ကျုပ်တို့ သဂျီး နှင့် သူ၏ ဗြုတ်စဗျင်းတောင်းများ
ဗျို့ သဂျီး
ကြည့်မရတာကြာလို့ ဆော်ပြီ မှတ်ပါ။
တခြားဟုတ်ရိုးလားဗျာ။ ရွာထဲ က ပိုစ့်တွေကို Category ခွဲတဲ့ ကိစ္စပေါ့။
ဘယ်လိုခွဲသင့်တယ် ဆိုတာတော့ မပြောပါဘူး။ (ကျနော် က press pro မဟုတ်တာကြောင့်)
ဘာတွေ လွဲနေသလဲ ဆိုတာတော့ ဆွေးနွေးချင်ပါတယ်။ ထင်ရာမြင်ရာလည်း ပြောပါအုံးမယ်
ရွာသူားတွေလည်း ဘယ်ဟာတိုး ဘာလျှော့ ပြီး ဘယ် sub-category ကို ဘယ် category အောက် ပြောင်းသင့်တယ်
ဆိုတာကိုတော့ ဝိုင်းဝန်း ဆွေးနွေးကြစေလိုပါတယ်။
Tag တွေနဲ့ customized ဖြည့်လို့ရတယ်ဆိုပေမယ့် … ခုထက်ပိုပြီး Categories က စနစ်ကျန နေသင့်တာအမှန်။
ဗြုတ်စဗျင်းတောင်း ဖြစ်တယ် ဆိုတာလည်း ဥကိုင် ခညာ ဟိုလူက ဟိုလိုပြော သည်လူက ဒါထည့်ပေးပါအုံးတောင်းဆိုနဲ့
နီးစပ်ရာ category မှာ ဖြည့်ရင်း ပြင်ရင်း နဲ့ ခုလို ဖြစ်လာတယ် လို့ပဲ ယူဆပါတယ် (ဂလိုလည်း ပင့်ပေးဦးမှ)
ဆိုတော့ စပြီဗျာ။
Arts & Humanities
Cultures
History
Interviews & Profiles
Literature/Books
အနုပညာသာ ပြောတယ်ဗျာ.. .ပန်း(၁၀)မျိုး ကာဗာမဖြစ်ဘူးရယ်။
၁ဝမျိုး မဖြစ်တောင် ပန်းချီ နဲ့ ပန်းပု တော့ sub-category အနေနဲ့ ထည့်သွင်း သင့်တယ်ထင်တာပါပဲ။
အဲ… ရုပ်ရှင် ဂီတ နဲ့ စာပေကတော့ အောက်ဘက်မယ် သီးခြား category တွေနဲ့မို့ သပ်သပ် ဆွေးနွေးပါမည်။
Business & Economics
Classifieds, Personal Ad.
Complaint / Claim
Ideas & Plans
Jobs & Careers
Marketing
Money & Finance
Think Tank
သည်ထဲ လိုနေတာ ပြောရရင်တော့ HR ဗျ…Jobs & Careers ဆိုတဲ့ sub-category က မလုံလောက်ဘူးယူဆရဲ့။
HR Mgmt: HR Know-How တွေ ရေးမယ်ဆိုရင် Business & Economics ဆိုတဲ့ General ကျလွန်းတဲ့
Category ထဲပဲ ရောက်သွားမှာရယ်။
နောက်တခု Business မဟုတ်တဲ့ Think Tank တွေရော ဘယ်မှာ ဘယ်လို ထည့်သင့်တယ် ဆိုတာလေးလဲ???
Computers & Technology
Computer & Cell Phone
Consumer Electronics
Know-How, DIY
Software & Links
သည်ဘက်ခေတ်မှာတော့ Computers နဲ့ Cell Phone ကို ခွဲသင့်ပြီ ထင်သဗျ။
နောက်တခု Consumer Electronics ထဲကနေပြီး automobile တွေအတွက် ကဏ္ဍ ခွဲထုတ်ပေးသင့်တယ်ထင်ပါတယ်
ခက်တာက အောက်ဘက်မယ် (Science & Religion) ဆိုပြီး သိပ္ပံ နဲ့ ဘာသာရေးပါ ရောထားလေတော့
အဲ့ဒါနဲ့ပါ ကိုက်ပြီး ချိန်ညှိစေလိုကြောင်း။
Know-How, DIY ကိုလည်း လျှပ်စစ်မဟုတ်တဲ့ DIY တွေ ရှိစေလို။
Creative Writing
Critic
Drama, Essays..
My Dear Diary
Poetry
Short Story
Think Different
သည်အပိုင်းက ရသ ပိုင်းများသမို့ ကျော် နဲ့ ရသမိုင်းရေးတဲ့ ဆြာတွေ ပြောကြ ရေးကြစေလို။
Education
Environment
How To..
ဒီအပိုင်းလည်း နည်းနည်း ချဲ့ထွင် သင့်တယ်ထင်ရဲ့။
ဆရာ ဆရာမ များ ဆွေးနွေးကြပါကုန်။
Entertainment
Celebrity
Movies/TV
Music
အန်တာတိန်းမန့် က ဒါပဲ ရှိတာလားဗျ….။ ဒါလည်း ချဲ့ထွင်ပါအုံး။
အနည်းဆုံးတော့ Sports & Recreation ကို ခွဲထုတ်သင့်တယ်ထင်တယ်။
ဥပမာဗျာ .. အောက်က Category ထဲက အားကစားက ဖျော်ဖြေရေး စီးပွားလုပ်ငန်းတခုမဟုတ်လား
သူသူငါငါ အားလို့ကစား တဲ့ Recreation ကတော့ Health & Fitness ထဲ ပဲ ဆက်နေနေပေါ့။
(သည်၂ခု မကွဲတာက ဆိုရှယ်လစ် အမွေဆိုးခည)
Health & Fitness
Food, Drink & Recipes
Parenting & Pregnancy
Sports & Recreation
လုပ်ပါဗျ။ ဖြည့်ပါ men fitness, women fitness စသည်။ နောက်ပြီး တိုင်းရင်းဆေး ကဏ္ဍ ကိုလည်း မေ့မထားစကောင်းဘူး။
Myanmar Gazette
Best Web Awards
Contributor, Columnist
Cover Faces
Editor’s Choice
Editor’s Notes
Letter to The Editor
Opinion – Op-ed
Q&A
မဆိုင် .. ဒါ ကျော်နဲ့ မဆိုင် … ဒါက သတင်းစာ ပေါ်လစီပိုင်းနဲ့ပဲ ဆိုင်မယ်။
News
Hoax
Myanma News
Opinions & Discussion
South East Asia
U.S. News
World News
News ကိုခွဲထားတာ ဒေသအလိုက် ခွဲခြမ်းမှု လို့မြင်မိတယ် အပေါ်က (Hoax) က လွဲရင်ပေါ့။
ဖြစ်သင့်တာ Hoax က Other – Non Channelized – Copy/ Paste ထဲ ဒိုးဗျာ။
ကျန်သတင်းတွေကို (ယခုအတိုင်း ဒေသအလိုက် ဆက်ခွဲမယ်ဆိုရင်) ယူရုပ် ဩစတျေးလျ နဲ့ အာဖရိကတို့ ထပ်ဖြည့်
ပြင်မယ် ဆိုလည်း စီးပွားရေးလား နိုင်ငံရေးလား လူမှုရေးလား စသည် အမျိုးအစားလိုက် ခွဲပြီး Tag မှာမှ ဒေသထည့်ကြေး
ပြန်ပြောင်း … အဲ့လို။
Other – Non Channelized
Copy/Paste
သည်အကြောင်း အပေါ်မှာ ပြောခဲ့ပြီး….။ Read/Write Web လိုမျိုး Blog လိုမျိုး တွေအတွက်လည်း နေရာပေးချင်ပေးဦးပေါ့။
Politics, Issues
2010/2012/2015 Election
Aung San/Aung San Suu Kyi
Ethnic Groups
Legal Information/Visa
Press Announcements
ဆား သည်အကြောင်း သိပ် မသိဘူးခည။
Science & Religion
Buddhism
Christianity
Islam
Sciences & Resources
အမေရိက လွတ်လပ်ရေးကြေငြာစာတမ်းမှာ .. ဘာတဲ့ … နိုင်ငံရေးကို ဘာသာရေး ဝင်စွက်ဖက်ခြင်း မပြုအောင်
ရေးသားဖော်ပြ သဘောတူညီကြသတဲ့။ ကြားဖူးတဲ့ မူကွဲ တခုကတော့ နိုုင်ငံရေးဆိုတာ ညစ်ပတ် ပေကျံလွန်းလို့
ဘာသာရေးကို စွန်းထင်း ထိခိုက်မှာစိုးလို့ ဘာသာရေးကို နိုင်ငံရေးဆီကနေ ဝေးဝေးခွဲထားတယ် ဆိုတာပါပဲ။
(ဝေးဝေးပို့တာခြင်း အတူတူ ဘယ်လော့ဂျစ်က အမှန်လဲတော့မသိ)။
သို့သော် သိပ္ပံပညာ နှင့် ဘာသာရေးလည်း တွဲမထားသင့် ဟု မြင်မိ။
Society & Lifestyle
Aha! Jokes, Satire
Community & Society
Events/Fundraise
Gay/Lesbian
Gossip, Rumor
Hobbies & Games
Home & Garden
Relationships & Family
Steal Deal
Style & Beauty
သည် အပိုင်းက Health & Fitness ဆိုတာနဲ့ သွားနွယ်နေတယ် ခံစားမိရဲ့။
H & F မှာ ဆေး ဓာတ်စာ နဲ့ လေ့ကျင့်ခန်း (aerobics & yoga) လိုမျိုးလောက်သာထားပြီး
ဟင်းချက်နည်းတို့ လို အမျိုးအစား ကိုတော့ S & L ဘက်မှာ sub-category ပေးသင့်တယ် မှတ်ပါတယ်
Thakhin: CJ Only
Authors
Contributors
Members
Moderator
ဒီအကြောင်းကတော့ … ဘားမန်းပြည် ဒမိုခွေစီ ရမှ ဖြစ်စေ ကျုပ်တို့တွေ စီဂျေ ကတ်တွေ ရပြီ ဆိုတော့မှ ဆက်ပြောတာပေါ့ဗျာ။
Travel
Local Guides
Photography
လုပ်ပါဗျ.. သဂျီးရ … တိုရစ်ဇင်မ် ဘာဖြစ်မယ် ညာဖြစ်မယ် လိုကယ် ဘစ်ဇနက်တွေ ဘာဖြစ်တယ်ညာဖြစ်တယ်
ကြုံတိုင်း ကုန်းအော်နေပြီးတော့…. အဲ့ဒါတွေအတွက် ခွဲထုတ်ပေးပါ။ တစ်ကတ်တင်း တို့ ဟော်တယ် တို့
ဆိုက်ဆီးရင်း တို့ စသည် စသည်။
အမုန်းစာရင်းမှာ ထိပ်ဆုံး ပါဝင်နေတာကတော့ ထွားဘဲလ် အောက်မှာ ဖိုတိုဂရပ်ဖီ ထည့်ထားတာပဲ။
အနုပညာထဲ ပြောင်းပေးပါဗျို့။
တော်သေးပြီ။
အာရုံရမှ ပြန်လာခဲ့တော့မည်။
ဒါဗျဲ။
အမှန်တကယ်လိုအပ်နေတဲ့အကြောင်းအရာပဲ။
ကိုယ်တိုင်လည်း ပိုစ့်ရေးရင် ဘယ် category ရွေးရမယ် မသိဖြစ်ခဲ့ဖူးတယ်။
ခုလိုအကြံတော့ မပေးတတ်ဘူး။
တချို့နေရာတွေမှာလို အားလုံးခြုံမိအောင် customize category တစ်ခုထည့်လိုက်ရင်ကော….
Was this answer helpful?
LikeDislikeဒါတွေ ကို လည်းးးပြောမယ်။
ပြန်လာမယ်။
Draft တွေ ကိစ္စ လည်းး တဂျီးး ကို ပြောချင်သေးးတယ်။
ပို့စ် တင်တဲ့ သူတွေ ကိုပြောရင် ဆဲ မဆိုးးလို့
ငိငိငိ
Was this answer helpful?
LikeDislikeချဲ့ခိုင်းတာတွေချည်း…။
ကျုပ်က.. ချုံ့ချင်နေတာလေ…
ဆိုတော့…
နေရာ/ခေါင်းစဉ်ပြောင်းတာတွေကတော့.. အိုကေမယ်ထင်ပါတယ်…
တိုးတာတွေကတော့ ခုရှိတဲ့ရေးအားနဲ့ဆို.. လိုပါ့မလား..တွေးနေမိ…။
Was this answer helpful?
LikeDislikeလွယ်ပါတယ်ဗျာ
sub-categories ကို ဖြုတ်ချ
categories ကိုပဲ စနစ်တကျထား..
ဆိုင်ရာ category တခုခု ရွေးချယ်လိုက်တာနဲ့ Tagline မှာ Suggested Tags ဆိုပြီး
ဖြုတ်ချထားတဲ့ sub-categories ကို ပေါ်ပေးနိုင်အောင်လုပ် (သီးခြားလည်း ရေးဖြည့်ခွင့်ပြုထား)
ဒါဆိုရင် Category ကျစ်ကျစ် လစ်လစ် နဲ့ .. Tag မှန်မှန် ရမှာ..
ခုက … ဆိုင်သလိုလို ဆင်သလိုလို ပေမယ့် မတိကျတဲ့ Sub-Categories ကိုပဲ ရွေးရမလို
ကိုယ်တိုင်ပဲ Tag အသစ် ထည့်ရမလို နဲ့
微妙
Was this answer helpful?
LikeDislike1. Arts (လက်မှုပညာနဲ့ ပတ်သက်တာတွေ အဲဒီအောက်သွားရုံပါ့။ ပန်း ၁ဝ မျိုးမက လို့ အမျိုးတရာလာလာ)
2. Business & Economics (ပိုက်ဆံရမဲ့ပေးရမဲ့ လုပ်ငန်း အကြောင်းတွေ၊ ဖြစ်ရပ်တွေ ရေးသမျှ အဲဒီအောက်သွား)
3. Science & Technology (IT နဲ့ပတ်သက်သမျှ ဒီအောက်လာ)
4. Creative Writing (ကိုယ်တိုင်ရေး ဘာရေးရေး ဒီ ကက် ကို သုံး ဆောင်းပါး/ကဗျာ/ဝတ္ထု)
5. Education (ပညာရေးနဲ့ ဘာမဆို ပတ်သက်ရင် ဒီ ဟာကို သာ သုံး)
6. Entertainment (ရုပ်ရှင်၊ဂီတ၊စာပေ၊စာအုပ်၊မင်းသား၊မင်းသမီး အညွှန်း/အတင်း/သရော်တာ မှန်သမျှ ဒီဘောင်ထဲဝင်)
7. Health & Fitness (ကျန်းမာရေးနဲ့ ပတ်သက်တာ၊ ဆေးပညာနဲ့ ပတ်သက်တာ၊ ဆေးဝါးနဲ့ သက်ဆိုင်တာ ဒီကိုလာ)
8. Food, Drinks & Cooking (ဒါကိုတော့ ကက် သတ်သတ် လုပ်ပေးဘာ။ ကိုယ့်အတွက်ကိုယ် တောင်းရတာ၊ ငိ)
9. Myanmar Gazette (ဂဇက်နဲ့ ပတ်သက်သမျှ တဂျီးကို ဆဲစာ အဲ ပေးစာမှသည် စုံတွေ့ပွဲ အဆုံး ဒီကက် အောက်မှာရေး)
10. News (ဒါကတော့ ကိုယ်ပိုင်သီတင်းဖြစ်စေ၊ ရီဖာလုပ်တဲ့ သီတင်းဖြစ်စေ၊ ညွှန်းချင်တဲ့ သီတင်းဖြစ်စေ ဒီကိုလာ)
11. Facebook (တချို့ကတော့ ဖွဘုတ်ကနေ ညွှန်းတာ ရှိချင်မှာပဲ)
12. Politics, Issues (နိုင်ငံရေး နိုင်ငံနဲ့ ဆိုင်တဲ့ အရေး၊ လူ ညွှန်းဆိုချင်တယ်ဆို ဒီထဲပဲပေါ့)
13. Religion (မောင်ဂီကို သဘောတူတယ်။ သူတို့ကို ခွဲလိုက်ပြီ။ ဘာသာရေးနဲ့ဆိုင်တာတွေ ဒီအောက်မှာသာရေး)
14. Society & Lifestyle (ဘဝနဲ့ လူမှုရေးရာ အသက်ရှင်သန် နေထိုင်ခြင်းနဲ့ ပတ်သက်ပြီး ရေးသားတာတွေ ဒီအောက်ကို သွားး၊ ကျနော့ သဘော ဆို မလိုတော့ဘူးး
15. Travel (ဒေသတွင်း ဆိုင်ရာ အညွှန်းတွေ ခရီးသွားဆောင်းပါးနဲ့ ပတ်သက်တာ ဒီကိုလာ)
16. Photography ဓာတ်ပုံသီးသန့် တင်ချင်သူတွေ အတွက် ဒီ ကက်တဂိုရီက သီးသန့်ရှိသင့်တယ်ထင်လို့ ခွဲထုတ်လိုက်ပြီ။
17. Thakhin: CJ Only (ဒါကတော့ တဂျီး နယ်မြေမို့ လွှတ်ထားတယ်)
ကျနော် ပြောတာ အရင် ဘောင်ထဲက လွတ်ပြီး မပြောထားဘူးးး
ဆိုတော့ လိုတာ ပိုတာ ထပ်ဖြည့် ထပ်ဖြုတ်ကြကုန်။
Was this answer helpful?
LikeDislikeနောက် တစ်ခု က Display အကြောင်း ကွန်ပလိမ်းပါ့မယ်။
မကျေနပ်ရင် မောင်ဂီ ကို ဆဲဂျဘာ ခင်ညာ။
ကျော် ကို သူ မြှောက်ပေးလို့ ပြောမိတာဘာ။
– http://www.bala bala.com လို့ ရိုက်လိုက်တာနဲ့ ရှေ့စာမျက်နှာကို ရောက်တယ်။ (အဲဒီ အထိ အိုစကေတယ်)
at first sight )


– အဲ.. log in လည်း ဝင်လိုက်ရော Dashboard ကို ရောက်ရော၊ စသုံးတဲ့သူ အတွက် အဲဒီကနေ ဘယ်သွားရမှန်း ရုတ်တရက် မသိဘူးရယ်။ (ကိုယ့်တွေ့) (ဆိုတော့
– နောက်ပြီး ရှေ့ဆုံးစာမျက်နှာတွေမှာ သာမာန် member/contributor တွေ သုံးစရာမလိုတဲ့ … သုံးလို့မရတဲ့ item/link တွေ ထည့်ထားတော့ မြင်ရတာ များပြီး ဘာလုပ်ရမှန်း စမ်းတဝါးဝါးရယ်။
တော်ရောပေါ့ ….
Log in ရယ်၊
စည်းကမ်းချက်တွေရယ်၊
ဖတ်ပါမှတ်ပါရယ်။
အဲ။
– To write new post နဲ့ See All Comments ကို ဘေးချလိုက်ရင် ပိုမကောင်းဘူးလားး ??
– နောက်ပြီး တဂျီးကသာ Congress ကို ပြူးပြူးကြီးရှိပါတယ်ပြောနေ။ ရုတ်တရက်ဆို ဘယ်ရှာရပါ့ ဆိုတာ ဖြစ်နေတာ။
ဆိုတော့ User/member တွေ သုံးနိုင်တာကို အလွယ်မြင်ရအောင် ဘေးကပ်လိုက်တာ ကောင်းဘူးလားးး
– မာကက်တင် သဘောအရ အပေါ်ဆုံးက ကက်တဂိုရီတွေကို ဖတ်လိုက်တာနဲ့ လူစိတ်ဝင်စားတဲ့ ပို့(စ) မျိုးလောက်ပဲ Popular ဆိုတာပဲ ထားပြီး ကျန်တာ ဖြုတ်ပလိုက်ရင်ရော???
ဟောဟဲ။
ပြီးမှ ပြန်လာမယ်။
Was this answer helpful?
LikeDislike{ သိပ္ပံပညာ နှင့် ဘာသာရေးလည်း တွဲမထားသင့် ဟု မြင်မိ။}
.အေးသီးရစ် ခေါင်းဆောင်ကြီးတွေထဲ သိပ္ပံပညာရှင် တွေ ပြည့်လို့။
သူတို့ ရဲ့ လေ့လာမှုတွေ ကနေ ဘာသာရေး မှာ တစ်ခုခု သက်သေ ပြ နိုင်ခဲ့ ရင် ဘာသာရေးစစ်ပွဲ တွေ ရပ်မသွားဘူး လို့ ဘယ်သူ ပြောနိုင်မလဲ။
တွဲထားသင့် တနည်း တွဲ ပြီး စမ်းစစ်သင့်ပါတယ်။
အပုတ်ချ စော်ကား ဖို့ တော့ မဟုတ်ဘူး။
အမှန်တရား တစ်ခု ကို ဖော်ထုတ်ပြီး ယဉ်ယဉ်ကျေးကျေး သိမ်းသွင်းတတ်ဖို့ တော့ လိုမယ်။
. အချက် တစ်ခု ကို တော့ သင်ပုန်းမှာ ရေးတော့ မယ်။
.`နှစ်ရာ ရဖို့။ lol:-)))
Was this answer helpful?
LikeDislikeလက်စသပ်တော့ အလယ်ခေတ် ကို ပြန်လွမ်းသကိုး …။ပြန်သွားချင်သေးတယ်ထင့်…။
သမိုင်းကို မသိတာလည်းမဟုတ်… စုံမှိတ်ထားတဲ့ မျက်စိတွေကို နည်းနည်းလေးဖြစ်ဖြစ် ဖွင့်ကျိပါအုံးကွယ်။.
အသစ်တွေ ရှာခဲ့တဲ့ ကမာ္ဘကြီးလုံးတယ် တို့ နေကို ကမာ္ဘက ပတ်တယ် တို့ ရှာဖွေခဲ့ ဟောပြောခဲ့တဲ့
သိပ္ပံပညာရှင်တွေကို ဘာသာရေးခေါင်းဆောင်တွေ ပေးခဲ့တာ … အဆိပ်ခွက်တို့ ကြိုးမိန့်တို့ အဆိပ်ခွက်တို့ မဟုတ်ဘူး…
မြေကွက် တို့… ကော့ညက် တို့ ထင်လို့လား………..။
ဒီကြားထဲ … ရှေးဦး ကန်းမစ်စ် တွေကို စုန်းဆိုပြီး မီးပူဇော်ခဲ့တာတွေလည်း ဒုနဲ့ဒေး…။
အဲ့ဒါလည်း သမိုင်းက သက်သေပြဖူးတယ်ပဲ ပြောရမယ်။
သိပ္ပံ သက်သေပြချက်တခုကြောင့် ဆိုပြီး စစ်ပွဲရပ် မရပ်တော့မသိ။
သိပ္ပံ နဲ့ ဘာသာရေး ပိုင်း နဲ့ ပြသနာ တက်တာပဲ သိတယ်…။
သိပ္ပံ မပါသေးနဲ့အုံး … နင့်ဘုရားက သည်လိုပြောတယ် ငါ့ဘုရားက ဟိုလိုပြောတယ်
နင့်ဘုရား ငါ့ဘုရား မတူတဲ့ ၂ခုပြောတာနဲ့တင် စစ်ဖြစ်နေခဲ့ဖူးတာ…။
သိပ္ပံက ကြားဝင်ပြီး ဟိုဘုရားမှန်ပြီး သည်ဘုရားမှားတယ် ဝင်ထောက်ပြကြည့်ပါ့လား..။
စစ်ပွဲတွေ ပစ္စလတ်ခတ် ဖြစ်ကုန်မပေါ့…။
ဘာသာရေး တခုအတွင်းမှာပဲ ဘယ်ကျမ်းစာက မဖြစ်နိုင် ဘယ်ကိစ္စက ရုတ္တိမရှိ ပြောတာနဲ့တင် မငြိမ်းချမ်းကြ။
ကျမ်းစာ VS လက်ဘော်ရေထရီ ဖြစ်လာရင်.. အကုသိုလ် ကြီးမယ်
ခရိယာန် မှာ သိပ္ပံဆိုင်ရာ လေ့လာစူးစမ်းမှုတွေကို ဘုရားမကြိုက်ဘူး အတိအလင်း ဆိုထားတယ်
ဆိုသာ ဆိုထားတယ်… သိပ္ပံဆိုင်ရာ တီထွင်မှုတွေ တိုးတက်ပြောင်းလဲမှုတွေ နိုဘယ်ဆိုတွေ အများဆုံးရထားတာက
သူတို့ဘာသာဝင်တွေပဲ… (နောင်မှ ဘာသာပြောင်းတာ တပိုင်း) တခြားဘာသာတွေမှာလည်း သံတူကြောင်းကွဲ။
စကားမစပ် ရွာထဲ တမြန်နှစ်ကတောင် သဂျီးတယောက် ရွှေတိဂုံ ဘုရားကို ကာဗွန်သက်တမ်း စစ်ဖို့ကောင်းတယ်ပြောလို့

အသံတွေညံခဲ့ဖူးသေးတယ်။ ရေတွင်းပေါင်း အိပ်တိသောင်ဇင် ဖိုတိဟန်ဒရက် ကိစ္စလေးပါ လှည့်တူးလိုက်အုံး…။
ဘာသာရေးနဲ့ သိပ္ပံ သီးခြား Categories တွေပဲ… အဲ…
ဘာသာရေးကို သိပ္ပံပညာနဲ့ သက်သေပြတယ် ငြင်းဆန်တယ် ဆိုတာက ခြားနားတဲ့ ကြားနေ ဟိုက်ဘရစ် ဆပ္ပဂျက်တခု
အဲ့ဒါ highly sensitive issue ဖြစ်လို့ ခွဲထားခြင်းအားဖြင့် ဆိုက်အနေနဲ့ ကိုယ့်တာဝန်ကင်း စိတ်ရှင်းသပေါ့ဗျာ….။
အဲလို…။
Was this answer helpful?
LikeDislikeအခုတော့ ဘာပြန်ပြောရမယ် ခေါင်းထဲ က မထွက်သေး။ ထွက်လာချိန် စစ်ထိုး ကြသေးတာပါ့။
. ပြင်ထားကွယ်။ :-)))
Was this answer helpful?
LikeDislikeအခု လောလောဆယ် http://myanmargazette.net/216894 ဒီမှာလာ ပြောလှည့်။
ကိုယ်စတဲ့ ဇာတ်ထဲ လာပါ လှည့်။ lol:-)))
Was this answer helpful?
LikeDislikeကျနော်တော့ category ကို ကြည့်ကျက် ထည့်လိုက်တာပဲ။

Was this answer helpful?
LikeDislikeအနုပြင်ညှာထဲ အပြာလည်း ပါဒယ်လေ… အဲဒါလေး… အမြင်ကြယ်ပေးဖို့….
Was this answer helpful?
LikeDislike.စာရေးသူတော်တော်များများကတော့…
.Creative Writing
My Dear Diary….လို့ပဲတတ်နေကြတာပါ..ကိုယ်ရေးတဲ့အကြောင်းအရာနဲ့လှေ ျာ်ညီတဲ့ .“ကက်” ရွေးတာနည်းပါတယ်
Was this answer helpful?
LikeDislikeကျနော် ရေး သမျှ တော့
ကိုမိုက်ပြောသလို
Creative Writing
My Dear Diary
အဲဒီအထဲ ထည့်တာများတယ်
ဓါတ်ပုံဆိုရင် တော့ ဖိုတို ဂရပ်ဖီ တပ်လိုက်တယ်။
Draft ကတော့ တစ်ခါ တစ်လေ တင်မလို့ လုပ်နေရင်း ကော်နက်ရှင်ပျောက်သွားတဲ့ အချိန် မှာ
ဖြစ်တတ်တယ်
အရင်က ကိုယ်မကြိုက်တာ ကို ဖျက် ချ လို့ ရတယ်
အခုဖျက်လို့ မရ ဘူး
အဲတော့ တစ်လက်စ တဲ့ အကူညီတောင်းချင်တာ ကျနော် ထဲမှာ ရှိနေတဲ့ Draft တွေ ကိုဖျက်ပေးစေချင်တာပါဘဲ
Was this answer helpful?
LikeDislikeရွာသူားတွေ စိတ်ထဲရှိတာလေးတွေရေးကြပါ..
နည်းပညာပိုင်းအရ ကျုပ်လက်လှမ်းမှီရင် လုပ်ကြည့်ပါမယ်..။
Category က အရေးကြီးတာအမှန်ပါပဲ..။
သူက Tag သဘောဖြစ်နေတာမို့.. Search Engine ပင့်ကူ တွေထဲရောပါသွားပြီး.. Google ရင်.. ပေါ်ရမြင်ရလွယ်တာမို့ပါ…။
ခုတော့.. သတင်းစာထွက်တွေရက်ဖြစ်နေသမို့.. ထုံးစံအတိုင်း…။
လောလောဆယ်… စတစ်ကီလိုက်ကြောင်း..
Was this answer helpful?
LikeDislikeစတစ်ကီ ဆိုတော့ အရီး သင်ပုန်းမှာ ရေးထားတာလေးပါ လာထားဗျဇီ
~~~~~~~~~~~~~~~
၁) အပြင်က စာဖတ်နေသူတွေ တကယ်ရှိပါတယ်။ မန်ဘာအုန်းသီး မဟုတ်တဲ့ တကယ် အကျိုးဖြစ်တဲ့ ပို့(စ) တွေမှာ ရာချီအောင် ရှယ်တဲ့ စာဖတ်သူတွေတကယ်ရှိပါတယ်။
၂) ဒရပ်(ဖ) ကိစ္စက တဂျီး ကိုယ်တိုင် ဖျက်ချင်ဖျက်။ မဟုတ်ရင် မော့(ဒ) တစ်ယောက်ကို ဖျက်ခွင့်ပေးလိုက်ရင် ရပါတယ်။ ဒါမှမဟုတ် ပြည်ပက တင်နိုင်သူတွေက ဒရပ် ကို ယူသုံး ပေါ့။ ကျနော် ယူသုံးပေမဲ့လည်း ကျနော့ ရေးအားနဲ့ သုံးမကုန်ဘူးးး
၃) မဟုတ်တဲ့ ပို့(စ) တွေပါ ဖျက်ခွင့် ကို တစ်ယောက်ကိုတော့ ပေးလိုက်ပါ။ နို့မို့ ဆိုက် က ရုပ်ပျက်တယ်။ အပုပ်ချချင်သူတွေ ဝိုင်းနေချိန်မှာ တဂျီး ဒါကိုတော့ ဂရုစိုက်သင့်တယ်။
၄) ဘယ်ဘက်မှ မလိုက်ပဲ ပြောရင် အက်တစ် မဖြစ်တဲ့ မော့(ဒ) တွေ အများကြီးပဲ။
၅) ကက်တဂိုရီ က ချုံ့ရင် ပိုကောင်းတာပေါ့။ ဘာလို့ဆို ကက်တဂိုရီ အများကြီး မြင်ရတာ ဘယ်ရှာရမှန်းမသိဘူးးး။ ချုံ့လိုက်ဖို့ကတော့ ခေါင်းစဉ် ထပ်စဉ်းစား (အချောသတ်) ရမှာပဲ။
၆) နောက်ပြီး အောက်ဘက်က စာလုံးကြီးနဲ့ လင့်(ခ) တွေထဲက အပ်ဒိတ် မဖြစ်တာတွေ/ (ရသ/သုတ ပိုင်းဆိုင်ရာ) အကျိုးမဖြစ်တာတွေ အကုန်ဖြုတ်ပစ် သင့်ပြီ။ (အမုန်းခံပြီး ပြောနေတာနော်)
၇) စည်းကမ်းချက်ထဲက အပလီကေးဘယ် မဖြစ်တာတွေ ကို ပါ ဖြုတ်ပစ်လိုက်တော့ လိုက်နာရမဲ့ စည်းကမ်းတွေ တိတိကျကျ မြင်ရတာပေါ့။
ဆိုတော့ အလုပ်လုပ် ပါ တဂျီးးး နဲ့ မော်မော်များ

ခိခိ
ငါ ကွ ခင်ဇော်
(ခွက်ဒစ် ကိုကိုကြောင်)
Was this answer helpful?
LikeDislikeဗာလှုပ်လို့ ကွတနီး…
Was this answer helpful?
LikeDislike-ကျနော်ကတော့ Translation category ထည့်ပေးစေချင်တယ်
-ဘယ်လို အကြောင်းအရာကို ဘဲ ဘာသာ ပြန်ပစေ…Translation အောက်ကနေသွားပေါ့
-ပြီးတော့မှ sub category ကျတော့ Technology , Health , Beauty, Politic ပြန်ခွဲပေါ့
-ပြောချင်တာက ကိုယ်တိုင်ရေးတာ မဟုတ်ဘဲ စာဖတ်ပြီး ပြန်ရေးတာဆိုပေမဲ့ ..
-ကူးချတာမျိုး မဟုတ်တဲ့ အတွက် copy/paste လဲ အဆင်မပြေ…creative writing လဲ မဟုတ်ပြန်ဘူးလေ
-အာ့ကျောင့် ဘာသာပြန်ဆောင်းပါးတွေ အတွက် ခေါင်းစဉ် တစ်ခု ဝင်တောင်းပါတယ် ခီညော်
Was this answer helpful?
LikeDislike-အော် တခုကျန် သေးတယ်
-reference category လဲ ရှိသင့်တယ်
-သတင်းဖစ်ဖစ် ဆောင်းပါး ဖစ်ဖစ် .. အခြား ဝက်ဘ်ဆိုက် ဒါမှမဟုတ် ဖေ့ဘုတ်က နေ ကူးလာတာမျိုးကို
-reference category အောက်မှာ သွားထည့်ပီး
-sub category ကို web page, face book ဆိုပီး ခွဲရင် အဆင်ပြေမယ် ထင်ပါတယ်လို့စ်
Was this answer helpful?
LikeDislikeသူကြီး ကို မေး မယ်။
မဖြေ ရင်လဲ နေပါ။
ရွာထဲ ပို့စ် ဘာ တင်တင် အမြဲ မပြတ် စိတ်ဝင်တစား ဖတ် လား။
Was this answer helpful?
LikeDislikeသူကြီး မဖြေဘူး လား။
မဖြေလဲ မဖြေဘူးပြော။
We want your “နှုတ်ထွက်” out. :-)))) (ခွက် ကြောင်)
Was this answer helpful?
LikeDislikeတဂျီးးလားးး ဝန်ခံပါမယ် အားးဂျီးးးဂျီးးးး

Was this answer helpful?
LikeDislikeLet’s see ….. သူ့ ရဲ့ မူဝါဒီ တွေ၊ ပေါ်လစီ တွေ။
မကျေနပ် ရင် ကြောင်ကြောင်ပါ ဝင် ကူ ဟေ့။
ဒါမှ ကိုယ်ချင်းစာတတ်အောင်။ :-)))))
Was this answer helpful?
LikeDislikeအဲဒီ အဖြေ လာကြည့်တာ ကြောင်ကြောင် ရဲ့ နှုတ်ထွက် နဲ့ တိုး ပြီး ချော်သွားလို့။
စောဒီး ကြောင်ကြောင်
အသေအချာ မဖတ် ဘဲ စွတ်ပြန်တုတ် လိုက်မိလို့။
:-)))
Was this answer helpful?
LikeDislikeမျက်နှာစာအုပ်မှာ တူမတော်လေး ဇီဇိ အမှာတော်ရှိလို့ ကိုယ်ထင်ပြသာ။
တပတ်မှ တရက်ထည်းနားရ အပူဒါဏ်နဲ့ နပမ်းလုံးနေရသမို့ ပျက်တာတွေလည်းများနေပြီ။
တပတ်တရက်အနည်းဆုံး ဧည့်စာရင်းတိုင်မည်ဖြစ်ပါကြောင်း။
အဝင်ရလွယ်အောင် ဘာတွေထပ်လုပ်ရရင်ကောင်းမလည်းဆိုသာလေးက အဓိက။
သကြားလေးအုပ်ပါအုံး
သကြားလေးအုပ်ပါအုံးးးးးလို့။
With respect,
Swal Taw Ywet.
Was this answer helpful?
LikeDislikeတိဘူး တညားတိဘူး အာ့လေးလာပြောဒါ ပီးဒေါ့ဒဂျီးပိုက်ချံလာယူဒါ
Was this answer helpful?
LikeDislikeသူကြီး မင်း – “နှုတ်ထွက်” ဘူး ပေါ့လေ။ lol;-))))
အာ့ ဆို နောက် တစ်ခု လာမှာနော်။
Was this answer helpful?
LikeDislikeကိုယ်တိုင်ရိုက်ထည့်ရတဲ့ Taglines တွေက CAP & Small နောက်ပြီး with space or w/o space
စတာတွေကို control လုပ်လို့ရရင် ကောင်းမယ်သဂျီး…
မဟုတ်ရင် Floral Gift, FloralGift, Floralgift, floralgift, floral gift စသည်စသည်….
နောက်ပြီး မြန်မာလို Tag တွေကလည်း ပင့်ရစ်ဆွဲထိုး … စီးကွင့်စ့်များ စသည်….
မူကွဲပေါင်းများစွာနဲ့ SEO taisaku မဖြစ်တော့ဝူးပေါ့ဗျာ…
Was this answer helpful?
LikeDislikeသူကြီး
ပထမ မေးခွန်း ကို မဖြေ ရင် ဒုတိယပေါ့။
“ဒီ ဆိုက် ကို အင်တာနက် ထဲ နာမည်ဖြစ် ရုံ တော်ပြီ လို့ ဘဲ မှန်းထားတယ်လား။” ?
မဖြေလဲ နေပါ။ တတိယ မေးခွန်း တွေ့မှာပေါ့။ :-)))
Was this answer helpful?
LikeDislikeပထမ မေးးခွန်းးဖြေဖို့

ခုမှ ပို့စ်တွေ အသည်းးအသန် လိုက်ဖတ်တုန်းးထင့်
Was this answer helpful?
LikeDislike:-)))))

Was this answer helpful?
LikeDislikeဒီဆိုက်မှာ.. ဒီရွာမှာကျုပ်အချိန်တွေ နာရီထောင်ချီပေးထားတယ်..။
နာမယ်ဖြစ်ယုံဖြစ်နိုင်ပါ့မလား အရီးလတ်ရယ်..
တချိန်ချိန်.. ဖေ့စ်ဘုတ်တောင်ကျော်လိုက်ချင်သေး..။
Was this answer helpful?
LikeDislikeဒီလို သဘောထားလေး ကို နှုတ်ထွက် ဝန်ခံ တာမို့ ရှေ့ဆက် ပြီး ရစ် မကွယ်။
ရွာ ကို တကယ်ဘဲ Facebook ထက် ပိုပြီး လူစိတ်ဝင်စား အောင် လုပ်နိုင်ပါတယ်။
ရွာထဲ မှာ ပို့စ်တွေ တင်တာ များရင် (တနည်း) ကောင်းတဲ့ အရည်အသွေးရှိတဲ့ ပို့စ် တွေ တင်တာများရင် ဖတ်သူများမယ်။
တစ်ခြားသူတွေ တော့ မသိ။
ကျွန်မတော့ Facebook ကို တစ်ဖြေးဖြေး Sick ဖြစ်လာပြီ။
စိတ်ပျက်ဖို့ ကောင်းတာက လူတွေ က သူတို့ Page တွေ ကို Public လုပ်ထားတာဘဲ။
ဒီတော့ ကိုယ့်လူ Friend က Like လုပ်လိုက်တာ နဲ့ အဲဒီ ဟာကြီး တွေ က ကိုယ့်ဆီမှာပါ ပေါ်ရော။
မသိသောလူများရဲ့ ကြွားလုံး တွေ ကို ဖောဖောသီသီကြီး ကြည့်နေရတာ အချိန်ကုန် တယ်။
သူများ အကြောင်း စပ်စု ဖို့ အချိန်ပေါ နေရင် အကြောင်းမဟုတ်။
တစ်ချို့ စာ တွေ က အရေမရ အဖတ်မရ အရူးချီးပန်း ရေးနေကြတာ။ ဘာမှ အနှစ်သာရမရှိ။
ကိုယ့်လူ တွေ နဲ့ အဆက်အသွယ် လုပ်နေချင် တာ ရယ်၊ ကိုယ်ဖတ်ချင်တဲ့ စာလေးတွေ ဖတ်ဖို့ ရယ် ရည်ရွယ်ပြီး သုံးတာ မို့ အဲဒါ တွေ ကျော်နေရတာ
တစ်ခါတစ်လေ ယောင်မှားပြီး ဝင်ကြည့် နေမိရင် ကုန်သွားတဲ့ အချိန် တွေ နှမြောနေမိ။
အခုတော့ Friend တော်တော်များများ ကို Unfollow လုပ်လိုက်ရတယ်။
ကိုယ်လဲ Wall ထဲ တော်ရုံ ဘာမှ မတင်၊ ဘာမှ မှတ်ချက် မရေးတော့ဘူး။
Friend အရင်းတွေလောက်ဘဲ ဆက်သွယ် တော့မယ်။
ဒီတော့ တကဲ့ သတင်း တွေ၊ ဆောင်းပါးကောင်းကောင်း လေး တွေ၊ အတွေးအမြင်သစ် တွေ ရမဲ့
အပြင် ဆိုက် တွေ အတော်လိုလာပြီ။
အဲဒါမျိုး ဆိုက် လဲ အတော်ရှားတယ်။ နိုင်ငံရေး ဆိုက်တွေ ကိုလဲ ကြာတော့ ဖတ်ရတာ ပျင်းတယ်။
ဒီအချိန်မှာ ကျွန်မတို့ ဂဇက် က အဲဒါမျိုး ကဏ္ဍ စုံ တွေ ရှိနေပြီးသား။
အဲဒီကဏ္ဍစုံ တွေ ကို ပိုကောင်းအောင် အာရုံစိုက်သင့်တယ် လို့ ထင်တယ်။
ဒီ မှင်စာလေး ပြောသလို Category တွေ ကို အသေအချာ စဉ်းစားခွဲပြီး သက်ဆိုင်ရာ Industry အလိုက် လူစု ပြီး နေရာစုံ ရအောင် ရေးနိုင်ရင် အတော်ကောင်းမယ်။
လူတစ်ယောက် ကို နေ့စဉ် ရေးစရာ မလိုပါဘူး။
တစ်ပါတ် နှစ်ခါ လောက် ကြိုးစားရေးပေါ့။
ဒီလို လူ တွေ က အမာခံ အဖွဲ့ဝင်ပေါ့။
တနည်း အားဖြင့် Business ရှယ်ယာ ဝင်ထားသလိုပေါ့။
(သူများ လုပ်ငန်း တွေ စတော့တွေ၊ ရှယ် တွေ မစ ခင် ရွာ ထဲ က အရင် စ လိုက် ရှင်။)
နောက်ပိုင်း ဆိုက် နာမယ်ကြီးလာပြီး ကြော်ငြာ ဆောင်းပါး တွေ၊ လုပ်ငန်း သတင်း ဆောင်းပါး တွေ ကို ပိုက်ဆံ ပေးပြီး ထည့်ချင်သူ တွေ ရ လာတဲ့ အထိ ကြိုးစားပေါ့။
လူဖတ်များ တဲ့ ဆိုက် တစ်ခု ဖြစ်လာချိန်မှာ အဲဒီ ဆိုက် က တစ်ဆင့် ကိုယ့်လုပ်ငန်း ကို အဆင့်အတန်းရှိရှိ ကြော်ငြာချင်သူ တွေများမှာပါ။
အဲဒီက အကျိုးအမြတ် ကိုတော့ မူရင်း ရှယ်ယာ သမားများ နဲ့ ပိုင်ရှင် သူကြီး မှ အချိုးကျ ပိုင်စေပေါ့။
သူကြီး လဲ အိတ်စိုက်ဖို့ မလိုဘူး။
တကယ်ဘဲ ဒါမျိုး မီဒီယာ တွေ၊ သတင်းတွေ၊ ကြော်ငြာ တွေ ကို စိတ်ဝင်စားသူ တွေ အပြောမဟုတ်၊ အဖျားမရှူး ကြိုးစားချင်သူ တွေ လုပ်အား နဲ့ စပြီး ပေါင်းလုပ်ပေါ့။
နောက်ပိုင်း မှာ ဒီ ဆိုက်ကဘဲ အီးဘေး လို အရောင်းအဝယ် မျိုး တွေ ပါ တိုး လုပ်နိုင်သေး။
ပုံမှန် တင်ချင် သူ လက်စမ်းချင်သူ ရင်ဖွင့်ချင်သူ များ က လဲ သူ့ ကဏ္ဍ နဲ့ သူ ရေးစေပေါ့။
ဒါပေမဲ့ သူတို့ ကတော့ ပုံမှန် တာဝန်မရှိ ။ ရနေကျ ပွိုင့် ရပေါ့။
ဒီမှာ အရေးကြီးတာက လုပ်အား ရှယ်ယာ ပါမဲ့ မြန်မာပြည် ထဲ က အမာခံ တွေဘဲ။
ဘယ်သူ၊ ဘယ်နှစ်ယောက် စိတ်ဝင်စားလဲ ဆိုတာဘဲ။
အခု ကျွန်မ ပြောတဲ့ ဂဇက် ကို လူဝင်အောင်လုပ်ဖို့ က စာပေ မြှင့်တင်ဖို့ လဲပါ ပေမဲ့ အဓိက က Business တစ်ခု လို ပီပီပြင်ပြင် ရ အောင် စဉ်းစားကြည့်ဖို့ပါ။
နောက်ပိုင်း လုပ်ငန်း တွေ အတွက် ပုံမှန် ကြော်ငြာ ပေးနိုင်တဲ့ ဒစ်ဂျစ်တယ် နေရာ ကောင်းကောင်း လေး တကယ်လိုလာတော့ မှာ။
အဲလို အတွက် လုပ်ငန်းရှင် တွေ က ကိုယ့်ရဲ့ ဆိုက် ကို အရင် သိနေဖို့ လိုတယ်။
အခုကထဲ က ဝါသနာပါရင် အရှိန် နဲ့ စထားဖို့။
စိတ်ထဲ ရှိနေတာလေးပါ။
ဝင်းဝင်း ကို ကြိုက်တဲ့ ကိုယ့်လုပ်အား အရည်အချင်းကို ယုံတဲ့ သူများ ကို သူကြီး မင်း ရှာပြီး မွေးထားဖို့ လိုပြီ။
သူကြီး လုပ်ချင်လဲ လုပ်၊ မလုပ်ချင်လဲ နေ။
သူကြီး ရွာ သူကြီးသဘော။
ကျွန်မက အကြံပြု ရုံဘဲ။
ပြသနာ က အဝိုင်းလည် နေတာ ကို ဘယ်လို ရှင်းရမယ် ဆိုတာ နောက် အခွင့်ရချိန် စုံစမ်းကြည့် ဦးမယ်။
Was this answer helpful?
LikeDislikeFB နဲ့ ပါတ်သတ်ပြီး ဆွေးနွေးဖို့ပေါ်လာတော့ ကျနော်လည်း ဝင်ပြောပါရစေ။
တခြားတော့မဟုတ်.. ကျနော်က FB ကို ကိုယ့်အတွက် သီးခြားထုတ်ထားတဲ့ သတင်းစာ တစောင်လို သုံးတယ်ဗျ။
ဒါက ကိုယ်ဖတ်ရှုတဲ့အပိုင်းပါ။ ကိုယ်ရေးတာ တင်တာကတော့ ကိုယ်တိုင် စိတ်အပမ်းပြေဖို့ စိတ်ထဲဖီလင်လာတာ
တင်ဖို့ မျှဖို့လောက် သက်သက်ပဲ။
တချို့ ပညာရပ်တွေ FB ကတဆင့်သင်တယ်။ တချို့ ရန်ပွဲတွေ FB ကတဆင့်မြင်တယ်။ စသည်စသည်။
နည်းနည်းတော့ Sick ဖြစ်လာတာ ဝန်ခံပါရစေ။ ၃ချက်ကြောင့်ဗျ။
ပထမတချက်က နီးစပ်ရာ အလုပ်ခွင် ဆွေမျိုး အိမ်နီးချင်း နဲ့ စီနီယာ ဂျူနီယာတွေ စုံလာတဲ့အခါ
(သူငယ်ချင်းသပ်သပ်တွေချည်းမဟုတ်တော့တဲ့အခါ) သုံးရတာ မလွတ်လပ်တော့။
မဆုံတာကြာတဲ့ ငယ်ပေါင်းတယောက်နဲ့ ချစ်ကြည်ရင်းနှီးစွာ ဆဲဆိုနှုတ်ဆက်တာမျိုး လုပ်ရခက်လာတယ်။
ဒုတိယတချက်က (ဆယ်လီဗရစ်တီမို့ အွန်လိုင်း နာမည်ကျော်မို့ အတ်ထားတာကလွဲရင်)
လူချင်းသိတဲ့ မိတ်ဆွေပေါင်း များလာတဲ့အခါ (ဖြတ်သန်းခဲ့ဖူးသော field အစုံက) တခုခုတင်ရင် ကို ကသိကအောက်ဖြစ်လာတယ်။
ဆိုပါစို့ ဓာတ်ပုံတပုံတင်လိုက်တယ်။ ဓာတ်ဆြာတွေ ဝါသနာရှင်တွေနဲ့ စိုင်လေးတွေ အတွက်တော့ ကြည့်စရာဖတ်စရာတခုဖြစ်ချင်ဖြစ်မယ်။
မိတ်ဆွေမာကတ္တာတွေ အိုင်တီသမားတွေ နိုင်ဂံဂျားသားတွေနဲ့ ဆြာဝန်တွေနဲ့ ဓာတ်မဖမ်းတဲ့ ငယ်ပေါင်းတွေအတွက် အမှိုက်
(လူပုံရိုက်ရင် သာပြီးဆိုးသေး – အလုပ်ခွင်က လူတွေ ဘယ်လိုများ percieved လုပ်လေမလဲ တွေးမိတယ်)
ပြောင်းပြန်အားဖြင့် ကိုယ်တွေလည်း သည်လို ဖြစ်ခဲ့တာ အကြိမ်ကြိမ်
တတိယတချက်ကတော့ အနှီ ရရက်သားသမီး မတထောင်ဘွားတွေ အနေနဲ့ နိုင်ငံရေး လူမှုရေး စီးပွားရေး တစုံတရာမှာ
ကိုယ်ထင်ရာပြော … ဒါမှမဟုတ် ကိုယ် အထင်ကြီးသူ နှစ်သက်သူ ရေးရာကို ပြန် share နဲ့
တချို့တချို့သော အပြောအရေးတွေက ကိုယ်ပိုင် အမြင် ကိုယ်ပိုင် စံ နဲ့ မဟုတ်သေးဘူး ထင်လာတာတွေ ရှိတယ်။
တချို့ဟာတွေဆို လွဲနေမှန်းသိသိကြီး။ လွဲကြောင်း သွားပြောရင်လည်း မိတ်ပျက်အုံးမယ်။ ငြိမ်နေပြန်ရင်လည်း ဟုတ်တိုင်းမှန်ရာမို့ ထောက်ခံသယောာင်။
ဆိုတော့ ကိုယ့် FB ကို ကိုယ်တိုင် မွမ်းမံကြည့်ပါသေးတယ်။
Was this answer helpful?
LikeDislikeပထမအချက်အတွက် – FB ပေါ် ဆွေမျိုးမရှိကြေး။ အလုပ်နဲ့ မပတ်သတ်ကြေး လောက်နဲ့ ဖြေရှင်းနိုင်တယ်။
ဒုတိယအချက် – နည်းနည်း လက်ဝင်တယ် … Friends ကို Category ခွဲတဲ့အလုပ် ဆိုပါတော့။
လူများရင် များသလို အတော်လေး အချိန်ပေးရမယ်… (ဒါပေမယ့် လုပ်လို့ရပါသေးတယ် ဒီအဆင့်က)
မရတဲ့အဆင့်ကတော့ အပေါ်က ကွန်းမန့်မှာ ပြောထားသလိုပဲ customized tag ကိစ္စပါပဲ. သည်မှာတော့ friends တွေကို group ခွဲတဲ့ ကိစ္စပေါ့။
ရွာကတဆင့် သိသူကို ရွာသူား ၊ ငယ်ပေါင်းတွေကို ဟိုက်စကူးလ် ဘာဒီ စသည်ဖြင့် ခွဲလို့ အလွယ်ပြောနိုင်ပေမယ့်
C.T မှာက တယောက်ချင်းစီရဲ့ သူ့ကိုသူ ဂရုဖွဲ့ပုံ နာမည်ပေး နဲ့ သွားဆက်စပ်နေပြန်သေးတယ်။
ဥပမာ ရွာသူားတွေ ဆိုရင် MG, M.G, Myanmar Gazette, MandalayGazette, မန္တလေးဂေဇက်, မြန်မာ့ဂေဇက် စသည်စသည်
ဝိဝါဒကွဲတွေနဲ့ ဗြုတ်စဗျင်းတောင်း။ ဒါတောင် Group intersection, union ဖြစ်နေတာတွေမပါသေး။
ဥပမာ ငယ်ပေါင်း တကျောင်းတည်းထွက် သူငယ်ချင်းက အိုင်တီ လိုက်စားပြီး ခုနောက်ပိုင်း ဓာတ်ပုံပါ ရိုက်လာတယ် ဆိုတာမျိုးပေါ့..။
တယောက်ချင်းစီကို အချိန်ပေးပြီး ဂရုတွေထဲ ထည့်ဖို့ အင်မတန်လက်ဝင်တယ်။… ဒါတော်တော်လေး sick ဖြစ်တဲ့အပိုင်း။
follow/ unfollow ကတော့ mood ရှိတဲ့အတိုင်းလုပ်ပါတယ်။ unfriend/ block တော့ လုပ်လေ့လုပ်ထမရှိ။
တတိယအချက် – သည်အချက်က ရွာနဲ့တော်တော်လေး ဆိုင်လာတဲ့အချက်ပါ။
FB Vs MG ဆိုရင် MG member တွေက အုတ်ရောရောကျောက်ရောရော (အတော်များများသော) FB တွေထက် တန်းတခုမြင့်တယ် ခံစားမိပါတယ်။
ကိုစွယ်တော် ပြောတဲ့ – ရွာသူားဖြစ်မှတော့ ညံ့လို့မဖြစ်ဘူး ဆိုတဲ့ စကားကို သည်နေရာမှာ ကိုးကားပါရစေ။
ငြင်းခုန်ခြင်း အနုပညာ၊ အချက်အလက် အကိုးအကားနဲ့ စနစ်တကျ ချေပတာ၊ မတူညီသော်လည်း ကွဲပြားငြိမ်းချမ်းနေထိုင်မှု စသည်တွေက
စာဖတ် အင်မတန်နာ စာအင်မတန် အရေးကောင်းပြီး ပညာတပုံတခေါင်းတတ်သော်လည်း ငါနဲ့မတူ ငရန်သူ ဆိုပြီး (ကြားနေဝါဒ မရှိရ)
ဆိုတဲ့မူ ကိုင်ထားတဲ့ FB ဆြာသမား တချို့ထက် တန်းတခုမြင့်တယ် ခံစားမိပါတယ်။
သည်အချက်တွေက ရွာနဲ့ ဆိုင်လာပါပြီ။ တိုက်ဆိုင်လို့သော်လည်းကောင်း ဆိုင်ဆိုင်မဆိုင်ဆိုင်သော်လည်းကောင်း
FB Comments/ Posts တွေကို ရွာထဲ Comment အနေနဲ့ ကူးရေးကြတဲ့ ကိစ္စဖြစ်ပါတယ်။
ဆိုပါစို့ ပိုစ့်တပုဒ်ကို အချက်အလက်ပိုင်း ကူညီအားဖြည့်တာမျိုးက လွဲလို့ ငြင်းခုန်ကြရမယ့် အနေအထားမျိုးမှာ
FB မှာ ဘယ်သူက ဘယ်လိုပြောသကွ ဆိုပြီး ကူးပြီး Comment တာကို ဆိုလိုပါတယ်။
ဒါက ကိုယ်ပိုင် အတွေးနဲ့ မတူတာ ချရေးပါ ဆိုတဲ့ ရွာစည်းကမ်းနဲ့ တည့်တည့်ကြီး တိုးသဗျ။
နောက်တခု … ကူးလာတဲ့ ဆီကရော ဘယ်လောက် မှန်ကန်ပါတယ် အာမခံနိုင်ပါသလဲ။
မမှန်ကန်ကြောင်း ပိုစ့်ပိုင်ရှင်က အချက်အလက်နဲ့ ပြန်ငြင်းရင်ကော ကောမန့်ကူးသူ ဘာဆက်လုပ်မလဲ ဆိုတာပါ။
FB စာရေးဆြာ သွားခေါ်ပြီး ရန်ခေါ်တိုက်ပေးမလား။ ကိုယ်တိုင်ပဲ ဆောရီး လွဲသွားပါတယ် တောင်းပန်မလား
ဒါမှမဟုတ် ကိုယ်တိုင် စာရှာဖတ်ပြီး ချေပမလား..။ အများကြီးပါ။
ကူးတင် Comment တိုင်းကို မဆိုလိုပါဘူး။ ဥပမာ အရောင်ရင့် လိုမျိုး တလစာ သတင်းမျိုးပိုစ့်တွေမှာ တင်နိုင်ပါတယ်
နောက်ပြီးတော့ သမိုင်းဆိုင်ရာ အချက်အလက် အလွဲ အမှားမို့ ကူးယူထောက်ပြတာမျိုးလက်ခံနိုင်ပေမယ့် …
မဖြစ်သေးတဲ့ကိစ္စလိုမျိုး .. (ဥပမာ- personal opinion, creative writing လိုမျိုး, လာမယ့် ရွေးဂေါက်ပွဲ အမြင်လိုမျိုးမှာ)
ကူးတင်တာ ရွာကို သေးသိမ်အောင်လုပ်တာ နဲ့ အတူတူပါပဲ။ ဒီလိုပြောတာ အကြောင်းပြချက်ရှိပါတယ်။
ရွာသူား အများစုဟာ Facebookers တွေပါ။ ရိုးရိုးလေးတွေးကြည့်ရင် သည်လောက် ဝင်ရထွက်ရ ခက်တဲ့ MG ပေါ်တောင်
ရှိနေနိုင်မှတော့ bandwidth အများကြီးကျယ်ပြီး အကြောင်းအရာ ပေါင်းစုံရှိတဲ့ FB မှာ ရှိနေနိုင်တာမဆန်းပါ။
ပို့စ် တင်သူဟာ သူများ ဝင် မန့်မယ့် FB က နာမည်ကျော် တခုခုလောက်ကို Copy Comment လုပ်တာလောက်တော့ သူကိုယ်တိုင်လည်း
ဖတ်ဖူး သိဖူးပြီး ဖြစ်မှာ မလွဲပါ။
အဲ့လို ကိုယ်ပိုင်စာမမန့်ဘဲ ဟဲဗီးဝိတ် စာတွေ ကူးမန့် ရင်း ကြာလာရင် ကိုယ်ပိုင်စာရေး(ကလောင်သွေးသူ MG မန်ဘာ) အထူးသဖြင့်
လူသစ်တွေကြားမှာ ဟိုဆိုက်ဒ် လား ဟိုအကြောင်းသွားမရေးနဲ့ မင့် ကို ဟိုလူတွေက ဟိုကီးအမြင့်ကြီးတွေနဲ့ ဝိုင်းဆော်လိမ့်မယ်
ဆို ပြီး ဖြစ်လာဖို့က လွဲရင် ဘာမှ ကောင်းကျိုးမရှိပါ။
အထူးသဖြင့် နိုင်ငံရေး ဘာသာရေးလို အထိအရှမခံတဲ့ ကိစ္စရပ်မျိုးတွေ..။ (သည်နှစ်တွေအတွင်းမှာ သာဓက ကောင်းတွေ ရှိခဲ့ပါတယ်)
တယောက်ရဲ့ ကိုယ်ပိုင် အမြင်ကို လက်မခံနိုင်ရင် ကျန်တယောက်က ကိုယ်ပိုင်အမြင် နဲ့သာ ပြန်လည်ငြင်းခုန်တာ ပိုလှပါတယ်။
ဒက်ဖနေးရှင်းတွေ အဆိုအမိန့် နဲ့ သမိုင်းအချက်အလက်တွေ ကိုးကားတာကို လက်ခံပါတယ်။
အဲ့ဒါတွေကိုးကားထားပြီး ရေးထားတဲ့ တယောက်ယောက်ရဲ့ စာကို ကူးတင်တာတော့ လက်မခံနိုင်ပါ။
Facebookinizing လို့ မြင်ပါတယ်။
အဲသည်ထက် တဆင့်ပို ဆိုးတာကတော့ (အထူးသဖြင့်) နိုင်ငံရေး စာတွေမှာ ဆဲသံဆိုသံတွေပါ။
ရွာမှာ တယောက်နဲ့ တယောက် မဆဲရဘူး အစောကတည်းက စည်းကမ်းရှိပါတယ်။ ဒါပေမယ့် ….
ရွာသူား အချင်းချင်း ချစ်လို့ခင်လို့ စပြီးနောက်ပြီး သော်လည်းကောင်း ကုန်ကုန်ပြောရရင် တကယ်ပဲ စိတ်ဆိုးဒေါသထွက်ကြလို့
ဆဲကြ ဆိုကြတာ သော်လည်းကောင်း ဒါ ရွာတွင်း (internal issue) မို့ ဘယ်လောက် နင်ဘဲခစ ပြောပြော ဘေးလူအနေနဲ့ ပြောစရာမရှိပါ။
(ကာယကံရှင်တွေ ကျေနပ်ကြရင် ပေါ့)
သို့သော် စောင်းဆဲ တာမျိုးတော့ (ရွာအကျိုးဘက်က သပ်သပ်ကြည့်ရရင်ဖြင့်) လက်မခံနိုင်ပါ။
ဘယ်လိုစောင်းဆဲ တာမျိုးလဲ ဆိုတော့… ငါပြောတဲ့ အတွေးအမြင်ကို လက်မခံနိုင်ရင်တော့ .. ဘာဖြစ်နေလို့ ညာဖြစ်နေလို့ ဆိုတာမျိုး တွေပါ။
သည်နေရာမှာ အကောင်းဆုံးတို့ အသင့်တော်ဆုံးတို့ မငြင်းချင်ဘူး၊ မတူကွဲပြားတာကိုပဲ ပြောချင်တယ်။ ကိုယ်ယူဆတာနဲ့ မတူရင် ဘာဖြစ်ညာဖြစ်ဆိုပြီး
ကျိန်စာတိုက်တာတော့ ရွာရဲ့ မတူ ၊ကွဲပြား ၊ ငြိမ်းချမ်း၊ အတူတကွ ၊ လစ်ဘရယ်၊ စတဲ့ ဂုဏ်ကို ထိခိုက်ပါတယ်။
အဆိုးဆုံးကတော့ အဆဲအဆို နဲ့ Copy comment အတွဲအစပ် combo ပါ။ ဘာနဲ့ တူသလဲဆိုရင် အိမ်မှာ ညီအစ်ကိုချင်း ရန်ဖြစ်တာ မကျေနပ်လို့
ဟိုဘက်ရပ်ကွက်က လူမိုက် ငှားရိုက်ခိုင်းတာနဲ့ သဏ္ဍာန်တူပါတယ်။ မဆဲရဘူး ဆိုတဲ့ စည်းကမ်းကိုလည်း လက်တလုံးခြား လုပ်ရာရောက်ပါတယ်။
ဒါဟာ ဘယ်တုန်းကမှ MG ရဲ့ ရိုးရာတခု မဟုတ်ခဲ့သလို မွေးမြူသွားသင့်တဲ့ အကျင့်စရိုက်ကောင်းလည်း မဟုတ်ပါဘူး။
အဆိုပါအချက်တွေက လူဟောင်းတွေ ငြီးငွေ့သွားဖို့ နဲ့ လူသစ်တွေ ဝင်လာဖို့ အတွက် အင်မတန် အနှောက်အယှက်ပေးတဲ့ ကိစ္စ ဖြစ်နေပါတယ်။
Was this answer helpful?
LikeDislikeအဆုံးသတ်အနေနဲ့ Supermarket Story အကြောင်းရေးပါမယ်။
ဝါးလ်မတ် တို့လို စူပါမားကတ်တွေ တောရောမြို့ပါ မကျန် ခြေဆန့်ပြီး ဖြန့်ကျက်တော့ လိုကယ် ဂလော်ဇရီစ့် တွေ
သေတော့မလို ဖုတ်လိုက်ဖုတ်လိုက် ဖြစ်ကုန်ပါတယ်။
သေသွားလား ဆိုတော့ မသေသွားပါဘူး။ နောက်ပိုင်းမှာ တနည်းတဖုံနဲ့ ပြန်လည် အသက်ရှင်လာပါတယ်။
ပြန်ရှင်လာရတဲ့ (အရင်ထက်စာရင် ပိုတောင် အောင်မြင်လာရတဲ့) အကြောင်းပြချက်ကတော့
စူပါမားကတ်တွေက ပြောင်းပြန်အားဖြင့် ပြန်လည် အကျိုးပြုသွားလို့ပါပဲ။
စူပါမားကတ်တွေမှာ အပ်ကစပြီး အရာရာ ရနေတော့ လူတွေက အစောပိုင်းမှာ ဂလော်စရီ ထက်စာရင်
စူပါမားကတ်ပဲ သွားပြီး လိုလိုမလိုလို အကုန်ဝယ်ပါတော့တယ်။ ဂလော်စရီတွေ ထိုင်ငိုတဲ့ ကာလပေါ့
နောက်ပိုင်းမှာတော့ လူတွေက ပိုပြီး စမတ်ဖြစ်လာပါတယ်။ ရုတ်တရက် ထ-ပြီး စီစဉ်ရတဲ့ မွေးနေ့ပွဲလိုမျိုး ဆိုရင်တော့
စူပါမားကတ် မှာရောင်းတဲ့ အသင့်ဖုတ်ပြီးသားကိတ်မုန့်ကိုဝယ်ပြီး … အချိန်ပေးစီစဉ်နိုင်တဲ့ အခါမျိုးမှာတော့
ဈေးပိုချိုပြီး ကိုယ့်စိတ်ကြိုက် ကိတ်မုန့်ဖုတ်ဖို့အတွက် ဂလော်စရီမှာပဲ ဂျုံ .. နို့ နဲ့ အခြား ကုန်ကြမ်းတွေ ဝယ်ပါတော့တယ်။
အဲသည်မှာ ဈေးကွက်က ဟိုဘက် သည်ဘက် ၂ဖက် ကွဲစပြုလာသမို့ ဂလော်စရီတွေ ပြန်အသက်ရှုချောင်လာပါတယ်။
နောက်တဆင့်အနေနဲ့ လိုကယ် ဂလော်စရီတွေဟာ သူတို့ဆီလာတဲ့ စူပါမားကတ်တွေအတွက် ကုန်ကြမ်းသွင်းလို့ ရလာတဲ့
ဘီတူဘီ ဈေးကွက် သစ်ပေါ်လာလို့ အရင်လို ဌာနေ စားသုံးသူဆီ တိုက်ရိုက်ဆိုတဲ့ လမ်းဟောင်းသက်သက်ကို အားကိုးရတာ လျှော့ချလာနိုင်ပါတယ်။
ဌာနေ စားသုံးသူတွေ အရင်က မဝယ်ဖူး မသုံးဖူး မစားဖူးတာတွေ ဝယ်တတ် သုံးတတ် စားတတ် ဖြစ်လာသမို့ ဂလော်စရီတွေအနေနဲ့လည်း
အရင်ထက်စာရင် အမယ် များများ တင်လို့ ရလာတာ product range ကျယ်ပြန့်လာတာလည်း ပါဝင်လို့ပါ။
နောက်ဆုံးအဆင့် အနေနဲ့ကတော့ လူဟာ လူကို ပဲ ချစ်တယ် ဆိုတဲ့ လူသားဆန်မှု human factor ပါ။
တယောက်ကိုတယောက် personally သိကျွမ်းခင်မင်နေတဲ့ .. ရှေးမဆွ ကတည်းက အတူတကွ နေထိုင်ကြီးပြင်းလာတဲ့
ဂလော်စရီဈေးဆိုင်လေးတွေရဲ့ ဝန်ဆောင်မှုကို ဌာနေစားသုံးသူတွေ ပိုမိုနှစ်သက်လာတာပါ။
ပစ္စည်းမှန် ဈေးမှန် တံဆိပ်ကပ်ထားပြီး စက်ရုပ်ဆန်တဲ့ စူပါမားကတ်ထက် လူသားပိုဆန်တဲ့ ဂလောစရီကို ပိုမိုအားပေးလာတဲ့ သဘောဖြစ်ပါတယ်။
ဆိုပါစို့ ဂျုံအိတ် ဆန်အိတ် ဝယ်တယ်.. အကြွေဖြတ်ဖို့က အခက်အခဲ ရှိပြီး မိုးကရွာနေတုန်း ကိုယ်စီးလာတာက ပစ်ကပ် အမိုးပွင့်။
ဂလော်စရီက ရင်းနှီးပြီးသား ဆိုင်ရှင်အနေန့ ညနေဆိုင်ပိတ်တဲ့အချိန်မှာ သူ့ကားနဲ့သူ အိမ်အထိ သယ်လာ ထမ်းလာပြီး အကြွေအဆင်သင့်
ဆောင်ယူလာပေးတဲ့ ဆားဗစ်စ် မျိုး ရနိုင်တယ်မဟုတ်လား..။ ဆက်ရေးရရင် အကြောင်းအချက်တွေ အများကြီးပါ…။ ထားပါတော့။
FB က ဝါးလ်မာတ် ဆို MG က local glocery ပါ။ MG ပြန်လာဖို့ အခွင့်အရေး တွေ တပုံတပင် ရှိပါတယ်။
၂ခုပဲ human factor ကို မဖျက်ပစ်ဖို့ ရယ် ကိုယ်ပိုင် ရိုးရာ ကို မပစ်ပယ်ဖို့ပါပဲ။
တော်သေးပြီ
Was this answer helpful?
LikeDislikeဟုတ်အိ မှန်အိ ထောက်ခံအိ
(ဝင်ရှုပ်တာ)
Was this answer helpful?
LikeDislikeပြည်တွင်းက သတင်းဒါ့ပုံလေး တွေ ကို ဂဇက် ရွာထဲ မှာ ဦးဦးဖျားဖျား ကြည့်လို့ ရတဲ့ နေ့ တစ်နေ့ တော့ ရောက်လာ မယ်လို့ မှန်းပါတယ်။
အခု တော့ တစ်ခြား ဂျာနယ် တွေ က ပုံတွေ ဘဲ ရှာကြည့်နေရတယ်။
Was this answer helpful?
LikeDislikeကိုယ်တွေကတော့ ကိုယ်သတ်မှတ်ရာ ခေါင်းစဉ်တပ်ပစ်လိုက်တာပါပဲ
Was this answer helpful?
LikeDislikeကျနော် က FB Group ၄ ခုထဲနဲ့ လက်မလည်ဖြစ်နေတာ။
မုံရွာကျောင်း ဂရုကတော့ အပေါင်းအသင်းတွေ ကျောင်းသားဟောင်းတွေနဲ့ ချိတ်ထားတာ။
ဂဇက် ဂရုက ရွာသူရွာသားတွေနဲ့ ဆုံနေတာ။
လျှပ်စစ်ဂရု ၂ ခုမှာတော့ သင်ပေး ဆွပေးနှိုက်ယူ။
ရွာက အဝင်ရခက်နေတော့ မမန့်ဖြစ်တာပါ။ ဖတ်တာတော့ ခု FB Link ကနေ ဝင်ရင် လွယ်လို့ ဖတ်ဖြစ်တယ်ရယ်။
ကြိုးစားပါ့မယ်။
With respect,
Swal Taw Ywet.
Was this answer helpful?
LikeDislike