ တောင်းနေတဲ့ ရေသာခို တောင်းနေသူထက်တော့ အဆင့်ရှိတယ်။

  • tra

    July 28, 2011 at 4:37 pm

    စာရေးဆရာ နီကိုရဲရေးတဲ့ အဆိုတော်ထူးအိမ်သင်အကြောင်းဆောင်ပါးလေးမှာ

    ထူးအိမ်သင်ဟာ လှည်းတန်းမီးပွိုင့်နားက သူတောင်းစားတီးနေတဲ့ ဗုံသံကိုနာထောင်ပြီး သူ့လွယ်အိပ်ထဲက ပုလွေကိုထုတ်ပြီး အဲဒီသူတောင်းစားနဲ့အတူတူ လူကြားထဲမှာ သံစဉ်စမ်းတဲ့အကြောင်းလေး သတိရမိတယ်

  • တစ်ခုခုမပေးဘဲ တောင်းနေသူမှန်သမျှ သူတောင်းစား(ဖုန်းတောင်းယာစကာ)အစစ်ဘဲ၊
    သူက တစ်ခုခုပေးပြီးမှ တောင်းတယ်ဆိုရင်တော့ သဒ္ဒါကြေးကို ခံစားသူ။
    ဒီတော့ကာ သီချင်းလေးဆိုပြလို့ ပိုက်ဆံရတဲ့သူကို သူတောင်းစားစာရင်းထဲမှာမထည့်သင့်ဘူး။

  • pan pan

    July 29, 2011 at 9:44 am

    ဒီတိုင်ဘလိုင်းကြီး အတင်းကာရောတောင်းနေတဲ့လူတွေကမှ တကယ့်သူတောင်းစား
    ကျွန်မအဖေ ဟော်လန်ကို သင်တန်းသွားတက်ရတုန်းကအတွေ့အကြုံတွေ ကျွန်မတို့ကိုပြန်ပြောတယ်
    အဲမှာပိုက်ဆံတောင်းတာ ဒီမှာလိုမဟုတ်ဘူးတဲ့၊ တစ်ယောက်တည်းသော်လည်းကောင်း၊ အုပ်စုနဲ့သော်လည်းကောင်း တတ်ကျွမ်းရာနဲ့ဖျော်ဖြေတယ်တဲ့
    ပိုက်ဆံထည့်ပေးဖို့ ရှေ့မှာထည့်စရာလေးချထားပြီး စေတနာရှိသလောက်ထည့်သွားရုံပဲတဲ့
    ဒါကလည်း ကိုယ်တတ်တဲ့ပညာနဲ့ အလုပ်လုပ်တယ်လို့ပြောရမလိုပဲ
    အထက်ကပြောခဲ့တဲ့ သူတောင်းစားလင်မယားသုံးယောက်လည်း အဲလိုပဲပေ့ါ
    မိမိလုပ်အားနဲ့ ငွေရှာတာပဲ
    ဒီတိုင်းလက်ဖြန့်တောင်းတာထက်တော့ သာပါတယ်
    သူများပစ္စည်းခိုးစားတာလည်းမဟုတ်ဘူး
    ကိုငှက်ကြီးပြောသလို မွေးလာတဲ့ကလေးက်ိုတော့ သူတို့လိုလိုက်မလုပ်ဖို့တော့ ပျိုးထောင်သင့်တယ်

Leave a Reply