ဂေဇက်ဘာလဲ..ဘယ်တော့လဲ…
အကြောင်းအရာကတော့ မနေ့က ကိုမိုးသီးရဲ့ဆိုဒ်ထဲမှာပါလာတဲ့…မဇိ္စုမ သတင်းဌာနက မြန်မာပြည်မှာ ရုံးဖွင့်ပြီးတော့ ပြည်တွင်းသတင်းမီဒီယာအဖြစ်သို့ ဝင်ရောက်လာမယ့် အကြောင်းကိုဖတ်မိပြီး…မန်းဂေဇက်လည်း ဘယ်တော့ မြန်မာပြည်မှာ ရုံးဖွင့်နိုင်မလဲပေါ့နော်..ပြည်တွင်းမီဒီယာအဖြစ်ပါပြောင်လဲဖို့ရှိပါသလားဆိုတာကို သိချင်သောစိတ်ပြင်းပြလာသောကြောင့် ဤပို့စ်တင်ကာ သူကြီးအား ဗျူးလိုက်ခြင်းဖြစ်ပါသည်။(သူကြီးက သူများတွေကိုပဲ ဗျူးနေလို့ သူကိုပြန်ပြီး အခွင့်အရေးရတုံးဗျူးရတာခင်ဗျ)…။
မဇိ္စုမသတင်းဌာန၏ အယ်ဒီတယချုပ် ဦးစိုးမြင့်သည် ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်တွေဆုံရန်အပြင် အဆိုပါ ဝန်ကြီးဌာနမှပြုလုပ်သည့် မီဒီယာဖိုလ်ရမ်သို့တက်ရောက်ရန် ဇန်နဝါရီလ ၂၆ ရက်နေ့ ညနေ ကိုးနာရီအချိန်တွင် ရန်ကုန်ပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိခဲ့ပါသည်။
ဦးစိုးမြင့်သည် မြန်မာနိုင်ငံတွင် (၆)ရက်ကြာနေထိုင်မည်ဖြစ်ပြီး၊ မဇိ္စုမ သတင်းဌာနကိုလည်း ပြည်တွင်းသတင်းဌာနတစ်ခုအဖြစ်သို့ပြောင်းလဲနိုင်ရန် အားလုံးနှင့်လက်တွဲကာပူးပေါင်းဆောင်ရွက်ချင်ပါကြောင်း ရန်ကုန်တိုင်းဂျာနယ်သို့ပြောကြားခဲ့ပါသည်။
ကျနော်တို့ရဲ့ မန်းဂေဇက်ကြီးလည်း ပြည်တွင်းမီဒီယာအဖြစ်သို့ရောက်ရှိလာနိုင်စရာမရှိဘူးလို့ ပြောလို့မရပါဘူး…အကယ်၍ မန်းဂေဇက်သည် ပြည်တွင်းမီဒီယာတစ်ခုဖြစ်လာခဲ့ပါက ဆိုတဲ့ အတွေးနဲ့အိပ်၍မပျော်နိုင်သောကြောင့် သူကြီးအားအတင်းလှုပ်နှိုးကာ မေးမြန်းစပ်စုကြည့်မိပါသည်။
ရွာသူရွားသားရော စိတ်ဝင်စားကြပါသလားခင်ဗျာ….
ဓါတ်ပုံ..နှင့်သတင်းကို …http;//www.komoethee.blogspot.com မှ ရရှိပါသည်…။
15 comments
အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ၊ သီရိပျံချီ KING
January 29, 2012 at 4:29 pm
သဂျီး ပြန်လာတာ မလာတာ စိတ်မဝင်စားဘူး
သဂျီး တူမ ပြန်လာမှာကိုပဲ စိတ်ဝင်စားတယ် ….
သဂျီး ရုံးခန်းဖွင့် မဖွင့်စိတ်မဝင်စားဘူး
သဂျီးတူမ ဖွင့်ဖို့ပဲ စိတ်ဝင်စားတယ် … အဲ သဂျီးတူမ ဦးစီးပြီး ဒီမှာရုံးခန်းဖွင့်မှာကို ပိုစိတ်ဝင်စားတယ်လို့ ပြောတာ … ပြောချင်ဇောနဲ့ လောကြီးသွားလို့ … 😛
……………………………………………………
ကိုဇော်မင်းရေ ကိုဇော်မင်းမေးသလို ကျွန်တော်တို့လည်း သိချင်ပါရဲ့
ဒါပေမယ့် သူကြီးက အာဏာတောင် အသိမ်းခံစေချင်နေတာဆိုတော့ ….. 🙂
စိန်ပေါက်ပေါက်
January 29, 2012 at 4:51 pm
dvb ကလဲ မြန်မာပြည်မှာ ရုံးထိုင်ဖို ့ လာဆွေးနွေးမယ်ကြားတယ်..
အဲတော့..
သဂျီးလဲ တစ်ချက်စောင့်ကြည့်လိုက်ပေါ့..(အခြေအနေကိုပြောတာပါ)
သူရို ့အိုကေရင် သဂျီးလဲ အမေဒီကန်ကနေ စကိုက်ပ်နဲ ့ လှမ်းပြီး အဝှာပြု..ဒီဝှာပြု ပြောလိုက်
ဒီကနေသများတို ့ ရုံးခန်းသန် ့ရှင်ရေးလုပ်ထားလိုက်မယ်
ညှင်း..ညှင်း.
water-melon
January 29, 2012 at 5:34 pm
သဂျီး သန့်ရှင်းရေးသမားလိုရင်ပြော ရွာထဲက စိန်ပေါက်ပေါက်ကိုခေါ်ခိုင်း
ဘီအီးလေး ၂ပတ်လောက်ပေးလိုက် မျောက်က ကခိုင်းတောင်ရတယ်
ချစ်လို့ကိုဖော်
လုံခြုံရေးဆိုလည်း ကိစ္စမရှိ ရွာထဲက လူမိုက် ကိုပေ ဂျက်ကီချီးပေ ရှိတယ်
ဓာတ်ပုံဆရာဆိုလည်း အေးဆေး လေးပေါက်၊ ကိုစိန်သော့၊ ကိုဇာဂီ တို့ရှိတယ်
မော်ဒယ်မလေးတွေလည်းရှိတယ် မအီးတုံး၊မနွယ်၊မဆူး၊….etc
မော်ဒယ်ဘွိုင်းနဲ့ သူဂျီးတူမ အတွက်စိတ်မပူနဲ့ ကျွန်တော်ရှိတယ်
ဟီး 😉
ဒါနဲ့ သူကြီးတူမက လန်းလား
alinsett
January 29, 2012 at 6:23 pm
ဂေဇက်ကို ပြည်တွင်း သတင်းမီဒီယာ ကြိး တစ်ခု အဖြစ် မြင်ချင်ပါသေးတယ်။
အခုလို တင်ပြပေးလို ့..ကျေးဇူးးပါပဲ..ကိုဇော်မင်းရေ…
windtalker
January 29, 2012 at 6:54 pm
သဂျီး အခု ယူအက်စ် မှာ စီအိုင်အေ နဲ ့အထူးညှိနှိုင်းဆွေးနွေးနေတယ်တဲ့ ။
ဘိရုမာ မှာ ရုံးဖွင့်ရင် “ပေါက်ဖော်” ကို ဦးစီးခိုင်းမှာ တဲ့ ။
ဂေဇက်အကျိုးကိုဆောင်မယ့် ရွာသူား အားလုံးကို အခြေခံ စလာရီ ဒေါ်လာတစ်ထောင် + အကျိုးခံစားခွင့်များစွာ စီစဉ်ထားပါတယ် တဲ့ ။
( သဂျီးအူးခိုင် ၏ လွှဲအပ်ချက် အရ )
အမိန် ့ရအပေါင်ဆိုင် အဲလေ..မွှားလို ့
အမိန် ့ပြန်ပေးသူ = မောင်ပေ
kotun winlatt
January 29, 2012 at 7:17 pm
ဖြစ်လာပါစေကြောင်း ဆုတောင်းပါတယ်ခင်ဗျာ…
တဂျီးးရေ အူးးတာဗျင်လေးးးကို လာဖြေပါဦးးးဗျို့….။
naywoonni
January 29, 2012 at 7:41 pm
သူကြီး ဘီယာနဲ့ ကိုဘေးနွားကင်မြည်းတုန်း ပြီးရင်လာလိမ့်မယ်…။ စောင့်နေ…။
ရွာစားကျော်
January 29, 2012 at 7:51 pm
ကြားဖြတ်ရွေးကောက်ပွဲ အမီ ပြန်လာမှာတဲ့
ရွာသူရွာသားတွေ ညှော်လွန်းလို့ သကြီးမလုပ်တော့ဘူး
ဲပြည်တော်ပြန်ပီး အမတ်လုပ်မှာ တဲ့
zaw min
January 29, 2012 at 11:46 pm
သူကြီးအိပ်ပျော်နေ၍ အကြောင်းမပြန်နိုင်သေးပါဘူးခင်ဗျာ…အကယ်၍ မန်းဂေဇက်သည်ပြည်တွင်း မီဒီယာအဖြစ်သို့ပြောင်းလဲလာခဲ့မည် ဆိုပါက ရွာသူရွားသားက မည်သို့ကြိုဆိုကြပါမယ်ဆိုတာကိုလည်းသိချင်ပါတယ်။
မန်းဂေဇက်ကို ပြည်တွင်းမီဒီယာအဖြစ်သို့ပါ မြင်တွေ့ချင်ပါတယ်ဆိုရင် အစိမ်းပေါင်းထည့်၍ လည်းကောင်း…
ဒီအတိုင်းပဲ ဆက်ရှိစေချင်ပါတယ်ဆိုရင်တော့ ဒီအတိုင်းပဲထားပေါ့ဗျာ…
ကိုယ်ဘာသာကိုယ် Poll လုပ်ကြည့်တာပါ…။
ကြက်ဖင် ( အကယ်ဒမီ )
January 30, 2012 at 11:22 pm
ကျုပ်ကလာဂျင်ဘာဒယ်
ခင်ဗျားတို့ သိထားဘို့ဂ ဒီဆိုဒ်မှာ ခင်ဗျားတို့ကို စိတ်ရှိလက်ရှိ
လွပ်လပ်စွာပြောဆိုခွင့်တွေပေးထားတာ
ခင်ဗျားတို့ပေါက်လွတ်ပဲစား ( ကိုပေါက် ပဲဟင်းစားသလို )
ပြောခြင်တိုင်းပြောဆဲခြင်တိုင်းဆဲနေတဲ့ဟာကို
ကျုပ်က လွပ်လပ်ခွင့်ပေးထားတဲ့ ( ကောင် ) ( အရာရှိကို ( အကောင် ) ဟုခေါ်သှ် ) )
တစ်ခြားမကြည့်နဲ့ မိုက်ကယ်ဂျော်နီအောင်ပု ဆိုတဲ့ကောင် ဘယ်လောက်မိုက်ရိုင်းလဲ
နိုင်ငံဒေါ်လူဂျီးဒွေကို စော်ဂါးဒယ် ကျုပ်ဂိုဆဲဒယ် ကျုပ်သမီးကို ကြံစည်ဒယ်
ကျုပ်နွားလဲလူခိုး ကျုပ်သမီးလဲ
ကျုပ်သမီးလဲ
ကျုပ်သမီးလဲ
ကျုပ်သမီးလဲ …???????????????????
ဒင်းဂိုသတ်မယ်
ဒင်းဂိုသတ်မယ် 👿
captainamerica
January 30, 2012 at 10:47 pm
့ပြည်တွင်းမှာ မီဒီယာတစ်ခုအဖြစ်တကယ်ကိုမြင်ချင်ပါတယ်။လက်ရှိဒီရွာသူ/သားတွေကပဲ
သတင်းထောက်ကြီးတွေဆက်လုပ်ပေးကြပေါ့ 🙂
Thaw Zin Loikaw
February 17, 2012 at 8:00 pm
အင်း ဖြစ်လာရင်တော့ကောင်းတယ်..။ ဘယ်တော့လဲ…ဘယ်လောက်ကြာမှာလဲဆိုတာတော့ သူကြီးပဲ သိမှာလေနော့..ဒါပေမယ့် အကောင်အထည်ဖော်ပေးစေလိုပါတယ်လို့တော့ ပြောရမှာပါပဲ…။ ပြည်တွင်းမှာ လာရောက်ပြီး မီဒီယာတစ်ခုအဖြစ်ရပ်တည်မယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့..။ မကြာမှီ လာမည် မျှော်လား……သူကြီးရေ…ကဲကဲ ဂေဇက်က မန်ဘာတွေလည်း ဝိုင်းဝန်း ဆော်ဩလိုက်ကြပါဦး အ..ထ မြောက်သွားအောင်..
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
February 17, 2012 at 11:45 pm
သူကြီးဆီက သဘောထားလေးပြောပြပေးပါလား။ကျနောတို ့ကတော့ စိတ်ပါဝင်စားတာအမှန်ပါဘဲဗျာ။
kai
February 18, 2012 at 12:00 am
မြန်မာပြည်မှာ ပြန်လုပ်ဖို့အစီအစဉ်တော့ ရှိပါတယ်..
မန္တလေးဂေဇက်က.. မြန်မာပြည်ကနေ..ဟိုးအရင်ကတည်းကတည်းက.. ကြည့်လို့ရနေပြီး.. အခုလည်းရနေတာပါ..
ဆိုတော့..
တခြားမီဒီယာတွေနံ ပုံစံတူမယ်တော့မထင်ဘူး..။
..
အဲလောက်ပဲ…။ 🙂
ကြောင်ကြီး
February 18, 2012 at 10:50 am
အခြားဟာတွေနဲ့ ပုံစံမတူဘူးဆိုတော့ သဂျီးထုတ်မဲ့စာစောင်က ကင်းမြီးကောက်ထောင် ဇောက်ထိုးမိုးမျှော် ဖြစ်မှာမိုလို့လား…။ 🙄