Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ပုံ/ ချက်ကြီး … သူကြီးသားသူငယ်ချင်း …

myohtatJanuary 29, 20121min44015

ကျုပ်ငယ်စဉ်ဘဝက … ကျုပ် အဖိုးပြောပြဘူးတာလေး သတိရလို့ပါ …
အင်္ဂလိပ်ခေတ်က ကျုပ်အဖိုးနေတဲ့ရွာလေးမှာ သူကြီးသားရဲ့သူငယ်ချင်း ချက်ကြီး ဆိုတာရှိတယ်တဲ့ …
ချက်ကြီးဆိုတဲ့ကောင်က တောသားပေမဲ့ လူရည်လည်တယ် အရိပ်အကဲ နားလည်တယ် … သူကြီးသားရဲ့
အခင်မင်ဆုံး ငယ်သူငယ်ချင်း … သူကြီးမိသားစုနဲ့ပါတ်သက်သမျှ .. ဘာမဆိုအကုန်လုပ်ပေးတယ် …
ရွာမှာ ကြက်ဝိုင်းလုပ်တာတို့ ဖဲဝိုင်းလုပ်တာတို့ ချက်ကြီးကိုအကြောင်းကြားထားရင် .. ပွဲပြီးဘဲ … သူက …
သူကြီးရဲ့သား သူငယ်ချင်းလေ .. သိတယ်မဟုတ်လား .. ရွာမှာရှိတဲ့ လူကြီး လူငယ် ကာလသား အားလုံး ချက်ကြီးကိုဘဲ
ကြောက်နေရတယ်။ နောက်ဆုံး ရွာထဲမှာ ကိစ္စရှိရင် သူ့ဘာသာဘဲ အမိန့်ထုတ်လိုက်တယ် …
ပုံ/ ချက်ကြီး … သူကြီးသားသူငယ်ချင်း .. တဲ့ …
ကိုလိုနီခေတ်မှာ ချက်ကြီးလိုလူမျိုးရှိခဲ့တာ တကယ်တော့ မထူးဆန်းပါဘူး … ထူးဆန်းတာက အခုခေတ်မှာ ချက်ကြီးလို
လူတွေ ရှိနေတာ ထူးဆန်းတယ် … နိုင်ငံတော်သမ္မတ ကိုယ်တိုင်က ဥပဒေအထက်မှာ ဘယ်အရာမှ မရှိဘူးလို့ ဆိုထားပေမဲ့
ဥပဒေအထက်မှာ ချက်ကြီးလိုကောင်တွေရှိနေသေးတာ မသိကြလို့လား မသိချင်ယောင်ဆောင်နေကြတာလား ..
ဒီနိုင်ငံအတွက် ဒီဥပဒေဟာ နိုင်ငံသားအားလုံးကို သက်ရောက်သင့်တယ် … အခုတော့ ဥပဒေကထုတ်သာထားတယ် ..
ပါတ်သက်ရာ ပါတ်သက်ကြောင်းတွေဆို ဥပဒေဆိုတာမရှိတော့ဘူး … နိုင်ငံသားတိုင်း ဥပဒေကို လေးစားကြရမယ်လို့
ကြွေးကြော်နေကြပေမဲ့ .. တရားမျှတတဲ့ ဥပဒေ ကျုပ်တို့နိုင်ငံမှာ မရှိသေးဘူး ဖြစ်နေတယ်။ ကဲ … ဒါဆို .. ကျုပ်တို့ ဘာလုပ်ကြမလဲ ..
ဘာမှလုပ်လို့ မရဘူး .. ဝန်ကြီးတွေ၊တပ်မတော်ကအရာရှိကြီးတွေ၊သူတို့သားသ္မီးတွေ၊ချက်ကြီးလိုကောင်တွေ … သူတို့က ဥပဒေရဲ့
အပေါ်မှာ နေရာယူပြီးထိုင်နေကြတယ်လေ …
လေးစားစွာဖြင့် …. မျိုးထက်

15 comments

  • ဂေဇက်မှာလည်း
    ချက်ကြီးအမျိုးတွေရှိပါတယ်
    ဘယ်သူတွေလဲဆိုတာ သိချင်ရင်
    ကတ်ချုပ်ကြီးကို မေးကြည့်ပါ …………
    ………………………………………………
    ကျွန်တော်တို့ကျောင်းတုံးက ဥပေဒေအထက်မှာ ဘယ်သူမှ မရှိဘူးလို့ ပြောတိုင်း
    ကျွန်တော်တို့အပေါ်က သမိုင်းမေဂျာ ကို ပြေးမြင်မိပါတယ် …..

    ကိုမျိုးထက်ရဲ့ နောက်ထပ် စာများကို စောင့်မျှော်လျှက် ….

    • ဘမျိုး ဘိုးတူ

      January 29, 2012 at 6:56 pm

      ဂေဇက်မှာကွယ် တဂျီးတား သူငယ်ချင်း ချက်ကြီး ၊ ချက်လတ် ၊ ချက်သေး ၊
      ချက်ပိညပ် ၊ ချက်မှင်စာ၊ ချက်ဘုစုခရု စုံနေအောင် မြင်တွေ့နေရတယ် မြေးလေးတို့၊
      အပေါ်မှာ နေရာထိုင်ခင်း အသင့်တင့်နဲ့ မိန့်မိန့်ကြီး ထိုင်နေကြသကွယ့် ၊
      လူကလေးတို့ ဘာလုပ်ချင်ကြသလဲ ၊ အဘိုး တော့တတ်နိုင်ဘူးကွယ် ။

      • စိန်ပေါက်ပေါက်

        January 29, 2012 at 7:02 pm

        ဟလူ
        ဘာလဲဂျ
        ကျုပ်တို ့တဂျီးက လူပြိုဂျီးဗျ..အဲတော့ သဂျီးသားဆိုတာလဲ မရှိဘူး..
        မယုံရင် သဂျီးကဒေါ်ကိုမေးကြည့်

        • ဘမျိုး ဘိုးတူ

          January 29, 2012 at 7:31 pm

          သဟာဖြင့် ခက်ချေပီ၊ သဂျီးတူမ ဆိုလား ဘာလား မသိကွယ့် ၊
          ဟိုဒင်းကွယ် ချောချောလှလှလေး လူလေး သိတယ်မှတ်လား ၊
          အမေဂျီးကား မသွားခင် ရခဲ့တဲ့ သားလေး ရှိတယ် ဆိုတာ သူ့တူမ ပြောသကွယ့်။

  • စိန်ပေါက်ပေါက်

    January 29, 2012 at 5:00 pm

    သဂျီးသားနဲ ့ ချက်ကြီး
    အဲမှာ စဉ်းစားရခက်တာက သဂျီးသားက ချက်ကြီးကို ပေါင်းတာလား..
    ချက်ကြီကသဂျီးသားမိုလို ့ပေါင်းတာလား.. ဇဝေဇဝါ
    အရင်ခေတ်နဲ ့ အခုခေတ် ယှဉ်ပြီး..မဝေခွဲတတ်သေးဘူးဂျာ.. 🙄

    ကျနော်ကတော့
    သဂျီးသား ရဲ့ဘော်ဒါ ချက်ကြီးရဲ့ အကိုရဲ့ ဘော်ဒါ ချက်သေး ဖြစ်ပါတယ်.. 😆

    • water-melon

      January 29, 2012 at 5:15 pm

      ချက်သေးရေ ဟိုတစ်နေ့က BE အကြွေးလေးလာပေးပါအုန်းကွယ်
      ဘေမှတ်ရလွန်းလို့ အိမ်က ကျောက်သင်ပုန်းတောင် မဆန့်တော့ဘူးကွယ်

      ပုံ/
      ချက်သေး အို့ပါးချက်လတ် 😎

  • water-melon

    January 29, 2012 at 5:01 pm

    မှန်ပါ့မှန်ပါ့မှန်ပါ့
    မှတ်သားထားပါ့မယ်
    တကယ်ဆိုရင် အရာရှိတွေကို သိပ်မကြောက်ရဘူး
    သူ့သားသမီးတွေကို ကြောက်နေရတဲ့ဘဝ
    background အားကိုးနဲ့ မိုက်နေတာကြ

    ဖရဲလဲ background မိုက်လိုက်အုန်းမယ်
    ငါ့ကွ ညင်းညင်းညင်း 😎

    • water-melon

      January 29, 2012 at 7:49 pm

      လက်တီးပုန်း အနီမကျေနပ်ရင်ေ ပါ်တင်ချဲကွ
      မိန်းမလို မိန်းမရမလုပ်နဲ့

  • windtalker

    January 29, 2012 at 7:28 pm

    ချက်စူ တို ့ချက်ဖို တို ့ချက်မ တို ့အကြောင်းလေးတွေ လဲ ဆက်ရေးတင်ပါဦးနော 🙂

  • ရွာစားကျော်

    January 29, 2012 at 7:59 pm

    ချက်စူတို့ ချက်ဖိုတို့ အကြောင်းတိချင်ဘူး
    ချက်မလေးပဲ ကြည့်ချင်တယ်..

  • ကြောင်ကြီး

    January 30, 2012 at 9:27 am

    ကြောင်ကြီးက သဂျီးသမီးသူငယ်ချင်း….။ ငှဲလျောင်း ငှဲလျောင်း ငှဲလျောင်း..ဖမ်းကွာ အကုန်လုံးကို ထိပ်တုံးခပ်…။

  • kyeemite

    January 30, 2012 at 10:34 am

    ကျန်သူတွေတော့မပြောတတ်ဘူးဗျို့..ကျုပ်ကတော့ သဂျီးသားသူငယ်ဂျင်းစစ်စစ်..
    မိုက်တဲ့နေရာနှစ်ယောက်မရှိတဲ့..ကြီါ်မိုက်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 30, 2012 at 12:21 pm

    ခင်ဗျားတို့တော့ခက်တော့တာပါဘဲ
    ဒီပို့စ်ရဲ့ဆိုလိုရင်းက မသမာသူလူတွေဟာ ယနေ့စစ်အာဏာရှင်တွေနဲ့ပေါင်းပြီး
    ဥပဒေကို လိုသလိုလက်တစ်လုံးခြားလုပ်ပြီး မသမာအာဇီဝလုပ်ပြီး
    နိုင်ငံတော်နှင့်ပြည်သူတွေအပေါ်ကနေ ဂုတ်သွေးစုတ်နေတယ်ဆိုတာကို
    ရည်ညွှန်းပြောဆိုနေတာကို
    ဘယ့်နှယ်ကြောင့် အရေးမပါတဲ့
    သဂျီးတူမတွေ သဂျီးအမျိုးတွေ ဆိုတာကို
    မလိုအပ်ဘဲလိုက်ပြောနေရတာလဲ 👿
    ပို့စ်တစ်ခုမှာ ခင်ဗျားတို့ ဒီလိုမဆီမဆိုင်တာတွေကိုလိုက်ပြောနေတဲ့အတွက်
    သဂျီးမင်းက ကျုပ်ကို သူ့သမီးတော်နဲ့ပေးစားခြင်နေတယ်ဆိုတဲ့
    ထိပ်တန်းလျှို့ဝှက် ချက်ကြီး ( မှတ်ချက်။ ။ ဒေါက်တာချက်ကြီးမဟုတ်ပါ) ပေါက်ကြားသွားလို့
    သဂျီးမင်းစိတ်ပြောင်းသွားပြီး အစီအစဉ်ရွှေ့ဆိုင်းလိုက်လို့ကတော့
    ကျုပ်ကိုယ်တိုင် ခင်ဗျားတို့ရဲ့အနောက်ဖက်ခြမ်းတွေကို ကြီးကြီးကျယ်ကျယ်ပြဿနာရှာရလိမ့်မယ်
    ဒါဗျဲ

  • char too lan

    January 30, 2012 at 3:57 pm

    တိဒယ်… တိနေဒယ်…
    ဟိုတခါသဂျီးမင်းတင်တဲ့ ပိုစ့်ရဲ့ခေါင်းစဉ်က… ဘာ ပါ လိမ့် ……………
    ဪ…………….
    မှတ်မိပီ “စောက်ချိုးတွေပြင် ဒါပဲ” ……..

    • စိန်ပေါက်ပေါက်

      January 30, 2012 at 4:06 pm

      ဘာရဲဂျာ
      ပြင်ခိုင်းတိုင်းပြင်ရအောင် လူကို ကျောက်ရုပ်စက်ရုပ်ကောပတ်ရုပ်များမှတ်နေလား
      လူမှာ
      အသွေးနဲ ့
      အသားနဲ ့
      ဦးနှောက်နဲ ့
      ပါးစပ်နဲ ့
      နှာခေါင်းနဲ ့
      ဖင်နဲ ့
      လက်နဲ ့
      ခေါင်းနဲ ့ဗျ

      သွားချင်ရာသွားမယ်.
      လာချင်ရာလာမယ်
      ရေးချင်ရာရေးမယ်
      ဖတ်ချင်ရာဖတ်မယ်
      လုပ်ချင်ရာလုပ်မယ် ( အလုပ် )
      ပါချင်ရာ ပါမယ်
      စားချင်ရာ စားမယ်
      ခင်ညား ဆြာချီး လာမလုပ်နဲ ့
      သဂျီးလဲ ဂရုမစိုက်ဘူး
      တဂျီးတူမကလွဲပြီး ဘူ ့မှ ဂရုစိုက်ဘူးဂျာ

Leave a Reply