အသားညှပ်ရေခဲမုန့်စားပြီး ဓါတ်ဖမ်းမယ်

Mon LayDecember 4, 20211min70900

အခုစာဖတ်နေတဲ့သူက ရေခဲမုန့်စားရတာကြိုက်တဲ့သူလား..ပြီးတော့ဓါတ်ပုံရိုက်ရတာကော ကြိုက်တဲ့သူလား

အာ့ဆိုok ပြီ..ဆက်ရေးမယ်နော်

ဒီတစ်ခေါက်မွန်လေးသွားခဲ့တဲ့နေရာလေးကတော့ တက္ကသိုလ်ရိပ်သာလမ်းသစ်ထဲမှာရှိတဲ့ ပိုင်တံခွန်ရဲ့ ဆိုင်လေးပါ။

ဆို်င်လေးက Singapore’s Ice-cream Sandwich တဲ့။ စင်ကာပူမှာနာမည်ကြီးတဲ့ fast food လေးတစ်ခုပေါ့နော်။

ထူးဆန်းတယ်နော်..ice-cream sandwich တဲ့။ ရေခဲမုန့်ကို အသားညှပ်ထားတာ။ သူက ‌ေ၀ဖာညှပ်စားလည်းရတယ်။ ပေါင်မုန့်ညှပ်စားလည်းရတယ်။ ရေခဲမုန့်အရသာက Mango, Yam, Vanilla, Sweet Corn, Green Tea, Choe Chip, Rasy Berry Ripple, Durian, Blueberry Ripple, Chocolate တို့ရှိတယ်။ ကြိုက်ရာ ရေခဲမုန့်ကို ‌ေ၀ဖာညှပ်ညှပ်၊ ပေါင်မုန့်ညှပ်ညှပ်စားလို့ရတယ်။

မွန်လေးတို့တော့ စားပြီးတာနဲ့ နေရာလေးကချစ်ဖို့ကောင်းတော့ ဓါတ်ဖမ်းတော့တာပဲ။ ပုံလေးတွေကိုတော့ အောက်မှာ ကြည့်ပေးနော်။ မစားဖူးသေးတဲ့သူတွေလည်း ကိုဗစ်ငြိမ်တုန်းလေး သွားစားကြည့်ကြည့်နော်…