အမှန်တကယ်ဖြစ်ပျက်ခဲ့တာလေး ကိုပြောပြချင်နေမိသည် ။ ကြားရသူအများကတော့ အံ့သြဘနန်းဖြစ်လို့နေသည်..။လူရယ်လို့ဖြစ်လာလျှင်တော့ဝမ်းရေးအတွက်ရှာဖွေစားသောက် ရသည်မှာ နေ့စဉ်နှင့်အမျှဆိုပေမယ် တရားသဖြင့်ရလာတဲ့ပိုက်ဆံက ပိုပြီးဖြူစင်တယ်ဆိုတာကို မသိကြလို့သည်လို လုပ်ကြတာလားဆိုတာကိုပါ အတွေးပွားမိပါသည်..။ ကြားရသည့်အဖြစ်အပျက်ကတော့ မြို့လေးတစ်မြို့မှာဖြစ်သည် ..။ လူတိုင်းမကြုံဖူးပေမယ့်ကြားရရင်တော့ ဂရုဏာဒေါထမိမှာအမှန်ပင်..။လူလူချင်းလိမ်ရင်တော့ တော်သေးသည်..။ ခုဟာကျွန်တော့်တို့မြန်မာလူမျိုးတွေ ကြည်ညိုကိုးကွယ်နေတဲ့ ဂေါတမမြတ်စွာဘုရားရဲ့ သားတော်တွေကိုလေ..။ ကံကြီးထိုက်မှာကို တွေးပြီးမကြောက်တတ်တာလား၊ လောဘကပဲအနိုင်ပိုင်းသွားလို့လား မတွေးတတ်ပေမယ့် လိမ်တဲ့သူကတော့ ဗြောင်ကြီးပင်လိမ်းချသွားပါသည်..။

မြို့တစ်မြို့ရဲ့ အနီးအနားရွာလေးကပါ..။ အကြောင်းကတော့ ရွာလည်ဘုန်းကြီးကိုမှ လိမ်သွားတဲ့ လူလိမ်ကိုလည်း အံ့ပဲသြရမလိုလို..။ စဉ်းစားကြည့်လေ…။ ဘုန်းကြီးကိုတောင်မချန်ပဲ လိမ်ရလောက်အောင် ပြောရရင်ခေါင်းတုံးပေါ်ထိပ်ကွက်တယ်ဆိုတာ ဒါမျိုးကိုပြောတာနေမှာ လို့ တွေးမိပါသေးသည်..။ လိမ်ပုံလိမ်နည်းကလည်း ကြည့်ဦး။ 

အဲဒီလိမ်တဲ့သူနဲ့ ဘုန်းကြီးနဲ့က ခရီးသွားရင်းတွေ့ဆုံခင်မင် ခဲ့တယ်လို့ဆိုပါတယ်..။ ဘုန်းကြီးနဲ့စကားပြောရင်းဆိုရင်း အခုဆရာတော်သွားတဲ့မြို့ကို သွားမှာဖြစ်ကြောင်း၊ အသိမရှိလို့ တည်းခိုရအခက်အခဲရှိကြောင်း ၊ ဖြစ်နိုင်ပါက ဘုန်းကြီးကြောင်းမှာပင်လို က်ပြီးတည်းခိုလိုကြောင်း ပြောတာပေါ့.။ နဂိုကတည်းကမြန်မာလူမျိုးဘုန်းကြီးဖြစ်သည့်အလျှောက် အခက်အခဲရှိသူကို ကူညီနေသည့် သံဃာတွေဆိုတော့လည်းရပါတယ် လိုက်တည်းပါပေါ့..။ သည်လိုနဲ့ အဲဒီရွာက ဘုန်းကြီးကျောင်းကိုလိုက်တ ည်းဖြစ်ပါလေရော..။ 

နောက်နေ့မှာတော့ အဲဒီလူလိမ်က စပြီးတော့ ပြောတယ်တဲ့…။ သူကသည်မြို့လေးကိုလာရသည့်အ ကြောင်းကတော့ သူ့ရဲ့မွေးနေ့အလှူကို

လုပ်ရ န်လာကြောင်း၊ အခုအဆင်သင့်သည်မှာ သည်ဘုန်းကြီးကျောင်းမှာပင် သူ့ရဲ့မွေးနေ့အလှူကိုလုပ်မ ည်ဖြစ်ကြောင်း၊ သည်ဘုန်းကြီးကျောင်းရဲ့ လိုအပ်နေတာတွေကိုလည်း လှူဒါန်းမည်ဖြစ်ကြောင်း၊ ရက်အနည်းငယ်ကြာလျှင် သူ့ရဲ့ အစ်မဖြစ်သူမှာလိုက်လာမည်ဖြ စ်ကြောင်းပြောသည်..။ နောက်ပြီး ရွာထဲရှိလူများကိုလည်း ယုံကြည်လာအောင်ပြောသေးသည်..။ ဆရာတော်ကိုလည်း သူ့အစ်မဖြစ်သူမှာလိုက်လာတော့မည်ဖြစ်ကြောင်း၊ သူ့အစ်မလာမှ ငွေပါလာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အခုလောလောဆယ်တော့ ဆရာတော်ကပင် စိုက်ထုတ်ပြီးပေးစေလိုကြော င်း ပြောပြန်ပါသည်..။ ဆရာတော်မယုံလျှင်ဖြင့် .သူ့အစ်မဖြစ်သူနှင့်ဖုန်ြးေ ပာမည်ဖြစ်ကြောင်း၊ လိုက်ပြီးနားထောင်နိုင်ကြောင်းပြောဆိုသေးသည်.။ ဆရာတော်ကလည်း ရှေ့မှာပင် ဖုန်းနဲ့ ပြောဆိုနေတာဆိုတော့ …ယုံသွားတာပေါ့..။ သူ့အစ်မကလည်းသူတို့မြို့ကေ န စ.ထွက်လာပြီ..။ ၀ယ်စရာရှိတာ ဆရာတော်နားက ချေးပြီးဝယ်ထားလို့ပြောတယ် တဲ့..။

ဆရာတော်ကလည်း သူ့ဆီမှာ ငွေများများစားစားမရှိပေမယ့် တောကျောင်းလေးတစ်ကျောင်းမှာ အလှူကြီးပေးမည်ဆိုတော့ ၀မ်းသာအားရနှင့် နီးစပ်ရာ ဒါယကာ၊ ဒါယကာမများကို အကူအညီတောင်းပြီး ငွေတွေယူပေးတာပေါ့..။ ဘေးပတ်ဝန်း ကျင်လူတွေကလည်း ၀မ်းသာကြတော့ ၀ိုင်းဝန်းပြီး ကူညီကြတာပေါ့..။ သည်လူလိမ်က ဆရာတော်ရဲ့ သင်္ကန်းကိုလည်း နေ့တိုင်းတောင်းလျှော်တယ်တဲ့..။ ဘုရားစင်ကို အမွှေးနံ့သာပတ်ဖို့ သနပ်ခါးဘူးတွေလည်းပေးပြန်ေ သးသည်..။ ဘုန်းကြီးကျောင်းပတ်ဝန်းကျ င်ကလူတွေကိုလည်း ကွမ်းယာတွေဝယ်ကျွေးသေးသည်..။ ဆရာတော်ကတော့ နီးစပ်ရာ လူတွေကို အလှူလုပ်ရန်အတွက် အိုးစည်ဗုံမောင်းတွေလည်းဌားပေးရသေးသည်..။ မဏ္ဍပ်ကြီးကို ဆောက်ပြီးလှူမည်ပြောလို့ ဆောက်ပေးရသေးသည်…။ 

ဘုန်းကြီးကျောင်းမှာတော့ အဲဒီရက်ပိုင်းအတွင်းလူတွေတ ရုံးရုံးပေါ့..။ ဆရာတော့်ကျောင်းမှာရှိတဲ့ ဆန်အိတ်တွေကို ကောင်းကောင်းကြီးချက်ကြ ၊ စားကြ၊ သောက်ကြရယ်ပေါ့။ဒါကလည်း သူ့အစ်မလာရင် ပြန်ဝယ်ပေးမည်တဲ့လေ..။ နောက်ရက်ကြတော့ လာပါပြီ….အိုးစည်ဗုံမောင်းတွေနဲ့ သူ့ရဲ့မွေးနေ့အကြိုရက်မှာ ၀ယ်စရာရှိတာတွေဝယ်ရန်၊ ချက်ရန်၊ ပြုတ်ရန် ငွေ ၁၀သိန်းထုတ်ပေးဖို့ပြောသည်..။ ဆရာတော်ကလည်း ငွေမကိုင်တော့ အောက်က ကို ယ်တော်တပါးကိုပဲ ငွေအပ်ထားသည်..။ ရွာသူ၊ရွာသားတွေကလည်းပျော် ပျော် ပါးပါး လုပ်ကြ ကိုင်ကြနှင့် လူစည်ကားနေသည်။ အနီးနားအိမ်တွေကလည်း ဘုန်းကြီးကျောင်းကမပြန်ချင်လောက်အောင် ၀ိုင်းကြကူကြနှင့် တကယ့်အလှူကြီးပေးနေသည့်အတိုင်း…။ ဘုန်းကြီးကျောင်းကဆိုင်ကယ်နှင့် မောင်မင်းကြီးသားကတော့ ငွေ ၁၀သိန်းယူပြီးမနက်ကည်းကထွက်သွားလိုက်တာ ညနေမိုးချုပ်လို့တောင် အရိပ်အရောင်မမြင်ရတော့မှ ပြေးပါဟ၊ ရှာပါဟ၊ ဖြစ်ကုန်ကြပါရော…။ ညနေမိုးချုပ်မှာပဲ ဆရာတော်ရော အနီးနားကလူတွေရောသတိရကြသည် ..။ လုပ်ကူကိုင်ကူနေကြသည့်လူတွေကလည်း ကွမ်းယာစားပြီးကတည်းက သူပြောတာဆိုအကုန်ယုံကြသည်တဲ့..။ အဲဒီအလိမ်ခံလိုက်ရပြီဆိုတာ ကို သိနေကြတာတောင် လိုက်ဖို့ ဘယ်သူမှ တုပ်တုပ်မလှုပ်ဘူးတဲ့။ ပြောရရင်တော့ အာစေးမိနေသည့်အတိုင်း.။ ဆရာတော်ခမျာမှာတော့ ဆောက်ထားတဲ့ မဏ္ဍပ်ကြီးကို ရှက်ရှက်နဲ့ ဖျက်ချပြီးတော့ ကျောင်းတွင်းကနေ အပြင်ကိုမထွက်ရဲလောက်အောင် လူလိမ်ကစွမ်းသွားပါသည်…။ ကိုယ့်ကိုကြည်ညိုတဲ့ ဒါယကာ၊ ဒါယကာမတွေအပေါ်မှာလည်း အပြစ်ကြီးတစ်ခုကျူးလွန်မိသ လိုဖြစ်နေတာကိုး…။ ဘယ်ကိုမှလည်း မတိုင်ကြ၊။ ဘယ်ရုံးမှလည်းမသွားကြ..။ အဲဒီ့မြို့လေးမှာတော့ ဟော်လေတကျိုးကျိုး၊ ဟိုးလေးတကျော်ကျော်ရယ်ပေါ့ ..။ ဆရာတော်ကတော့ သင်္ကန်းတွေတောင်းလျှော်ပြီး တို့ဆေးတွေဖျန်းတာ၊ အမွှေးနံ့သာ သနပ်ခါးကို ရှူမိတာ၊ တွေဟာ လူလိမ်ရဲ့ ပညာတွေဆိုတာကို နောက်မှ ရိပ်မိတော့သည်..။ ကွမ်းယာကျွေးလို့စားမိသည်ဆိုသည့်သူတွေလည်း ကွမ်းယာထဲ ဆေးထည့်လိုက်သည်ကို ဘယ်သူမှ မရိပ်မိကြ..။ မည်သို့ပင်ဖြစ်စေ.. လိမ်တဲ့သူကတော့ လိမ်သွားသည်..။ အလိမ်ခံလိုက်ရသူတွေကတော့ စုပ်တစ်သပ်သပ်..။ရှက်တာရော နောင်တရတာရော ရောလို့..။ ရွာထဲ မျက်နှာမပြရဲ့တော့..။

ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာတွေသည် အယုံလွယ်မိလို့ဖြစ်သည်က အဓိကပါ..။ လိမ်တဲ့သူကလည်း တော်သည်ကိုး ။လူလူချင်းလိမ်သည်ကတော့ ထားပါတော့ ။ ခုများတော့ ဘုန်းကြီးကိုမှတဲ့.။ ကျားရှိလို့တာ နားရတယ် နားရှိလို့တာကြားရတယ် ယုံတောင်မယုံချင်ပါ..။ လိမ်တဲ့သူကိုလည်း လိမ်ရက်ပါပေါ့လို့ပြောရမည် ပင်။ ယနေ့ခေတ်ကြီးမှာတော့ ဘယ်သူကိုမှ အယုံမလွယ်သင့်တော့ပါ..။ ခရီးသွားသည့်အခါပိုပြီးတော့  သတိချပ်သင့်သည်မဟုတ်ပါလား..။ လမ်းခရီးမှာတွေ့သည့်သူတွေကို အယုံမလွယ်မိဖို့။ ကျွေးတိုင်းမစားဖို့သတိထား ရမည်..။ ခုလို ရပ်နှင့်ရွာနှင့်တောင်လိမ် သွားသေးတာပဲ..။ အခုတွေ ခဏနေပျောက်မည့်သူတွေကိုပို လို့တောင်မယုံရသေး..။ မည်သည့်ရယ်ဒီမိတ်မှလည်း စိတ်မချရတော့ .။လူလိမ်တွေအတွက်တော့ အသေးအဖွဲကအစ….လိမ်စရာတွေချည်းပင်..။ မထင်မှတ်ထားတဲ့ အရာတွေက သူတို့အတွက် ဟာကွက်တွေမဟုတ်လား..။ မြန်မာ မိန်းကလေးများအဖို့တော့ ခရီးသွားလျှင် ဖြစ်နိုင်လျှင် အဖော်ပါမှသွားစေချင်ပါသည်..။ ခရီးဝေးပဲ ဖြစ်ဖြစ် ၊ ခရီးဝေးပဲ ဖြစ်ဖြစ် သတိချပ်လျှင်တော့မမှားနိုင်ပါ..။ 

မည်သို့ပင်ဖြစ်စေ သွားသတိ၊ စားသတိရှိရင်တော့ ပိုပြီးတော့ကောင်းပါသည်လို့  ပြောချင်ပါသည်..။ သည်အဖြစ်အပဖက်သည် မှန်တကယ်ဖြစ်ပျက်ခဲ့သော အကြောင်းတွေဖြစ်သည့်။။ မြို့နာမည်၊ ရွာနာမည်၊ ဘုန်းကြီးကျောင်းရဲ့ အမည်တွေကိုတော့  ဖော်ပြလို့မဖြစ်ပါ..။ ဘယ်သူ့ကိုဖြစ်ဖြစ်အယုံမလွယ်မိရန်အရေးကြီးကြောင်းပြော လိုပါသည်..။ ကုန်ကုန်ပြောရင်တော့ ဆွေမျိုးအစ..ပေါ့..။ သတိတရားအမြဲထားကြစေလိုပါသည်..။

မှတ်ချက်။……..။ ကျနော်ကြုံခဲ့ သိခဲ့ရသည်ကို အမှန်အတိုင်းရေးခြင်းဖြစ်ပါတယ်..။

About သော်ဇင် (လွိုင်ကော်)

သော်ဇင် (လွိုင်ကော်) has written 192 post in this Website..

ရင်ဘတ်နဲ့ခံစားပြီးရေးတဲ့ စာတွေ တင်ပြပါရစေခင်ဗျား