myohtatOctober 17, 20131min920
ပဲခူးတိုင်း ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့လေးက ဖြစ်ရပ်မှန် တစ်ခုပါ … ကြာတော့ကြာခဲ့ပါပြီ …. တစ်ခါက … ပြွန်တန်ဆာမြို့လေးမှာ … နှစ်ကျိပ်ရှစ်ဆူဘုရားပူဇော်ကြမယ်ဆိုပြီး … ဂေါပကဖွဲ့ကြပါတယ် … ဘုရားတစ်ဆူကို … (၄၀၀ဝိ/)ကျပ်လေးထောင်နှုံးနဲ့ပူဇော်နိုင်ကြောင်း ဓါတ်စက်ကနေပြီးကြေငြာပါတယ် … စာရေးတင်ပြသူ မိတ်ဆွေရဲ့မိသားစုက လမ်းလျှောက်ထွက်လာရင်းကြုံကြိုက်တဲ့အတွက်ကြောင့် .. ငွေ-(၄၀၀ဝိ/)ကျပ်လေးထောင်နဲ့ ဘုရားတစ်ဆူလှူလိုက်ပါတယ် … သူတို့ဘုရားလှူတဲ့အချိန်မှာ …ဂေါပကလုပ်စားတဲ့လူတွေက နှစ်ဆယ့်ရှစ်ဆူမှာ … (၁၃-ဆူ)တစ်ဆယ့်သုံးဆူသာကျန်တော့ကြောင်း … နှစ်ဆယ့်ရှစ်ဆူပြည့် သွားပါက …ဆက်ပြီးလှူ ၍ မရနိုင်တော့ကြောင်း ဓါတ်စက်ကနေပြီးကြေငြာနေပါတယ် … အဲဒီအချိန်အခါက … ငွေ(၄၀၀ဝိ/)ကျပ်လေးထောင်ဟာ … စာရေးသူမိတ်ဆွေမိသားစုအတွက် အင်မတန်မှ တန်ဘိုးရှိပါတယ် .. သူတို့မိသားစုက အလွန်ဆင်းရဲကြပါတယ် … အိုးပိုင်အိမ်ပိုင် မရှိကြပါဘူး … […]


myohtatOctober 16, 20131min3250
ပဲခူးတိုင်း ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့လေးက ဖြစ်ရပ်မှန် တစ်ခုပါ … ကြာတော့ကြာခဲ့ပါပြီ …. တစ်ခါက … ပြွန်တန်ဆာမြို့လေးမှာ … နှစ်ကျိပ်ရှစ်ဆူဘုရားပူဇော်ကြမယ်ဆိုပြီး … ဂေါပကဖွဲ့ကြပါတယ် … ဘုရားတစ်ဆူကို … (၄၀၀ဝိ/)ကျပ်လေးထောင်နှုံးနဲ့ပူဇော်နိုင်ကြောင်း ဓါတ်စက်ကနေပြီးကြေငြာပါတယ် … စာရေးတင်ပြသူ မိတ်ဆွေရဲ့မိသားစုက လမ်းလျှောက်ထွက်လာရင်းကြုံကြိုက်တဲ့အတွက်ကြောင့် .. ငွေ-(၄၀၀ဝိ/)ကျပ်လေးထောင်နဲ့ ဘုရားတစ်ဆူလှူလိုက်ပါတယ် … သူတို့ဘုရားလှူတဲ့အချိန်မှာ …ဂေါပကလုပ်စားတဲ့လူတွေက နှစ်ဆယ့်ရှစ်ဆူမှာ … (၁၃-ဆူ)တစ်ဆယ့်သုံးဆူသာကျန်တော့ကြောင်း … နှစ်ဆယ့်ရှစ်ဆူပြည့် သွားပါက …ဆက်ပြီးလှူ ၍ မရနိုင်တော့ကြောင်း ဓါတ်စက်ကနေပြီးကြေငြာနေပါတယ် … အဲဒီအချိန်အခါက … ငွေ(၄၀၀ဝိ/)ကျပ်လေးထောင်ဟာ … စာရေးသူမိတ်ဆွေမိသားစုအတွက် အင်မတန်မှ တန်ဘိုးရှိပါတယ် .. သူတို့မိသားစုက အလွန်ဆင်းရဲကြပါတယ် … အိုးပိုင်အိမ်ပိုင် မရှိကြပါဘူး … […]


myohtatMarch 19, 20131min921
တောင်တက်တောင်ဆင်းလမ်း မိုင်(၁၀၀)ကျော်ရှိတဲ့ မြတ်မော်တင်စွန်းသွားတဲ့ခရီးကို (လေအိတ်မပါတဲ့ကား) စီစဉ်ပေးလိုက်တာကြောင့် ဘုရားဖူးခရီးသည်တစ်ဦး ထိုင်ခုံပေါ်ကပြုတ်ကျပြီး ခါးမှာ ဒဏ်ရာရခဲ့ပါတယ်။ တောင်တက်လမ်းတွေမှာ(အဲယားကွန်း)ပိတ်ပြီးတက်တာကြောင့်လည်း ဘုရားဖူးခရီးသည်များ မူးဝေအော့အံကြရပါတယ်။ ဘုရားဖူးများနားနေအိပ်စက်ဖို့ စီစဉ်ပေးတဲ့အခန်းကလည်း လေဝင်လေထွက်မကောင်းတဲ့ အခန်းကျဉ်းလေးမှာ(၅)ယောက် တစ်ခန်းဆိုတော့ ဘုရားဖူးအပန်းပြေခရီးမဟုတ်တော့ဘဲ ငွေကုန်ခံပြီးဒုက္ခခံတဲ့ခရီးသာဖြစ်နေပါတော့တယ်။ မြတ်မော်တင်စွန်းဘုရားကိုသွားမယ်ဆိုရင် မိမိစီးမည့်ကား၏ ဝန်ဆောင်မှု့များကို အသေးစိတ်စုံစမ်းဘို့တော့လိုပါတယ်။ ဘုရားဖူးပို့ပေးတဲ့ အကျိုးဆောင်ကားတော်တော်များများဟာ မိမိတို့ အမြတ်အစွန်းကျန်ဘို့ဘဲကြည့်တတ်တာကြောင့် စေတနာထားပြီး ဘုရားဖူးခရီးသည်များကို ဝန်ဆောင်မှု့ အပြည့်ပေးတဲ့  အကျိုးဆောင်ကားများကိုသာရွေးချယ်သင့်ပါတယ်။ အပြန်ခရီးမှာတော့ ကားသမားတွေရပ်ပေးတဲ့ထမင်းဆိုင်မှာဘဲ ကောင်းလည်းစားမကောင်းလည်းစားပေါ့ … ကားသမားတွေ အတွက်ကတော့ ရှယ်ဘဲ ခရီးသည်တွေအတွက်ကတော့ …… ဟင်းတွေမစုံလင်တော့တဲ့ ဟင်းအိုးတွေနဲ့ဘဲတွေ့ရမှာပါ …. (၁၅-၃-၂၀၁၃)ည ၉းဝဝ နာရီတွင် မြတ်မော်တင်စွန်းသို့(ရွှေလမ်းခရီး)ကားနှင့် လိုက်ပါခဲ့သော ခရီးသည်တစ်ဦး၏ ကိုယ်တွေ့ ဖြစ်ရပ်ကိုတင်ပြခြင်းဖြစ်ပါသည်။


myohtatOctober 3, 20121min1719
ကားကုမ္ပဏီတွေမှာကားဝယ်မယ်ဆိုရင် ကားနဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေအပြည့်အစုံပါမှဝယ်သင့်ပါတယ် … ကျသင့်ကားဘိုးမှာ … 2000000/ကျပ်နှစ်ဆယ်သိန်းချန်ထားပြီး  ဝှီးတက်နဲ့ လိုင်စင်ဘုတ်ထွက်လာရင် ချန်ထားတဲ့ 2000000/ကျပ်နှစ်ဆယ်သိန်းပေးရပါတယ် … ကားကုမ္ပဏီ တော်တော်များများက ဝှီးတက်ဓါတ်ပုံရယ်၊အုံနာဘုတ်ရယ် ပရီမီရံသွင်းထားတဲ့စာအုပ်ရယ် … ဒါဘဲပေးတတ်ကြပါတယ်။ ကားလည်းရပြီ၊ ဝှီးတက်၊အုံနာဘုတ်၊ပရီမီရံစာအုပ် … ဒါတွေရထားပြီဆိုရင် … ပြည့်စုံပြီလို့ထင်ကြပါတယ် … အမှန်တော့မပြည့်စုံသေးပါဘူး … မိမိဝယ်တဲ့ကားနဲ့ပတ်သက်တဲ့ (အခွန်စာရွက်စာတမ်း)တွေလိုအပ်ပါတယ် … ကားကုမ္ပဏီ တော်တော်များများက (အခွန်စာရွက်စာတမ်း)တွေ မပေးကြပါဘူး … ဥပမာ … ဝယ်ထားတဲ့ကားကိုရောင်းမှာတို့ … မိမိအမည်ပြောင်းမှာတို့ဆို … စာရွက်စာတမ်းအပြည့်အစုံရှိမှအဆင်ပြေမှာပါ .. စာရွက်စာတမ်းဆိုတာ … တချိန်မှာမိမိအတွက် အရေးကြီးနေတတ်ပါတယ် … ဘယ်ကိစ္စမဆို အားလုံးပြည့်စုံထားသင့်ပါတယ်။ အဆင်မပြေရင် ကျွန်တော်တို့ကိုလာပြောပါ အဆင်ပြေအောင်လုပ်ပေးပါ့မယ်ဆိုတဲ့စကားကိုယုံကြည်ပြီးအေးအေးဆေးဆေး မနေသင့်ပါဘူး … […]


myohtatSeptember 23, 20121min1518
ကျွန်မ .. ဒေါ်ငွေရည်စိုး .. နိုင်ငံသားအမှတ် (ရ/ညလပ(နိုင်)113030 ) ပဲခူးတိုင်းဒေသကြီး၊ညောင်လေးပင်မြို့နယ် ဝင်္ဂဘော်ကျေးရွာနေသူသည် (15-5-2012) ည (7း30)နာရီ ခန့်အချိန် တရွာထဲနေ အောင်ကျော်လင်း(ခ)ဖိုးလင်း ဆိုသူမှ အရက်မူးပြီး ပိတ်ထားသောတံခါးအားကန်ဖွင့်ခြင်း မကြားဝံ့မနာသာ ဆဲဆိုရန်ဆခြင်းများပြုလုပ်နေပါသဖြင့် ထိမ်းသိမ်း အရေးယူပေးပါရန် ပြွန်တန်ဆာရဲစခန်းသို့  ည .. (8း30)နာရီ ခန့်တွင်တိုင်ကြားခဲ့သော်လည်း အရေးယူဆောင်ရွက်ခြင်း မရှိပါသဖြင့် (16-5-2012) နေ့ (9း30)နာရီ ခန့်တွင် ပြွန်တန်ဆာရဲစခန်းသို့သွားပြီး ထပ်မံတိုင်ကြားခဲ့ရာ ပြွန်တန်ဆာရဲစခန်းမှုးမှ အရေးယူဆောင်ရွက်ပေးခြင်းမရှိသည့်အပြင် ကျွန်မအား အော်ဟစ်မောင်းထုတ်ခဲ့ပါသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ (ကူညီပါရစေ) ဟု ချိတ်ဆွဲထားသော ဆိုင်းဘုတ်လေးကိုကြည့်ပြီး မျက်ရည်ကျမိပါသည် … ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး ဟု ရဲစခန်းတိုင်းတွင်ချိတ်ဆွဲထားသည်ကိုမှမလေးစားဘဲ အကူအညီတောင်းသောပြည်သူ တဦးအား ရိုင်းပြစွာ အော်ဟစ်ကြိမ်းမောင်း မောင်းထုတ်ခြင်းမှာလည်း(လုံးဝ)မဖြစ်သင့်ပါ […]


myohtatApril 15, 20121min13011
၁၂-၄-၂၀၁၂ သင်္ကြန်အကြိုနေ့ နေ့လည် ၁၂-၃ဝ နာရီခန့်က မန္တလေးမြို့(ရတနာပုံဈေး)ရှေ့မှာ မျဉ်းဖြတ်က တဖက်ယာဉ်ကြောကိုကွေ့ဘို့ အချက်ပြမီးပြပြီးရပ်ထားတဲ့ (Caldina Van)ကားကို အရက်အလွန်အကျွံမူးနေတဲ့ (ယာဉ်ထိန်းရဲ)က ဆိုင်ကယ်နဲ့ ဝင်တိုက်ခဲ့ပါတယ် .. ဆိုင်ကယ်နဲ့တိုက်မိလို့ (Caldina Van)ကားရဲ့ အနောက်ဖက် ဘယ်ဘက်ကမီးလုံးကွဲသွားပြီး ဘယ်ဘက်အနောက်ဘေးခြမ်းကဆေးတွေပါပွန်းကုန်ပါတယ် … သူမောင်းလာတဲ့ အရှိန်ကို အရက်မူးနေတဲ့အတွက် မထိမ်းနိုင်ဘဲ သွားတိုက်တာပါ .. ကားကိုနောက်ကတိုက်မိပြီး သူစီးလာတဲ့ဆိုင်ကယ်လဲသွားပါတယ် … (စာကားပြောစက်)လည်း ဘေးကိုလွင့်ကျသွားပါတယ် … ဆိုင်ကယ်ကို ပြန်ထူပြီး မောင်းပြေးမလို့လုပ်တုန်း ကားပေါ်မှ ယာဉ်ပိုင်ရှင်က ကားတံခါးကိုဖွင့်ပြီး ဆိုင်ကယ်ကို နောက်ကဆွဲထားလိုက်လို့ မောင်းပြေးလို့ မရတော့ပါဘူး … တာဝန်မဲ့စွာနဲ့ ထွက်ပြေးမလို့လုပ်တဲ့ အတွက် ယာဉ်ပိုင်ရှင်လည်း ဒေါသတော်တော်ထွက်သွားပုံရပါတယ် … ဆိုင်ကယ်နဲ့တိုက်တဲ့ (ယာဉ်ထိန်းရဲရဲ့ အင်္ကျီကနံပါတ်က […]


myohtatMarch 24, 20121min16812
ကြေးမှုံသတင်းစာတိုက်မှာ (ကြော်ငြာ)ထည့်မယ်ဆိုရင် … (အမြန်ကြေး)ပေးမှသာ ရက်မကြာခင်မှာပါပြီး သတ်မှတ်ထားတဲ့အတိုင်းပေးလို့ကတော့ (၁၀)ရက်နေလို့တောင် ပါမှာမဟုတ်ပါဘူး … ကျုပ်ကိုယ်တွေ့ပါ … ကိစ္စတစ်ခုနဲ့(ကန့်ကွက်နိုင်ကြောင်း) (ကြော်ငြာ)သွားထည့်တာ သတင်းစာတိုက်ကို(၂)ခေါက်သွားရတယ် … (၁၃)ရက်ကြာမှ ပါလာတယ် … အသိတယောက်နဲ့တွေ့မှ (အမြန်ကြေး)ပေးရမှန်းသိတာ … ကျုပ်ကလည်းတော်တော်လေးကို အ ပါတယ် … လတ်ပေးလတ်ယူတာတွေ အရေးယူနေတယ်ဆိုတော့ မပေးရဲဘူးလေ … ကံကောင်းလို့ပေါ့ (၁၅)ရက်သာကြာရင် ကျုပ်ပြသနာတက်ပြီ .. အရေးတကြီးကိစ္စရှိလို့ သတင်းစာတိုက်သွားရင် (အမြန်ကြေး)လေးတော့ အပိုဆောင်သွားကြအုံးနော် … သတင်းစာတိုက်မှာ စာရေးမ(၃)ယောက်ရှိတယ် သူတို့ကို (တိုးတိုးတိတ်တိတ်)ပေးရတာ … ဘယ်သူမှမပြောကြနဲ့နော် ….


myohtatJanuary 29, 20121min14915
ကျုပ်ငယ်စဉ်ဘဝက … ကျုပ် အဖိုးပြောပြဘူးတာလေး သတိရလို့ပါ … အင်္ဂလိပ်ခေတ်က ကျုပ်အဖိုးနေတဲ့ရွာလေးမှာ သူကြီးသားရဲ့သူငယ်ချင်း ချက်ကြီး ဆိုတာရှိတယ်တဲ့ … ချက်ကြီးဆိုတဲ့ကောင်က တောသားပေမဲ့ လူရည်လည်တယ် အရိပ်အကဲ နားလည်တယ် … သူကြီးသားရဲ့ အခင်မင်ဆုံး ငယ်သူငယ်ချင်း … သူကြီးမိသားစုနဲ့ပါတ်သက်သမျှ .. ဘာမဆိုအကုန်လုပ်ပေးတယ် … ရွာမှာ ကြက်ဝိုင်းလုပ်တာတို့ ဖဲဝိုင်းလုပ်တာတို့ ချက်ကြီးကိုအကြောင်းကြားထားရင် .. ပွဲပြီးဘဲ … သူက … သူကြီးရဲ့သား သူငယ်ချင်းလေ .. သိတယ်မဟုတ်လား .. ရွာမှာရှိတဲ့ လူကြီး လူငယ် ကာလသား အားလုံး ချက်ကြီးကိုဘဲ ကြောက်နေရတယ်။ နောက်ဆုံး ရွာထဲမှာ ကိစ္စရှိရင် သူ့ဘာသာဘဲ အမိန့်ထုတ်လိုက်တယ် … ပုံ/ ချက်ကြီး […]


myohtatJanuary 26, 20121min11010
ကျုပ်က .. နိုင်ငံရေးလည်းမလုပ်ဘူး … ဘယ်ပါတီမှလည်းမပါဘူး … ဒါပေမဲ့ ပြောစရာရှိတာလေးတွေတော့ ပြောရအုံးမယ် … တချို့သော(Post)တွေမှာ ဒေါ်စုနဲ့ပါတ်သက်ပြီး မိုက်မိုက်ရိုင်းရိုင်းစော်ကားထားတာတွေဖတ်ရပါတယ် .. အဓိကအချက်က နိုင်ငံခြားသားကိုယူလို့တဲ့  … မင်းတို့တွေကိုပြောချင်ပါတယ် .. လူဟာလူဘဲလေကွာ .. ကိုယ်ကျင့်တရားကောင်းရင် ဘယ်နိုင်ငံသားဘဲဖြစ်ဖြစ်လေးစားကြရမှာဘဲ … ဒေါ်စုယောက်ျားဟာ နိုင်ငံခြားသား တဦးဖြစ်တာကလွဲလို့ ဘာပြစ်ချက်တွေရှိနေသေးလို့လဲ … မင်းတို့ကောင်တွေထက် ပညာတတ်တယ် သိက္ခာသမာဓိ ရှိတယ် .. နိုင်ငံခြားသားတွေမှန်သမျှ မကောင်းဘူးလို့ဆိုချင်တာလား … အဲဒါဆိုရင်တော့ သူတို့တွေ တီထွင်ထားတဲ့ နည်းပညာတွေပါ မင်းတို့မသုံးကြနဲ့ပေါ့  … ဒို့နိုင်ငံကို နယ်ချဲ့အင်္ဂလိပ်တွေသိမ်းပိုက်ခဲ့သလို .. ဒို့မြန်မာတွေလည်း ယိုးဒယားနိုင်ငံကိုသိမ်းခဲ့ဘူးတာဘဲ … သမိုင်းကိုပြန်လှန်ရင် ဒါတွေကဖြစ်ခဲ့ပြီးသားတွေပါ … ယောက်ျားနဲ့မိန်းမယူကြတာ နိုင်ငံရေးနဲ့ဆိုင်လို့လား … […]


myohtatJanuary 26, 20121min1117
လေးသချေင်္နှင့် ကမ္ဘာတသိန်း တွက်ကိန်းပြည့်ထ၊လုံ့လသည်းစွာ၊ဒါနပါရမီ၊သီလပါရမီ၊နိက္ခမပါရမီ ဝိရိယပါရမီ၊ခန္တီပါရမီ၊ပညာပါရမီ၊သစ္စာပါရမီ၊မေတ္တာပါရမီ၊အဓိဌာန်ပါရမီ၊ဥပေက္ခာပါရမီ၊ပါရမီဆယ်ပါး အပြားသုံးဆယ်ကိုဖြည့်ပြီး ဘုရားရှင်ကိုယ်တော်မြတ်အားစောင့်ရှောက်တော်မူသော နတ်လည်းသတ် ၍ မနေ သေပါစေသား။ သွားတော်လေးဆယ်၊စွယ်တော်လေးချောင်း၊ညှပ်ရိုးတော်နှစ်ချောင်း၊ဓါတ်တော်ပေါင်းရှစ်ရွတ်ကို စောင့်သော နတ်လည်း သတ် ၍ မနေသေပါစေသား။ လက်ျာရံ ရှင်သာရိပုတ္တရာ၊လက်ဝဲရံ ရှင်မောဂ္ဂလာန်စသော ရဟန္တာမြတ်တို့၏ ဓါတ်တော် မွေတော်ကိုစောင့်သော နတ်လည်း သတ် ၍ မနေသေပါစေသား။ ဘုရားရှင်ဟောတော်မူသော ဝိနည်းငါးကျမ်း၊သုတ်သုံးကျမ်း၊အဘိဓမ္မာခုနှစ်ကျမ်း၊ပိဋကတ်သုံးပုံ၊မမ္ဗခက္ခ န္တာ အပေါင်းရှစ်သောင်း လေးထောင် ကျမ်းကုန်အောင်စောင့်သောနတ်လည်း သတ်၍ မနေသေပါစေသား။ သာမဗေဒင်၊ယဇုဗေဒင်၊ဣသျှူဗေဒင်၊အာတပ္ဗနဗေဒင်လေးပုံကိုစောင့်သော နတ်လည်း သတ်၍မနေ သေပါစေသား။ သာသနာတော်ငါးထောင်ကို စောင့်သောနတ်လည်း သတ်၍မနေ သေပါစေသား။ ဇမ္ဗူဒီပါ၊အပါရဂေါယာ၊ဥတ္တရကုရု၊ပြုဗ္ဗ္ဗဝိဒေဟာ၊ကျွန်းကြီးလေးကျွန်း၊ကျွန်းငယ်နှစ်ထောင်၊အရံဆောင်သော ကျွန်းအပေါင်းကို စောင့်သောနတ်လည်း သတ်၍မနေသေပါစေသား။ မြစ်ကြီးငါးသွယ်၊မြစ်ငယ်ငါးရာ၊ဂင်္ဂါယမုံနာ၊အစီရဝတီမဟီ၊အရဘူ ဟူသည်မကြွင်း အိုင်၊အင်း၊ချောင်း၊မြောင်း၊အပေါင်းတို့အား စောင့်သော နတ်လည်း သတ်၍မနေသေပါစေသား။ ဟိမဝန္တာ၊တောသုံးထောင်ကိုစောင့်သော၊ အာကာသစိုး၊ဗိဿနိုး၊ဘုတ်ပြိတ်နတ်လည်း သတ်၍မနေ […]


myohtatJanuary 12, 20121min14710
မြန်မာနိုင်ငံတော် လောင်းကစားဥပဒေ(The Burma GamblingAct 1899)ကို ဧပြီလ(၂၂)နေ့တွင် ပြဌာန်းခဲ့ပါသည်။ 1899 ခု ဥပဒေသည် ရှမ်းပြည်နယ်တွင် သက်ရောက်ခြင်းမရှိသည့်အပြင် လောင်းကစားမှု့ ဖမ်းဆီးမိပါက ငွေဒါဏ်သာဆောင်ကြရသည့်အတွက် ပျော့ကွက်ဟာကွက်များနှင့် အရေးယူမှု့အားနဲချက်များကို အခွင့်ကောင်းယူကာ လောင်းကစားမှု့များ ကျယ်ပြန့်များပြားလာခဲ့ပါသည်။ ထို့ကြောင့် …. 1899 ခုနှစ် လောင်းကစားဥပဒေကိုဖျက်သိမ်းပြီး …    1986 ခုနှစ် အောက်တိုဘာလ(21)ရက်နေ့တွင် ပြည်သူ့လွှတ်တော် ဥပဒေအမှတ် (6) ဖြင့်  လောင်းကစားဥပဒေကို ပြင်ဆင် ပြဌာန်းခဲ့ပါသည်။ လောင်းကစားဥပဒေ ပုဒ်မ(၁၀)တွင် … မည်သူမျှ ခွင့်ပြုချက်မရှိဘဲ ထီ သို့မဟုတ် ကံစမ်းကစားနည်းအမျိုးမျိုးအား စီမံခန့်ခွဲခြင်း ထိုကံစမ်းကစားနည်းကို အကြောင်းပြုပြီး အကျိုးအမြတ်ရယူခြင်း လောင်းကြေးအဖြစ်လက်ခံခြင်း တနည်းနည်းဖြင့် အားပေးကူညီခြင်းများ မပြုရဟု ပြဌာန်းထားပါတယ်။ ယခု .. […]


myohtatDecember 26, 20111min19311
ပုဂံအနော်ရထာမင်းလက်ထက် မြတ်စွာဘုရား၏ စွယ်တော်ပွားများကို တန့်ကြည်တောင်၊တုရင်းတောင်၊လောကနန္ဒာ၊ရွှေစည်းခုံစေတီ တို့တွင် ဌာပနာခဲ့သည် .. နောက်ဆုံး ပဉ္စမမြောက် စွယ်တော်ပွားကို မြစ်သားမြို့နယ် ကူမဲမြို့ အရှေ့တောင်ဘက် ပြက္ခရွေတောင်ပေါ်ရှိ ပြက္ခရွေစေတီတော်တွင် ဌာပနာခဲ့သည်။ မြန်မာနိုင်ငံ၏ ဗဟိုချက် အမှတ်အသား ကျောက်တိုင်ကို မြန်မာနိုင်ငံမြေတိုင်းအဖွဲ့မှ ပြက္ခရွေစေတီတော် အနီးတွင်စိုက်ထူထားပါသည် … ကမ္ဘာ့တည်နေရာပြစနစ်(GPS)တိုင်းတာချက်အရ မြန်မာနိုင်ငံ အလယ်ဗဟိုချက်သည် မြောက်လတ္တီတွဒ်(21)ဒီဂရီ(12)ဒသမ(695)မိနစ် အရှေ့လောင်ဂျီတွဒ် (96)ဒီဂရီ(14)ဒသမ(795)မိနစ်တွင် တည်ရှိပါသည်။ ကျောက်တိုင်စိုက်ထားရာ ပြက္ခရွေတောင်သည် (3750)ပေမြင့်ပါသည်။ မှတ်ချက် ။ ။  ပညာတွေအများကြီးတတ်တိုင်း ဗဟုသုတနည်းသူတွေရှိတတ်သလို ပညာသိတ်မတတ်ပေမဲ့ ဗဟုသုတကြွယ်ဝသူတွေရှိတတ်ကြပါတယ် … တဦးနှင့်တဦး မိမိသိထားတာလေးတွေကို မျှဝေပေးကြတာ မင်္ဂလာရှိတဲ့ မျှဝေမှု့တွေပါ … မိမိသိထားပေမဲ့ အခြားသူသိချင်မှ သိမှာပါ .. နည်းပညာဆိုဒ်တွေ၊ဗဟုသုတနဲ့ ပါတ်သက်တဲ့ ဓါတ်ပုံတွေ […]


myohtatDecember 23, 20111min1091
ကျုပ် .. တွေ့ကြုံဘူးတာလေးကို တင်ပြလိုက်တာပါ .. တခါက .. မြို့နယ်တခုရဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ လုပ်ငန်းတခုနဲ့ပါတ်သက်ပြီး အစည်းဝေးလုပ်တယ် … မြို့နယ်အုပ်ချုပ်ရေးမှူးဆိုသူက သူ့ကိုယ်သူမိတ်ဆက်ပေးပြီး … ဒီလုပ်ငန်းစဉ်နဲ့ပါတ်သက်ပြီး မကျေနပ်ချက်တွေ မရှင်းလင်းတဲ့အချက်တွေရှိခဲ့ရင်လွတ်လပ်စွာ တင်ပြနိုင်ပါတယ်လို့ လမ်းကြောင်းဖွင့်ပေးခဲ့ပါတယ် … ကျုပ်ကထပြီး .. မရှင်းလင်းတာတွေကိုမေးခဲ့တယ် … တကယ်တမ်းကျတော့ .. သူ … လုံးဝမဖြေနိုင်ပါဘူး .. သူ့နားမှာရှိတဲ့ စာရေးမကို လုပ်ငန်းနဲ့ဆိုင်တဲ့ ဥပဒေ စာအုပ်ကိုသွားယူခိုင်းပြီး … စာဖတ်သလိုဖတ်ပြခိုင်းတယ် … အရာရှိတစ်ယောက်လုပ်နေပြီး မိမိလက်အောက်က စာရေးကို အကူအညီပြန်တောင်းရတဲ့ဘဝ .. တကယ်တမ်းလေ့လာကြည့်မယ်ဆိုရင် .. ရုံးတိုင်းလိုလိုမှာ(ဆရာ) လို့သာအခေါ်ခံနေကြရပြီး … လုပ်ငန်းနဲ့ပါတ်သက်ပြီးဘာမှနားမလည်ကြဘဲ … အချောင်ခို .. အချိန်တန်တော့ လစာထုတ် […]