8 ဖီလင်
အာရုံတွင် နောက်ကျိ မျက်စိတွေ မူးဝေ ခြေလက်တွေလေးလံ လူကထိုင်းမှိုင်း ဦးနှောက်ကလည်း အလုပ်အဆိုင်း နားမယ်လို့ သူပြင် စည်းချက်ရယ်မညီ ရင်ခုန်သံ မြန်တလှည့် နှေးတချီ မောကြီးရယ် ပန်းကြီး ကျောတနေရာ အသာဆန့် လို့ ကွေးလိုက်ချင်တယ် လူကွယ်ရာ အသာခိုးလို့ မျက်စိကို မှိတ် နေ့ခင်း စည်းစိမ် ဇိမ်ရစ်ပါလို့ အိပ်လိုက်မယ်ပြင် အိပ်မက် ကမ္ဘာ မဝေးကွာလို့ လှမ်းကာ အတိုး အဆင်ဆင့် စီးမျောပါလို့ တွေးစရာ ဘေးမှာ ထားလို့ စိတ်စေရာ ကမ္ဘာသစ်ထွင် အစုန်အဆန် မျောဖို့ ခုန်ကာလေ ဟန်ပြင် ရုတ်တရက် ဘောစိလာတော့ တသွင်သွင် စီးတဲ့ရေ သစ်ပင်ပေါ်က သစ်ကိုင်းခြောက် ဘုတ်ကနဲ ကျဘိသလို လှိုင်းဘ၀က် ရင်၌ထကာ သွေးလေခြောက်ခြား ကတုန်ကရင် လန့်ဖြန့်လို့ပင် အတင်းကာရော အမြင်အာရုံ ဖြဲကာ ပြူးရတယ် ငုတ်တုတ်ထိုင်လျက် အဆက်မပြတ် သွားချင်သေးတဲ့ အိပ်မက် ရွာကို မထားခဲ့ချင်ဘူး လစ်ရင်တော့ကွယ် အိပ်ချင်သေးတယ် မထ ချင်ဘူး။
အကျိုးတော်ဆောင် ကော်ဖီရယ် ဘယ်ရောက်နေ ဘိ သနည်း။
ဝါး…………………….
အလုပ်များနေတဲ့ကြားက ငိုက်မြည်းနေတာ .. ။ ဟီးဟီး … အစ်မပြောမှပဲ … ကော်ဖီသောက်ချင်သလိုလိုဖြစ်လာပြီ … ။
(( အကျိုးတော်ဆောင် ကော်ဖီရယ် ဘယ်ရောက်နေ ဘိ သနည်း။))
Was this answer helpful?
LikeDislikeကဗျာလေး က ဖတ်လို့ ကောင်းပေမဲ့ ။ ကြော်ငြာကြီးက ၀င်ရှုပ်နေတော့။ စာသားအထားအသိုတွေ ပျက်ပြီး ဖတ် ဖီလင်မရှိဘူးဖြစ်နေတယ် ဆူးရေ..။
Was this answer helpful?
LikeDislikeမှန်သော စကားဆိုပါတယ်။
ဆူး ကဗျာ မစပ်တတ်ဘူး။
စိတ်ထင်သလို ကာရံကို တတ်နိုင်သလောက် ညီအောင် ညှိပြီး ရေးထားတာ.. ဒါကြောင့် စာလုံး စာတမ်း အခွဲ အဖြတ် မလုပ်တတ်လို့ အဆင်မပြေ ဖြစ်တာပါ။
Was this answer helpful?
LikeDislikeအကျိုးတော်ဆောင် ကော်ဖီသောက်လိုက်ဦးမယ်
ကိုယ့်ကော်ဖီမဟုတ်
ဘေးစားပွဲက သူများကော်ဖီ :D
Was this answer helpful?
LikeDislikeဆူးရေ … နေရာချင်းနီးရင် ကိုယ်တိုင်ဖျော်တိုက်ပါတယ်….
တကယ်ပြောတာ….. လောလောဆယ် မိုးအေးအေးနဲ့ တို့လည်း အောက်ဆင်းဖျော်လိုက်ပါအုန်းမယ် 
Was this answer helpful?
LikeDislikeစေတနာ အတွက် ကျေးဇူးတင်ပါတယ်။
အမှန်တော့ ဆူး အိပ်ချင်တဲ့ အခါမှာ ဖြစ်တဲ့ အကြောင်းကို ရေးချင်တာနဲ့ ငိုက်တဲ့ အချိန်မှာ ဘယ်လို ဖြစ်သလဲ မှတ်ထားပြီး ချ ရေးလိုက်တာပါ။ အမှန်တော့ စာချရေးတဲ့ အချိန်မှာ တရေးနိုးလို့ အိပ်ရေးဝ နေပါပြီ။ အဟိ.. ကော်ဖီ မလိုတော့ပါဘူး။
Was this answer helpful?
LikeDislikeငိုက်လိုက် ကော်ဖီသောက်လိုက် …..
ကော်ဖီသောက်လိုက် ငိုက်လိုက် ….
Was this answer helpful?
LikeDislikeဒါဆို မနောလို လုပ်ထားလေ… ရုံးရောက်ပြီးဆိုတာနဲ့ ကော်ဖီဖျော်ပြီး စားပွဲပေါ်တင်ထားလိုက်တယ် သောက်ချင်တဲ့အချိန် သောက်လို့ရတာပေါ့နော်… ဖီလင်အပြည့်နဲ့ ကွန်နက်ရှင်ကို တိုက်ခိုက်ပြီး ဖတ်သွားပါတယ်။
Was this answer helpful?
LikeDislikeငိုက်တာတောင် ကဗျာစပ်ပြီး ငိုက်နိုင်သေးတယ်..
ကဗျာလောကမှာ ပျင်းချင်း အပြင် ငိုက်ချင်း ပါ ထပ်တိုးလာပါပကောလား..
Was this answer helpful?
LikeDislikeအတွေးကောင်းကောင်းလေးနဲ့ကောင်မလေးကို
အမှတ်လေးများပေးလို့ ထောပနာ
ပြုကြပါစို့လား သူငယ်ချင်းတို့
မဂီလာ ပါ။။။။။။။။။။။
ဆုတောင်းလွှာကတော့
နေ့၇က်သစ်တွေပိုင်ဆိုင်မှာပါ
ယူနီဖောင်းတွေပြောနေကြတဲ့ ရွှေေ၇ာင်လွှမ်းတဲ့နေ့၇က်တွေလေ။။။
Was this answer helpful?
LikeDislike၀ါးးးးးးးး ….
အိပ်ချင်မူတူးနဲ့ဖတ်လိုက်တာ …
တို့ကတော့ အိပ်မှာပဲ အိပ်မှာပဲ … ဘာဘောစိမှ ကြောက်စရာမရှိဘူး … :P
Was this answer helpful?
LikeDislikeကောင်းပါလေ့တော်.. သူတို့များတော့.. ခိုး မအိပ်ဘူး ပေါ်တင်ပဲ.. ဟိဟိ..
အိပ်ခါနီး ခေါင်းအုံးပေါ် ခေါင်းချ တာနဲ့ ခေါင်းထဲ ရီဝေေ၀ ချာလည်လည် မူး တော့တာပဲ.. အတိတ်တောင် မေ့သွားလား ထင်ရတယ်။
Was this answer helpful?
LikeDislikeဆူး ပြောမှပဲ ဆယ်တန်းတုန်းက ကျုရှင်မှာ ငိုက်တာ သတိရသွားတယ်။ အချိန်က နေ့လည် ၁နာရီ၊ သင်တာက သင်္ချာ၊ မငိုက်ဘယ်နေမတုံး။ ထမင်းစားပြီးကာစ ဘယ်လိုမှ အားတင်းလို့မရဘူး မျက်လုံးကို အတင်းဖြဲလည်းမရ အိပ်ချင်တာလေ ထိန်းလို့မရဘူး တဇတ်ဇတ်နဲ့ ခေါင်းက ဖြစ်နေတော့ ဆရာကသိပြီး စာအုပ်နဲ့ ခေါင်းကို ခပ်ပြင်းပြင်းလေး ရိုက်မှ လန်ံဖြန့်ပြီး အငိုက်ပြေသွားတယ်။ တခါမဟုတ်ဘူး နေ့တိုင်းငိုက်တာလေ။
အဲ့ဒါကြောင့် ပြောကြတာ လောကမှာ အလေးဆုံးက မျက်ခွံတဲ့ အိပ်ချင်ပြီဆို ကရိန်းနဲ့ မတောင် မရဘူးပြောတာ။
Was this answer helpful?
LikeDislike8 ငိုက်မှာပေါ့
ကိုဆူး က
ညဆို
မအိပ်မနေ ကြူတာကြီး
Was this answer helpful?
LikeDislikeကဗျာကတော့ တကယ်ကောင်း ဧကံန ၀ိုင်သောက်ပြီးမှ စပ်တာထင်တယ်။ ဘာအမျိုးအစားလဲပြောပါအုံး။
ဒေါ်ဆူးမှာဘောစိမရှိပါဘူး ဘယ်သူလာသလဲဘဲ။
Was this answer helpful?
LikeDislike8ဖီလင်ကို 9ဖီလင်နဲ့ ဖျောက်၊ ဥပမာ ရုပ်ရှင်မင်းသား နိုင်းနိုင်းပုံကြည့်ပြီး စိတ်ကူးယဉ်လိုက်။။
Was this answer helpful?
LikeDislikeတော်လိုက်တာ။ ထမင်းစားနားချိန် ရုံးခန်းထဲမှာမှောက်အိပ်နေတုန်း boss များ တံခါးဖွင့်ပြီးဝင်လာရင် လန့်နိုးပြီး ရင်တွေတဆတ်ဆတ်တုန်တာ။
Was this answer helpful?
LikeDislikeတို့ကတော့ အိပ်ချင်ရင် Shopping ထွက်တယ်။( ရုံးအတွက် လိုအပ်တာတွေ ၀ယ်ဖို့ ပြောပါတယ်။:D)
Was this answer helpful?
LikeDislikeစာသင်ချိန်မှာ အိပ်ငိုက်တတ်တာကို သွားသတိရတယ်။ ဘယ်လိုမှ ဟန်မဆောင်နိုင်ပဲ ပုံပျက်ပန်းပျက် ဖြစ်နေတာကို ဘေးက သူငယ်ချင်းက မြင်ပြီး မနေနိုင်ပဲ ရီတော့မှ ရှက်ပြီး အိပ်ငိုက်ပြေသွားတာ။
အဲဒီ သူငယ်ချင်းဆီက ရတဲ့ ပညာလေး မျှဝေ ပေးလိုက်မယ်။
အမှန်က သူကိုယ်တိုင်လည်း ငိုက်နေတာတဲ့။
အဲဒါနဲ့ သူငိုက်တာ ဘယ်သူများ တွေ့သွားမလဲဆိုပြီး ဘေးဘီလိုက်ကြည့်တော့ ဘေးမှာ သူနဲ့အပြိုင်ငိုက်နေတဲ့ ချစ်သူငယ်ချင်းကြီးကို တွေ့ပြီး အရမ်းရီချင်သွားတာ။
အဲဒါနဲ့ သူလည်း မငိုက်တော့ဘူး။ ကိုယ်လည်း မငိုက်တော့ဘူး။ အဆင်ကို ပြေသွားတာပဲ။
နောက်ဆိုရင် ကိုယ်အိပ်ငိုက်ရင် ဘယ်သူအိပ်ငိုက်နေလဲ လိုက်ရှာကြည့်၊ သူများအိပ်ငိုက်တာ တွေ့ရတာ သိပ်ရီချင်စရာ ကောင်းတယ်ဆိုပဲ။ :D
Was this answer helpful?
LikeDislikeဟီး အိပ်ငိုက်လိုက်တာနော်. ဝါးးးးးးးးး
ကော်ဖီတခွက်လောက်သောက်အုံးမှပါ. မမဆူးရေ ကော်ဖီတိုက်ပါလားလို့ နော်။မမဆူးကဗျာလေးက ကောင်းပါတယ်။ဟိ ဟိ
Was this answer helpful?
LikeDislike