နယ်ထိမ်းခေါင်းဆောင် ပင်လယ်ပြင်ဓါးမြ တိုက်အမှု စစ်ဆေးပြီးစီးခြင်း

Sayar Gyi JitJuly 31, 20111min1399

နယ်ထိမ်းခေါင်းဆောင် ဒုရဲအုပ်ဆန်းဝင်းအောင် နှင့် ရဲတပ်သားအပေါင်းအပါတစ်စု ၏ ဓါးမြ တိုုက်လုယက်မှု စစ်ဆေးပြီးဆုံးပြီ ဟု ကြားသိရပါသည်။
ရိုက်နှက် နှိပ်စက်ခံရသော ရေလုပ်သား များကိုဖိအားပေးခြိမ်းချောက် ၍ ဤကဲ့သို့အဖြစ်မျိုးမရှိပါကြောင်း သက်သေခံ ခိုင်းပြီး တရားခံအုပ်စု လွတ်
ငြိမ်းချမ်းသာ ခွင့်ရရှိခဲ့ကြောင်း သိရှိရပါသည်။
ရီစရာအလွန်ကောင်းလှပါသည် ၊ ၎င်းတို့အားစစ်ဆေးခဲ့သူများမှာ သံတွဲမြို့မှ ရဲတပ်ဖွဲ့ဝင်များပင်ဖြစ်နေသောကြောင့်ဖြစ်ပါသည်၊
ကိုယ့်အရပ်နှင့် ကိုယ့်ဇတ် ဟာသ တစ်ခန်းရပ် ပြဇတ်အဖြစ် အသုံးတော်ခံ ခဲ့ ကြကြောင်း ခလေးဆန်ဆန် ရီစရာ အဖြစ်မျိုးပင်ဖြစ်ပါသည်။
၎င်းအမှု ကိုစစ်ဆေးခိုင်း ခဲ့ပါသော အထက်မှ ပုဂ္ဂိုလ် တို့မှာ မည်သို့ ဥနှောက်မျိုးသုံး သနည်းဟူ၍ စဉ်းစားစရာ ဖြစ်ခဲ့ရပါသည်၊
အစအဆုံး သုံးသပ်တင်ပြရသော် စစ်ဆေးခိုင်းခဲ့သော အထက်မှ ပုဂ္ဂိုလ်မှာ ဥနှောက်အစားထိုး အထူးကုသပေးရန်လိုအပ်နေပါကြောင်း…။
လုယက်မှုကျုးလွန်ခဲ့သော နယ်ထိမ်းခေါင်းဆောင် ဒုရဲအုပ် ဆန်းဝင်းအောင် နှင့်အဖွဲ့အားလည်း ဒီ့ထက် ပို၍ပိရိသော လုယက်ဓါးမြ တိုက်မှုမျိုးအတွက်
စခန်းသွင်း၍ လေ့ကျင့်ပေးရန် အထူးလိုအပ်ပါကြောင်း သုံးသပ်မိပါတော့သည်….။

9 comments

  • i love this

    August 1, 2011 at 1:31 am

    ပန်းနုရေ…………….
    လုယက်တဲ့ ဓါးမြ တိုက်တဲ့ သူတွေကျတော့ တိတိကျကျ ပြောနိုင်ပီး နှိပ်စက်ခံရ လုယက်ခံရတယ်ဆိုတဲ့
    ရေလုပ်သား တံငါသည်တွေ နာမည်ကျတော့ ဘာဖြစ်လို့ မရေးပေးတာလဲ…
    ဒါမှမဟုတ် မသိလို့များလား…
    စုံလင်အောင်ရေးပေးနိုင်ရင်ပိုကောင်းမလားလို့ပါ…ဆရာလုပ်တာတော့မဟုတ်ဘူးနော်..ကူညီချင်တာပါ..

  • လင်းဝေကျော်

    August 1, 2011 at 10:13 am

    ဒါကတော့ ဒီလိုရှိတယ်။
    အထက်အောက်ပြန်ကြည့်ရှူရတာပေါ့။ ကြည့်စရာအချက်တွေရှိနေတယ်လေ။
    ဒီလိုလေးတွေရှိတယ်လေ။
    ဒါတွေပဲလေ….

  • pyinlepyaw

    August 1, 2011 at 11:15 am

    ကိုလင်းဝေကျော်ပြောတာ ဟုတ်ပါတယ်..
    ဒီလိုလေးတွေရှိ ရှိနေလို့ ဟိုလိုလေးတွေ က ဟိုဒင်းတွေ ဖြစ်ဖြစ်နေတယ်ပေါ့ဗျာ… 😀 😀

  • ရွှေဘိုသား

    August 1, 2011 at 11:28 am

    ဒါကဒီလို ဟိုဟာကဟိုလို ရှိတယ်
    ဒီအရပ်နဲ့ ဒီဇာတ်
    ဒီပုပ်ထဲက ဒီပဲ
    ဘာဘာ ဘာမှဆိုင်ဘူး
    သားသားပြောချင်တာပြောလိုက်မယ်
    လုပ်ကြပေါ. ရှင်တို.က ရဲတွေကိုး

  • redbull

    August 1, 2011 at 11:50 am

    ခင်ဗျားတို့ထင်သလိုလဲ ဟုတ်ဟန်မတူဘူးနဲ့တူရဲ့..
    ဟိုဟာက ဟိုလိုမဖြစ်တော့ ဟိုဥစ္စာက ဟိုဒင်းဖြစ်သွားပုံရပါတယ်.. 🙂

  • Mee2

    August 1, 2011 at 12:27 pm

    ဘာပဲဖြစ်ဖြစ်ပါ။အားလုံးသောအများပြည်သူလေးစားရတဲ့ သန် ့ရှင်းတဲ့ရဲတပ်ဖွဲ ့အဖြစ်ရပ်တည်ကြဖို ့အချိန်ကောင်းပါ။ကြိုးစားနိုင်ကြပါစေ။တယောက်ရဲ ့အားနည်းချက်ကိုထောက်ပြရမှာ ဒီမိုကရေစီ ရဲ ့ထုံးစံပါရှင်

  • AKKO

    August 1, 2011 at 2:21 pm

    ဘဲဥနဲ့ ကျေက်တုံးကို ပစ်လိုက်တာ ကျောက်တုံး ပိန်သွားပြီ မှတ်လို့ …. 😛

  • Mee2

    August 1, 2011 at 2:45 pm

    အင်း. ဟုတ်တယ် AKKO ပြောတာလဲ ဟုတ်ပါတယ်ရှင်။ဘယ်လောက်ကြီးတဲ့တောင်ဘဲဖြစ်ဖြစ်လူခြေထောက်ရောက်ရစမြဲပါ။လှိုင်းကြီးလှေအောက်၊တောင်ကြီးဖဝါးအောက်ပါတဲ့။ကျွန်မတို ့အားလုံးကြိ ုးစားရမှာပေါ့

  • suicide blind

    August 1, 2011 at 4:07 pm

    ဂျက်စပဲရိုး…..မဟုတ်တာတော့သေချာတယ်နော်…

Leave a Reply