ငါးမိနစ် ..လူလိမ်တွေ ။။

ကျွန်တော်ကဒီပစ္စည်းကိုသိပ်ယုံကြည်လွန်းလို့ လက်မှာပတ်ပြီးဆောင်ထားတယ်များ ထင်လို့လား
ကိုယ့်လက်ပေါ်ကဟာမပြောနဲ့ အိမ်က သူ့ထက်ကြီးတဲ့ ဟာတောင်မယုံဘူး  အဲဒီအပြင်
အိမ်က ဟာတွေထက် မြင့်မြင့်ရှည်မျှောမျှောကြီး ဆောက်ပြီး  အပေါ်မှာတင်ထားတဲ့ဟာကြီးတွေကိုပိုမယုံဘူးဗျာ
ကျွန်တော်ကသာမယုံတာပါ . ဒါပေမယ့်ဒါကြီးက  မြန်မာပြည်ရဲ့ခရေစီ  ဖြစ်နေပြီလားတောင်ပြောရမယ်ဗျ
မြန်မာပြည်တနံတလျှား    မြို့တွေမှာတော့ ဒီဟာကြီးတွေ ဆောက်ပြီး တစ်ခန်းတစ်နားခြံတောင်ခတ်ထားလိုက်သေးတယ်လေ
ဒီဟာကြီးတွေဆိုတာက နာရီစင်ကြီးတွေကိုပြောတာပါဗျာ နာရီစင်ကြီးတွေဟာ တစ်မြို့တစ်ခုနီးပါး မရှိမဖြစ် မဆောက်မနေရ
ဆောက်ထားသလားအောင့် မေ့ရတယ် အင်္ဂလိပ်ခေတ် ကတည်းက ဆောက်ခဲ့တာများတဲ့အတွက်
အင်္ဂလိပ်တွေဟာ သူတို့လူမျိုးတီထွင်ခဲ့တဲ့နာရီကို တော်တော်လေး  တန်ဘိုးထား ဂုဏ်ယူခဲ့မှန်း
ဒီလိုနာရီစင်ကြီးတွေကို  ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်  ….။။။။။
မြန်မာနိုင်ငံရဲ့အထင်ကရ နာရီစင်ကြီးတွေကိုဖေါ်ပြရ ရင်  မန္တလေးမြို့က ဈေးချိုနာရီစင်/မေမြို့ က နာရီစင်
စစ်တွေမြို့က နာရီစင်/ရန်ကုန်မြို့  မြတ်စွာဘုရားကျောင်းတော်ကြီးကနာရီစင် /ရန်ကုန်မြို့ ဗဟိုတရားရုံးကနာရီစင်
ဒါကတော့ကျွန်တော်သိမှီသမျှ လက်လှမ်းမှီရာနာရီစင်များပါ   ကျန်အခြားသောမြို့တွေမှာလဲ ရှိနေကြပါသေးတယ်
ဒါပေမယ့်ဒါကြီးတွေလည်းမယုံရပါဘူးဗျာ..။။
နာရီဆိုတာ ဟိုးရှေးရှေးထဲကအသုံးပြုလာခဲ့ကြပေမယ့်ဒီခေတ်ဒီအချိန်မှာ အသုံးပြုတဲ့ နာရီတွေနဲ့တော့ပုံသဏ္ဍန်ခြင်းကွာခြားပါတယ်
ဟိုးအရင်ကတော့ လူကထိုင်စောင့်ကြည့်ပြီး အသုံပြုရတဲ့  သဲနာရီ/နေနာရီတွေ ကို တီထွင်အသုံးပြုခဲ့ကြတာပါပဲ
အဲနောက်ပိုင်းမှာတော့ ဘုရားကျောင်းကမှန်အိမ်လေး လေတိုက်လို့ ဘယ်ညာလွှဲနေတာကို ဆပ်ဆပ်ဆော့ဆော့မြင်သွားတဲ့
လူတစ်ယောက်ကြောင့်  ကျွန်တော်တို့ အခုလက်မှာအလေးခံပြီး ၀တ်ဆင်စရာပစ္စည်းတစ်ခုအဆင့်အထိ ဖြစ်လာရတော့တာပါပဲ
ဒီလူကြီးက တော့ ပထမ လက်တံနဲ့နာရီတွေကို ချိန်သီးကြီးနဲ့လုပ်လိုက်တာပဲဗျ  သူကစလို့တီထွင်ခဲ့တဲ့ အရာနောက်ကနေ
ဆင့်ပွားတီထွင်လာလိုက်ကြတာ  စင်ကြီးတွေဆောက်ပြီး ဒီနာရီကြီးတွေကို လူတကာမြင်အောင် ပြထားရာက  ဒီနာရီတွေဟာ
အဲဒီစင်ပေါ်က ခုန်ချလိုက်ကြတော့ ဧည့်ခန်းထဲကိုရောက်လာတော့တာပါပဲ
မှန်ဘီရိုခပ်ကြီးကြီးတစ်လုံးလို ဧည့်ခန်းနဲ့အပြည့် နေရာယူလာခဲ့ရာက….  တစ်ဖြေးဖြေးနဲ့
ဧည့်ခန်းထဲကနေ  သူတို့က နံရံပေါ်တက်သွားကြတယ်လေ  နံရံကပ်နာရီဘ၀ကနေ   နံရံပေါ်က …ခုန်ချလိုက်တာ
အင်္ကျီ အိတ်ထောင်ထဲ တည့်တည့်ကျလို့ အိတ်ဆောင်နာရီဘ၀  ရောက်ကျရတော့တာပဲ
အိတ်ထောင်ထဲမှာကြာကြာမနေတဲ့ နာရီဟာ  အပြင်ကို ခုန်ထွက်ချလိုက်တာ  လူ့လက်ပေါ်တည့်တည့် ကျလို့
အခုခင်ဗျားတို့ကျုပ်တို့ အလေးခံ ပတ်ထားရတဲ့ လက်ပတ်နာရီအဖြစ်တွေ့ရတော့တာပဲဗျို့ ….။။။။
အထဲထဲက တလှုပ်လှုပ်သွားနေတဲ့ အတိုအရှည်မညီတဲ့ အချောင်းလေးသုံးချောင်းကိုကြည့်ကြည့် ပြီး လူတွေဟာ
ဒီဟာကတော့ ဘယ်ချိန် ဒီလိုကျတော့ဘယ်နှစ်နာရီနဲ့  အဲဒီထဲက  လက်တံလေး သုံးချောင်းပြသမျှ
အချိန်ဆိုပြီး လိုက်ယုံနေရတော့တာပဲလေ  အဲဒီအတိုအရှည် မညီဘဲ တစ်လှုပ်လှုပ်သွားတတ်တဲ့
အချောင်းလေးသုံးချောင်း ကိုကြည့်ပြီး   လူတွေဟာ..။
“အချိန်တွေနဲ့ အိပ်ယာတွေနှိုးထကြရတယ်
“အချိန်တွေနဲ့ အလုပ်ခွင်ဝင်ကြ ရတယ်
“အချိန်တွေနဲ့ လုပ်ငန်းခွင်ကုန်ဆုံးကြရတယ်
“အချိန်တွေနဲ့ အိပ်ယာဝင်ကြရတယ်
“အချိန်တွေနဲ့ တစ်ဦးနဲ့တစ်ဦး ချိန်းဆိုတွေ့ဆုံကြရတယ်
“အချိန်တွေနဲ့ ရာသီဥတုတွေတွက်ချက်ကြရတယ်
“အချိန်တွေနဲ့ ယာဉ်ရထားတွေ ၀င်ထွက်သွားလာကြရတယ်
“အချိန်တွေနဲ့ ကမ္ဘာပြောင်းလဲမှုဖြစ်စဉ်တွေကိုမှတ်တမ်းတင်ကြတယ်
“အချိန်တွေနဲ့ စံတော်ချိန်တွေသတ်မှတ်ကြတယ်
“အချိန်တွေနဲ့ စံချိန်တင်ဆောင်ရွက်လာကြရတယ်
“အချိန် တွေကြောင့် ဂတိပျက်သူတွေဖြစ်ရတယ်
“အချိန် တွေကြောင့် ၀ိရိယရှိသူတွေဖြစ်ကြရတယ်
“အချိန် တွေကြောင့် နောက်ကျတတ်သူတွေဖြစ်ကြရတယ်
“အချိန်တွေကို ဖျက်သိမ်းကြရတယ်
“အချိန်တွေကို ရှေတိုးဆောင်ရွက်ကြရတယ်….။။။။
အချိန်တွေကြောင့် ပဲ  နောက်ကျခြင်း/စောခြင်း/အချိန်မှီမပြီးစီးခြင်း/မြန်မြန်ဆောင်ရွက်နှိုင်ခြင်း/အမြန်ဆုံးလူသား
/အမြန်ဆုံးကွန်ပြူတာ/အမြန်ဆုံးကား/ အမြန်ဆုံးလေယာဉ်ပျံ/အမြန်ဆုံးရထား/အမြန်ဆုံးသင်္ဘော တွေဖြစ်လာရတာပါပဲ…။။။
မိတ်ဆွေသင်တို့ရဲ့လက်ကောက်ဝတ်မှာပတ်ထားတဲ့ နာရီထဲက အချိန်တွေကရော တစ်ကယ်မှန်ကန်မှုရှိရဲ့လား
တိကျသေချာပါရဲ့လား နှေးနေလား ဒါမှမဟုတ်မြန်များနေသလား သက်သက်နောက်ကျအောင်လုပ်ထားသလား
မြန်အောင်တမင်တစ်ကာရှေ့တိုး ထားသလား ဒီအချက်တွေထဲက တစ်ခုခုလုပ်ထားဖြစ်ထားရင် သင်ယုံကြည်တဲ့အချိန်
ဟာမမှန်နိုင်တော့တာ သေချာနေပါပြီ…။။။
လူတွေဟာ အချိန်ကိုသိရဲ့သားနဲ့ ကိုယ်ကိုကိုယ် လိမ်ညာတတ်တဲ့သတ္တ၀ါပါ   ကိုယ့်လက်မှာပတ်ထားတဲ့ နာရီထဲက
အချိန်ကိုတောင်ပြန်လိမ်နေတတ်ကြပါတယ်  သိသိကြီးနဲ့ ငါးမိနစ်မြန်ထားတတ်တာ သိသိကြီးနဲ့ပဲ နောက်ကျထားတတ်တာပါပဲ..။။
အဲဒီလိုလူထဲမှာကျွန်တော်လဲပါဝင်ပါတယ် သိသိကြီးနဲ့ပဲ နာရီထဲကလက်တံတွေကို ငါးမိနစ်ရှေ့တိုးမြန်ထား  တတ်ပြီ
အဲဒီအချိန်ဆိုတဲ့ငနဲကို လှည်စားထားပါတယ် ကိုယ့်ကိုလိမ်ညာပြီး စောစောထရပါတယ် စောစောအလုပ်ဝင်ရပါတယ်
နောက်ဆုံးကျတော့ ကိုယ့်အတတ်နဲ့ကိုယ်ဆူး ရုံးကနာရီကြောင့်  နောက်ကျပြီမှအလုပ်ဆင်းရပါတော့တယ်
ဘယ်လောက်စောအောင်လာလာ နောက်ဆုံးသူများတွေနဲ့အတူတူ ပြန်ရတာပါပဲ…။။။
ဒီအချက်ကိုကြည့်ချင်းအားဖြင့် လူတွေဟာ အချိန်တွေကို နိုင်နင်းအောင်မကိုင်တွယ်နိုင်တာ အချိန်တွေကို ပိုင်ဆိုင်မှုမရှိတာ
အချိန်တွေနဲ့ သဟဇာတ မဖြစ်တာ အချိန်တွေကိုကြောက်ရွံနေတာ ကိုယ်ပိုင်နာရီထဲက အချိန်ကိုတောင်လိမ်ညာထားတာ
အချိန်ကိုလှည့်စားထားတာ တွေဟာ မှန်ကန်တဲ့လုပ်ရပ်တွေမဟုတ်ဘူးဆိုတာ  ထင်ရှားလာပါတယ်…။။
“အချိန်နှင့်ဒီရေသည် လူကိုမစောင့်”
ဆိုတဲ့စကားပုံအရ အချိန်တွေကတော့ ကျွန်တော်တို့ကို စောင့်နေမှာမဟုတ်ပါဘူး …ရပ်တန့်နေသူအတွက်
အချိန်ဟာ အပြေးသမားကောင်းတစ်ယောက်လို သင့်ကိုဖြတ်ကျော် သွားမှာဖြစ်သလို ..
လှုပ်ရှားနေတဲ့ လူတွေအတွက်ကတော့  အချိန်ဟာ  ဖဲ့ခြွေပေးစရာမကျန်တော့လောက်အောင် ရှားပါးနေတတ်ပါတယ်
အချိန်ကို လှည့်ဖျားလိမ်ညာမှုမပါပဲ ရိုးရိုးသားသား ဆက်ဆံသင့်ပါတယ်  သင့်လက်ကောက်ဝတ်ပေါ်က ငါးမိနစ်မြန်နေတဲ့
မိနစ်တံလေးကို နောက်ပြန်ဆုတ်ခြင်းက စတင်လိုက်ပါ ..အချိန်အတိုင်းတိတိကျကျ လုပ်ကိုင် သွားလာ တွေ့ဆုံဆက်ဆံပါ
အချိန်အတိုင်း လုပ်ငန်းခွင်ဝင်ကြပါ အချိန်အတိုင်းဘ၀သစ်ကိုစတင်လိုက်ကြပါတော့…။။
နောက်ဆုံး သင်တို့ သေဆုံးခြင်း မှတ်တိုင်ကို ကျော်ဖြတ်မောင်းနှင် ထွက်ခွာသွားတဲ့အချိန်ထိ သင့်ဘ၀ရဲ့ သင်ကိုယ်တိုင်မထိန်းချုပ်
နိုင်ခဲ့တဲ့ နောက်ဆုံအချိန် နောက်ဆုံးနာရီတွေကတော့ ဆက်လက်ရပ်တည် လည်ပတ် တိကျ စွာ အလုပ်လုပ်နေကြအုံးမယ်ဆိုတာ
မလွဲမသွေ မှန်ကန်နေမှာပါပဲ…………….။။။။။။။။။။။။။။။
လက်ကနာရီကို ငါးမိနစ်မြန်ထားပြီး အချိန်ကိုလိမ်ညာထားသူများ အတွက် ဒီအကြောင်းအရာလေးက အထောက်အကူတစ်ခုခု
ပေးကောင်းပေးမယ် ရကောင်းရမယ်ဆိုရင်ဖြင့်….။။။။။။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ဘီလူး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

About “ဘီလူးကြီး”ogre

has written 202 post in this Website..

စားချင်တာစား..ဦးနှောက်တော့လာမစားနဲ့ www.ogre08.blogspot.com