အောက်ကအီးမေးလ်နဲ့ အပြန်အလှန်ပြောဆိုဆွေးနွေးထားတာတွေကို.. မေးလ်ဂရုကနေ ကူးယူပါတယ်..။
အားလုံးက မေးလိဂရုဆွေးနွေးတဲ့အထဲတင်ကြတာမို့ .. လူသူအဖတ်များစေချင်တဲ့ ဆန္ဒရှိမှာပဲယူဆပြီး ဒီမှာကူးတင်ပါတယ်..။ မြန်မာပြည်ပြင်ပက နိုင်ငံရေးစိတ်ဝင်စားတဲ့လူတွေကတော့ ဖတ်ပြီးနေကြလောက်ပေမဲ့. ပြည်တွင်းက စိတ်ဝင်စားသူမြန်မာများ ဖတ်စေချင်လို့ပါ။
မီဒီယာအနေနဲ့ မှတ်တမ်းကျန်ရစ်အောင် ထားတာဖြစ်ပြီး အားလုံးဟာ ဆွေးနွေးရေးသားသူများရဲ့ အာဘော်သာဖြစ်ပါတယ်လို့ ပြောထားပါရစေ..။
ရက်နာရီအလိုက် ပြန်စာတွေပါဖော်ပြပေးထားပြီး.. အသစ်ထပ်တက်လာတာတွေလည်း အခြေအနေပေးရင် ဆက်တင်ပေးပါ့မယ်..။
================================
dateFri, Jul 29, 2011 at 5:29 PM
နာမည်ကြီး၏ လစာနှုံးထားများ
ၾသစေတ်းလ် ၀န်ကြီးချုပ်က တစ်ရက်ကို ၁၄၁၈ ဒေါ်လာ  ရပါတယ်။ အမေရိကန် သမ္မတက တစ်ရက်ကို ၆၄၇၇ ဒေါ်လာ ရတော့ သြစတျေးလျဝန်ကြီးချုပ်ထက် ပိုများပါတယ်။
သူတို့ က နိုင်ငံရေးသမားတွေဆိုတော့ လစာများများပိုပေးရပါတယ်။ အထင်ကရ ခေါင်းဆောင်တွေလည်း ဖြစ်တယ်ဆိုတော့။ နိုင်ငံရေးသမားတွေထက်ပိုများတဲ့ လစာကို ဘယ်သူကရလဲ။
မြန်မာနိုင်ငံက ဗိုလ်ချုပ်ကြီးတွေ၊ သမ္မတွေရဲ့ လစာက အများဆုံးတစ်ရက်ကို ဒေါ်လာ ၃၀၊ ၄၀ တောင် မကျော်ပါဘူး။ ဒါပေမဲ့ ဒီလူတွေအရမ်းချမ်းသာကြပါတယ်။ ဘာ့ကြောင့် ချမ်းသာလဲဆိုတော့ အဖြေက ရိုးရိုးလေးပါ။ အသားကုန် ခိုး လို့ပါ။ လစာနဲနဲ ရလေ၊ များများခိုးလေ။
စလစ်ဘရစ်တီဆိုတာ ဘာလဲ
Celebrity လို့ပြောရင် နာမည်ကြီးနေတဲ့ ရုပ်ရှင်မင်းသား မင်းသမီးတွေကို အဓိကခေါ်တယ်။ ဒီနေရာမှာ နိုင်ငံရေးသမားတွေကိုလည်း Celebrity လို့ခေါ်နိုင်ပါတယ်။ အမေရိကန် သမ္မတ လည်း စလစ်ဘရစ်တီဖြစ်ပါတယ်။ မြန်မာပြည်က ဒေါ်အောင်ဆန်းစုကြည်လည်း ကမ္ဘာ့အလည်မှာ စလစ်ဘရစ်တီဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာပြည်က နာမည်ကြီးပြီး လူကြိုက်နဲနေတဲ့ နိုင်ငံတော်အကြီးအကဲများကိုတော
့ စလစ်ဘရစ်တီ စာရင်းထဲ ထည့်လို့မရပါ။ သူတို့ကိုတော့ နာမည်ကြီး သူခိုးစာရင်း၊ လူဆိုးစာရင်းထဲမှာတော့ ထည့်ပါတယ်။ တာလီဘန်အဖွဲ့လိုမျိုးနဲ့ တန်းတူ ထားလို့ရပါတယ်။နာမည်ကြီးတွေကို ထမင်းကျွေးတဲ့လူ
နိုင်ငံတော် ခေါင်းဆောင်တွေ၊ ဘုရင်တွေကို ဘယ်သူတွေ ထမင်းကျွေးလဲလို့ မေး ရင် ပြည်သူတွေ ကပဲ ပေးရ၊ ကျွေးရပါတယ်။ ဒီလူတွေက ဖန်တီးရှင်တွေမဟုတ်တော့ ဥစ္စာဓနတွေကို ဥုံဖွ ဆိုပြီး မန်းလို့မရပါ။ ဆိုတော့ ဗိုလ်ချုပ်တွေ၊ ဘုရင်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေကို ပြည်သူတွေကပဲ ထောက်ပံ့ပေးရတယ်။
အာဏာရှင်ဆိုတာလည်း ဒါပဲ
ဘုန်းကြီးတွေလည်း အာဏာရှင်ပဲ။ ဘယ်လိုအာဏာရှင်လုပ်လဲဆိုတော့ ဒီလိုပါ။ ကျောင်းထိုင်ဆရာတော်ပြောတာကို နားထောင်ရတယ်။ ပြန်ပြောရင် ငရဲကြီးတယ်။ ကိုယ့်ထက် ၀ါကြီးတဲ့ ဘုန်းကြီးပြောသမျှ တင်ပါ့ ဘုရား လုပ်ရတယ်။ ဘုန်းကြီးပြောရင် လူတွေက နိုး ဆိုပြီး မဆန့် ကျင်ရဲဘူး။ ဘုန်းကြီးတွေ အာဏာရှင်လုပ်တဲ့အကြောင်းကို ဘုန်းကြီးတွေပဲ ပိုသိပါတယ်။
Thanks for sending!!!
Phone Kyaw
==============
dateFri, Jul 29, 2011 at 7:03 PM
မောင်ဘုန်းကျော်
        နိုင်ငံရေးကိစ္စ ကို ဝေဖန်ခြင်း ရေးသားခြင်းကို လူတိုင်းလုပ်နိုင်ပါတယ်။ ဒီမိုကရေစီ နည်းအရ လွတ်လပ်စွာဝေဖန်ခြင်း ရေးသားခြင်း ဆုံးဖြတ်ခြင်းနှင့် အကြံဥာဏ်ပေးခြင်းကို
နိုင်ငံကြီးသား ပြီသစွာ ယဉ်ကျေးစွာ အများအား မထိခိုက်စေသော နည်းဖြင့် လူတိုင်းမှာ
တာဝန်တရပ်အနေနှင့်ရေးနိုင်ပြောနိုင်သော  လူ့ အခွင့်အရေးရှိတယ်လို့ ဆိုပါတယ်။
         အုပ်ချုပ်ရေးရှိသော ဥပဒေရှိသော နိုင်ငံအများမှာ သူ့တိုင်းပြည် သူ့ယဉ်ကျေးမှုနှင့်သူ
စည်းကမ်းထားခြင်းရှိကြောင်း အသိရှိသောလူတိုင်းနားလည်သင့်ပါတယ်။
           အထူးသဖြင့် ရှေ့ပဝေသဏီ ကထဲမှာ မြေရှင်ပဒေသရာဇ် ဆိုသော ဘုရင် ဆိုသော
အုပ်ချုပ်မှု အထိပ်အခေါင် တွေသည်ပင်။ ယခုကာလ အထိ အ ချို့ နိုင်ငံများမှာ ရှိနေတုံးပါဘဲ
ဘုန်းကျော် -အဆိုအရ သြစတေးလျား-နိုင်ငံမှနေသော မြန်မာနိုင်ငံသား ပအို လူမျိုးလို့ဆိုပါတယ်။ ပအိုလူမျိုးများဟာ ဗုဒ္ဓဘာသာ အယူဝါဒကို မွန်လူမျိုး များနည်းတူ
များစွာ ရိုသေ ကိုင်းရှိုင်းကြပါတယ်။ ဂါရ၀ တရား နိဝါတ တရားတို့ကို အားထားပြီး လောဘ
နည်းနိုင်သမျှ နည်းအောင် သတ်သတ်လွတ် ဆိုသော အသက်မပါ သော အဟာရ ကို မှီဝဲ
တတ်ကြပြီး ၀ါတွင်းသုံးလ ဆိုလျှင် ဘုရားကျောင်းသွားပြီး ငါးပါးသီလ ဆယ်ပါးသီလ တို့ကို
စောင့်ထိမ်းကြပါတယ်။သထုံခရိုင်တွင် အလံတရာ စေတီတော်ကြီးကို ပအိုလူမျိုးများ
နှစ်ပေါင်းများစွာ ဘုရားဝေယျာဝစ္စ လုပ်ကြရင်း အသက်ပေးသွားသူများပင်ရှိပါတယ်။
            လူဖြစ်လာလျှင် ဘာသာ သာသနာ ယဉ်ကျေးမှု ဓလေ့ထုံးစံကို ယူတတ်ကြပါတယ်
နိုင်ငံတိုင်းမှာ ဓလေ့ထုံးစံ ယဉ်ကျေးမှု ကို မပြစ်ကြဘဲ အမြဲပွဲလမ်းများ ကိုပြုလုပ်ကြတယ်
အကြောင်းမှာ နောက်လာ နောင်သားသမီးများ ယဉ်ကျေးမှု မပျောက်ဆုံးသွားဘဲ ရှိုင်းစိုင်းသော အဖြစ်သို့ မရောက်စေဖို့ပါဘဲ။
               ဘုန်းကျော် နိုင်ငံရေး စာပေများ ဝေဖန်ရေးသား ခြင်းကို အကြောင်းမဆိုးဘဲ
ဝေ-ဖန်သူ ပေါ်မှာမဟုတ်ပါ။ အခုတော့ ဗုဒ္ဓဘာသာ မှာ ဘုရား တရား သံဃာ ဆိုသော
စကားသည် မွန်မြတ်သော အထွဋ် အထိပ်ထားသော ပညတ်ချက်တခုပါ။ဘသာသနာ
နှင့် ထိခိုက်လာသည့်အတွက် ယခုလို ဝေဖန်လိုက်ရတယ်။ နားလည်အောင်လည်း
ထပ်မံ ဆုံးမခြင်းပြုလုပ်ရတာဘဲ။
                 ရဟန်းဟု ခေါ်သော သံဃာများသည် လွန်ခဲ့သောနှစ်ပေါင်း နှစ်ထောင်ငါးရာ
ငါးဆယ်လေး (၂၅၅၄) နှစ် ထဲက ပေါ်ပေါက်လာခဲ့ပါသည် ။ ရှင်ဘုရင် ဆိုသည်မှာ တခေတ်
တချိုန် တခါ တွင် သမိုင်းအရ ပေါ်ပေါပ်ခဲ့တယ်။ ၀ါဒ ရေးရာ နိုင်ငံရေး အဖွဲ့အစည်းများဟာ
လည်း လောကီရေး အရ သူ့အတိုင်းအတာ အချိန်အခါ များမှာ ပေါ်ပေါက်လာကြတယ်။
ပြည်သူတွေနှင့် ပါတ်သက်ပြီး လူသားများဟာလည်း သူ့ဓလေ့ထုံးစံ အယူဝါဒ အပေါ်
အားထားရာ ကိုးကွယ်ရာကို အစိုးရ အုပ်ချုပ်သူ များအဖြစ်ရွေးခြယ်ခြင်းနှင့် ဘာသာရေး သည်လောကီရေးတွင် မပါဘဲစိတ်ပိုင်းးဆိုင်ရာ ကိုးစားခြင်း ယုံကြည်ခြင်း အဆုံးအမ ခံခြင်းဆိုသော -ဂါရ၀တရား နိဝါတ တရားအဖြစ် လက်ခံကြတယ်။
                   လောကီ လောကုတ်တရာ ကို ဘာမှ ပိုင်ပိုင်နိုင်နိုင် မသိဘဲ ။ မိမိမျိုးရိုး ဗီဇ
ကို အသိအမှတ်မပြု တဦးထဲ တယောက်ထဲ ပါတ်ဝန်းကျင် နှင့် မနေဘဲ -အထီးကျန် လူမျိုး
တယောက်က -ဘယ်သူကိုမှ ဂရု မထားဘဲ ပြောလိုရာ ပြော။  ဆိုလိုရာ ဆိုနိုင်ပါတယ်
အခု ဘုန်းကျော်တယောက် ဘယ်အခြေအနေမှာ ရောက်နေပြီး ဆိုတာကိုလည်း ကိုယ့်ဟာ
ကိုယ် ဆုံးဖြတ်ပြီးပြီလား။ သိရဲ့လား။ သိအောင်လည်း ကျိုးစားသင့်တယ်လို့ထင်တယ်။
ဒီလိုမှမဟုတ် ကိုယ်ရေးလိုရေး ပြောခြင်ရာ ပြောပြီး အများဆိုသော ပရ ဆိုင်ရာ တရားဖြစ်
သော ကောင်းသော နိုင်ငံရေး ရာနှင့် မတူဘဲ -တိုင်းပြည်လူမျိုး ယဉ်ကျေး မှု တို့ကိုပါ
ဖျက်စီးနေသူ တယောက်အနေနှင့် မဖြစ်စေလိုပါ။
                     အခု လိုရေးသား အကြံဥာဏ်ပေးခြင်းကိုလည်း သီးခံနိုင်ပါစေ။
သီးခံခြင်းဆိုတာ ခန္တီပါရမီ လို့ခေါ်တဲ့  ဗုဒ္ဓဘာသာ ရဲ့ ပရမီ ဆယ်ပါး ဟာ သံဃာများ
ပေါ်ပေါက်ရန် နှင့် ဗုဒ္ဓ သာသနာ ရှည်ကြာ စေရေးအတွက် ဘုရားရှင်က ဟောကြား
ထားသော အမှာစကားတရပ်သာ ဖြစ်ပါတယ်။
                       ကောင်းသောစရိုက်နှင့် သိမ်မွေ့သော အလုပ်များလုပ်နိုင်ပြီး မောင်ဘုန်းကျော် တယောက် ရွှင်လန်း ချမ်းမြေ့ပါစေ——-
                                                               ခတ္တိယ သီလ (ဘန်ကောက်)
===========
dateSat, Jul 30, 2011 at 10:00 AM
Re: စောက်ချိုးတွေပြင်ကြ – ဒါဘဲကိုဘုန်းကျော်
ခင်ဗျားတွေးတာ ရေးတာတွေကို – အားလုံးမဟုတ်တောင် – အားလုံးနီးပါး ကိုကြိုက်တယ် လက်ခံတယ်
ကျနော်ဟာ ခင်ဗျားလို မြင်ပေမဲ့ ခင်ဗျားလောက်ကိုမရေးရဲဘူး။
ကျနော့်လို ပွင်းပွင့်လင်းလင်းမထောက်ခံပေမဲ့  ခင်ဗျားတွေးတာတွေ – ရေးတာတွေအပေါ် ကျနော်နဲ့ အမြင်တူတဲ့ လူတွေရှိပါတယ်။
ဒီစကားမျိုးတွေ ဒီမေးခွန်းမျိုးတွေက ကိုယ်ကျိုးစီးပွားကို လုံးဝ လုံးဝ ”စောက်ဂရုမစိုက်”တဲ့ လူတွေမှ မေးရဲတာ ပြောရဲတာဖြစ်တယ်။
ဗိုလ်ချုပ်အောင်ဆန်း က ” စောက်ကျင့်” တွေပြင်ကြလို့ ပြောခဲ့တယ်။
ခင်ဗျားက စောက်ချိုးတွေပြင်ကြ – ဒါဘဲ လို့ ပြောတယ် ။
တကယ်တော့ ကျုပ်တို့ အားလုံးဟာ – (မူးပြီးအသားလွတ်ဆဲတာကလွဲရင်)  ရိုင်းရိုင်းပြောမှတန်ကာကျမဲ့ အချိန်ကိုရောက်နေပါပြီ
သီပေါမင်း ပါတော်မူသွားတဲ့နောက် – မချိတင်ကဲဖြစ်ကြရတာကို
ဆီးဘန်းနီဆရာတော်က – သေသော်မှတည့် သြော်ကောင်း၏ လို့  သူ့ ခေတ်လူတွေကို – ယဉ်ယဉ်ကျေးကျေး – အပြစ်တင်တယ်
အချုပ်တန်းဆရာဖေကတော့ – “ဗမာ ဗမာချင်းကြွားကြချင် – ကုလားမြင် သူ့  အမေလိုးတော့မလိုပ – ခုမြေလျှိုးပုန်းရှောင်” လို့ 
ခပ်ရိုင်းရိုင်းဘဲရေးခဲ့တယ်။ သမိုင်းက သူတို့  နှစ်ဦးစလုံးကိုလက်ခံတယ် – ဆရာဖေကို သူရေးတာတွေရိုင်းတယ်ဆိုပီးမပစ်ပါယ်ကြပါဘူး
သူလဲပဲမျိုးချစ်စာဆိုတစ်ဦးအဖြစ် တင်ကျန်ရစ်တာဘဲ။ ဘာဖြစ်လို့ လဲဆိုတော့ စကားလုံးတွေကအဓိကမကျဘဲ စေတနာကအဓိကကျလို့ ပဲ
အောင်ဆန်းစုကြည်ရဲ့ ၀င်ငွေ ကိုမေးလိုက်တာ သူတော့မသိဘူး ကျနော်တော့ ” ဖြုံ ” သွားတယ်။
ဒီမေးခွန်းကိုတနေ့ ကျယင် ကျိမ်းသေ သူ ဖြေရမှာကိုး – Transparency လေ။  သူ့ ကိုယ်ကြည်ညို လို့  ပုဂ္ဂလိကထားလှုတဲ့ငွေတွေ
ဆုတွေဆိုယင်တောင်  နောင်ဒီမိုကရေစီခေတ်မှာ အခွန်ကောက်ခွင့်ရှိမရှိ (whether subject to taxation) ဆိုတဲ့ question  တက်လာမယ်လေ။ အခုအစိုးရကတော့အဲဒါကို ထိရဲဦးမယ်မထင်ဘူး။
ဘုန်းကြီးဦးရေကိုဝေဘန်တာနဲ့ ပါတ်သက်လို့ လဲ ခင်ဗျားမမှားဘူး
ဘုန်းကြီးဦးရေများတာနဲ့ သာသနာတော်ထွန်းကားတာတိုက်ရိုက်အချိုးကျဖြစ်နေတာမှမဟုတ်ဘဲ။
အဲဒီအချက်ကိုသူကိုယ်တိုင်သတိပြုမိလို့  သီတဂူဆရာတော်ကြီးကသူဟောတဲ့ မေတ္တာသုတ် တရားတော်မှာ
“တိုင်းပြည့်ထမင်းကိုအချီးနှီး စားမနေမိကြအောင်” သူ့ လူတွေကိုသတိပေးထားတာပါ ပါတယ် – “သူက ဗြဟ္မာ့ဝိဟာရနဲ့ နေကြ” လို့ ပြောပါတယ်။
ဆရာတော်ကြီးဟာ မြန်မာပြည်ရဲ့ (အနည်းဆုံး ဗုဒ္ဓဘာသာဝင်လူထုရဲ့) မဟာရဌဂုရု ပဲ။
ဦးသိန်းဖေမြင့်က – သူ့ ခေတ်က  “ဆော်ဖန်” ဓမ္မကထိကတွေ/ဆရာတော် တွေကိုမျက်စေ့နောက်လို့  “တက်ဘုန်းကြီး” ၀တ္တု ရေးခဲ့တယ်။ ခင်ဗျားပြောတာကသူ့ လောက်တောင် မဟုတ်သေးဘူး။ အဲဒီတုံးက သိန်းဖေမြင့်ကို ဘုန်းကြီးတွေက “၀ိုင်းသမ” ခဲ့ကြပေမဲ့ သမိုင်းမှာ သိန်းဖေမြင့်ဟာ လုပ်သင့်လုပ်ထိုက်တာတစ်ခုကိုလက်မတွန့် ခဲ့ဘူးဆိုတာအခုတော့မြင်နေကြပီ။
“မဟာအ၀ီစီ ငရဲဆိုတာ ရှင်ဘုရင်နဲ့ ဘုန်းကြီးတွေအတွက် ထားတာကွ – သာမန်လူတွေသိပ်ကျလေ့မရှိဘူး” လို့ 
အခုမရှိတော့ပြီဖြစ်တဲ့ကျနော့်အဖေကပြောဘူးတယ်။ သူဟာ မိုးကုတ်ဝိပဿနာယောဂီတစ်ဦးပါ။
“ဘာဖြစ်လို့ လဲဗျ” လို့ ကျနော်ကပြန်မေးတော့  – သူက ” ဟ – ဘာဖြစ်ရမလဲကွ ရှင်ဘုရှင်နဲ့ ဘုန်းကြီး ဆိုတာ လူတွေလုပ်စာကိုဖူးပေ့ ညွန့် ပေ့ဆိုတာတွေစားနေပီး လူတွေအထက်ကနေ လူတွေကိုခိုင်းနေ ဆရာလုပ်နေတာ သူတို့ မှားယင် တိုင်းပြည်ပါ ငါးပါးမှောက်တော့တာကိုး” လို့ ပြောပါတယ်။
အခုခင်ဗျားရေးတာ ဘုရားအလိုနဲ့ ညီညွတ်တယ်လို့ ကျနော်ယူဆတယ်၊ ဗုဒ္ဓကိုယ်တိုင်က အသင့်ရှိနေပြီးတာတွေကိုတန်းလက်မခံဘဲ
အရာရာကိုစစ်ကြောစီစစ်ကြည့်ဖို့ ခွင့်ပေးခဲ့တာဘဲ။ သူ့ ခေတ်မှာအသင့်ရှိပြီးသားတွေကိုတန်းလက်ခံယင်သူ ဘယ်လာ ‘ဗုဒ္ဓ’  ဖြစ်မလဲ။
တကယ်တော့ဗျာကျနော်တို့ ခေတ် ပြဿနာအားလုံးရဲ့ အဓိကဇစ်မြစ်က အာဏာရှင်စံနစ်ပါဘဲ
တိုင်းပြည်ကိုသူအုပ်ချုပ်နေတာတရားမ၀င်ဘူးလို့ အားလုံးက မြင်နေကြတဲ့အခါ
သူ့ ကိုတိုက်နေတဲ့လူတွေ ‘အားလုံး’ ၊ လုပ်နေကြတဲ့ ‘အလုပ်တွေအားလုံးဟာ’ အလိုလို အော်တိုမက်တစ် ‘တရားဝင်’သလိုလိုဖြစ်ကုန်ကြတာကိုး
တကယ်တော့ သူ့ ကိုတိုက်နေကြတဲ့ “ဘက်” မှာလဲ အုပ်အရောရောကျောက်အရောရော နဲ့ ဖြစ်ချင်တိုင်းဖြစ်နေကြတာကို
ကျနော်တို့ ဘယ်လောက်ကြာတဲ့အထိ မျက်နှာလွှဲနေ ကြ ခွင့်လွှတ်ပေးနေခဲ့ကြသလဲ
စစ်အစိုးရကိုတိုက်ရင်ပီင်္းရော ဘာပဲလုပ်လုပ်ခွင့်လွှတ်ပေးထားကြတာ ကြာပီလေ – အခုအဲဒါကိုခင်ဗျားကသန့် စင်ရေး လုပ်ချင် တော့ခင်ဗျားကို ပြဿနာကောင်လို့ အော်မှာပေါ့။
ခင်ဗျားကိုမြှောက်ပေးနေတာမဟုတ်ဘူး။  ကျနော် ဒီစာမျိုးမရေးဘူးပါဘူး။
ရေးရတဲ့အကြောင်းက ခင်ဗျားကိုဝိုင်းပြောကြတဲ့ လူတွေများလာယင်ခင်ဗျားကိုယ်ခင်ဗျားနဲနဲ လက်တွန့် သွားမှာစိုးလို့ ပါ။
အခုအချိန်မှာ ဒီလို  -” ကိုယ့်ကိုယ်ကိုဝေဘန်ရေး” တွေလိုနေပီ။ နောက်တောင်ကျနေသေးတယ်။
အင်တာနက်ပေါ်မှာရေးတဲ့စာတိုင်းကိုလူတွေကမဖတ်ကြပါဘူး၊ သူသူ ကိုယ်ကိုယ် လုပ်တတ်ကြတာက အမှိုက်သရိုက် (garbage) လို့ ကိုယ်ယူဆတဲ့သူရဲ့ မေးလ်ဆိုယင်တန်း delete လုပ်ပြစ်ကြတာပါဘဲ။
ကျနော်အဲဒီလို တန်းပီး delete လုပ်တဲ့ လူတွေရဲ့စာရင်းမှာ ခင်ဗျားရယ် ၊ နေမျိုးဝေရယ် ၊ အောင်မျိုးထွန်းရယ်မပါဘူး။
သဘောတူတာ မတူတာ ထား ဖတ်ဖြစ်အောင်တော့ဖတ်တယ်။ ခင်ဗျားတို့ မှာပရိဿပ်ရှိနေပီ။
ခင်ဗျားတို့ သုံးဦးဟာတကယ့် မျိုးဆက်သစ်တွေလို့ ကျနော်ယူဆတယ်။
ကိုယ့်ဖာသာကိုယ်မျိုးဆက်သစ်လို့ ကြွေးကျော်တိုင်းလူတွေကလက်ခံတာမဟုတ်ဘူး။
ခင်ဗျားတို့ ရဲ့လမ်းဖေါက်ပေးမှုကတကယ့်မျိုးဆက်သစ်တစ်ခုပေါ်လာစေမယ်လို့ ယူဆပါတယ်။
မြင့်ရွှေ
မြန်မာသံတော်ဆင့်
====================
dateSat, Jul 30, 2011 at 11:05 AM
ဗုဒ္ဓဘာသာဝင်လို့ အမည်ခံထားသော
ပုဂ္ဂိုလ်များ ဘုရား တရား သံဃာ ဂုဏ်ကျေးဇူး
အကြောင်းရေးထားတဲ့ မဟာဂန္ဓရုံ ဆရာတော်ဘုရားကြီးရဲ့
ရတနာ့ဂုဏ်ရည်စာအုပ်ကို လေ့လာနိုင်အောင်
ပေးပို့ လိုက်ပါတယ်။
ကျွန်တော်လဲ သံသရာမှလွတ်မြောက်ဖို့ 
ကြိုးစားနေသူတစ်ဦးတစ်ယောက်ပါဘဲ
ဝေဖန်တာဝေဖန်လို့ ရပါတယ်။
ဒယ်အိုးဆရာတော်ဘုရားရဲ့တရားတွေလဲနာကြည့်
ကြပါ။အောက်မှာလင့်ပေးလိုက်ပါတယ်
သူလဲမြန်မာပြည်ထဲမှာ လူထုစာရိတ္တပြုပြင်ရေးတွေ
ပြုလုပ်နေတဲ့အာဇာနည်ဆရာတော်ကြီးပါဘဲ
သူဘယ်လို လေ့ လာတယ် အကြောင်းအကျိုး
အကောင်းအဆိုးကိုသုံးသပ်သလဲ ဝေဖန်သလဲ
ဆိုတာကိုနမူနာယူလေ့လာနိုင်အောင် ဖြစ်ပါတယ်။
သေသေချာချာလေ့လာသုံးသပ်ပြီးဝေဖန်ကြပါ။
ဝါးလုံးရှည်နဲ့ သိမ်းကြုံးမရမ်းကြပါနဲ့ လို့ မေတ္တာရပ်ခံ
ချင်ပါတယ်။
Wishing you have peace of mind,
Phone Hlaing
PEACEFUL BURMA/
FWUBC-Federation of Workers’ Union of the Burmese Citizens (in Japan)
Phone: 0(81)3-6904-2414
Mobile: 0(81)90-5318-5054
peacefulburma.blogspot.com
==================
dateSat, Jul 30, 2011 at 1:39 PM
မြင့်ဆွေ (မြန်မာ့သံတော်ဆင့်)
          မြင့်ဆွေတွေက သုံးယောက်တောင်ရှိနေတယ်။ နအဖ အကျိုးလိုပြီး ဆောင်းပါးရေးနေတဲ့ ငါးမြင့်ဆွေ။ အိန္ဒိယ အင်အယ်ဒီ မှာ ငွေရေး ကြေးရေး ပြဿနာကြောင့်
ပြုတ်သွားတဲ့ မြင့်ဆွေ-မဆလ အဟောင်း မြန်မာ့သံတောဆင့်က အလံနီတပြည့် မြင့်ဆွေ
ဆိုတာကို ကြားဖူးတာပါဘဲ လူခြင်းတော့မသိပါဘူး။
          နိုင်ေံရေးလုပ်နေသူတွေဆိုတော့ နိုင်ငံရေးရဲ့ ယဉ်ကျေးမှု ဓလေ့ကို နားလည်သင့်တယ်
လို့ယူဆပါတယ်။ စစ်အာဏာရှင်စံနစ်ကို မကြိုက်လို့ တော်လှန်နေတာသိ၍ ချီးကြူးပါတယ်
ဒါပေမဲ့ တနည်းနည်းနှင့် စစ်အာဏာရှင်စံနစ် အမြစ်တွယ်ရန်၎င်း။ သွယ်ဝိုက်သောနည်းနှင့်
စစ်အာဏာရှင်တည်မြဲရေး အထောက်အကူပြုသော ပရိယယ်ဖြင့် စစ်အာဏာတော်လှန်သူ
အထဲ သွေးခွဲသော လူမျိုးရေးပတိပက္ခဖြစ်စေရေး ဘာသာရေး ကိစ္စ ၀င်ရောက်လှုပ်ဆော်
ပေးခြင်းများ စသည်တို့ကို ပညာသားပါပါ ကိုယ်ကိုတိုင်လုပ်သည်ဖြစ်စေ လူမိုက်ငှား ခေါင်းရိုက်
ခိုင်းတဲ့ အကျင့်မျိုး လက်ဝဲရူးခဲ့သူများပြီပြီး ဘာသာရေးဆန့်ကျင်မှု လုပ်ခြင်းတို့ပါဘဲ။
            သမိုင်းရာဇ၀င် အထောက်အထားနှင့်ဘာတွေပြောနေနေ တိုင်းပြည်အုပ်ချုပ်သူများ
ဘုရင်စံနစ်ဖြစ်စေ လက်ရှိအာဏာရှင်တွေဖြစ်စေ သာသနာ ရေးနှင့် ဘာသာရေးအား ၀င်စွက်
ပြီး လုပ်ခြင်တိုင်း လုပ်၍မရကြပါ။ အုပ်ချုပ်သူ မင်း အစိုးရ များသည် ဓမ္မစက်နှင့် အာဏာစက်
ဆိုသည့် အချက်နှစ်ချက်အရ မင်းကျင့်တရားမညီသော အစိုးရသည် သာသနာသန့်ရှင်းရေး
လုပ်ပိုင်ခွင့် မရှိပါ လုပ်လည်း မလုပ်နိုင်ပါ ။
               သံတော်ဆင့် မြင့်ဆွေ ဒီလောက်သတ္တိရှိပြီး သာသနာ သန့်ရှင်းရေးလုပ်လိုက
ပြည်ပရောက်နေလျှင်လည်း မြန်မာဘုန်းကြီးများ အတွက် သန့်ရှင်းရေး လုပ်နိုင်ပါသည်။
ဇင်းမယ်မှာ လို့ ကြားမိသည် ထိုင်းထောက်လှန်ရေး ဗိုလ်မှူးများနှင့် ခရီးသွားလာသောအခါ
အကြိုအပို့ လုပ်ဘူးသည်ဟု ထင်ပါသည် များသော အားဖြင့် မြန်မာနိုင်ငံ့ရေးသမား
အများ နယ်ချားဒေသတွင် အစိုးရ၀န်ထမ်းများအား အားကိုးနေရပါသည်။
                ထိုင်းနိုင်ငံတွင် မြန်မာပြည်မှ လာသော ဘုန်းကြီးရဟန်းများစွာရှိနေသည်
ကျူလာလောင်ကောင် သံဃာတက္ကသိုလ် မှာ တတ်ရောက်သင်ကြားနေသော ဘုန်းကြီး
များရှိသည် အားလုံးပတ်စပို့နှင့် လာကြသည် -ဘန်ကောက် ဘန်းခဲ အပိုင် ၀ တလုံးဘုန်းကြီး
ကျောင်းမှာ သံဃာ အပါးတရာ ကျော်ရှိသည်။ မြဘုရား အနီး ၀ပ်မဟာထပ် ဘုန်းတော်ကြီး
ကျောင်း အခန်း(၃) တွင်လည်း အမြောက်အများရှိပါသည်။
                  မြင့်ဆွေ ထိုင်းနိုင်ငံမှာ နေသူဖြစ်နေလျှင် ၄င်းဘုန်းတော်ကြီးများအား
သန့်ရှင်စေလျှင် ဖြစ်နိုင်ပါတယ်။ သာသနာ ကိုသန့်ရှင်းရေး တကယ်မလုပ်လိုဘဲ ဘာသာ
သာသနာ ကို စော်ကားသူ အီမေးလ် အင်တာနက် သတင်းလုပ်ငန်းအနေဖြင့် ဗုဒ္ဓဘာသာ
အား စော်ကား မော်ကား လုပ်နေခြင်းကိုတော့ မလိုလားပါ အပြောမဟုတ်ဘဲ တကယ်
လုပ်ပါ။ နိုင်ငံရေးသမား အစစ်အမှန်သည် အများအကျိုးလိုလားသူ ကိုယ်ရေးကိုယ်တာ
စွန့်လွှတ်သူဖြစ်ပါသည်။ အခွင့်ရေးသမား သာပေါင်းညာစား အာဏာရှိသူ၏ သူလျို
များ သည် နိုင်ငံရေးသမားမဟုတ်ပါ။ နိုင်ငံသမားအစစ်သည် လူမျိုးရေးနှင့်ပါတ်သက်
ပြီး မည့်သည့် လူမျိုးမည်သည့် အဖွဲ့စည်းကိုမှ မစော်ကားပါ။
                 ဘာသာရေးသည် နိုင်ငံရေး လူမျိုးရေး လောကီရေးတို့ထက် အဆ များစွာ
ကွာခြားပါသည် လူအများစု ယုံကြည်သော ဗုဒ္ဓဘာသာ ၀င် ကရင်။မွန်။ရခိုင်။ ပအို မြန်မာ
များ-ထားဝယ်များ။ ရှမ်းများ၏ ကိုးကွယ်လျက်ရှိသော သံဃာ ဂိုဏ်းကို လုံးဝ -အထိခံ
ကြမည်မဟုတ်ပါ။ ထိုင်းနိုင်ငံ တွင် မြန်မာနိုင်ငံသား သုံးသန်းနီးပါးရှိနေသည်။ ၀ါတွင်း
သုံးလတွင် -မြန်မာနိုငငံသားများ သိန်းနှင့်ချီပြီး ရဟန်းများအား ကိုးကွယ်အားထား
နေကြသည်။
                     ဆိုခဲ့ပြီးသော ရဟန်းများမှာ ရာနှင့် ချီပြီး ထိုင်းနိုင်ငံမှာ ရပ်တည်
နေနိုင်ခြင်းဟာလည်း ပစ္စည်းလေးပါး တကာ ပြည်သူများ စစ်အာဏာရှင် တို့၏ အနှိပ်
အစက် မခံနိုင်၍ တိုင်းတပါးရောက် ကျွန်ဖြစ်နေသော်လည်း ဘာသာ သာသနာ
မပြစ်နိုင်ကြပါ။ ရဟန်းတို့ သည် ၂၂၇-ပါးသောသိက္ခာ ကိုစောင့်ထိန်းရသည် အနည်း
ဆုံး ဆယ်ပါးသီလ နှင့်ဖြူစင်အောင် နေထိုင်ရသည် ခေါင်းတုန်းပြီး အ၀တ်စဉ်ကျယ်
သင်္ဃန်းဝတ်ပြီး ကာမ ကိုဖြတ်ကာ အရက်သေစာ မူးရစ်ဆေါးး မသုံးဘဲ လူနှင့်
မင့်ဆွေ ဘုန်းကျော် တို့ ထက် အဆ ရာ ထောင်ချီပြီး မြင့်မြတ်နေကြပါသည်။
မောင်ရင်တို့ က မိမိကိုယ်ကို ဝေဖန်ကြည့်ပေါါ့ သူများကိုယ်လည်း ဝေဖန်နိုင်တာဘဲ
                      ဘုရင် ဆိုသော ဘုန်းကြီးသူများသည် ရှိသည်ကိုလည်း မောင်ရင်တို့
နားမလည်ကြပါ -ထိုင်းနိုင်ငံမှာ နေလျှင်ဘုန်းတန်ခိုး ရှိတာကို မသိ ရင်တော့ ကိုယ်ရင်
တို့လောက်မိုက်မဲ နားမလည်သူ တွေရှိမယ်လို့ မထင်ပါ။ ဇင်းမယ်နေသည်ဖြစ်စေ
ဘန်ကောက်နေသည်ဖြစ်စေ မြန်မာနိုင်ငံရေးသမားများ ထိုင်းထောက်လှန်းရေး အမှု
ထမ်းများအား လေးစားရိုသေ ရပါသည် သူထို့က လည်း အကူအညီပေးလေ့ရှိသည်
၎င်းတို့အား မိဘ ဆရာသမားများသဘွံယ် ဆက်ဆ်ံနေတာကို လည်းမြင်တွေ့ရသည်
မြန်မာအစိုးရအား တော်လှန်သူတိုင်း ပြင်ပနိုင်ငံမှာနေခြင်းသည် တရားဝင်ချင်းမဟုတ်
နားလည်မှု နေခြင်းသာဖြစ်သည် ။
                        ထိုင်းမှာရှိသော ၀န်ကြီးများ ဗိုလ်ချုပ်ကြီးများသည် ဘုရင်၏
သားတော်။ သမီးတော် မြေးတော်တို့အား ပြားပြားဝတ်ပြီး ကန်တော့၇ပါသည်။
မြင့်ဆွေတို့က ထိုင်းဝန်ထမ်းအား မထီမဲ့မြင် ဆက်ဆံ လို့ ရနိုင်မည်မဟုတ်ပါ
ထို့အတူ ဘုန်းရှိသော သူတွေကို မှိုကျိုးမြစ်ကျိုး ပြောနေသူလောက် ဗဟုသုတ
အတွေ့အကြုံ အားနည်းကြောင်း နားလည်မိသည်။
လူတွေ၏ ယဉ်ကျေးမှု ဓလေ့ထုံးစံ အယူအဆ ကိုယ် စော်ကားသူများလောက်
အောက်တန်းကျသူများ နားမလည်သူများသည် သနားစရာကောင်းသော သူများသာဖြစ်သည်
ကျမ္မာ ရွှင်လန်းကျပါစေ-
                                                     ခတ္တယ သီလ (ဘန်ကောက်)
kai
About kai
Kai has written 914 post in this Website..
Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.