တစ်ခါက တစ်ဘဝ (၄)
လေယာဉ် ပေါ်မှ အလွဲများ
တစ်ခါတုံး ကပေါ့ဗျာ။ ကျွန်တော် မောင် တစ်ယောက် ကျွန်းလေး တစ်ကျွန်း ကို လေယာဉ်စီး ပြီးခရီး သွားဖို့အကြောင်း ဖန်လာတာနဲ့၊ ကိုယ့် အဝတ် အစားထုပ်လေး ကိုယ်ပိုက်ပြီး လေယာဉ်တစ်စီး ပေါ်မှာ ခပ်တည်တည် နဲ့ထိုင်လိုက်လာတာပေါ့ ။ လေယာဉ်မယ်လေး တွေကလဲ၊ ရုပ်လေးတွေ ချောသလောက် လွှတ် သဘောကောင်း ဗျို့ ။ လေယာဉ်ထွက်လို့မှ တစ်နာ ရီလောက်မရှိ ခင်မှာဘဲ အစားအသောက်တွေ ကျွေးပါရော လားဗျာ။ ဘာပြော ကောင်းမလဲ၊ ကျွန်တော် လဲဗိုက်ဆာဆာနဲ့ ပေးသမျှ အကုန်တီး ပြစ်တာပေါ့ ။ အဲ စားကောင်းကောင်းနဲ့ စွတ် စားပြီး ဗိုက်လဲ ဝရော အိပ်ချင်လာ တာနဲ့ အိပ်လိုက်လာတာပေါ့ ။ သိပ်မကြာ ပါဘူး (ကန်တော့ ပါရဲ့ ) အိမ်သာ သွားချင်လို့ ထ သွား တော့ အိမ်သာ ရှေ့ တည့်တည့် မှာ လေယာဉ်မယ် ချောချော လေး တစ်ယောက်နဲ့ ဆုံမိတော့ အမယ် ပြုံးပြပြီး သူကဦးအောင် လမ်းဖယ်ပေးတယ်ဗျ။ လေယာဉ်မယ်လေး ကိုပြန်ပြုံး ပြပြီး အိမ်သာ တံခါး ကို လှမ်းကြည့်တော့ ၊ အောင်မာ ကံ များကောင်းချင် တော့ အိမ်သာ က အားနေ တယ်ဗျ ။ ကျွန်တော်လဲ ဝင်လိုက်မဟဲ့ ဆိုပြီး တံခါး လဲဆွဲ ဖွင့်လိုက်ရော အောင်မလေး ဆိုပြီး အော် လိုက်တာ၊ လား လား အထဲမှာ ကိုယ်နဲ့ ရွယ်တူလောက် ကောင်မလေး တစ်ယောက်ငုတ်တုတ် ကြီးဗျ ။ တံခါး ကိုလော့ မချ ထားဘူး။ ကျွန်တော်လဲ လန့်ဖြန့် ပြီး တံခါးကို ဝုန်း ကနဲ ပိတ်ပြီး ကိုယ့်နေရာ ကို ပြန်ပြေးတာ၊ အိမ်သာ သွားချင်စိတ် ပါပျောက် သွားတယ် ။ လေယာဉ်မယ် လေးလဲ ဘုရား ရေဆို ပြီး အဲဒီနား မှာကျန်ခဲ့ တယ်။ ကျွန်တော်လဲ ချွေးတောင်ပြန်ပြီး ခရီးဆုံး တဲ့ အထိ အိမ်သာ လဲ ထပ်မသွားတော့ဘူး ။ လေယာဉ်ဆိုက် တာနဲ့ ကိုယ့်အထုတ် ကိုယ်ဆွဲပြီး နောက်လှည့် မကြည့် တော့ဘဲ လေဆိပ် ကအိမ်သာကို တန်း နေအောင် ပြေးရတော့တာပေါ့ ဗျာ ။ ဝူး …။ပြန်တွေး ကြည့်ရင် ခုချိန်ထိချွေးပျံချင် တုံး ဘဲ း]
တစ်ခါတုန်း ကပေါ့ဗျာ ။ ကျွန်တော် မောင် တစ်ယောက် ကျွန်းလေးတစ်ကျွန်း ကနေ လေယာဉ်ပျံ ကြီးစီးပြီး အိမ် ပြန်လာတာပေါ့ ။ ကျွန်တော့ ထိုင်ခုံ ဘေးပါတ် လည် မှာ ကျွန်တော့လို အိမ် ပြန်ကြ တဲ့ သူတွေအဖွဲ့ တစ် ဖွဲ့တွေ့ တယ်။ မရှိ ဘူးဆို အယောက် နှစ်ဆယ် လောက် ရှိမယ်။ သူတို့ တွေလေယာဉ် ပေါ်စတက် လာထဲ က ဆူညံ ဆူညံ နဲ့မို့ သတိ ထားမိပေမဲ့ အိမ်ပြန်ကျ တဲ့ သူတို့ ရဲ့ ပျော်ရွှင်မှု ကို နားလည် နိုင်တာ ကြောင့် အားလုံးအေးဆေး ပါ။ စ တာကတော့ လေယာဉ်ထွက် ပြီးသိပ် မကြာ ခင်မှာ ဘဲ။ ကျွန်တော့ ဘေး နားကဆရာ က လေယာဉ် မယ်ဖြတ် လျှောက် တိုင်း ဝီစကီ ချည်း တောင်းတာ လေယာဉ်မယ် လဲ လေး ငါး ခွက်အထိတော့ သည်းခံ ပါသေးတယ် ။ အဲနောက် တော့ သူ လဲ တစ်ခြား လူ တွေ ကို ဆာ့ (ဗ) လုပ် နေရတော့ တော်ရုံ နဲ့ ပြန် မလာနိုင်လို့ ရစ် တာ ရှင်း လို့မှမဆုံးသေး၊ သူတို့ အဖွဲ့ ထဲက နောက် တစ်ယောက် အိမ် သာထဲ မှာဆေးလိပ် သွားခိုးသောက်လို့ တော်တော် ကို့ယို့ကားယား ဖြစ်တာပေါ့ ဗျာ။ လေယာဉ်မယ် တွေလဲလက်လန်၊ သူတို့ အချင်းချင်းလဲ တစ်ယောက် တစ်ပေါက် နဲ့စကား တွေများ၊ ကျွန်တော့ ဘေးက ကာလုဘိုင် ကအဆိုး ဆုံး၊ တစ်ခြား ခရီးသည် တွေက ဝိုင်း ကြည့် နဲ့ ရှက် တတ်မယ်ဆို သေလို့ရ တယ်။ တစ်ကယ် ကို တစ်လွဲဗျာ ။ နောက်ဆုံး တော့ ဘစ်စနပ် ကလပ်(စ) က လေယာဉ်မောင် တစ်ယောက်နဲ့ ကိုပိုင်းလော့ နဲ့ လာပြီး ခပ်ကြမ်းကြမ်း လေး လာရှင်း မှ ဘဲပြီးတော့တယ် ။ ဗျာ…ကျွန်တော့ အပျော်တွေ လား ? အကုန်လုံး လေထဲမှာ တင်ပျောက်သွား တာပေါ့ း(
4 comments
Mon Kit
January 28, 2013 at 4:11 pm
ငုတ်တုတ်ကြီးတော့ ဟုတ်ပါရဲ့…
ဘာတွေမြင်တွေ့ခဲ့လို့ မဟားဒယား နေရာကို ပြန်ပြေးခဲ့တာလဲ?????
:kwi:
ဗုံဗုံ
January 28, 2013 at 4:55 pm
မမမွန်ကစ်လိုဘဲ မိဗုံလည်း တွေးမိတယ် :harr:
MAUNG
January 28, 2013 at 5:15 pm
အဟုတ် ပြောတာ ပါ
ဘာမှ မြင်ချိန်တောင်မရ လိုက်ပါ ဘူး၊ သူအော် တာနဲ့ လန့်ပြေးတာဘဲ း)
Mobile
January 28, 2013 at 7:42 pm
ဟီဟီ ရယ်ရဒယ်ဗျာ ဒဂယ့်ဟာသပဲ တွေးကြည့်ရင်း ဘယ်လိုပြောရမှတ်တောင် မသိတော့ပါဘူး
မယူအန်န်ဂျီရေ နောက်တစ်ခါ အိမ်သာသွားမယ်ဆိုရင် အထဲမှာလူရှိလားလို့
အရင်မေးပြီးမှ ဒဂါးဖွင့်ပေါ့ နို့မဟုက် မမြင်သင့် မမြင်အပ်တာတွေမြင်ပြီး
မရှိတာကို အရှိထင် မဟုက်တာကို အဟုက်ထင်လို့ တရားသဘောနဲ့ပြောရရင်
ကိလေသာအမှောင်တောမှာ မျေားပါသွားတတ်တယ်…………….
:harr: