ခုတလော ကျောင်းသားတွေ ပါးစပ်ထဲ ပြောပြောနေတဲ့ ၁၁ တန်းကို ကျွန်တော် ဟိုကျန်ခဲ့တဲ့ လေးရက်လောက်ကမှသိပါတယ် . (၉ တန်းကျောင်းသားဖြစ်ပြီး). . . ကျွန်တော့ မှာ ခုနှစ်တန်း ညီမလေးတစ်ယောက်ရှိတော့ ကျွန်တော်လွတ်ရင်တောင် ကျွန်တော့ ညီမလေး မလွတ်မှာဆိုတော့ ကျွန်တော် စိတ်ပူမိပါသေးတယ်။ ဒီလိုနဲ့ နေပြီး ဒီနေ့ 28 ရက်နေ့ ကျွန်တော့ဆရာမပြောတာ တော့ အခြေခံပညာရေးမှာ အစည်းအဝေးလုပ်တယ်လို့ သိရတယ်ဗျ။ ၀န်ကြီးက ၁၁ တန်းကို အမြန်အကောင်အထည်ဖော်ချင်နေတယ်လို့ သိရပါတယ်။
ရည်ရွယ်ချက်က မြန်မာနိုင်ငံ က ကျောင်းသားတွေ ၁၀ တန်းအောင်ပြီး လို့ တကသိုလ်တက်ပြီး နိုင်ငံခြားသွားကြရင် ဟိုမှာ ၁၁ တန်းပြန်တက်ကြရလို့ အဲဒိလိုမျိုး မဖြစ်ရလေအောင် ၁၁ တန်း သင်မယ်လို့သိရပါတယ်။ အာဆီယံ စံနှုန်းမှီအောင်လုပ်နေတာ လို့လဲသိရပါတယ်။ မူလတန်းကို ငါးတန်းအထိ သတ်မှတ်ပြီး အထက်တန်းကျောင်းတွေမှာ မူလတန်း ပညာမသင်တော့ပဲ မူလတန်းကို မူလတန်းကျောင်းသီးသန့် လုပ်မှာလို့လဲသိရပါတယ်။ မူလတန်း 6 နှစ် ၊ အလယ်တန်း 3 နှစ် ၊ အထက်တန်း 3 နှစ် System ဖြစ်ပါတယ်။ အဲဒိအကြောင်းကို ဆွေးနွေးခဲ့ကြပြီး ဆရာမတွေကတော့ မလုပ်ချင်လို့ အတင်းငြင်းကြပေမဲ့ ၀န်ကြီးတို့ကတော့ အကောာင်အထည် အမြန်ဖော်ချင်နေကြပါတယ်။
ဒါပေမဲ့ အကောင်အထည်ဖော်ဖို့ လိုငွေ ၊ ဆရာမ ၊ ဆရာမများအတွက် သင်ရိုးညွှန်တမ်း ၊ လခ ဒါတွေ အားလုံး လိုအပ်တာတွေကို စတင်တွက်ချက်နေပြီဖြစ်ပြီး 2015 လောက်မှသာ အကောင်အထည်ဖော်နိုင်မယ်လို့ ထင်ပါတယ်လို့ သိရပါတယ်။
အခုလောလောဆယ်တော့ ကျောင်းတွေမှာ အဂ်လိပ်လိုတွေပြောရမယ် တွေ လုပ်နေလို့ ဆရာမတွေလဲ သီတင်းကျွတ် ကျောင်းပိတ်ရက်မှာ အင်္ဂလိပ်စာ သင်တန်းးတွေ တက်ကြရပြီး ခလေးတွေကိုလဲ အင်္ဂလိပ်စကားပြော စာအုပ်တွေပေးပြီး အဂ်လိပ်လိုတွေကိုပဲပြောခိုင်းနေပါတယ်။ ဘယ်သူမှတော့ သိပ်မပြောကြဘူး။ ;D ကျွန်တော့ရဲ့ မဟာကျောင်းကြီးမှာတော့ မပြောရသေးပါဘူး။ ကျွန်တော့ရဲ့ အရင် အလယ်တန်းကျောင်း အခု ကျွန်တော့ ညီမနေတဲ့ကျောင်းမှာတော့ စနေပါပြီ။

About Burma

သားပု has written 46 post in this Website..