MAUNGJuly 26, 20141min17110
နိုင်ငံခြား သား မြင် မစ္စတာ မစ္စတာ လုပ် စရာလားဗျာ……. ကျုပ် တို့တိုင်းပြည် ထဲလာ မှုခင်း ကျူးလွန် တောင် မစ္စတာ..မစ္စတာ နဲ့ ခင်ဗျားတို့ ဟာ နဲနဲ မဟုတ်ဘူး တော်တော် လွန်နေပြီ ။ ဘယ်နှယ် ဗျာ…ဒေါ်အောင်ဆန်းစုကြည် လို အမျိုးသမီး မျိုး ကိုတောင် ဘယ်နိုင်ငံခြား မိဒီယာ မှ ဘာမှ တတ်မခေါ်ဘူး ….။ ရှင်းလား..? ဒါ နဲ့ ပါတ်သက်လို့ လွပ်လပ် စွာကွဲလွဲ လို့ရပါတယ်…… မောင်


MAUNGJanuary 23, 20141min24124
ဝန်ခံချက် ။          ။ ဟို တစ်ပါတ်က ကိုကြီးခင် ရေးတဲ့ Ring Tone ပို့စ် ကိုဖတ်ပြီး ဒီ ပို့စ် ရေးဖို့စိတ်ကူးရ ပြီးရေးဖြစ်တာပါ။  တစ်ခါ တုန်းကပေါ့ ဗျာ..ကျွန်တော် မောင် တစ်ယောက် ဟမ်းဖုန်း ကိုင်ချင်တဲ့ရောဂါ အပြင်းအထန် စွဲကပ် နေသောကြောင့် မေမေ့ မှာမကြည့်ရက် တော့ဘဲ ဖုန်း တစ်လုံး အသည်းအသန် ရှာပေး ရပါတော့တယ်။ ဖုန်း က UFL ကျောင်းကဆရာမ တစ်ယောက်ရဲ့ နာမည် ပေါက်ပါ ။ ဈေး စကားပြော၊ ဈေး တဲ့လို့ ငွေသွားချေ၊ စာချုပ် ချုပ်တော့ ကျွန်တော် နဲ့ ကျွန်တော့ သူငယ်ချင်း အဲဒီ ဆရာမ အိမ် […]


MAUNGNovember 7, 20131min33413
 မိုးကြိုးသွား ဆိုတာ ဘာမှန်းအားလုံး လဲသိပြီး ဖြစ်မှာပါ ။ ကျွန်တော် တစ်ဆင့်စကား တစ်ဆင့်နား နဲ့ကြားဘူး တဲ့ မိုးကြိုးသွား ဆိုတာ ကတော့ မိုးကြိုး ပြစ်ချ လိုက်တဲ့နေရာက ရတာ၊ သူ့မှာ အစွမ်းရှိ တယ်၊ သေနတ် နဲ့ပစ် ရင်ကျည် မထွက်ဘူး၊ လျှပ်စစ် မစီးနိုင်ဘူး၊ စသည် ဖြင့်ပေါ့ဗျာ။ အခု ပြောပြ မဲ့ အကြောင်းကလဲ ကျွန်တော့ ဖေဖေ ဆီကိုလာတဲ့ ဦးကြီး တစ်ယောက် ဆီက သိရ တဲ့ ဇာတ်လမ်း တစ်ပုဒ် ပါ။ လက်ခံ တာ မခံတာ၊ ယုံတာ မယုံတာ တော့ ကိုယ့်သဘော ပေါ့နော….။   ကျွန်တော့ ဖေဖေ […]


MAUNGNovember 4, 20131min1696
  အာဝါဒေး ဆိုတာ ဘာကိုဆိုလိုမှန်း အတိ အကျ မသိပေ မဲ့၊ ကျွန်တော့ စိတ်ထင် ပြောရရင် ပျော်ပွဲ ရွှင်ပွဲ ဘန်းပြ ပြီး လောင်းကစား လုပ် အကောက် ကောက်ကြတယ် ထင် တာဘဲဗျာ ။ (အာဝါဒေး ဘာလဲ သိရင် လဲပြောပြ ကြပါ ဦး) အဲ ..ကျွန်တော့ ဘဝ မှာ အဲဒီ အာဝါဒေး ဆို တာကြီး ကို တေ့တေ့ ဆိုင်ဆိုင် ကြုံခဲ့ တာကိုပြန်ဖောက်သည် ချမလို့ဗျ ။ ကျွန်တော် လောင်းကစား သ မားတော့မဟုတ်ပါ ဘူး။ အသစ် အဆန်းဆို စမ်းကြည့်ချင်ရုံပါ ဗျ။   ကျွန်တော် ငယ်ငယ်ထဲ […]


MAUNGOctober 25, 20131min28021
ရွာသူ ရွာ သားတွေပျင်းနေမှာစိုးလို့၊ ပုံ ပြောပြမယ် ဗျာ။ ဟိုး ရှေးရှေ့ တုံးကပေါ့ဗျာ ….. သမီး ရည်းစား နှစ်ယောက် ရှိတယ်တဲ့ ။ တစ်ယောက် နဲ့ တစ်ယောက် လဲချစ်လိုက် ကြတာ …အိုး ဘာပြော ကောင်းမလဲ၊ မိုးမမြင်၊ လေမမြင် ပေါ့ဗျာ ..။ ဒီလိုနဲ့ သွားရင်းလာ ရင်းလမ်းမှာ ဥဩ ငှက်ကလေး တစ်ကောင် တွေ့တော့ ….ကောင်မလေး က ကောင်လေးကို ဒီလို မေးသဗျ …။ “မောင် ..အဲဒါဘာငှက်လေး လဲ ?” သိရက်မေးတာ မှန်းသိပေမဲ့ ကောင်လေးက ဒီလိုပြန်ပြောတယ် ” အချစ်ရယ်၊ အဲဒါ ချစ်တေးသီ တဲ့ငှက်လေး ပါ။ ” […]


MAUNGSeptember 13, 20131min41926
ဝန်ခံချက် ကျွန်တော် ဒီစာ လေးကို စင်ကာပူ က ဘလော့ဂါ အစ်ကို တစ်ယောက်ဆီမှာ ရှယ်ဘူးပါတယ် ။ ရွာ ထဲမှာ အားလုံး အတွက် အပျင်းပြေ သဘောမျိုးထပ်ရှယ် ကြည့်တာပါဗျာ။ xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx အင်း…..  ပြောရရင်တော့  တော်တော် ရှည် မယ်ထင်တယ် ။ ကျွန်တော်တို့ နိုင်ငံခြားမှာရှိ တဲ့ တစ်ချို့ တစ်ချို့ သော ဗမာတွေရဲ့  လူကြုံပေး တတ် ကြောင်းလေးကို  ပေါ့ပေါ့ ပါးပါးစာလေးတစ် ပုဒ် အနေနဲ့ ရေးထား တာပါ ။ ပထမဦး ဆုံးဘယ်သူ တစ်ဦးတစ်ရောက်ကိုမှ ထိခိုက် စေ – ဆိုတဲ့စိတ်မျိုးမရှိဘူး ဆိုတာပြောပါရစေ ။ တိုက်ဆိုင်မှုရှိရင်ခွင့်လွှတ် ပါ ။   […]


MAUNGSeptember 11, 20131min33022
မှတ်မှတ် ရရ၊ ကျွန်တော့ ဘွ မှာ ခါးပိုက်နှိုက် ဆိုသော အနှီ သကောင့် သားများ နဲ့ တေ့တေ့ ဆိုင်ဆိုင် နှစ်ခေါက် ကြီးများတောင် ဆုံဘူး တယ်ဗျ ။   ပထမ တစ်ခေါက်က၊ ကျွန်တော် ကျောင်းသွား ရက် တစ်ရက်မှာပေါ့ …… အဲဒီ နေ့က ကျွန်တော်ကားမှတ်တိုင် ရောက်တော့၊ ကားစောင့် နေတဲ့ လူအုပ် ကြီးက မနည်း မနော ဗျာ။ ရုံးချိန်၊ ကျောင်းချိန် ဆိုတော့ ဗျာ ကားစောင့် နေတဲ့ လူတွေ မရှိဘူးဆို လူငါးဆယ်ထက်မ နည်းဘူးဗျ ။ ကား တစ်စီး ဆိုက်လိုက် စုပြုံတိုး တက်လိုက်နဲ့ မိနစ် နှစ်ဆယ်လောက် […]


MAUNGSeptember 4, 20131min27041
အေးဗျ .. တက်တူး ကို စ စိတ်ဝင်စားတာက တော့ ကိုးတန်းကျောင်းသားလောက်ထဲကပါ။   ဒါပေမဲ့ တစ်ကယ်ထိုးမယ်၊ မထိုးဘူး ဆုံးဖြတ် လို့မရတာတော့ အကြာကြီးဘဲ။   ကျွန်တော့ မေမေ ပြောထားဘူး တာတစ်ခု ရှိတယ်။ ဆေးမှင်ကြောင် ထိုးတဲ့ နေ့ အိမ်ပြန်မလာနဲ့တဲ့ ။ တစ်ခါမှ အဲလို မပြောဘူးတော့ လန့် တာတော့ အမှန်ဘဲ။   ဘယ်လောက် တက်တူး ကိုရူး လဲ လို့မေးရင်တော့ ကိုယ့်ကိုယ် ကို ပြောမပြတတ် အောင် မိုက်မိုက်မဲမဲ ရူးတာလို့ဘဲ ဝန်ခံရ မှာဘဲ ။   လမ်းသွားရင်း လာရင်း ကောင်မလေး ချောချော လေးတွေမြင်ရင် သာ လှည့်မကြည့် […]


MAUNGAugust 6, 20131min15111
တစ်ခါတုံး ကပေါ့ဗျာ။ ကျွန်တော် မောင် တစ်ယောက် ကားငှါးစီးပြီး အာလာဒင် ကို ဂိမ်း ဆော့ဖို့သွားပါရော ။ ကား ကနံပါတ် အနက်ကြီး နဲ့ဗျ ။ ကားဆရာ နဲ့ ထွေရာလေးပါး လေးပြော ရင်းနဲ့ မြေနီကုန်း မီးပွိုင့် နားရောက်လာရော ။ ဗြုန်း ဆိုရှေ့က တက်စီ က မီးပြ ပြီးယာဉ်ကြော ပြောင်းဖို့ ကြိုးစားရော ။ ကျွန်တော် စီးလာတဲ့ ကားဆရာ ကလဲ လုံးဝ လမ်းမပေးဘဲ ရှေ့ ကားကို အတင်းကပ် ၊ တက်စီ ဆရာကလဲ ခေါင်းထိုးဝင် နဲ့ တိုက်မလိုဖြစ် ကြရော ။ အဲဒီ ကစပြီး ကားသမား နှစ်ယောက် […]


MAUNGMarch 15, 20131min1208
ပြီးခဲ့တဲ့ ဒီဇင်ဘာလက ရန်ကုန် ပြန်သွားဖြစ်တယ်။ ဘုရား ဖူးရ၊ မိသားစု နဲ့ပြန်ဆုံရ၊ သူငယ်ချင်းတွေနဲ့ ပြန်ဆုံရ၊ လျှောက်လည် ရတာတွေဟာ အရမ်းပျော်ဖို့ ကြည်နူးဖို့ ကောင်းပါတယ်။ သွားရင်း လာရင်း နဲ့၊ စိတ်အနှောက် အရှက် ဖြစ်စရာ လေးတွေကြုံ ခဲ့ရတာကို ပြောပြချင်တာပါ။ မိုးလင်း ကမိုးချုပ် လျှောက်သွား၊ လျှောက်စား နဲ့၊ စည်းမရှိ ကမ်းမရှိ တော်တော် ပျက်စီးခဲ့တာပေါ့။  ရန်ကုန်မှာ တစ်ခါမှ မစားဘူး တဲ့ ဟော့ပေါ့ ဆိုတာကြီး လဲစား ခဲ့တယ် ။ အခုပြောမဲ့ ပထမအကြောင်း အရာက အဲဒီ ဟော့ပေါ့ ဆိုတဲ့ ဟာစားရင်းနဲ့ ကြုံရတာပါ။ ထုံးစံအတိုင်း မိသားစု စုံစုံ ညီညီနဲ့ ဆိုတော့ […]


MAUNGJanuary 28, 20131min944
လေယာဉ် ပေါ်မှ အလွဲများ တစ်ခါတုံး ကပေါ့ဗျာ။ ကျွန်တော် မောင်  တစ်ယောက် ကျွန်းလေး တစ်ကျွန်း ကို  လေယာဉ်စီး ပြီးခရီး သွားဖို့အကြောင်း ဖန်လာတာနဲ့၊ ကိုယ့် အဝတ် အစားထုပ်လေး ကိုယ်ပိုက်ပြီး လေယာဉ်တစ်စီး ပေါ်မှာ ခပ်တည်တည် နဲ့ထိုင်လိုက်လာတာပေါ့ ။ လေယာဉ်မယ်လေး တွေကလဲ၊ ရုပ်လေးတွေ ချောသလောက်  လွှတ် သဘောကောင်း ဗျို့ ။ လေယာဉ်ထွက်လို့မှ တစ်နာ ရီလောက်မရှိ ခင်မှာဘဲ အစားအသောက်တွေ ကျွေးပါရော လားဗျာ။ ဘာပြော ကောင်းမလဲ၊ ကျွန်တော် လဲဗိုက်ဆာဆာနဲ့ ပေးသမျှ အကုန်တီး ပြစ်တာပေါ့ ။ အဲ  စားကောင်းကောင်းနဲ့ စွတ် စားပြီး ဗိုက်လဲ ဝရော အိပ်ချင်လာ တာနဲ့ […]


MAUNGSeptember 25, 20121min1169
တစ်ခါတုံးကပေါ့ ဗျာ။ ကျွန်တော့မှာ ကောင်မလေး (ရည်းစား) တစ်ယောက်ရှိတယ်။ ကျွန်တော်ဆိုတဲ့ ကျွန်တော်ကလဲ တစ်ခါတစ်ခါ စိတ်ကူး ပေါက်ရင် ထင်တာ လျှောက်လျှောက် လုပ်တတ်သဗျ။ ထီးပါ ရက်နဲ့ မိုးရွာထဲမှာကြွတ်စုတ် လို တစ်ယောက်လက်၊ တစ်ယောက် တွဲပြီး လျှောက်သွားတာတို့၊ ဝက်သား ဒုတ်ထိုး စား နေရင်း အူ ပိတ်ကကောင်းတယ်ဆိုလို့ အူ တစ်ချောင်းလုံး ဝယ်ကျွေးတာတို့၊ ဆူးလေ မှာ  ဗံဒါ စေ့ ထုနည်းသွားသင်ပြီး ခွါကျွေး တာတို့ပေါ့ဗျာ ..ဟား..ဟား ..။ တစ်ရက် တော့ ညနေပိုင်း လှည်းတန်း မှာ မုန့်သွားစားရင်း မိုး ပျံ ပူဖောင်းသည် တွေ့ တော့ စိတ်ကူး ပေါက် တာနဲ့ မိုးပျံ […]


MAUNGJune 28, 20121min15236
 တစ်ခါ က တစ်ဘဝ (၂)   ကိုယ် တွေ့ကြုံခဲ့ ဘူး တာလေး တွေကို ၊ ရွာထဲ မှာ share ကြည့် တာပါ။ တစ်ခါတုန်း ကပေါ့ဗျာ ။ သူငယ်ချင်း တစ်ယောက်က သူ့ကား အိပ်ဇော သွားပြင်ဖို့ တစ်ယောက်ထဲ စောင့်ရမှာ ပြင်းလို့၊ အဖော် လိုက်ခဲ့ ပါဆိုတာ နဲ့ ကျွန်တော် မောင် တစ်ယောက် နှစ်ခါမခေါ် ရဘဲ လိုက်သွားတာပေါ့ ။  ကားပြင်ပြီး အပြန် ကျွန်တော့ ကိုတစ်လဲ မောင်းခိုင်း တာနဲ့ ကျွန်တော် လဲ မောင်းလာတာပေါ့ ။ အင်းလျား လမ်း နဲ့ တက္ကသိုလ် ရိပ်သာ လမ်း ဒေါင့်မှာ […]