မနက်အင်တာနက်ဖွင့်ကြည့်တော့ စိတ်မကောင်းစရာ သတင်းတခုက ဆီးကြိုလို့ နေပါတယ်…. ဘောလုံးပွဲမှာ မြန်မာတွေ ရိုင်းလို့ ပွဲပျက်သွားတယ်တဲ့  တကယ်ကို ရင်ထဲမှာ တမျိုးကြီးဖြစ်သွားတယ်… မနက် ရုံးရောက်ကတည်းက ဘောလုံးပွဲရလဒ်ကိုသိချင်နေတာ မြန်မာ့ရုပ်မြင်သံကြားက လွင့်တာကို ကြည့်ဖို့ မအားတာနဲ့ ရုံးရောက်လို့ အင်တာနက်ဖွင့်ကြည့်မှပဲ စိတ်မကောင်းဖြစ်ရတော့တယ်… ရှုံးတယ်၊ နိုင်တယ် ဆိုတာ ပြိုင်ပွဲဝင်တွေတိုင်း ကြုံတွေ ရမှာပဲလေ ဒါကို လက်မခံနိုင်လို့ ဟိုဟာနဲ့ ပစ်ပေါက် ဒီဟာ နဲ့ ပစ်ပေါက် ဆဲဆိုနေလို့ နိုင်မယ်လို့ များထင်နေကြလားမသိဘူး၊ ဘာပဲ ဖြစ်ဖြစ်ဒီလို လုပ်လိုက်တယ်ဆိုကတည်းက ထပ်ရှုံးသွားပြီး ကျွန်တော်တို့လူမျိုးတွေကို သူများနိုင်ငံတွေက အထင်သေးသွားပြီ၊ မလုပ်သင့်ဘူးဗျာ လုံးဝလုံးဝပဲ၊ ဘာဖြစ်လဲ ရှုံးတာ ၊နောက်တခါနိုင်အောင်ကြိုးစားမှာပေါ့ အခုတော့ ကျွန်တော်နိုင်ငံမှာ ဘယ်နိုင်ငံတကာပွဲတွေ ကျင်းပရဲတော့မှာလဲ ၊ မြန်မာတွေက ရှုံးလာရင် ဒီလို လုပ်တတ်ပါလားလို့ ဆိုတဲ့ အတွေးကြီးသူ့တို့ ခေါင်းထဲမှာ ဝင်သွားပြီလေဗျာ၊ အားလုံးရဲ့ ကိုယ်စား. အရမ်းကိုရှက်ရပါတယ် ကျွန်တော်လေဘယ်လိုကိုပြောပြရမလဲ မသိဘူးဗျာ……. နောက်ဒီလိုမျိုးတွေထပ်မဖြစ်ပါစေနဲ့လို ဆုတောင်းရပါတယ်၊…………နှစ်ခါမရှုံးစေဖို့ မြန်မာတွေသိစေချင်ပါတယ်……..

About Wai Yan Lay

has written 7 post in this Website..