
ဒေါ်အောင်ဆန်းစုကြည်အား ပြင်သစ်နိုင်ငံခြားရေးကြီးမှ ပြင်သစ်နိုင်ငံ၏ အမြင့်ဆုံး ဂုဏ်ထူးဆောင်ဆုဘွဲ့ ပေးအပ်ခြင်းအခမ်းအနား - ဓာတ်ပုံ မဇ္ဈိမသတင်း
“ပြင်သစ်သံရုံး၏ မဆင်မခြင်လုပ်ရပ်လော၊ မတော်တဆလော France” မူလတင်ထားတဲ့ ခေါင်းစဉ်ဖြစ်ပါတယ်၊ ကွန်းမန့် ဆဲ့ငါးခုလောက်ရအပြီးမှာ ဗားမားဗွီဂျေမီဒီယာရဲ့ ဗီဒီယိုဖိုင်ကို ကြည့်လိုက်ရတော့ ထင်သလိုမဟုတ်ဘူးဆိုတာ တွေ့ရလို့ ခေါင်းစဉ်ကို ပြင်လိုက်ပါတယ်။ မူလအရေးအသားတွေကိုတော့ မှတ်တမ်းအလို့ငှာ မဖျက်ဘဲထားသေးပါတယ်။ လိုအပ်ရင်၊ တောင်းဆိုသူရှိခဲ့ရင် ဖျက်ပေးပါမယ်။ လက်အုပ်ချီထားသူ သံဃာရုပ်ထုသာမက အပူဇော်ခံနေသူ အခြားသံဃာရုပ်ထုတပါးလည်း ရှိကြောင်း သက်သေပြထားတဲ့ ပုံရိပ်ကို ကွန်းမန့်၁၃ခုမြောက် ရွာသဂျီး ဦးခိုင်ပေးတဲ့ မှတ်ချက်မှာ တွေ့နိုင်ပါတယ်။
ဒီနေ့မနက် မဇ္ဈိမသတင်းမှာတင်ထားတဲ့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးမှ ပြင်သစ်နိုင်ငံရဲ့ အမြင့်ဆုံးဂုဏ်ထူးဆောင်တံဆိပ်ကို ဒေါ်အောင်ဆန်းစုကြည်အား ပေးအပ်ချီးမြှင့်ပွဲအခမ်းအနား ဓာတ်ပုံကို ကြည့်ပြီး ရွာထဲက ရုပ်ဝါဒီ အတ္တသဂျီးဦးခိုင်ကို သတိရလို့ တင်လိုက်ပါတယ်။ ကမ္ဘာ့အင်အားကြီး ဒီမိုကရေစီစနစ်ဦးဆောင် နိုင်ငံတနိုင်ငံဖြစ်တဲ့ ပြင်သစ်နိုင်ငံအနေနဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် အပေါ်အသိအမှတ်ပြုထောက်ခံမှုကို ကျေးဇူးတင်ပါတယ်။ (အချို့ကလည်း ဝေဖန်တယ်၊ ဆုပေးတာ နောက်ကျလွန်းတယ်တဲ့။ ပေးချင်ရင် စောစောပေးပါလား။) ဒေါ်စုအနောက်က စားပွဲပေါ်မှာ ဘုန်းကြီးတပါး (ထင်ရတာပဲ) လက်အုပ်ချီ ဝပ်ချနေတဲ့ ရုပ်တုတခုရှိတယ်။ နဂိုကထဲက ရှိနေပြီး ဓာတ်ပုံထဲ မထင်မှတ်ဘဲ ပါသွားသလား၊ တမင်လုပ်သလား မသိဘူး။ မြန်မာနိုင်ငံလို ဗုဒ္ဓဘာသာတိုင်းပြည်မှာ ဒီလုပ်ရပ်မျိုးဟာ အန္တရယ်ကြီးမားပါတယ်။

ပြင်သစ်နိုင်ငံ၏ အမြင့်ဆုံးဂုဏ်ထူးဆောင်တံဆိပ် ပေးအပ်စဉ်။ ဓာတ်ပုံ - ဒေါင်းမာန်ဟုန်
သိပ်လက်အုပ်အချီခံ ချင်ရင်လည်; အစောင့်နတ်ရုပ်များ ရှိပါတယ်။ စားပွဲအောက်မှာလည်း လက်အုပ်ချီထားပုံရတဲ့ နတ်ရုပ်တွေ့ပါတယ်။ အနုပညာလက်ရောက် မြောက်လွန်းလို့ သိပ်ထားချင်ရင်လည်း လက်အုပ်ချီထားသူရှေ့မှာ ဗုဒ္ဓဘုရားရုပ်ပွားတော် ထားပေးပါ။ ရှိထားတယ် လူကွယ်နေလို့ဆိုရင်တော့ သူတပါးယဉ်ကျေးမှုအပေါ် နားလည်ပေးနိုင်မှုအတွက် ကျေးဇူးတင်ပါတယ်။ အထူးသဖြင့် အနောက်နိုင်ငံများမှာ ဗုဒ္ဓရုပ်ပွားတော်ကြီးများကို lobby၊ ရုံးအဆာက်အအုံထဲမှာ အလှအပ အဖျော်ဖြေခံသဖွယ် အသုံးချနေကြတာ တွေ့ဖူးကြပါမယ်။ အယူအစွဲပြင်းတဲ့ ဘာသာမျိုးကိုကြတော့ မထိရဲကြပါဘူး။ အခုလိုပုံမျိုးဟာ နောင်တချိန်မှာ နိုင်ငံရေးအခြေအနေတင်းမာလာလို့ ဒေါ်စုကို စစ်အုပ်စုဝင်များ ပုဂ္ဂိုလ်ရေးတိုက်ခိုက်တဲ့အခါ မဟုတ်တမ်းတရား ဝါဒဖြန့်ပြောဆိုမှု တခုဖြစ်သွားနိုင်တယ်။ သူ့ထိုက်နဲ့သူ့ကံ ဆိုပြီး အားမတန်လို့ မာန်လျှော့ထားရပေမဲ့ နိုင်ငံတနိုင်ငံကို ကိုယ်စားပြုတဲ့ သံတမန်ရုံး အဖွဲ့အစည်းများ မသိကျိုးကျွံပြု မဆင်မခြင် အသုံးချရင်တော့ ကန့်ကွက်ရပါလိမ့်မယ်။။
About ဦးကြောင်ကြီး
အောင်ကြူး has written 647 post in this Website..
ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး
Like this:
Like Loading...
Related
ဟဲလိုကစ်တီ ကိုကြောင်ကြီး ကို သံသယ လုံးဝ မရှိပါဘူး။
သို့သော် မယုံတာတော့ မဟုတ်ပေမဲ့ အဲဒါ Original ပုံဟုတ်ရဲ့လား ဆိုတာ တွေးကြည့်နေလို့ပါ။
အရီး ;-)
Was this answer helpful?
LikeDislikeလိမ်ဝံ့ပါဘူးဗျာ…။ ဒေါင်းမာန်ဟုန်ဆိုက်မှာတွေ့ရတဲ့ ဒုတိယပုံကိုပါ ထပ်ဖြည့်ပေးလိုက်ပါတယ်။
Was this answer helpful?
LikeDislikeတစ်ကယ်ဆိုလုံးဝ(လုံးဝ)မဖြစ်သင့်ပါ။ဒေါ်အောင်ဆန်းစုကြည်လဲဒါကိုသတိထားမိပုံမပေါ်ဘူး
Was this answer helpful?
LikeDislikeဒေါ်အောင်ဆန်းစုကြည်သတိထားမိအုံးတော့ကန့်ကွက်ပြောကြားရလောက်အောင်ဆိုးဝါးတဲ့ကိစ္စမဟုတ်ပါဘူး။ ဒီပုံတော်ဟာရဟန်းတော်တပါးပါးရဲ့ပုံတော်ပါ။ သူတို့နိုင်ငံတွေ မှာဘုရားရှင်ပုံကိုတောင်စာရွက် ဖိတဲ့တုံးလုပ်သေးတာပဲ။ ဒီနိုင်ငံမှာမလုပ်သင့်ဘူးဆိုပေမဲ့၊ ဗုဒ္စ္ဓဘာသာဝင်မဟုတ်တဲ့သူတို့ကအမြတ် တနိုးအလှထားတာပါ။ စားပွဲပေါ်တင်ထားတာမို့သူတို့ရိုင်းပြတယ်လို့မဆိုနိုင်ပါဘူး။ နောက်ပြီးဒါဟာ ဗုဒ္စ္ဓဘုရားရှင်ရဲ့ပုံမဟုတ်ပါဘူး။
”နောင်တချိန်မှာ နိုင်ငံရေးအခြေအနေတင်းမာလာလို့ ဒေါ်စုကို စစ်အုပ်စုဝင်များ ပုဂ္ဂိုလ်ရေးတိုက်ခိုက်တဲ့အခါ မဟုတ်တမ်းတရား ဝါဒဖြန့်ပြောဆိုမှု တခုဖြစ်သွားနိုင်တယ်။ ” အဲလောက်ကြီးဆိုးဝါးစရာမရှိပါဘူး။ ဒေါ်စုအိမ်မှာထားတာလဲမဟုတ်တဲ့အတွက် သူ့မှာတာဝန်မရှိပါဘူး။ ဒါဟာပြင်သစ်သံရုံးမှာရှိတဲ့အတွက်ြပင်သစ်သံရုံးကသာ တာဝန်ယူရမှာဖြစ်ပါတယ်။ ကျွန်မတို့တွေအိမ်တအိမ်ကိုသွားလည်ရင်အဲဒီအိမ်ရဲ့ပြင်ဆင်မှု့၊ ထားသိုမှု့၊အလှဆင်မှု့တွေကိုဝေဖန်လို့ မသင့်တော်သလို ဒီကိစ္စမှာလဲ အမေစုအနေနဲ့ ဝေဖန်ပိုင်ခွင့်မရှိတာဟာယဉ်ကျေးမှု့ပါ။ ကျွန်မတို့နိုင်ငံသားအနေနဲ့မကျေနပ်ရင်တော့ သံရုံးကိုဖုန်းဆက်တာပဲဖြစ်ဖြစ်၊ ဂျာနယ်ကနေဆောင်းပါးရေးတာပဲဖြစ်ဖြစ်တရားဝင်ပြောလို့ရပါတယ်။ ဒါဟာ ကျွန်မတို့နိုင်ငံသားတွေရဲ့အခွင့်အရေးပါ။ အမေစုဟာတာဝန်ကြီးကြီး ထမ်းဆောင် ရင်းနိုင်ငံတော်တိုးတက်ရေးကိုေ န့မအားညမအားဆောင်ရွက်နေသူပါ။
Was this answer helpful?
LikeDislikeအမှတ်မထင် ဖြစ်သွားတယ်လို့ထင်ပါတယ်… ဒါပေမဲ့ပထမပပုံကို ကြည့်ရင် ရဟန်းတော်က ဒေါ်စုကို ရှိခိုးနေသလိုပုံမျိုး ဖြစ်မသွားဘူးလား…. ပြင်သစ်သံရုံကဘဲ အရင်တည်းက ဒီအတိုင်းထားတာလား.. အခုမှထားတာလားကတော့ စဉ်းစားစရာ ဖြစ်သွားပါတယ်…. မြတ်စွာဘုရား ရုပ်ပွားတော်ကို နိုင်ငံခြားက ကလပ်တစ်ခုမှာတွေ့လို့ အဲ့ဒီမှာရှိတဲ့ မြန်မာတစ်ယောက်က သူပိတ်ဆံနဲ့ ရှိစုမဲ့စုရယ် နောက်သူအလုပ်ကရမယ့်ပိုက်ဆံကို ကြိုထုပ် ချီးငှားပြီး ဆုဆောင်းပြီး ၀ယ်ယူလိုက်ပါတယ်.. နောက်အဲ့ဒီရုပ်ပွားတော်ကို မြန်မာဘုန်းကြီးကျောင်းမှာ လှူလိုက်တယ်လိုသိရပါတယ်… အင်မတန်မွန်မြတ်တဲ့လုပ်ရပ်ပါ… တစ်ခြားမှာမကြည့်ပါနဲ့ စင်္ကာပူက အဟောင်းဆိုင်မှာလည်း ထိုကဲ့သို ဆင်းတုတော်တွေ့လို့ အဲ့ဒီမှာရှိတဲ့ မြန်မာတွေ ဆုဝယ်ဖို့ ကြိုးစားနေတာလည်း ကြားဘူပါတယ်…
Was this answer helpful?
LikeDislikeဗုဒ္ဓဆင်းတုတော်တွေ့တိုင်း မထေမဲ့မြင် အပြုခံရမှာစိုးလို့ လိုက်ဝယ်မယ်ဆိုရင် ၀ယ်လို့ပြီးနိုင်မယ်မဟုတ်ပါဘူး။
ရောင်းစားသူအကြိုက်တောင်ဖြစ်သွားနိုင်ပါတယ်။ ဘုရားမှာ ငှက်လွှတ်သလိုပေါ့။
လွှတ်မှန်းသိတော့ ပြန်ပြန်ဖမ်းပြီး ရောင်းတယ်လေ။
ဒါကြောင့် အဲဒီလုပ်ရပ်ကို ချီးကျူးကျေးဇူးတင်ပေမယ့် ဆက်လုပ်သင့်တာလို့ အားမပေးလိုပါ။ အခြားနည်း ဥပမာ-ကန့်ကွက်ပြောဆိုခြင်း စသည်ဖြင့်သာ အရေးယူဆောင်ရွက်သင့်ပါတယ်။
ပြီးတော့ ဘုရားပုံဟာလဲ ဘုရားတော့မဟုတ်ပါဘူး။ လူတိုင်းအလွယ်တကူ ထုဆစ် ရေးဆွဲ ပုံနှိပ်လို့ ရတဲ့ဟာကိုး။ လိုက်ကာကွယ်ဘို့ မဖြစ်နိုင်ပါဘူး။ ပြန်ပြော ဝေဖန် ဆန့်ကျင်ဘို့သာ တတ်နိုင်စရာရှိပါတယ်။ မရရင်လဲ စိတ်ထဲ သိပ်မထားဘို့ပါပဲ။
အခု ကိုပိုစ့်ပါပုံကတော့ ခြားနားပါတယ်။
အဲဒီဘုန်းကြီးပုံက စတိုးဆိုင်မှာ၊ စားသောက်ဆိုင်မှာ၊ ဟိုတယ်မှာ၊ ဧည့်ခန်းမှာ မဟုတ်ပါဘူး။
သံရုံးမှာပါ။
သံရုံးဆိုတာ အခြားတပါးနိုင်ငံမှာ မိမိနိုင်ငံရဲ့ကိုယ်စား ထိတွေ့ဆက်ဆံဆောင်ရွက်ဘို့ ထားရှိတဲ့ နေရာမျိုးပါ။
သံတမန်တွေဟာလဲ မိမိရောက်ရှိရာနေရာရဲ့ သမိုင်းကြောင်း ယဉ်ကျေးမှု့ ဘာသာအယူအဆ do and don’t တွေကို သေသေချာချာ သိအောင်ကြိုးစားရပါတယ်။ လိုက်နာနိုင်အောင်ကြိုးစားရပါတယ်။
သံရုံးတခုရဲ့ အပြုအမူဟာ သူ့ နိုင်ငံရဲ့ သဘောထားနဲ့ စိတ်ထားကို ထင်ဟပ်နေပါတယ်။ ထင်ဟပ်နေအောင်လဲ မြက်စိုက်တာကအစ မီးထွန်းတာအဆုံး တမင်ရည်ရွယ်ပြီး ပြုလုပ်ဆောင်ရွက်ရပါတယ်။
ဆိုတော့-
ယဉ်ကျေးမှု့အစဉ်အလာမြင့်မားလှတယ်ဆိုတဲ့
နိုင်ငံကြီးရဲ့ သံရုံးက
ရောက်ရှိရာနိုင်ငံငယ်ကလေးအပေါ် ထားတဲ့သဘောထားဟာ
ရှက်ဖွယ်လိလိရှိလှပါကြောင်း
(သူကြီးမင်းပြောသလိုဟုတ်ပါတယ်။ မြန်မာဟာ မြန်မာပါပဲဗျ
)
Was this answer helpful?
LikeDislikeဟုတ်ပ။ ပြီးတော့ ရုပ်ပွားတော်ပုံကလည်းရှိခိုးနေတဲ့ပုံ။ ရိုးရိုးထိုင်တော်မူပုံလည်းမဟုတ်ဘူး။ အလှထားတယ်
ဆိုလည်း ရိုးရိုးပုံဖြစ်သင့်တာပေါ့။
Was this answer helpful?
LikeDislikeရဟန်းတော်ရှိခိုးနေတဲ့ပုံကိုမထားသင့်ပေမယ့်အမေစုနဲ့မှမသက်ဆိုင်တာ
ကောင်းရင်လည်းအမေစုဆွဲထည့်မကောင်းရင်လည်းအမေစုဆွဲထည့်နဲ့
ပြီးတော့ထားထားတဲ့နေရာကိုသေချာလည်းတွေ့ရတာမဟုတ်ပဲ
အမေစုကိုရှိခိုးသလိုဖြစ်နေတယ်ပြောတာကလိုရာဆွဲတွေးနေသလိုဖြစ်နေတယ်နော်
Was this answer helpful?
LikeDislikeအမှန်တော့ သံတမန်ရေးရာအရ အထူးဂရုစိုက်သင့်တဲ့အချက်ပါပဲ..ဦးဦးပါ…မှတ်ချက်ကို အပြည့်အ၀ထောက်ခံလိုက်ပါတယ်…အမှိုက်ကစ ပြဿမီးလောင် ဆိုသလို အသေးအဖွဲလေးလို့ထင်ရတဲ့ အရာတွေဟာလည်း တစ်ချိန်တစ်ချိန်မှာ အကြီးကြီးတွေဖြစ်လာနိုင်ပါတယ်..မြင်လည်းမြင်တတ်ပါတယ်ကိုကြောင်ရယ်…
Was this answer helpful?
LikeDislikeဒီနေရာမှာတော့
သဂျီးပြောတဲ့ ကွန်ဆာဗေးတစ် ဆိုလား…
အဲဒါကြောင့် စိတ်ကို ဒုန်းဒုန်းလျှော့လိုက်၏
စိတ်ကိုကား ဒုန်းဒုန်းတော့ မချရဲကြောင်းပါ
အဘယ့်ကြောင့် ဆိုသော် ၊ ကိုကိုကြောင် လက်ဦးခဲ့ပြီး ဖြစ်နေသည် ။ ( ညွှန်း အင်ဇာဂီ ၏ စာပေတော်လှန်ရေး ကို ရှူ )
Was this answer helpful?
LikeDislikeဘာသာရေးနဲ့ပြောရရင်အရမ်းအရမ်းရင်မောရပါတယ် အလှရုပ်ထုအများကြီးရှိပါရဲ့နဲ့ကွယ်…..
Was this answer helpful?
LikeDislikeဒါမျိုးကမဖြစ်သင့်ပါဘူး ပြီးတော့ ရုပ်ပွားတော်ပုံကလည်းရှိခိုးနေတဲ့ပုံ အလှထားတဲ့ ပုံမဟုတ်ဘူးဆိုတာသူတို့ သိသင့်ပါတယ်
Was this answer helpful?
LikeDislikeကိုရင်ကြောင်ကြီးက.. အောက်ကပုံလေးတင်ပြီး ရှင်းပေးပါဆိုလို့ပါ..။ အီးမေးလ်နဲ့ လှမ်းပြောတာပါ…။

ဘားမားဗွီဂျေ ဗီဒီယိုဖိုင်မှာ http://www.burmavjmedia.net/?p=4437 အဖူးမျှော်ခံနေသူနှင့် ဖူးမျှော်နေသူ နှစ်ဦးဆင်းတုတော်များကို တွေ့ရပါတယ်တဲ့..။
အောက်မှာ ကျုပ်က.. စခ၇င်ကပ်ပ်ချာလုပ်တင်ပေးလိုက်ပါတယ်..။
=
ဆိုတော့…
သိပ်ပြီး.. ရှေးစွန်းစွဲမထားကြပါနဲ့လို့… တိုက်တွန်းပါရစေနော..။
လူ့စွမ်းအင်.. ရီဆို့စ်တွေ အလဟဿကုန်ပါတယ်..။ တခြားနေရာမှာ သုံးကြစေချင်ပါတယ်..
မြန်မာအမျိုးသားတို့နဲ့.. မြန်မာပြည်ကို.. ဆွဲချ လုပ်သွားတာ.. အစွန်းရောက် ကွန်ဆာဗေးတစ်ကြောင့်ပါ…။
Was this answer helpful?
LikeDislikeOpppppps …. သူကြီး ဦးသွားပြီ။ ;-)
ပြီးခဲ့တဲ့လ ထဲက လန်ဒန် မြေအောက်ဘူတာရုံ တွေမှာ ရုပ်ရှင် ပိုစတာတွေ မှာ ” အောင်ဆန်းစုကြည်” ဆိုတဲ့နာမည်ကို မြန်မာ လို ရေးပြီးထည့်ထားတယ်။
မြန်မာစာလုံး ကို ဂုဏ်ပြုတဲ့ အနေနဲ့ ချစ်စနိုးနဲ့တောင် ထည့်ပေးထားတာနေမှာ လို့တွေးမိပါတယ်။
ဝမ်းနည်းစရာကတော့ “စု” အစား “ရ” ဖြစ်နေခဲ့တယ်။ “အောင်ဆန်းရကြည်” တဲ့။ အတော်လေး စိတ်မကောင်း ဖြစ်မိပါတယ်။
မြန်မာတွေ သာ စာလုံးပေါင်း မှားနေတာကို သိတာပါ။ ပိုစတာသမားကလဲ စာလုံးတွေကို ကြည့်ပြီး ပုံဆွဲသလိုဆွဲထားတာ ဖြစ်နိုင်ပါတယ်။
တစ်ခြားသူတွေ ကတော့ ဘာစာလုံး တွေပါလိမ့်ပေါ့။
ဒါဟာ တမင်စော်ကားပြီး လုပ်တာ မဟုတ်ဘဲ မတော်တဆလို့ဆိုနိုင် တဲ့ပေါ့ဆမှုပါဘဲ။
သက်ဆိုင်သူများထံ ကို တော့ကြိုးစားပြီး သတင်းပို့ထားပါတယ်။
နောင် ဒီလို သူများဘာသာ ကိုသုံးမယ်ဆိုရင် ကျွမ်းကျင်သူများကို စစ်သင့်ကြောင်း သိအောင်ပါ။
ဒါပေမဲ့ “အဲဒီ ပိုစတာတွေ ကို ချက်ချင်းဖြုတ်ရမယ်၊ နာမည်ပြင်ပေး ရမယ်။” လို့တော့ ဖြစ်ပြီးနေတဲ့ အကြောင်းကိုတော့ ပြဿနာ မယူသင့်ဘူး ဗွေမယူသင့်ဘူး ထင်ပါတယ်။
ဒီရွာထဲ မှာတောင် စာလုံးပေါင်း တွေမှားလွန်းလို့ Volunteer Spelling Checker တွေရှိပေးနေရတာ မဟုတ်လား။ jk ;-)
အခုကိစ္စကလည်း ဖြစ်ပြီးနေပါပြီ။
သူတို့ဖက်က တမင် စော်ကားပြီး ဒီရုပ်ထုတွေ ထားတာမဟုတ်လောက်ပါဘူး။
မြန်မာလူမျိုးတွေ မြတ်နိုးနိုင်တာတွေကို တွေးပြီး တင်ထားတာ ဖြစ်လောက်ပါတယ်။
ခက်တာက ကျွန်မကြားဘူးတဲ့ ပြင်သစ်လူမျိုး ဓလေ့ က သူများစကားတွေ၊ ယဉ်ကျေးမှုတွေ ကို ဂရုမပြု ဘဲ ကိုယ့်စကား၊ ကိုယ့်ဓလေ့ ကို ပိုရှေ့တန်းထားတတ်တယ် လို့ကြားဘူးပါတယ်။
ပြင်သစ်ကို သွားလို့ လမ်းမှာ တစ်ခုခု ကိုသိချင်လို့ အင်္ဂလိပ်လို သွားမေးမိရင် ကိုယ်မေးတာကို သိရင်လဲ ပြန်မဖြေဘူးလို့ ကြားဘူးပါတယ်။
ပြင်သစ်စကား အကျိုးအပဲ့ လောက် ကို ပထမဆုံး ဟုတ်ဟုတ် မဟုတ်ဟုတ် မှန်မှန် မမှန်မှန် စပြောရပါတယ်တဲ့။ နောက်မှ အင်္ဂလိပ်လို မေးမှဖြေကြသတဲ့။
ဒါပေမဲ့ ကိုယ်ကြားဘူး တဲ့ အကြောင်း တစ်ချက် နှစ်ချက် လောက်ကို ဘဲလက်ကိုင်ပြုပြီး တစ်ခုခု ကို ကောက်ချက်ချ ဖို့ ခက်ပါတယ်။ မှားနိုင်ပါတယ်။
ပြဿနာ က ယဉ်ကျေးမှု ဆိုတာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ကွဲပြားကြပါတယ်။
ဒီတော့ သူယဉ်ကျေးမှု ကို အတွင်းကျကျ နားမလည်ဘဲ ကိုယ့်ယဉ်ကျေးမှု နဲ့ယှဉ်ကာ မှန်းပြီး ပြုလုပ်တတ်ကြပါတယ်။
တကယ်တော့ သူတို့ က လေးစားမှု ကိုပြချင်တာပါ။ ကိုယ့်အနေနဲ့ ကတော့ ရိုင်းသလို ဖြစ်နေနိုင်ပါတယ်။
ဒါမျိုးတွေ က ဘယ်မှာမဆို ဖြစ်လေ့ ဖြစ်ထ ရှိပါတယ်။ ကိုယ့်လူမျိုး တွေ လဲ သူများ နိုင်ငံ မှာ ကို့ရိုးကားရား ဖြစ်တတ်ကြတာပါဘဲ။
ဒီတော့ အခုကိစ္စမှာလဲ သူတို့ ဘက်ကို ဗွေမယူသင့်ဘူးလို့ (ကျွန်မ အနေနဲ့) ထင်ပါတယ်။
သို့သော် ဒါမျိုးနောင်ကို ဆင်ခြင်နိုင်ဖို့ အတွက်ကို ဆိုရင်တော့ ဆိုင်ရာ ရင်းနှီးသူများ က အကျိုးအကြောင်းပြကောင်းကောင်း ဗဟုသုတ သဘော နဲ့ သက်ဆိုင်သူများကို သိစေသင့် သည်ပေါ့။
ဒါမှ သူတို့ လဲ ကိုယ့်ယဉ်ကျေးမှု တို့တစ်စိတ်တစ်ဒေသ နားလည်သွားနိုင်မည်မဟုတ်ပါလော။။ :-)
Was this answer helpful?
LikeDislikeစာကျ ကျန်ခဲ့၍ စောဒီးပါ …. ရွာသူ/သား တို့ရှင့်။
ပြီးခဲ့တဲ့လ ထဲက လန်ဒန် မြေအောက်ဘူတာရုံ တွေထဲက The Lady ရုပ်ရှင် ပိုစတာတွေ မှာ ” အောင်ဆန်းစုကြည်” ဆိုတဲ့နာမည်ကို မြန်မာ လို ရေးပြီးထည့်ထားတယ်.
Was this answer helpful?
LikeDislikeဒါကိုပြောနေတာပါခင်ဗျ…
ကူပေးလိုက်ပါတယ်.. အရီးလတ်ခင်ဗျ…
Was this answer helpful?
LikeDislikeအဟမ်း ……
လွဲလွဲလေးဘဲ ကောင်းဘာဒလယ်…
အတိတ်နဲ့ နမိတ်နဲ့ နေဂျဒဲ့ လူမျိုးဒွေဘာ ….
ယခု “စု” ထားသမျှဒွေ “ရ” ယူရတော့မယ့် ကာလဘာ ….
Was this answer helpful?
LikeDislikele plantur ဆိုတဲ့ ပြင်သစ်ဆိုင်မှာ ဘုန်းကြီး ကမ္မဝါ ပေချပ်ကို နံရံမှာ ကပ်ထားသေးတယ်ဗျာ။
သူတို့ကတော့ လုပ်ချင်ရာလျှောက်လုပ်နေတာ၊ ဒီလိုနေရာမှာ ကမ္မဝါပေချပ် မထားသင့်တဲ့အကြောင်း နီးစပ်ရာတွေက မပြောကြဘူးလားမသိဘူးဗျာ။ ပြဿနာက ဗုဒ္ဓဘာသာ ရုပ်တုတွေနဲ့ ပစ္စည်းတွေကို အထူးအဆန်း လုပ်နေကြတော့ ဒါတွေဟာ အဆန်းအပြားမဟုတ် ဗုဒ္ဓဘာသာဝင်တွေအတွက် အထွဋ်အမြတ်ထားရာ ဖြစ်ကြောင်း မစော်ကားသင့်ကြောင်း ကမ္ဘာသိအောင် ဗုဒ္ဓဘာသာခေါင်းဆောင်များ လုပ်သင့်ပါပြီ
Was this answer helpful?
LikeDislikeဒီလိုပါကိုလင်းဝေရေ-
တကယ်ကတော့ ဗုဒ္ဓဘာသာမှာ အများစုဖြစ်တဲ့ မဟာယာန – အထူးသဖြင့် တရုတ်မဟာယာန နဲ့ ဂျပန်တာအို ဗုဒ္ဓဘာသာတွေမှာက ဘုရားအလောင်းတွေကလဲအများကြီး၊ ပွင့်ပြီးတဲ့ဘုရားတွေကလဲ နိဗ္ဗာန်မစံသေးပဲ သတ္တ၀ါတွေအကုန်ဘုရားဖြစ်အောင် ထိုင်စောင့်ရတာဆိုတော့ အများကြီး ၊ ပြီးတော့ နတ်တွေရော ဘိုးတော်တွေရော ဆိုတော့ အကုန်ရှုပ်နေပြီး သိပ်လဲ အလေးမထားကြတော့ပါဘူး။ ဘုန်းကြီးရုပ်ပုံ ဘုရားအလောင်းရုပ်ပုံတွေကိုလဲ အဲဒီဗုဒ္ဓဘာသာဝင်တွေကိုယ်တိုင် အလှဆင်ပြစ္စည်းအဖြစ် သုံးမှန်းမသိ သုံးနေကြတာပါ။ ဥပမာ ကွမ်ရင်မယ်တော်ပန်းအိုး၊ ၀ုခုန်းရုပ်ထု နာရီ၊ စသည် စသည်ဖြင့်ပေါ့။ တကယ်ပြောရရင် ထေရ၀ါဒနိုင်ငံတွေထဲမှာတောင်မှ ဘာသာရေး ရုပ်ပုံတွေကို အလေးထားလွန်းတာ မြန်မာနဲ့ သီရိလင်္ကာ ၂ နိုင်ငံသာရှိတယ်လို့ထင်ပါတယ်။ တကယ့်ကိုအနည်းစုပါပဲ။ ကမ္ဘာက သတိထားမိနိုင်တဲ့ အနေအထားမရှိပါဘူး။
ဒါကြောင့်လဲ ကိုလင်းဝေကျော်ပြောသလို –
“ဗုဒ္ဓဘာသာ ရုပ်တုတွေနဲ့ ပစ္စည်းတွေကို အထူးအဆန်း လုပ်နေကြတော့ ဒါတွေဟာ အဆန်းအပြားမဟုတ် ဗုဒ္ဓဘာသာဝင်တွေအတွက် အထွဋ်အမြတ်ထားရာ ဖြစ်ကြောင်း မစော်ကားသင့်ကြောင်း ကမ္ဘာသိအောင် ဗုဒ္ဓဘာသာခေါင်းဆောင်များ လုပ်သင့်ပါပြီ”
…..ဆိုတာကို အလေးအနက်ထောက်ခံလိုက်ပါတယ်။
လက်ရှိမှာ ဗုဒ္ဓသာသနာဆိုင်ရာ အထွဋ်အမြတ်ပစ္စည်းတွေ- ပုံတွေကို တလွဲအသုံးပြုနေကြတာကတော့ ရိုးရိုးသားသားနားမလည်လို့လဲ အများကြီးဖြစ်နေတာပါ။ (တမင်လုပ်တာတွေလဲ မနည်းပါဘူး၊ ဘာသာခြားတခုက ပိုက်ဆံပေးပြီးတော့ မြန်မာပြည်တွင်းမှာတင် လုပ်နေတာလဲရှိပါတယ်။ ကျွန်တော့်အနေနဲ့တော့ အဲဒါမျိုးကို ဒီဆိုက်မှာ ဖေါ်ထုတ်မှာမဟုတ်ပါဘူး။ အခု အရှင် ၀ီရသူ လွတ်လာပြီဆိုတော့ သူပြောပါလိမ့်မယ်)။ ဒါကြောင့် ရိုးရိုးသားသား မှားယွင်းမှု့တွေကို အလွန်အကျွံ အဓိပ္ပါယ်မကောက်ဘို့ သတိထားသင့်ကြပါတယ်။
သံရုံးဆိုတာကတော့ မဖြစ်သင့်ဘူးလေ။ မဖြစ်သင့်မှန်းလောက်တော့ အမြင်မှန်ရအောင် တယောက်ယောက်က ပြောပေးသင့်တာပေါ့။
ဒီပိုစ့်ကတော့ ၀င်ဖတ်ပြီး တိတ်တိတ်လေးထွက်သွားတာ။ သူကြီးမင်းက ဓါတ်မီးနဲ့ထိုးပြလိုက်လို့ မသိယောင်ဆောင်လို့မရတာနဲ့ နံကြားကလိထိုးလိုက်ရပါတော့တယ်ဗျာ။
)
(မြန်မာပီပီ သူများခေါင်းပေါ် အထုပ်တင်ပြီးလစ်ပြီ ……..ဟီ ဟိ
Was this answer helpful?
LikeDislikeကျေးဇူးတင်ပါတယ် သဂျီးခင်ဗျား။ ကျနော်လည်း ဘားမားဗီဂျေမီဒီယာက ရိုက်ထားတဲ့ ဗီဒီယိုဖိုင်ကြည့်ပြီးမှ ရုပ်ထုနှစ်ခုရှိမှန်း သိလိုက်တာ။ အဲဒီပြကွက်ကို ဘယ်လိုပုံသေရိုက် တင်ရမလည်းမသိလို့။ ဖတ်သူအားလုံးကို စိတ်ရှုပ်ထွေးအောင် လုပ်သွားမိခဲ့ရင် တောင်းပန်ပါတယ်။ တလက်စထဲ မြန်မာပြည်က ဖရန်စစ်သံရုံးကိုလည်း တောင်းပန်ပါတယ်။ ပို့စ်စာသားကိုပါ ပြင်လိုက်ပါ့မယ်။ လိုအပ်လို့ရှိရင်လည်း ဖျက်သိမ်းလိုက်ပါ့မယ်။။။
အဲဒါကြောင့်ပြောဒါ မပြီးခင် ဗမာမမြင်စေနဲ့လို့…။
Was this answer helpful?
LikeDislikeသူကြီး ရယ်လို့ ဘာကြောင့် ဖြစ်နေလဲ ဆိုတာကတော့ မထူးဆန်းပါဘူး။
အားလုံးသိ၊ အားလုံးရှိ သကိုး။
ကျွန်မ လဲ အဲဒီပုံ ရှိပေမဲ့ comment က နေ ပုံတင်မရလို့ စာ နဲ့ဘဲ လျှာရှည်လိုက်ရတာ။
သင်းခရု အများကြီးပေးပါတယ်။ :-)
ဟယ်လိုကစ်တီ ကိုကြောင်ကြီးရေ – တကယ်တော့ “မပြီးခင် ဗမာ မမြင်နဲ့ ဆိုတာ” တဲ့စကားက ဒီနေ့ဒီအချိန် မှာ ဗမာမှ ဘာမှ မဟုတ်ပါဘူး။ လူ ဆိုတာကတော့ ဘယ်သူမဆို ဒီလိုဘဲ ဖြစ်တတ်ကြပါတယ်။ ကြောင်တွေ အတွက်ကတော့ ချွင်းချက်ပေါ့။ lol ;-)
သူများ အပြစ်ကို ထားပြီး ကိုယ့်ဘက်ကို ပြန်မွှန်း ရရင်ဖြင့်
“ဒေါ်အောင်ဆန်းစုကြည်က ပြင်သစ်နိုင်ငံ အစိုးရနှင့် ပြင်သစ် ပြည်သူများကို ကျေးဇူး တင်ရှိကြောင်းနှင့် နှုတ်ခွန်းဆက် အမှာစကားတို့ကို ပြင်သစ် ဘာသာ စကားဖြင့် ပြန်လည် ပြောကြား သွားခဲ့ပါတယ်။” ဆိုတာပါဘဲ။
နိုင်ငံ နဲ့ လူမျိုး၊ ဘာသာ၊ စကား၊ ယဉ်ကျေးမှု တွေ အတွက် သူ့ဘဝ ကိုရင်းပြီး ပေးဆပ်နေတဲ့ သူ ဟာ သူတို့ ပြင်သစ် ဘာသာစကား ကိုလဲ တစ်လေးတစ်စား ကြိုးစား ပြောသွားတာ၊ တစ်ခြားသူတွေ ရဲ့ ယဉ်ကျေးမှု ထုံးစံတွေကိုလဲ လေးစားသူဖြစ်တာ သူတို့ လက်တွေ့မြင် သွားပြီဘဲ။
ဒီဆုကိုပေးတာ အင်မတန် ထိုက်တန် တယ်လို့ တောင်တွေးနေကြမှာ။ မဟုတ်လား။
ဒေါ်အောင်ဆန်းစုကြည် စကားပြောနေတုန်း သူ့ကိုကြည့် နေတဲ့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ရဲ့ မျက်နှာ ကိုကြည့်ပါလား။
တကယ်တော့ “သူများက ကိုယ့်ကို လေးစားတာ ကို ခံဖို့” ထက် “ကိုယ်က သူများကို လေးစားဖို့” ကို အရင်လုပ်ရမှာပါ။ အဲဒီနောက် မှာ ကိုယ့်ကို လေးစားခြင်းဆိုတာ က သူ့အလိုလို ပါလာပြီးဖြစ်မှာပါ။
ပြင်သစ် တင်မက သူမ နဲ့ တွေ့ဘူးသူတိုင်း ဒေါ်အောင်ဆန်းစုကြည် ဆီက နမူနာတွေကို အတုယူဖို့ ယူသွား လောက်ပါပြီ။
ဘာဘဲဖြစ်ဖြစ် ကျွန်မ တို့ ဒီလိုဆွေးနွေး နိုင်ခဲ့လိုက်တာ အမြတ်ပါဘဲ။
ကျွန်မတို့ လဲ သူများရဲ့ အမှားကို တွေ့ရင် အဲဒါကို ကိုယ်ကိုယ်တိုင် မလုပ်မိအောင် ကြိုးစား ရမယ် ဆိုတဲ့ အသိရတာပေါ့။
နောက်ဆက်တွဲ ဗီဒီယို အတွက် ကျေးဇူး ကမ္ဘာ ညောင်ပါ။ :-)
PS – ဒေါ်အောင်ဆန်းစုကြည် က ချောရုံတင်မက ဘူး ကျက်သရေ လဲ အလွန်ရှိတာပါဘဲ။ ဘာသာစကား တွေ ဘယ်နှစ်ခုတောင် တတ်လဲ မသိဘူး။
အင်္ဂလိပ်လို၊ တိဘက် လို၊ ဂျပန်လို၊ ပြင်သစ်လို၊ …. Wowwwww
Was this answer helpful?
LikeDislikeBuddha Bar
Little Buddha Cafe … ဆိုတဲ့နံမည် တွေ ရှိတာ သင်သိပါစ ။
Was this answer helpful?
LikeDislike” Music & lyrics ” ဆိုတဲ့ ဇာတ်ကားမှာ ( ဒရူးဘယ်ရီမိုးနဲ့ ဟူးဂရန့်) စတိတ်စင်ပေါ်ကနေ ဘုရားဆင်းတုတော် ခေါင်းပြတ်ကြီးထဲကနေ အဆိုတော်မလေး တယောက် မထော်မနန်းထွက်လာပြီး သီချင်းဆိုပြသွားတဲ့ ကားကို ကြည့်မိစဉ်အခါတုန်းက ဘာပြောလို့ ပြောရမှန်းမသိပဲ စိတ္တဇတောင် ဖြစ်မိသွားတယ် ရက်တော်တော်ကြာ
ကြည့်ပြီး စိတ်ဆင်းရဲလိုက်တာမှ
ဒီအတိုင်းတော့ မဖြစ်ဖူးထင်တယ် တခုခုတော့ လုပ်ကြမှပါ
Was this answer helpful?
LikeDislikeဘုန်းကြီးတစ်ပါးက တစ်ခြားဘုန်းကြီးတစ်ပါးကိုရှိခိုးနေတဲ့ပုံပါ အပေါ်ပုံမှာက ရှေ့ကရိုက်တော့ ထိုနေတဲ့ဘုန်းကြီးပုံ ကဒေါ်စုနောက်ဘက်မှာကွယ်နေတယ် ရှိခိုးနေတဲ့ပုံက ဘေးမှာမို့ပေါ်နေတယ်
အထင်မမှားကြပါနဲ့ အပေါ်ကတစ်ချို့ရဲ့ ဝေဖန်လွဲနေတာအတွက် ရှင်းပြတာပါ
ဒေါ်စုကို ရှိခိုးတဲ့ပုံမဟုတ်ပါဘူး
Was this answer helpful?
LikeDislike