ထေရဝါဒမှနှုတ်ထွက်ရခြင်းအကြောင်းအပိုင်းအစ – ၃

သစ္စာသည်
သမုတိသစ္စာ၊ ပရမတ္ထသစ္စာ၊ အရိယသစ္စာဟူ၍ သုံးမျိုးရှိပါသည်။ သမုတိသစ္စာ၊ ပရမတ္ထသစ္စာ တို့သည် ရှောင်ကြဉ်ရမည့်
အယုတ်အစွန်းတရားများဖြစ် ၍ အရိယသစ္စာသာလျှင် ကျင့်ပွား ရမည့် သစ္စာဖြစ်ပါသည်။
ထေရဝါဒတွင် ပရမတ္ထသစ္စာသာ အရှိတရားဖြစ်၍ ပရမတ္ထသစ္စာသိက အရိယသစ္စာကို သိပြီး ဖြစ်တော့သည်ဟု
“ဒုဝေသစ္စာနိ အက္ခာသိ” ဂါထာကို ယုံ၍ သစ္စာနှစ်ပါးသာရှိကြောင်း သိရှိနေကြပါသည်။
သို့ရာတွင် ပရမတ္ထသစ္စာ ဟူသော ဝေါဟာရကို အဘိဓမ္မာကျမ်းစာများမှတစ်ပါး အခြားနိကါယ် (၅) ရပ် သုတ္တန် ပိဋကတို့တွင်
လေ့လာသော် ရှာတွေ့ဖို့ရန် မလွယ်ပေ၊ ပရမတ္ထသစ္စာ မသိက တရားမရနိုင်ဟူသော အဘိဓမ္မာ အဋ္ဌကထာဆရာတို့၏ စကားသည်လည်း
ဘုရားသျှင်၏ တရားနှင့် မညီပေ၊ (စတုန္နံဘိက္ခဝေ အရိယသစ္စာနံ အနနုဗောဓာ အပ္ပဋိဝေဓာ) ပရမတ္ထသစ္စာ မသိခြ င်းကြောင့်ဟု ဟောတော်မမူပေ။
ချစ်သားတို့ သစ္စာလေးပါးကို အလျောအားဖြင့် မသိခြင်း၊ ထိုးထွင်း ၍မသိခြင်းကြောင့် ငါဘုရားသည် လည်းကောင်း၊
သင်ချစ်သားတို့သည်လည်းကောင်း၊ ဤ ရှည်လျားလှစွာသော ကာလပတ်လုံး သံသရာဝဋ်ဆင်းရဲ၌ တပြောင်းတပြန် ကျင်လည်ခဲ့ရကြောင်း
ဟောတော် မူပါသည်။
ငါ၊ သူတစ်ပါး ယောက်ျား၊ မိန်းမ မရှိ၊ ရုပ် နာမ်သာရှိသည်ဟူသော ထေရဝါဒတို့၏ အမြင်သည် ပရမတ္ထသစ္စာ အမြင်ဖြစ်ပါသည်။
ဤ အမြင်ကို အဘိဓမ္မာ ကျမ်းစာများအနက် ကထာဝထ္တုကျမ်းတွင် စတင်တွေ့ရှိရပါသည်။ ဤကျမ်းကို တတိယသင်္ဂါယနာ အကြီးအမှူးဖြစ် သော
အရှင်မောဂ္ဂလိပုတ္တတိဿ မထေရ် ဟောကြားခဲ့သော်လည်း ဘုးရားဟောကျမ်းဟုပင် သိရှိနေကြပါသည်။
ထိုကျမ်း၌ ” သစ္စိကဋ္ဌ ပရမတ္ထေန ပုဂ္ဂလော နုပလ ဗ္ဘထိ ” ပရမတ္ထသစ္စာ အားဖြင့် ပုဂ္ဂိုလ် ကို မရအပ်ဟူ၍ ဖြစ်ပါသည်။
ပုဂ္ဂိုလ်မရသော် ငါ၊ သူလည်း မရအပ်ပေ၊ ယောက်ျား၊ မိန်းမစသည်တို့ကိုလည်း မရအပ် ဟူ၍ဖြစ်ပါသည်။
ငါ သူ ပျောက်သော် ငါနှင့် သူတို့၏ဆက်ဆံရေး ကာယဝစီမနော သုစရိုက်၊ ဒုစရိုက်များလည်း ပျောက်၍လူ့ အခြေခံ သီလယွင်းပျက်တော့သည်။
သီလမရှိသူအဖြစ် သို့ ရောက်ရှိသွားပါသည်။ မဟဂ္ဂုတ်တရားများ၌ သီလစေသသိတ် မယှဉ်နိုင်ပုံကိုလည်း အဘိဓမ္မတ္တ သင်္ဂဟ၌
” နဝိဇ္ဇန္တေတ္ထ ဝီရတီ ကြိယေသုစ မဟဂ္ဂတေ” ဟုဆိုထားပါသည်။ မဟဂ္ဂုတ်ပွါးက သီလမဲ့ကြောင်း ဤသို့ သိရှိရပါသည်။
ဘုရားသျှင်က အင်္ဂါ (၈)ပါးရှိသော အရိယမဂ်ဟု ဟောကြားခဲ့သော်လည်း သမ္မာဝါစာ၊သမ္မာကမ္မ န္တ္တ၊ သမ္မာအာဇီဝ
သီလမဂ္ဂင် သုံးပါးမပါသော ပဉ္စင်္ဂ ီကမဂ်ဖြင့် ထေရဝါဒတို့က မဟဂ္ဂုတ်တရား ပွါးများကြသောအခါ …………..
ရှု.မှတ်စဉ်အတွင်း လူပျောက်ဖို့သာအရေးကြီး၍ လူပျောက်အောင်ရှု.မှတ်နေကြပါသည်။
သို့ရာတွင် အစဉ်အမြဲ လူပျောက်အောင် မရှု.မှတ်နိုင်ရကား ရှု.မှတ်ခိုက်သာ လူပျောက်၍ မရှုနိုင်သောအခါ
ငါ သူတစ်ပါးယောက်ျား၊ မိန်းမ၊ ပုဂ္ဂိုလ် သတ္တဝါကား ရှိမြဲ ရှိနေကြပါသည်။
သမာဓိသေး၍ အစဉ်မပျောက်ဟု ယူဆကာ ကြိုးစားရှု.မှတ်ကြရသဖြင့် ပင်ပန်းလှ ပါသည်။
ငါ သူတစ်ပါးယောက်ျား၊ မိန်းမ၊ ပုဂ္ဂိုလ် သတ္တဝါ ဟူသော သမုတိသစ္စာ ဖြစ်၍ ရုပ်၊ နာမ် ဓမ္မ၊ ခန္ဓာဓါတ်ပရမတ်ဖြင့် အတင်းချေဖျက်သော်လည်း
” တထ” လက္ခဏာရှင် သမုတိသစ္စာကို အပြီးတိုင် မချေမှုန်းနိုင်ပေ။ သမုတိပျောက်လိုက် ပရမတ္ထရောက်လိုက်၊
ပရမတ္ထ ပျောက်လိုက်သမုတိ ရောက်လိုက် ဖြစ်ကာ အမြီးအမောက် မတည့်ဖြစ်နေသောအခါ …………………..
ထေရဝါဒမှ နှုတ်ထွက်ရခြင်း အပိုင်းအစတစ်ခု ဖြစ်ခဲ့ရပြီပေါ့။

One comment

  • ssa

    March 18, 2012 at 11:40 am

    as you like, you can choice, i’m very like!!!!!
    haha,,,

Leave a Reply