11-12-2011နေ့တွင်  ၆-နာရီ ၃၀ အိပ်ရာမှထဖြစ်သည်။ သွားတိုက်၊ မျက်နှာသစ်၊ မျက်နှာမှ အမွေးအမျှင်များ ရိတ်လိုက်သည်။ ပြီးတော့ ရေနွေးနွေးနှင့် ရေးချိုးလိုက်သည်။ နံနက်စာအနေနဲ့ ကိတ်မုန့် ၂-ချပ်၊ အစေ့မပါတဲ့ စပစ်သီးချိုချိုဝါးလိုက်သည်။ ကော်ဖီတစ်ခွက်ဖျော်ကာသောက်လိုက်သည်။ နံနက်စာ စားခြင်းကိစ္စ ပြီးလေတော့၏။ မနက်စာစားပြီး သတင်းစာယူကာ ဟိုလှန်သည်လှန်ကြည့်ဖြစ်လိုက်သည်။ စိတ်ဝင်စားဖွယ် သတင်းလဲ သိပ်မတွေ့ရ။ အင်္ဂလိပ်လို သိပ်မကျွမ်းကျင်တာပါတာပေါ့။ အောက်လဲ မဆင်းချင်သေး။ တီဗီဖွင့်ကာ အချိန်ဖြုန်းလိုက်သည်။ ၉ နာရီခွဲတော့ မိတ်ဆွေလာရောက်ခေါ်သည်။ ဟိုတယ်မှ လမ်းလျှောက်ကာ Harbor view သို့ ထွက်ခဲ့သည်။ ထိုနေရာတွင် လမ်းလျှောက်ရင်း ဓာတ်ပုံအချို့ရိုက်ဖြစ်သည်။

၁၁ နာရီကျော်လောက်တွင်  စားသောက်ဆိုင်သွားကာ စားဖြစ်သည်။ စားသောက်ဆိုင်မှ ဟိုတယ်ခဏပြန်ကာ လိုအပ်တာပြန်ယူရင်း ၀ိတ်လျှော့လိုက်သည်။ ဟိုတယ်မှ  ပြန်ထွက်ကာ စတားဖယ်ရီ စီးရန် ဆိပ်ကမ်းဘက်သို့ ထွက်ခဲ့ကြသည်။ စတားဖယ်ရီဖြင့် ဟောင်ကောင်ဘက်ခြမ်းရှိ ၀မ်းချိုင်းဘက်သို့သွားခဲ့ကြသည်။

စကားဖယ်ရီ

 

တက်ကစီတခါထပ်စီးကာ Ocean Park သို့ ဆက်ခဲ့ကြသည်။ တက်စီခမှာ ၄၀ ကျော်လောက်ကြသည်။ Ocean Park ၀င်ကြေးမှာ ၂၈၀ HK ဒေါ်လာပေးရသည်။ အ၀င်ဝတွင် ဓာတ်ပုံရိုက်ဖြစ်ကြသည်။

Ocean park အ၀င်

ဆက်လက်သွားကြကာ ပင်လယ်ငါးလေးများ ပြသထားသည့် အဆောက်အဦသို့ရောက်သည်။  ထိုမှ တဖန် ပန်ဒါ ၀က်ဝံ၊ ထိုနောက် အလှငါးများ ပြသထားရာ သို့ သွားကြည့်ကြသည်။

သစ်ပင်ကို ပုံဖော်ထားသည် ၀က်ဝံရုပ်လေး

အောက်ခြေတွင် ကြည့်စရာ ကုန်သောအခါ တောင်ပေါ်ရှိ Ocean Park သို့တက်ရောက်ရန် ကေဘယ်ကားများဖြင့် တက်ရမည်ဖြစ်သည်။ ကေဘယ်စီးရန် တန်းစီးရသည်မှာလည်း ၁၅ မိနစ်၊ မိနစ် ၂၀ လောက်တော့ ကြာသည်။  ကေဘယ်ကား (ကားတော့မဟုတ်ဘူးပေါ့၊ ကေဘယ်ပုန်းဆိုပိုမှန်မလားမသိ) ထဲတွင် ၆ ယောက်စီးနိုင်သည်။ ကိုယ်အဖွဲ့နှင့်ကိုယ်စီးလို့ရသည်။ မိမိတို့မှာ နှစ်ယောက်ထဲ ဖြစ်သဖြင့် တစီး စီးသည်။ ကေဘယ်က အသွားနှစ်ခု၊ အပြန်နှစ်ခု စုစုပေါင်း လေးခုဖြစ်သည်။

ကေဘယ်ကားစီးမယ်

 

Ocean park မှ ပျော်ရွှင်စရာများ (ရိုလာကိုစတာ)

 

ဘာခေါ်လဲတော့မသိ ရေထဲမှာ လည်ပြီးသွားတယ်

 

ဒါကြီးကတော့ သဘောကျမိတယ် ဇောက်ထိုးဂျွမ်းပြန်၊ မသောက်ဘဲမူးလောက်တယ်၊ အော်နေကျတာတော့ တအားဘဲ

 

ပုံတွေကတော့ တင်စရာတွေရာတွေရှိပါသေးသည်။  MG ရွာသူားများငြီးငွေ့နေကြပြီလားမသိ။

ကျေးဇူးတင်ပါသည်။

 

About kyawmonkhant

kyawmon khant has written 29 post in this Website..

I am kyawmonkhant.