maypearlAugust 13, 20101min632
တစ်နေ့ ကျွန်တော်တို့ ရုံးခန်းကို ကျွန်တော့်သူငယ်ချင်းရဲ့ မိတ်ဆွေ အန်တီတစ်ယောက် ရောက်လာပါတယ်။ သူ့လက်ထဲမှာ စာရွက်စာတမ်း တထပ်ကြီးကိုပါ ကိုင်ထားပါတယ်။ သူ့မျက်နှာကတော့ သိပ်မကောင်းဘူး ခင်ဗျ။ သူက ကျွန်တော်တို့ကို နှုတ်ဆက်စကားပြောပြီး သူ့လက်ထဲက ပါလာတဲ့ စာရွက်တွေနဲ့ ပတ်သက်တဲ့ အကြောင်းတစ်ခုကို ကျွန်တော်တို့ကို ပြောပြရင်း အကူအညီ တောင်းလာပါတယ်။ သူပြောပြတဲ့ အကြောင်းအရာကို ကျွန်တော်အရင် တင်ပြပါ့မယ်။ အားလုံးသိတဲ့ အတိုင်း ဒီကနေ့ မြန်မာနိုင်ငံမှာ ချက်တင် ယဉ်ကျေးမှု တော်တော်ခေတ်စားလာပါတယ်။ ရည်ရွယ်ချက် အမျိုးမျိုးနဲ့ ချက်တင်ကို သုံးစွဲကြပါတယ်။ အဲဒီအထဲမှာမှ မိန်းကလေး တစ်ယောက်ဟာ အားလုံးနည်းတူ ချက်တင်ကို နေ့စဉ်ဂရုတစိုက် သုံးစွဲပါတယ်။ သူ့ရဲ့ ချက်ဘောက်စ် သူငယ်ချင်းလစ် ထဲမှာ သူငယ်ချင်းပေါင်း မြောက်မြားစွာကို ထည့်ပြီး […]


maypearlAugust 5, 20101min1053
လူတစ်ယောက်နဲ့တစ်ယောက် ခန္ဓာကိုယ်တည်ဆောက်ပုံခြင်း မတူညီကြသဖြင့် အချို့သော ခန္ဓာကိုယ်အမျိုးအစားများမှာ ဒီတိုင်းကြည့်လျှင်ဝသည်ဟုထင်ရသော်လည်း အမှန်တကယ်တွင် သူ့အရပ်အမောင်းနှင့် ခန္ဓာကိုယ်မှာ အနေတော်ပင်။ မိမိတို့သည် မိမိတို့ကိုယ်တိုင် ကိုယ့်အရပ်အမောင်းနှင့် ကိုယ့်အလေးချိန်သည် ရှိသင့်သည့်အလေးချိန်လား၊ ဝနေသလား၊ ပိန်နေသလား ဟု ကိုယ်တိုင်သိနိုင်ရန် လိုအပ်ပါသည်။ အရပ်အမောင်း        ရှိသင့်သည့်အလေးချိန်    မှ                              ကြား 4ပေ8လက်မ                                            89    ပေါင်                     101 ပေါင် ကြား 4ပေ9လက်မ                                            92    ပေါင်                     115 ပေါင် ကြား 4ပေ10လက်မ                                          95    ပေါင်                     119 ပေါင် ကြား 4ပေ11 လက်မ                                          99    ပေါင်                     124 ပေါင် ကြား 5ပေ                                             […]


maypearlAugust 4, 20101min1093
စံပယ်ပန်းတွင် စိတ်ဖိစီးမှုကိုသက်သာစေပြီး အစိုဓာတ်ကိုထိန်းသိမ်းပေးသည့်အပြင် အသားအရေကိုလည်း အေးမြစေသည်။ ရာသီလာပြီးစ ရက်များတွင် မူးဝေခြင်းကို သက်သာစေပြီး လှုပ်ရှားမှုသွက်လက်စေပြီး ကာမအားကိုလည်းတိုးစေကြောင်း သိရှိရပါသည်။


maypearlAugust 4, 20101min540
ရှားစောင်းလက်ပတ်သည် အရေပြားတွန့်ခြင်း၊ နေရောင်ကြောင့် အသားအရောင်ညိုမည်းလာခြင်းတို့ကို ကာကွယ်ပေးပြီး ဖြူဖွေးစေပါသည်။ အသားအရည်၏ အစိုဓာတ်ကိုထိန်းသိမ်းပေးပြီး အရေပြား ကလပ်စည်းသစ်များ ဖြစ်ပေါ်စေရန် အားပေးကြောင်းလေ့လာတွေ့ရှိရပါသည်။


maypearlAugust 3, 20101min1072
ဒိန်ချဉ်တွင် ဘက်တီးရီးယားများကို သေစေနိုင်သော အင်ဇိုင်းပါရှိပါသည်။ လက်တစ်အက်ဆစ် ပါဝင်သောကြောင့် ချွေးပေါက်ကျယ်ခြင်း ၊ အဆီပြန်ခြင်း၊ အမာရွတ်ဖြစ်ခြင်းစသည့်  အရေပြားပြဿနာများကိုလည်း ဖြေရှင်းပေးနိုင်ကြောင်း တွေ့ရှိရပါသည်။


maypearlAugust 3, 20101min871
မက်မွန်သီးသည် အရေပြားအတွင်းပိုင်းအား တည်ဆောက်ပြုပြင်ခြင်း၊ အညစ်အကြေးများ ဖယ်ရှားခြင်း၊ ချွေးပေါက်များပွင့်စေခြင်းနှင့် အရေပြားကျန်းမာနုပျိုခြင်းတို့ကို အားပေးသည်ဟု လေ့လာသိရှိရပါသည်။


maypearlAugust 3, 20101min1430
ပဲပုတ်စေ့သည် အသားအရည်ကို ဖြူဖွေးစေပြီး အရေပြားကလပ်စည်းများကို နဂိုအတိုင်း ပြန်လည်ကောင်းမွန်နုပျိုစေသည်။ ၎င်းအပြင် ပဲပုတ်စေ့၌ Vitamin A,B,C နှင့် သတ္တူဓါတ်များကြွယ်ဝ စေကြောင်းတွေ့ရှိရပါသည်။


maypearlAugust 3, 20101min2413
လီလီပန်းသည် အရေပြား၏ အစိုဓာတ်ကို ထိန်းပေးသည်။ စိတ်ကိုငြိမ်းချမ်းစေပြီး    လန်းဆန်းမှုကို ရရှိစေကာ စိတ်တင်းကျပ်မှုကို ပယ်ပျောက်ပေးနိုင်ကြောင်း သိရှိရပါသည်။


maypearlAugust 3, 20101min641
ရှောက်သီးသည်လူကိုလန်းဆန်းစေပြီး စိတ်လက်ပေါ့ပါးသည့် ခံစားမှုကို ရရှိစေသည်။ အသားအရေကိုသန့်စင်စေသည်။ အရေပြားပေါ်တွင် တင်ကျန်သော အညစ်အကြေးများကို ဖယ်ရှားပြီး ချွေးပေါက်ကလေး များ ပိတ်ဆို့ခြင်းမှ ကာကွယ်ပေးသဖြင့် အသားအရေကိုဖြူဖွေးလာစေသည်။


maypearlAugust 2, 20101min660
ခရမ်းချဉ်သီးသည် အသားအရေကို သန့်စင်စေပြီး နူးညံ့ပျော့ပြောင်းသည့် အကျိုးထူးကိုရရှိစေပါသည်။ ဘက်တီးရီးယားပိုးမွှှားများကို သေစေပြီး အရေပြားကိုသေစေပြီး အရေပြားကို တင်းရင်းလှပစေပါသည်။


maypearlAugust 2, 20101min681
သခွားသီးမှ ထုတ်နှုတ်သော သဘာဝစွမ်းအင်များက အရေပြားအား အာဟာရဓာတ် ပြည့်ဝစေခြင်း၊ အစိုဓါတ်ကိုမျှတစွာ ထိန်းပေးနိုင်ခြင်း၊ အရေပြား ပေါ်မှ အနာအဆာများကို ဖယ်ရှားပေးခြင်း၊ အသားအရေတွန့်ခြင်းကို ကာကွယ်ပေးခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိစေပါသည်။ ွ


maypearlJuly 30, 20101min551
ကိုယ်နဲ့အံဝင်ခွင်ကျဖြစ်မယ့်အလုပ်ကို ရွေးချယ်ရတာ ဘဝမှာအလှည့်အပြောင်းကြီးတစ်ခုကို ရင်ဆိုင်ရသလို ကြီးကျယ်လှပါတယ်။ ဆန္ဒနဲ့ဘဝထပ်တူ ကျပြီး ပျော်ရွှင်နေသူတွေက လက်ချိုးရေလို့ရပါတယ်။အလုပ်ရွေးတာမှားလေခြင်းလို့ နောင်တရနေကြသူတွေကလည်း တစ်ပုံတပင်ပါ။ ဒါလေးတွေဖတ်ကြည့်ပါဦး။ ၁။  အရင်ဆုံးကိုယ့်ကိုယ်ကိုယ် မေးကြည့်ရမယ့် မေးခွန်းတွေက ကိုယ်ကဘယ်လို အလုပ်မျိုးလုပ်ချင်တာလဲ။ကိုယ့်ဝါသနာနဲ့ကိုက်ညီရဲ့လား။လစာကောင်းတဲ့အလုပ်ကိုလိုချင်တာလား။ လစာကောင်းတိုင်းရော အလုပ်မှာ အဆင်ပြေမယ်လို့ထင်လား။ ဒီအလုပ်ကို ရေရှည်လုပ်နိုင်ပါ့မလား။ ၂။  ဒုတိယအဆင့်အတွက်ကတော့ အဲဒီမေးခွန်းတွေအတွက် မိမိကိုယ်တိုင်အဖြေရှာတာပါပဲ။ ကိုယ့်ရဲ့မျှော်မှန်းချက်၊ ထင်မြင်ချက်တွေနဲ့ ဒီမေးခွန်းတွေကို ဖြေကြည့်ပါ။ ၃။  ကိုယ့်အတွက်သေချာပြီထင်တဲ့ ကိုယ်ဘာလုပ်ချင်တယ်ဆိုတာ သိရပြီဆိုရင် အဲဒီအလုပ်မှာ လက်ရှိလုပ်ကိုင်နေကြတဲ့ လူတွေနဲ့တိုင်ပင်ပါ။ သူတို့ရဲ့အတွေ့အကြုံတွေ၊ လက်တွေ့လုပ်ဆောင်နေရတာတွေဟာ ကိုယ်မှန်းထားတာနဲ့ ကိုက်မကိုက် ဆန်းစစ်ပါ။ ၄။  နောက်ဆုံးအဆင့်မှာတော့ ကိုယ်ရှာနေတဲ့အလုပ်ကို ဘယ်မှာတွေ့နိုင်မလဲဆိုတာ လေ့လာပါ။ ကြော်ငြာတွေထဲမှာ အွန်လိုင်းတွေပေါ်မှာ ရှာကြည့်ပါ။ လုပ်ငန်းခွင်ဝင်နေတဲ့ သူငယ်ချင်းမိတ်ဆွေတွေကိုလည်း မေးမြန်းကြည့်လို့ရပါတယ်။ (Myanmar […]


maypearlJuly 30, 20101min741
လက်ဖက်စိမ်းတွင် အသားအရေညစ်နွမ်းစေခြင်းမှ ကာကွယ်သော        ပိုလီဖီနှောလ်ဓါတ်များက အရေပြားရောဂါအမျိုးမျိုးကို ကာကွယ်ပေးသည်။ လက်ဖက်စိမ်းတွင် Vitamin A,B,C နှင့် Amino Acid များ သတ္တုဓာတ်များ ကြွယ်ဝသည်။