ကျွန်တော် ရွာထဲကိုမရောက်ဖြစ်တာ ကြာပါပြီ၊ ဒီနေ့ ရောက်တုန်းမှာ kotun winlatt   ရေးထားတဲ့ ပရဟိတ ဆိုတာ ဆိုတဲ့ ပို့စ် ကိုတွေ့တာနဲ့ ကျွန်တော်တက်ရောက်ခဲ့ဖူးတဲ့ ပရဟိတ ကလေးများကို အာဟာရ ကျွေးပွဲ အကြောင်းလေး နဲနဲလောက်ပြောပြချင်လို့ပါ၊ နဲနဲတော့ကြာခဲ့ပါပြီ၊ ကျွန်တော်တို့မြို့မှာပါ၊ နဲနဲ လူကြီးပိုင်းက လူက မြို့နယ် ပရဟိတ ကျောင်းကို အာဟာရ ကျွေးတဲ့ အလျှူ တစ်ခုပြုလုပ်ပါတယ်၊ ကျွန်တော့်ကိုလဲ ဖိတ်တော့ ကျွန်တော်လဲ သွားရပါတယ်၊ ရောက်သွားတော့ မြို့က လူဂုဏ်တန် တွေကို သီးခြား ဧည့်ခံနေတာတွေ့ပါတယ်၊ ဝက်သား၊ ကြက်သား၊  စသည်ဖြင့်ပေါ့လေ (အရောမပါ) တဲ့ဟင်းများနဲ့ ဧည့်ခံနေတာတွေ့ရပါတယ်၊ ကျွန်တော် တောင် ဝမ်းသာပီတိ ဖြစ်မိပါတယ်၊ ကျွန်တော်ကတော့ မလျှူနိုင်တော့ သာဓု ခေါ်ရုံသက်သက်ပေါ့၊ ကျွန်တော် အမှတ်မထင် နောက်ဘက်က အခန်းထဲကို ဝင်သွားမိတော့ အဲဒီမှာ ကလေး တွေကို ကျွေးနေတာပါ၊ ကျွန်တော် ကလေးတွေကို ကျွေးတဲ့ဟင်းကို မြင်လိုက်တော့မှ ရင်ထဲမှာ တစ်မျိုးကြီးဖြစ်သွားပါတယ်၊ ရှေ့ခန်းမှာ မြင်ခဲ့ရတာနဲ့ တစ်ခြားစီပါလား၊ ပဲဟင်း အရည်ကြဲကြဲ နဲ့ ငံပိကြော်၊ ကြက်သားကို အာလူးနဲ့ ရောထားတယ် ၊ အဲဒါပဲ စားရတယ်၊ အဲဒါတောင် ခွဲတမ်းနဲ့ ကျွေးတာတဲ့၊ အလျှူ့ရှင်က ဘယ်လိုကျွေးတာလဲ တော့မသိဘူး၊ ကလေးတွေ ကတော့ လူကြီးတွေ လို မစားရတာ အသေအချာပဲ၊ တစ်ကယ့်ကို ဝမ်းနဲစရာကောင်းပါတယ်၊ နောက်တစ်နေ့ ကျွန်တော် အဲဒီ ကိုထပ်ရောက်ဖြစ်ပါသေးတယ်၊ အဲဒီမှာ ကိုရင် တစ်ပါးက ဆွမ်းစား နေတာကိုတွေ့တော့ ကိုရင် ဘာဟင်းနဲ့ စားလဲ သိချင်တာနဲ့ သွားကြည့်တော့ ကိုရင်က သပိတ် ကိုဖွက်လိုက်ပါတယ်၊ ကျွန်တော်လဲ လိုက်ပြီးတော့လု ကြည့်လိုက်တော့ ဟင်းမပါ ပါဘူး၊ ဆွမ်းချည်းပဲ စားနေတာပါ၊ ရှေ့က စားပွဲပေါ်မှာတော့ ငံပိချက် ၊ ပဲဟင်း အရည်ကြဲကြဲ ၊ ဒါပဲရှိပါတယ်၊ ပရဟိတ က ကိုရင် ကို ဘယ်သူကမှ ဟင်းမလောင်းကြပါဘူး၊(ကျွန်တော်လဲ ပါတယ်) အဲဒီတော့ ကျောင်းက တာဝန်ယူရတယ်လေ၊ ဒါပေမယ့်ကျောင်းက လဲခက်တယ်၊ အလျှူရှင်က လျှူတာကိုတောင် ကျောင်းသားတွေ ကိုရင်တွေကို ခွဲတမ်းနဲ့ လားဗျာ၊ တစ်ကယ်ကို ရင်နာစရာကောင်းပါတယ်၊ ကျွန်တော် တို့တွေမှာ အဲဒါတွေ လိုအပ်နေပါတယ်၊ သူ့ထက်ပိုတာက မနေ့ကမှ ကျွန်တော်တို့ မြို့မှာ ၇၅ နှစ်မြောက်(စိန်ရတု) လုပ်ပါတယ်၊ စာပြန်ပွဲ ပါ၊ စာပြန်ပွဲဆိုတာ ဘုန်းကြီးတွေ ကိစ္စပါ၊ လူတွေက ဘာလို့ဝင်ပါရတာလဲ ၊ အဲဒါထက်ပိုဆိုးတာက အဲဒီနေ့ညမှာ အဆိုတော် မလေး          ကို ၁၁သိန်း(တစ်ဆယ့်တစ်သိန်း) ပေးပြီးတော့ ငှားတာပါပဲ၊ အဲဒီ စာပြန်ပွဲကို တက်ရောက်ဖို့အတွက် အဝေးကနေ သံဃာတော်တွေကို ပင့် ထားတာရှိပါတယ်၊ ကားမောင်းသမား တစ်ဦးကပြောပြပါတယ်၊ “ငါတို့ ဒီကပင့်လို့သာလာရတာ ၊ တစ်ကယ်ဆိုရင် တရားပွဲကို ထားခဲ့ရတာ၊ ပြီးတော့ ဒီမှာက နေ့ခင်းကြီး နေကပူပူ နဲ့၊ ရှေ့ကနေ ဝန်းခင်း တာက လဲ ဘယ်လိုတွေလုပ်မှန်းမသိပါဘူးကွာ ဆီကလဲ ကုန်လိုက်တာမှ လျှူတဲ့ ဝတ္ထုက ၁၀၀၀၀ ကျော်ကျော် လေးရယ်၊ ဘယ်လိုလုပ်ပါ့မလဲ ”တဲ့ ၊ဟုတ်ပါတယ် သံဃာ တွေကို လျှူမယ့် ပိုက်ဆံကို အဆိုတော် မလေးကို လျှူလိုက်တယ်လေ၊ ပြီးတော့ အဲဒီ စာပြန်ပွဲက ကျွန်တော် ပြောတဲ့ ပရဟိတ ကျောင်းနဲ့ ဘေးချင်းကပ်လျှက် ပါ၊ တစ်ကယ်လို့များ အဲဒီပိုက်ဆံ ၁၁၀၀၀၀၀ ကို ပရဟိတ အသင်းကိုလျှူတာပဲဖြစ်ဖြစ်၊ ဆင်းရဲနွမ်းပါးတဲ့သူကို ပေးကမ်းတာပဲ ဖြစ်ဖြစ် လုပ်သင့်တယ် လို့ ကျွန်တော် ယူဆပါတယ်၊ ၊ တစ်ကယ့်ကိုဗျာ ဘာတွေလုပ်ကြမှန်းကို မသိပါဘူး။ ကျွန်တော်သာ ပိုက်ဆံချမ်းသာရင်တော့ အဲလိုပဲလုပ်မှာပါ။

အားလုံးပဲ စစ်မှန်သော အတွေး အကြံများကို ပိုင်ဆိုင်နိုင်ကြပါစေ….ပရဟိတ လုပ်ငန်းများကို ဒီထက်မက ပြုလုပ်နိုင်ကြပါစေ…..

မေတ္တာဖြင့်

ချစ်ရင်ထူး

About ချစ်ရင်ထူး II

has written 38 post in this Website..