ဟိုတစ်လောက ရွာကအသိတစ်ယောက်ကပြောတယ်။သူတို့မှာ ဖုန်းဆက်ရင် ခိုးပြီးဆက်ရတယ်တဲ့။ ဘာလို့လဲလို့မေးကြည့်တော့ ရွာထဲက လူတွေကနားထောင်ကြလို့လဲ။ ကျွန်တော်ကမေးလိုက်တယ်

ဘယ်လိုနားထောင်တာလဲ ဖုန်းဘေးနားလာပြီး နားထောင်တာလားလို့။ မဟုတ်ဘူးတဲ့တော့ ရေဒီယိုနဲ့နားထောင်ကြတာတဲ့။ ဥပမာပြောပြရင် မြို့က လူတစ်ယောက်က ရွာကိုဖုန်းဆက်ရင် ရွာမှာဖုန်းထောင်ထားတဲ့ပိုင်ရှင်က လော်နဲ့အော်ပြီး ရွာမြောက်ပိုင်းက ဦးတုတ်ကြီး မြို့က မော်ဒယ်မဘယ်သူ ဖုန်းဆက်တယ်အမြန်လာပါလို့အော်ခေါ်တယ်။ အဲဒီချိန်မှာ ရွာသူရွာသားတွေက ကိုယ့်အိမ်မှာရှိတဲ့ ရေဒီယိုလေးတွေဖွင့်ပြီး နားထောင်ကြတာတဲ့။ အဲဒလိုဖမ်းနားထောင်ကြတော့ သူများအတင်းအဖျင်းမပြောရဲဘူးတဲ့။ တော်ကြာနားထောင်နေတဲ့သူက သူ့အတင်းပြောတယ်ဆိုပြီးရိုက်မှာစိုးလို့တဲ့။

မိုက်တော့မမိုက်ဘူးဗျ ရည်းစားတွေဆိုရင် သနားပါတယ်။ ဖုန်းထဲမှာ အိစိကလိတွေပြောနေတုန်း နားထောင်နေကြရင်ရှက်စရာကြီး။

 

တို့mandalaygazette မှာတော့ ခိုးနားမထောင်ကြပါဘူးနော်။

တော်ကြာအတွင်းရေးတွေပေါက်ကြားသွားရင် ရှက်စရာကြီး။

စာကြွင်း။     ။လော်=လော်စပီကာ။

About water-melon

has written 29 post in this Website..

ပျော်တယ် အရမ်းပျော်တယ် ပျော်လိုက်တာ ပိုးစိုးပက်စက်ပျော်တယ် ပျော်လွန်းလို့ လေမှာပျံဝဲနေသည့် အလား ခံစားရတယ် ဘဝဆိုတာ နေတတ်ရင် ပျော်စရာကြီးပါ အရမ်းပျော်ပါတယ်