လူသားတို့သည် နေ့တဓူဝ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး။ ပညာရေး၊ သားရေး၊ သမီးရေး၊ အိမ်ထောင်ရေး၊ အစရှိသော လူ့အရေးများကို အချိန်နဲ့အမျှ ဆောင်ရွက်နေကြသည်။ ထိုသို့ဆိုလျှင် ဘာသာရေးသည်၊ မည်သူ့အရေးလဲဆိုလျှင် ဘာသာရေးသည်လည်း လူ့အရေးပင်ဖြစ်သည်။ သို့သော် ယနေ့ဘာသာတရားများသည် လူ့အရေးဖြစ်မလာဘဲ၊ လူလွန်အရေးများ ဖြစ်နေသည်ကို တွေ့မြင်နေရပါသည်။ နိုင်ငံရေးသည်လည်း လူ့အရေးပင်ဖြစ်သည်၊ နိုင်ငံရေးသည် လူ့အရေးဖြစ်နေပါလျက် ဘာသာရေးနှင့်နိုင်ငံရေးကို ရောယှက်ခွင့်မရှိဟု မည်သည့်ပညာရှင်က ပြဌာန်းလိုက်သည်ကို စဉ်းစား၍မရအောင် ဖြစ်နေပါသည်။ ထိုအချက်ကို ပြဌာန်းလိုက်သူသည်လည်း ယနေ့ဘာသာရေး အခြေအနေများအရ မှားမည်ဟု မဆိုသာပေ။ အဘယ့်ကြောင့် ဆိုသော် ယနေ့ဘာသာတရားများသည် လူ့အရေးမဟုတ်၍ဖြစ် နေပါသည်။ ဘာသာရေးအား သီးသန့်ကမ္ဘာသို့ ပို့ဆောင်ထား၍ပင်ဖြစ်သည်။ ဘာသာဟူသည် အလင်းရောင်ဖြစ်ပြီး တရားဟူသည် အဆောင်ဖြစ်ပါသည်။ ထို့ကြောင့် ဘာသာတရားဟူသည် လူသားတို့အတွက် […]


ဘုရားကိုစေတီကွယ်သည်။ တရားကိုစာပေကျမ်းဂန်ကွယ်သည်။ သံဃာကိုဘုန်းကြီးကွယ်သည်။ တရားကွယ်လျှင် ဘုရားကိုတွေ့မည်မဟုတ်ပေ။ တရားတွေ့မှ ဘုရားကိုတွေ့မည်ဖြစ်သည်။ ဘုရားအားဖူးမျှော်နိုင်ရန် တရားကိုတွေ့မှ ဖူးမျှော်နိုင်မည်ဖြစ်သည်။ သို့ပါ၍ ဗုဒ္ဓမြတ်စွာဘုရားအားဖူးမျှော်နိုင်ရန် ဗုဒ္ဓဘာသာဝင်တို့ကိုအခမဲ့ ဘုရားဖူးပို့ဆောင်နေပါပြီ။ မှတ်ချက်။ ။ အသိမဲ့နှင့် အတွေးမဲ့တရားများကိုဗုဒ္ဓ၏တရားဟုထင်နေသူများအားဦးစားပေးပါမည်။ http://www.ariyathitsa.org


သစ္စာသည် သမုတိသစ္စာ၊ ပရမတ္ထသစ္စာ၊ အရိယသစ္စာဟူ၍ သုံးမျိုးရှိပါသည်။ သမုတိသစ္စာ၊ ပရမတ္ထသစ္စာ တို့သည် ရှောင်ကြဉ်ရမည့် အယုတ်အစွန်းတရားများဖြစ် ၍ အရိယသစ္စာသာလျှင် ကျင့်ပွား ရမည့် သစ္စာဖြစ်ပါသည်။ ထေရဝါဒတွင် ပရမတ္ထသစ္စာသာ အရှိတရားဖြစ်၍ ပရမတ္ထသစ္စာသိက အရိယသစ္စာကို သိပြီး ဖြစ်တော့သည်ဟု “ဒုဝေသစ္စာနိ အက္ခာသိ” ဂါထာကို ယုံ၍ သစ္စာနှစ်ပါးသာရှိကြောင်း သိရှိနေကြပါသည်။ သို့ရာတွင် ပရမတ္ထသစ္စာ ဟူသော ဝေါဟာရကို အဘိဓမ္မာကျမ်းစာများမှတစ်ပါး အခြားနိကါယ် (၅) ရပ် သုတ္တန် ပိဋကတို့တွင် လေ့လာသော် ရှာတွေ့ဖို့ရန် မလွယ်ပေ၊ ပရမတ္ထသစ္စာ မသိက တရားမရနိုင်ဟူသော အဘိဓမ္မာ အဋ္ဌကထာဆရာတို့၏ စကားသည်လည်း ဘုရားသျှင်၏ တရားနှင့် မညီပေ၊ (စတုန္နံဘိက္ခဝေ အရိယသစ္စာနံ အနနုဗောဓာ အပ္ပဋိဝေဓာ) ပရမတ္ထသစ္စာ […]


ဒုက္ခနဲ့လူ အတူတူပဲလို့ ထေရဝါဒက ဆိုပါတယ်။ သတ္တဝါလောကနဲ့၊ လူကိုခွဲခြားမသိတော့ ဒုက္ခရောက်ပြီဆိုရင် ဒုက္ခနဲ့ ဒုက္ခခံရတဲ့လူမကွဲတော့ဘူး။ လူရောဂါရရင် လူဒုက္ခရောက်တယ်ပြောရတယ်။ အဲသည်မှာ လူဟာရောဂါနဲ့လူကိုအတူလို့ထင်နေပေမယ့် ဆေးဆရာဆီအပ်တဲ့အခါ ဆရာက ရောဂါဟာ လူမဟုတ်ဘူး အသိပေးပြီး လူဆီကရောဂါကိုထွက်သွားအောင်လုပ်ပေးတယ်။ ရောဂါရလို့ ဒုက္ခရောက်တဲ့လူဆီမှာ လူဟာ ဒုက္ခ မဟုတ်ဘဲ ရောဂါပဲ ဒုက္ခဖြစ်တာပေါ်လွင်တယ်။ လူကတော့ ဒုက္ခကို ခံရတဲ့သူပဲပေါ့။ ဒုက္ခနဲ့ ဒုက္ခခံရသူဟာ ကွဲရလိမ့်မယ်။ ဒုက္ခဟာ ဒုက္ခခံရမှာ မဟုတ်ဘဲ ၊ ဒုက္ခခံရတာဟာလည်း ဒုက္ခ မဟုတ်ဘူးလို့ပေါ့။ လူဒုက္ခရောက်တယ်လို့ပြောရင် လူနဲ့ဒုက္ခ အတူဖြစ်နေမယ်။ လူမှာ ဒုက္ခရောက်တယ်ဆိုမှ လူက ဒုက္ခရဲ့ အရောက်ခံနေရာ၊ ဒုက္ခဟာ လူဆီမှာ ရောက်တဲ့အရာ၊ သည်လိုကွဲပြားမယ်။ လူ့အဖြစ်ရဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ ရုပ်ဓါတ်၊ နာမ်ဓါတ်တွေဟာ […]


ဘုရားဟောပါဠိတော်+အဌကထာ+ဋီကာ တို့ကို ထေရဝါဒလို့ခေါ်ပါတယ်။အဌကထာဆိုတာဘုရားဟောခဲ့တဲ့ စကားတွေကိုအနက်ဖေါ်ပြတာတွေပါပဲ။အဌကထာလို့ဆိုတဲ့ကျမ်းပြုဆရာတွေရဲ့ ဘုရားစကားအပေါ်မှားမှားယွင်းယွင်း ကောက်ယူဖွင့်ဆိုချက်တွေကြောင့် ဗုဒ္ဓဝါဒဟာကမာ္ဘမှာ ကျဆုံးခဲ့ရပါတယ်။ နောင်ဘဝဖြစ်ရေးနဲ့ မဖြစ်ရေးဟာ ဘာသာတရားတိုင်းမှာရှိနေတာတွေပါ။ ဗုဒ္ဓလက်ထက်က ဘာသာရေးဆရာကြီးတွေလည်း နောင်ဘဝဖြစ်ရေးနဲ့ မဖြစ်ရေးတွေပဲ လမ်းညွှန်ခဲ့ကြသူတွေပဲ၊ ဘာသာတရားတိုင်းရဲ့ အသည်းနှလုံးပါပဲ။ အဲ့ဒီအသည်းနှလုံးမရှိတဲ့ သဘောတရားဟာ ဘာသာတရားမဟုတ်တဲ့ သဘောတရားပဲ။ ဗုဒ္ဓဟာ အဲ့ဒီဘာသာတရားမဟုတ်တဲ့သဘောတရားကို ညွှန်ပြသူဖြစ်လို့ ဗုဒ္ဓနဲ့ ခေတ်ပြိုင် ဘာသာရေးသမားတွေက ဗုဒ္ဓအပေါ် နားမလည်နိုင်ဖြစ်ပြီးဗုဒ္ဓကို နောင်ဘဝဖြစ်၊မဖြစ်…အစရှိတဲ့မေးခွန်းတွေမေးတော့ ဗုဒ္ဓက အဲ့ဒါတွေ ငါမပြောဘူးလို့ချည်း ပြောခဲ့သူပါ။ ဗုဒ္ဓဟာ ဒါပဲပြောသူဆိုရင်တော့ ဘာမှမယူတဲ့အယူကို ယူသူလို့ ပြောရမှာဖြစ်ပေမယ့် ဗုဒ္ဓက ဒါပဲပြောသူမဟုတ်တာပဲ ဖြစ်တယ်။ လူ့ဒုက္ခရောက်မှုနဲ့ ဒုက္ခရောက်ကြောင်း၊ လူ့လွတ်လပ်ငြိမ်းချမ်းမှုနဲ့ လွတ်လပ်ငြိမ်းချမ်းကြောင်းတွေကို သူပြောတယ်လို့ ပြောခဲ့သူပဲဖြစ်တယ်။ လူမှာဒုက္ခရောက်တာနဲ့ လွတ်လပ်တာအပြင် လေးနက်တာဟာ မရှိတော့တာပါပဲ။ အဲ့ဒီအချက်လေးချက်ကို အဌကထာကျမ်းပြုသူတွေ […]