Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


စာမရေးဖြစ်တာလည်းကြာပါပြီ… အကြောင်းမှုကား…စီပွါးရေး..လူမှုရေးများနဲ့ခရီးထွက်တာလည်းများနေ..မြန်မာပြည်ရဲ့ကိုးနတ်ရှင်ကလည်း တစ်နာရီကို ၂၀ဝကျပ် နဲ့အဝိုင်းလေးလည်တာထိုင်ကြည့်ရင်းနဲ့တရားသဘောနဲ့သည်းခံခြင်းပါရမီ အားကောင်းလာပေ၏… ရွှေမြို့တော်ရန်ကုန်မြို့ကြီးမှာ နေ့စဉ်မြင်တွေ့နေရတဲ့ဒုက္ခတွေကိုလည်း အားရပါးရရေးခြင်ပါ၏…မိမိနေထိုင်ရာလှိုင်မြို့နယ်မှပန်းဆိုးတန်း ိဆေူးလေသို့အချိန်တစ်နာခွဲလောက်ကြိုသွားမှတော်ရုံကျပေမည်…နံနက်၈းဝဝ နာရီနောက်ပိုင်းဆိုရင်တော့ စိုင်းစိုင်းခမ်းလှိုင်ရဲ့သေပြီဆရာပါပဲ…ဟံသာဝတီအဝိုင်းမှစ၍ရှင်လောင်းလှည့်ရပါတော့မည်…မိုးကလည်းရွာလိုက်တာနဲ့ ရေကလည်း ဒူးဒူးလောက်ပေါင်လောက်ကိုရောက်ဖို့ နာရီဝက်မျှပင်မစောင့်ရပေ…တက္ကစီဆရာသမားများကလည်း လမ်းနည်းလောက်ချောင်သွားတာနဲ့ တစ်နာရီကို မိုင်၁၀ဝနှုံးနဲ့ဆော်ကြတော့တာပဲ…ကိုရွှေလိုင်းကားဆရာသမားတွေကတော့ ညာသံပေးဟွန်းတီး၍လမ်းပြောင်းပြန်တွေမောင်းပြီး ဖော်မြူလာဝမ်း မှာဝင်ပြိုင်နေတယ်မှတ်လေရော့လားမသိ…သွားသတိ လာသတိနဲ့ တရားမှတ်နေမှသာဘဝကူးကောင်းပေလိမ့်ဟု မှတ်ယူရပေမည်…နယ်ခရီးသွားသွား ဘယ်ခရီးပဲသွားသွား ဂုဏ်တော်တွေကိုမပြတ်ရွှတ်နေမှတော်ယုံကြပေမည်…တန်တော့ ရေးခြင်တဲ့အကြောင်းအရာကို ဦးတည်လိုက်အုံးမယ်… စာမရေးဖြစ်ပေမယ့် ရွာထဲကိုတော့မကြာမကြာဝင်ရောက်စာဖတ်ဖြစ်ပါတယ်…ဒီနေ့ရေးစာရေးခြင်တဲ့ပိုးကပြန်ထလာတယ်ပဲဆိုရမှာပေါ့လေ… အကြောင်းအရာက ဒီနေ့ထုတ် Messenger Journal Vol4,N0 52  26 th May 2014 မှာပါလာတဲ့ ဆောင်းပါးလေးကိုဖတ်ပြီးရေးခြင်စိတ်တွေ တစ်ဖွါးဖွါးပြန်ပေါ်လာတော့တယ်… ဤဆောင်းပါးကို ရဟန်းတော်များအတွက် အဓိကရည်ရွယ်ပါသည်။မိကျောင်းမင်းရေကင်းပြခြင်းမဟုတ်ပါ၊နွားရှေ့ထွန်ကျူးခြင်းလည်းမဟုတ်ပါ၊ပညာရှိသတိဖြစ်ခဲဟူသောစကားအရ သတိမမူ ဂူမမြင်ဖြစ်နေသော ရဟန်းတော်များအတွက် သတိမူရန်လမ်းကြောင်းပေးခြင်းသာ။ တစ်ခါကမြတ်စွာဘုရားသည် သူ့ခမည်းတော်နေထိုင်ရာ သူ့ဆွေမျိုးများရှိရာ ကပိလဝတ်ပြည်သို့ ကြွသွားရာခမည်းတော်နှင် […]


  Home made Valentine’s Day Special… အိမ်မှာနေရင်းငွေကုန်ကြေးကျနဲတဲ့နည်းလေးပါ…အိမ်မှာအသင့်ရှိတဲ့ကြက်ဥ၊ကြက်သားချောင်း၊ပါမုန့်နဲ့တင်ရတဲ့နည်းလေးပါ.. နည်းလေးကတော့….ဦးစွာပထမ ကြက်သားချောင်းတစ်ချောင်းကိုထိပ်ပိုင်းအနည်းငယ်ချန်ပြီးအလယ်မှဓါးနဲ့ခြမ်းပါ ၊ပြီးလျှင်အခြမ်းနှစ်ခုကိုထိပ်ချင်းထိ အောင်ဘေးသို့ကွေးချလိုက်ပါ၊သွားထိုးတံလေးနဲ့ထိုးပြီးထိပ်ချင်းဆက်ထားလိုက်ပါ…ထိုနောက် ဒယ်ပြားကိုမီးပူပေးပြီး၊မီးပူလျှင်ဆီအနည်းငယ်ထည့်ပြီး ကြက်သားချောင်းကိုထည့်ပါ ပြီးလျှင် ခွဲထားတဲ့ကြက်ဥကိုထိုကြက်သားချေုာင်းပုံစံခွက်အတွင်းသို့ထည့်ပြီးကျော်ပါ… ကြက်သားချောင်းနဲ့ကြက်ဥကျက်လျှင်ပုဂံထဲထည့်ပါ၊ပါမုန်ုကိုလည်းအသဲပုံပေါ်အောင်ကပ်ကျေးနဲ့ညှပ်ပါ ပြီးလျှင်Toster ထဲထည့်ကင်လိုက်ပါ..ပြီလျှင်မိမိနှစ်သက်ရာ စတော်ဘယ်ရီယိုတို့နှင့်သုံးဆောင်နိုင်ပါသည်။ မရေးတာကြာလို့အဆင်မပြေရင် ခွေးလွှတ်ကြပါနော်… တော်သေပြီ….


ယနေ့ ကျနော်တို့ ရောက်ရှိခဲ့တဲ့(၈.၈.၈၈) ၂၅ နှစ်မြောက်၊ငွေရတုအခမ်းအနား မြင်ကွင်းများကိုပြန်လည်မျှဝေလိုက်ပါတယ်… စစ်အာဏာရှင် တစ်ပါတီ  စနစ်ဆိုးကို ရဟန်းသံဃာ၊ကျောင်းသားမိဘ၊ပြည်သူတစ်ရပ်လုံး ညီညီညွတ်ညွတ်နဲ့တိုက်ပွဲဝင်ခဲ့တဲ့ ကမ္ဘာ့သမိုင်းဝင်မှတ်တိုင်တစ်ခုပဲဖြစ်ပါတယ်၊နောင်အနာဂတ်ရဲ့ သူရဲကောင်းညီငယ်ညီမငယ်များ အစဉ်အမြဲသတိရ အတုယူနိုင်ပါစေ… ကိုမင်းကိုနိုင်ရဲ့ နောက်ဆုံးအမှာစကားလေးကတော့ နောင်လာမဲ့ အနာဂါတ်တွေမှာလဲ အဲဒီလို အကျင့်ဆိုး စနစ်ဆိုးတွေနဲ့ ကြုံတွေလာရအုံးမယ်ဆိုရင် ၈.၈.၈၈ ရဲ့အလံတွေ နဲ့ လူထုတိုက်ပွေတွေရှိနေအုံးမှာပါပဲ… အမေစုရဲ့ စကားလက်ဆောင်ကတော့ ညီညွတ်ခြင်းဆိုတာ တစ်သွေး၊တစ်သံ၊တစ်မိန့်နဲ့ ညီညွတ်ခြင်းမဟုတ်ပဲ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးရဲ့ ညီညွတ်ခြင်းမျိုကို ခေါ်ဆိုပါတယ် လို့ဆိုပါတယ်… ဒါကြောင့် ကျနော်တို့ တိုင်းရင်းသားညီအကိုမောင်နှမများအားလုံး ညီညွတ်နေသမျှကာလပတ်လုံး ဘယ်အစိုးရဖြစ်ဖြစ်၊အာဏာရပါတီဖြစ်ဖြစ် ကြောက်ရွံနေစရာမလိုတော့ပါဘူး လို့ဆိုချင်ပါတယ်…   ညီအကိုမောင်နှမ အားလုံးကိုယ်စိတ်နှဖြာ ကျမ်းမာချမ်းသာကြပါစေ…..


လက်ပံတောင်းကြေးနီစီမံကိန်းမှ သပိတ်စခန်းများကို အကြမ်းဖက်နှိမ်နင်းမူအား ဆန့်ကျင်ရှုတ်ချလိုသည့် မြန်မာပြည်သူပြည်သားများအနေဖြင့် အိမ်ဖြူတော်(အမေရိကန်အစိုးရ)အား တိုက်ရိုက်လက်မှတ်ရေးထိုး ပန်ကြားနိုင်ပါသည်။ ပန်ကြားချက်ကိုအောက်ပါလင့်မှ သွားရောက်၍လက်မှတ်ရေးထိုးနိုင်ပါသည်။ (ဒီဇင်ဘာလ ၂၉ရက်နေ့အထိ လက်မှတ်ရေးထိုးသူဦးရေ ၂၅၀၀ဝပြည့်ရမည်ဖြစ်ပြီး၊လက်မှတ်မရေးထိုးမှီ အကောင့်အသစ်ပြုလုပ်ရမည်ဖြစ်သည်…။ လက်မှတ်ရေးထိုးရန်လင့်…့http://wh.gov/5Yrl ကဲ..ဒီရွာထဲက သူကြီးကစပြီး လှည်းနေလှေအောင်း၊မြင်းဇောင်းမကျန် ရှိရှိသမျှ ရွာသူားအပေါင်းတို့ … အပြောမဟုတ်အလုပ်နဲ့သက်သေပြကြပါဆို့…


အမေရိကန်နိုင်ငံရေးလောကမှာ ဩဇာကြီးမာသော Foreign Policy Magazine ကြီးရဲ့ ၂၀၁၂ ခုနှစ် ကမ္ဘာထိပ်တန်း အတွေးအခေါ်ရှင် ၁၀ဝ စာရင်း၌အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်တို့ပူးတွဲပထမရရှိခဲ့ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်တို့စုံတွဲကလည်း နံပါတ်၃ပူတွဲးရရှိပြီး၊အမေရိကန်သမ္မတ ဘာရပ် အိုဘားမားက နံပါတ်ရ ရရှိပြီး၊ပါကစ္စတန်မှ မာလာလာဆိုသော ခလေးမလေးက အိုဘားမားနဲ့ ကပ်လျှက်နံပါတ်၆ ကိုရရှိပြီး၊သန်းကြွယ်သူဋ္ဌေးကြီး ဘီလ်ဂိတ်တို့သုံတွဲကလည်း နံပါတ်၅ ကိုပူးတွဲရရှိခဲ့ကြပါတယ်။ ဒီပိုစ့်ကို ဒေါင်းမာန်ဟုန် မှပြန်လည်ရယူဖေါ်ပြပါသည်..။ မူရင်းလင့်…http//www.foreign policy magazine.com/articles/2012/11/26/the_fp_100_global_thinkers


ကျနော်လည်းရွာထဲမှာစာမရေးဖြစ်တာကြာပါပြီ။ပထမအချက်ကတော့ အချိန်မရခြင်းပါ။ဒုတိယကတော့ ကျမ်းမာရေးကြောင့် ကွန်ပျူတာရှေ့ကြာကြာမထိုင်နိုင်လို့ပါ။စာပဲဝင်ရောက်ဖတ်ရှုနေဖြစ်ပါတယ်… ပြီးခဲ့တဲ့ရက်ပိုင်းက အဘဖောရဲ့ စဉ်းစားကြစေလိုပါ(၄၀) ဆင်းရဲခြင်းနဲ့ထိုက်တန်နေပါသလားဆိုတဲ့ ပိုစ့်နဲ့ပက်သက်ပြီး..ရွာထဲမှာ တော်တော်လေးဂယက်ရိုက်သွားပါတယ်…။ဒါဟာ ဒီရွာကြီး စည်ကားနေရတဲ့ အကြောင်းအရင်းတစ်ရပ်လို့ကျနော်မြင်ပါတယ်… ဘာကြောင့်လဲဆိုတော့ ဒီရွာရဲ့အဆင့်အတန်းမနိမ့်ပုံဖေါ်ပြနေတာပါပဲ..ကျနော်ကိုယ်တိုင် ဒီရွာထဲမှာရွာလည်နေတာ (၃)နှစ်ဝန်းကျင်လောက်ရှိပြီလို့ထင်မိပါတယ်။၂၀၀၉ နှစ်လည်လောက်မှာစာတွေဝင်ရောက်ဖတ်ရှုဖြစ်ခဲ့ပြီး၊၂၀၁ဝ နှစ်လောက်မှာတစ်ကြောင်းနှစ်ကြောင်းလောက် တတ်သလောက်မှတ်သလောက်နဲ့ဝင်ရောက်ရေးသားခဲ့ပါတယ်..။ အဲဒီနောက်ပိုင်းပိုင်းမှာစာရေးတဲ့သူတွေပိုမိုတိုးလာပြီးအကြောင်းအရာခေါင်းစဉ်မျိုးစုံနဲ့အတွေ့အကြုံမျိုးစုံတွေ ၊နည်းပညာဖလှယ်မူတွေနဲ့အတော်လေးကိုအရောင်းသွေးစုံလင်စွာနဲ့ပျော်ရွှင်ပွဲကောင်းသော ရွာကြီးဖြစ်သို့ပြောင်းလဲတိုးတက်လာပါတယ်..။ ကျနော်ဒီရွာထဲမှာပျော်နေရတဲ့အကြောင်းအရင်းကလည်း အဲဒီအတွေ့အကြုံတွေနည်းပညာတွေ၊ရသစာပေတွေကိုလေ့လာခွင့်ရ ဖလှယ်ခွင့်ရ၊နောက်ပြီး..ဒီရွာထဲက လူငယ်တွေက တခြားဆိုဒ်တွေကလူငယ်တွေလိုမဟုတ်ပဲ တစ်ဦးတစ်ယောက်ကအများအတွက်အကျိုးရှိမယ့်၊ အစီအစဉ်လေးတွေတင်ပြရင် အားလုံးကဝိုင်းဝန်းပြီး လက်တွေဆောင်ရွက်တက်ကြတာကိုပါပဲ…E tone & AKKO တို့မှစလိုက်တဲ့ ကိုကျော်သူတို့နာရေးကူညီမူအသင်းထံပေးအပ်လှူတန်းသော အလှူမှစ၍ ယနေ့ဆက်လက်ဆောင်ရွက်နေတဲ့ ကိုကြောင်ဝတုတ်တို့ရဲ့ ဒါဇင်ပလက်အဖွဲ့နဲ့ ရွာသူရွာသားများက ပူးပေါင်းလှူတန်းကြမယ့် မိဘမဲ့ခလေးများစောင့်ရှောက်ရေး ကိုယ်ထူကိုယ်ထ ဘုန်းတော်ကြီးကျောင်းသို့အလှူအထိ လက်တွေ့ဆောင်ရွက်တတ်ကြသူများဖြစ်ကြပါတယ်…။ ဆိုတော့ကာ နိဒါန်းနဲ့တင်အိပ်ချင်စိတ်ပေါက်နေလောက်ပြီထင်ပါတယ်…ဒီရွာမှာ ခေတ်စားသော စကားလုံးဖြစ်တဲ့ “ငြင်းခုံခြင်းအနုပညာ” ဆိုတာေလးကို အဖြေရှာချင်တာပါ…။ တစ်ချီန်က […]


မြန်မာပြည်သူပြည်သားများအတွက် ကမ္ဘာ့အရပ်ရပ်သို့ မမောမပန်းနိုင်ပဲ ခရီးတွေထွက်နေရသူ…အဖေ့သွေး၊အဖေ့စိတ်ဓါတ်နဲ့အဖေ့ခြေရာနင်းနိုင်သူ…အမေထာဝရ ကျမ်းမာအသက်ရှည်နိုင်ပါစေ… အမေစုရဲ့ အိန္ဒိယခရီးစဉ်မှတ်တမ်း ဓါတ်ပုံများကို …ဒေါင်းမာန်ဟုန်မှ ပြန်လည်ရယူမျှဝေပါသည်။။။။။။။။ မန်းဂဇတ်ရွာသူားအားလုံးလည်း ထာဝရပျော်ရွှင်နိုင်ကြပါစေ…. လွန်ခဲ့သောနှစ်(၅၀)ခန့်က သူတက်ရောက်ခဲ့သော နယူးဒေလီမြို့ရှိ Lady Sri Ram ကောလိပ်ကိုသွားရောက်လည်ပတ်ခဲ့ပါတယ်။ထိုကောလိပ်မှ ၁၉၆၄ခုနှစ်မှာ နိုင်ငံရေးသိပ္ပံဘာသာရပ်နဲ့ဘွဲ့ရခဲ့ပါတယ်။ ယခုအိန္ဒယခရီးစဉ်အတွင်း မိမိပညာသင်ယူလာခဲ့တဲ့ ကျောင်းတော်ဟောင်းကိုပြန်ရောက်လာတာဟာ ကိုယ့်အိမ်ကိုပြန်ရောက်လာသလိုပါပဲလို့ ဒေါ်အောင်ဆန်းစုကြည်ကပြောကြားလိုက်ပါတယ်… ဒေါ်အောင်ဆန်းစုကြည်ကိုကောလိပ်ကျောင်းအုပ်ကြီး၊ဆရာဆရာမတွေနဲ့ ကျောင်းသူတွေကလှိုက်လှဲစွာကြိုဆိုခဲ့ကြပါတယ်။ မိမိတို့အတွက်နက်နက်ရှိုင်းရှိုင်း ခံစားရတဲ့အခိုက်အခါပါပဲလို့ ကျောင်းအုပ်ကြီးက ဂုဏ်ပြုကြိုဆိုပွဲအခန်းအနားမှာပြောဆိုလိုက်ပြီး၊ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဝေဒနာကိုမိမိတို့ထပ်တူထပ်မျှခံစားရပါကြောင်း၊ဒေါ်အောင်ဆန်းစုကြည်ဘေးဘယာဝေးကွာစေဖို့ ဆုတောင်းပါကြောင်းပြောကြားခဲ့ပါတယ်…။ ဒေါ်အောင်ဆန်းစုကြည်ကလည်း မိမိရဲ့ကျောင်းကိုတစ်နေ့ပြန်ရောက်အုံးမယ်ဆိုတာသိနေပါတယ်လို့ပြောဆိုပြီး၊မြန်မာနိုင်ငံဟာ ဒီမိုကရေစီပြည့်ဝတဲ့အဆင့်ကို မရောက်သေးပါဘူး၊ဒီမိုကရေစီအခွင့်အရေးတွေဆိုတာ အလွန်တရာတန်ဖိုးရှိမှန်း အဲဒီအခွန့်အရေးတွေမရရှိသေးတဲ့သူတွေသာ သိကြပါတယ်လို့ပြောကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာအိနိ္ဒယနိုင်ငံတောင်ပိုင်းကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို သါားရောက်ကြည့်ရငငလေ့လာမှာဖြစ်ပြီး တနင်္ဂနေ့မှာ မြန်မာနိုင်ငံကိုပြန်လည်ထွက်ခွါမှာဖြစ်ပါတယ်။ ပိုစ့်..သတင်းကို RFA မှပြန်လည်မျှဝေပါသည်။  


ကိုတိုးကြီးရဲ့ နောက်ဆုံးခရီးစဉ်… ဤဓါတ်ပုံများကို …ဒေါင်းမာန်ဟုန် မှ ပြန်လည်ရယူဖေါ်ပြခြင်းဖြစ်ပါသည်…။ အခုတော့…ကျနော်တို့ ပန်းခရမ်းပြာဟာ…ကျနော်တို့ကိုကျော်ခိုင်းသွားခဲ့ပြီပေါ့နော်… ကိုတိုးကြီး ဂီတလောကကြီးကို ကျော်ခိုင်းစွန့်ခွါသွားခဲ့ပေမယ်…ကိုတိုးကြီး ရဲ့ အေးမျှလှတဲ့ ဂီတ သံစဉ်တွေကတော့ ဟော် ဒီ ကမ္ဘာလာကြီးထဲမှာ ဆက်လက်ရှင်သန်နေအုံးမှာပါပဲ… ကျနော်တို့ လူပျိုပေါက်အရွယ်မှာ ကိုတိုးကြီး ဂီတသံတွေနဲ့ရှုးသွပ်ခဲ့ရသူတွေပါ…ကျနော်နဲ့ ရင်းနှီးခဲ့တဲ့ ကိုမျိုးခင်ကတော့ ကိုတိုးကြီးတို့ကို အရင်ဆုံးကျော်ခိုင်းခဲ့သူပေါ့… ကိုတိုးရဲ့နောက်ဆုံးဖျော်ဖြေပေးခဲ့တဲ့ (၈၈)ကျောင်းသားများဂီတရန်ပုံငွေပွဲမှာ သီဆိုခဲ့တဲ့ ကြိုးကြာသံ ဟာ ကျနော်တို့အားလုံးကို နှတ်ဆက်ခဲ့လေတာလား… ဝေး..ခဲ့ပြီပန်းခရမ်းပြာ… ဟိုတုံးက ညနေခင်းများ….ကြည်ပြာကန် နဘေးမှာ..သံစဉ်လှိုင်းခတ်… တေးဖွဲ့လွန့်ပျံ့နေတတ်စဉ်…ရေပြင်ပေါ်မှာ မှီရာတည်ရာ…စွန့်ခဲ့မျောလို့နေတော့တယ်… ကြွေသွားတဲ့ နုပျိုခြင်းများ…လှောင်ရယ်သံကြားမှာ မတည်ငြိမ်သေးခဲ့… ငြီးငွေ့စိတ်ပျက်နေရစဉ်…အပြစ်မဲ့အလွမ်းခြေရာများ… နာကျင်စေသူရင်မှာထင်ကျန်…တယုတယ ထွေးပိုက်နေခဲ့တယ်… ဝေး..ခဲ့ပြီပန်းခရမ်းပြာရေ..တခါတစ်ရံမှာ အိမ်မက်လို… ပင်ညှိညှိရိပ်တွေ..မြမျက်စိမ်းစိမ်းတွေ ဘယ်ဆီမှာလည်းမသိတော့ပါ… မျှော်လင့်ချက် မနက်ဖန်ရက်များ…အစဉ်မပြေနိုင်သေးခင် ယုံကြည်တမ်းတ… အသိစိတ် လမ်းလျှောက်ရယ်ဖြစ်စဉ်…စခန်းမဲ့နားခိုရာလည်း…ဘယ်ဆီဘယ်မှာ […]


  ရက်ကိုလစား၊လကိုနှစ်စား သက္ကရာဇ်တွေပြောင်းသွားခဲ့တာ…ေဩာ်..ငွေရတုတောင်ရောက်ပါရော့လား… တစ်ချိန်တုန်းကနုပျိုလန်းစန်းခဲ့တဲ့ ငါ့ရုပ်သွင်ပြင်လည်း… ဇရာရိုက်ချိုးလို့ ဆံဖြူသွားကျိုးခဲ့ပြီ… လက်သီးကိုဆုပ် အားကုန်ထုတ်ကာ ခေါင်းကိုမော့ ရင်ကိုကော့၍ မာန်ဟုန်ပြင်းနှင့် ရှေ့သို့ချီမည် ငါတို့ ခွပ်ဒေါင်းအာဇာနည်… ကဗျာမပီစာမမှီ ရေးဖွဲ့ခဲ့သည် စာစုလေးပင် ဖြစ်လင့်ကစား ရင်တွင်းပေါက်ဖွား ငါ့ရဲ့သံစဉ်များ… ယနေ့(ဩဂုတ်လ၊ရ ရက်နေ့)ညနေ၄း၃ဝ နာရီက ၈၈၈၈အရေးတော်ပုံငွေရတုအကြို ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနားအတွက် ပြင်ဆင်နေချိန်တွင် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော စက်မူဝန်ကြီးဌာနဝန်ကြီး ဦးစိုးသိန်းနှင့် မီးရထားပို့ဆောင်ရေးဌာနဝန်ကြီး ဦးအောင်မင်းတို့သည် အခမ်းအနားကျင်းပမည့် မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊အလယ်တိုက်ကြီး၊ဒက္ခိဏရာမဘုရားကြီးကျောင်းတိုက်သို့ရောက်ရှိလာကာ ကျောင်းထိုင်ဆရာတော်များ အားဂါရဝပြုပြီးနောက် ၈၈မျိုးဆက်ကျောင်းသားခေါင်းများနှင့်ရင်းနှီးစွာတွေ့ဆုံခဲ့ကြသည်။ထိုသို့တွေ့ဆုံရာတွင် မနက်ဖြန်မှာပြုလုပ်မည့် ရှစ်လေးလုံးအခမ်းအနားအတွက် ၎င်းတို့ရောက်ရှိလာရခြင်းဖြစ်ကြောင်း၊ထိုသို့လာရောက်ရန်အတွက် သမ္မတကြီးထံခွင့်တောင်းပြီးနောက် သမ္မတ၏ခွင့်ပြုချက်ဖြင့်လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ဒါကြောင့်မနက်ဖြန်တွင် ကျင်းပပြုလုပ်မည့် ရှစ်လေးလုံးနေ့အခမ်းအနားကို ပြည်ထောင်စုအစိုးရအဆင့်အဖွဲ့မှခွင်ပြုလိုက်ခြင်းဖြစ်ကြောင်းတို့ကို ဝန်ကြီး ဦးစိုးသိန်းမှာပြောကြားခဲ့ပြီး ဆရာတော်ကြီးများအတွက် နဝကမ္မအလှူငွေ ကျပ်နှစ်သိန်းနှင့် ၈၈မျိုးဆက်ကျောင်းသားအဖွဲ့သို့ အလှူငွေ ကျပ်ဆယ်သိန်းတို့ကို  ဝန်ကြီးနှစ်ဦးမှပေးအပ်သွားခဲ့ပါသည်။အဆိုပါလက်ခံရရှိငွေ […]


မွတ်ဆလင်လူငယ်အားရဟန်းအဖြစ်သို့သွတ်သွင်းခဲ့သူဆရာတော်မှာ နာဇီရွာ အကွက်(၁)တွင်ရှိသော စန္ဒာလောကကျောင်းတိုက်တွင်ရှိသော ဆရာတော်စန္ဒာလောကပင်ဖြစ်ပါသည်ဟုသိရှိရပါတယ်။ ဆရာတော်စန္ဒလောကမှ သဘောရိုးဖြင့်သင်္ကန်းစီးပေးခဲ့သော်လည်း သူတွင်အကြံအစည်များပါဝင်ခဲ့သည်ဟု ၎င်းအားစစ်ဆေးစဉ်ပါဝင်ခဲ့သောရဟန်းပျိုအဖွဲ့(စစ်တွေ)မှ ဒု-အတွင်းရေးမှူးဖြစ်သူ အရှင်ဓမ္မဓဇက နရဉ္စရာသတင်းဌာနသို့ပြောကြားခဲ့ပါသည်။ မေးတဲ့အခါမှာ ဦးဇင်းတို့တဖွဲ့တည်းမဟုတ်ပဲ လူကြီးတွေအားလုံးရှိပါတယ်။ရဲလည်းရှိတယ်၊SPကလည်းရှိတယ်၊စစ်တပ်ကလည်းရှိတယ်၊သာသနာရေးအဖွဲ့ကလည်းရှိတယ်၊ အားလုံးဝိုင်းပြီးတော့မေးကြပါတယ်။သူကပြောတာတော့ သူတို့အဖွဲ့က အားလုံး(၇)ယောက်ရှိတယ်လို့ဆိုပါတယ်၊သူတို့ကိုအထက်က အမိန့်ပေးထားတဲ့သူက ခိုင်းတာလို့ပြောပါတယ်၊ဘုန်းကြီးကျောင်းတွေကိုမီးရှို့ဘို့ ပုံစံနဲ့ခိုင်းတာလို့ပြောပါတယ်၊သူ့ရဲ့ပြောပြချက်ပါ၊ တိကျတဲ့သတင်းကတော့ မရသေးပါဘူးလို့ဆိုပါတယ်။ ယခုကဲ့သို့ မွတ်ဆလင်လူငယ်တစ်ဦးကို သင်္ကန်းစည်းပေးတာ ဝိနည်းတော်နဲ့ညီရဲ့လားဆိုပြီးဆရာတော် စန္ဒလောက အား မြို့နယ်သံဃာ့ကောင်စီမှ စစ်ဆေးမေးမြန်းနေသည်ဟုသိရပါသည်။ မွတ်ဆလင်ဘာသာမှမဟုတ်ဘူး၊ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် မိမိ၏ဆန္ဒအလျှောက် ဗုဓ္ဒဘာသာသို့ကူးပြောင်းနိုင်ခွင့်ရှိပါတယ်။ မွတ်ဆလင်ဘာသာမှကူးပြောင်းလာပြီး၊ထင်ရှားကျော်ကြားခဲ့တဲ့ ဆရာတော်အရှင်အာဒိစ္စရံသီ(ဦးဆန်းလွင်)ရခိုင်ပြည်နယ်၊သံတွဲမြို့မှာမွေးဖွားခဲ့တာပါ၊။။။ဆိုတော့ကာ မြို့နယ်သံဃာ့ကောင်စီက ဝိနည်းတော်နဲ့ညီရဲ့လားဆိုတာ ဘာကိုမေးတာလဲလို့ ပြန်မေးချင်စမ်းပါတယ်။ လူမျိုးရေးကို ဘာသာရေး အသွင်ပြောင်းအောင်ဖန်တီးနေတာဘယ်သူတွေလဲ… ဓါတ်ပုံ…နရဉ္စရာသတင်းဌာနမှ ရရှိပါသည်။ အစဉ်အမြဲလေးစားခင်မင်တတ်တဲ့… အညတရ(မောင်သုည)


ပြင်နိုင်ငံ အစိုးရ၏ဖိတ်ကြားချက်အရ ဇွန်လ(၂၆)မှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဟာ ပြင်သစ်နိုင်ငံကို အင်္ဂလန်နိုင်ငံမှ အမြန်ရထား Eurostar ဖြင့် ရောက်ရှိခဲ့ပါတယ်။ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရဲ့ Gare du Nord ဘူတာရုံသို့ ပြင်သစ်နိုင်ငံရဲ့ ဖွံ့ဖြိုးရေးဝန်ကြီး Mr.Pascal Canfin လာရောက်ကြိုဆိုခဲ့ပါတယ်။ ထို့နောက် ပြင်သစ်နိုင်ငံ ပဲရစ်မြီု့မှာရှိတဲ့ Elysee မှာ ပြင်သစ်နိုင်ငံရဲ့ သမ္မတ Francois Hollande ကကြိုဆိုခဲ့ပါတယ်။မြန်မာနိုင်ငံ ရဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြင်သစ်နိုင်ငံမှာ (၃)ရက်ကြာနေထိုင်မယ်လို့သိရပါတယ်။ မြန်မာနိုင်ငံအတွက် မြန်မာလူမျိုးများအတွက် ဂုဏ်ယူစရာကောင်းသော သမိုင်းဝင် ခြေလှမ်းများဟု ယူဆမိပါတယ်။ကမ္ဘာ့ နိုင်ငံကြီးများက ဤသို့ အရေးတယူ ဂရုတစိုက် ကြိုဆိုကြဖိတ်ခေါ်ကြတာ မြန်မာနိုင်ငံဆိုတာ ကမ္ဘာပေါ်မှာ အထင်အရှား ကျော်ကြားစေဖို့ ဖန်တီးပေးနေခြင်းလို့ယူဆပါတယ်..။စာအုပ် အနီလေးတွေကိုင်ပြီး ကမ္ဘာနိုင်ငံကြီးတွေ မြန်မာလူမျိုးတွေ ရင်ကော့ […]


ဒုတိယကမ္ဘာစစ်နောက်ပိုင်း ခမ်းနားကြီးကျယ်လှတဲ့ ဗြိတိသျှ ပါလီမန်မှာ မိန့်ခွန်းပြောကြားခွင့် ရရှိသူ (၅)ဦးသာရှိသေးပါတယ်၊အဲဒီအထဲမှာ မြန်မာပြည်သူလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်လည်းပါဝင်ခဲ့ပါတယ်။ မြန်မာပြည်အတွက်၊မြန်မာလူမျိုးများအတွက် အထူးပင်ဂုဏ်ယူဝမ်းမြောက်စေပါတယ်။ယနေ့အချိန်မှာ မြန်မာဆိုတာ ဘယ်လိုလူမျိုးတွေရှိတဲ့တိုင်းပြည်ဆိုတာ ကမ္ဘာအရပ်ရပ်မှာရှိတဲ့ လူတိုင်းက သတိထားစောင့်ကြည်မူတွေပိုမိုလေးစားမူတွေရှိလာပါတယ်၊ ဒါဟာဘာကြေင့်လဲဆိုတော့ မြန်မာ့ဂုဏ်ဆောင် အာဇာနည်အမျိုးသမီး သူရဲကောင်း ဒေါ်အောင်ဆန်းစုကြည်ကြောင့်ဆိုတာ ဘယ်သူမှမငြင်းနိုင်ပါဘူး၊နိုင်ငံတကာရဲ့ သတင်းစာတွေမှာ အထူးတလည်ဖေါ်ပြခြင်းကိုခံနေရတာကြောင့်ပါပဲ…။ မြန်မာလူမျိုးတွေထဲမှာ ကမ္ဘာကလေးစားကြည်ညိုရတဲပုဂ္ဂိုလ်တွေရှိသေးတယ်ဆိုတာ သက်သေပြလိုက်တာပါပဲ… ဓါတ်ပုံ…ဒီမိုဝေယံမှရယူ၍ ပြန်လည်မျှဝေပါသည်… အစဉ်အမြဲလေးစားခင်မင်တတ်သော… အညတရ(မောင်သုည)…


မြန်မာလူမျိုးများအတွက်အထူးဂုဏ်ယူဝမ်းမြောက်စေပါတယ်…ကမ္ဘာအလည်မှာ မျက်နှာငယ်နေရတဲ့ မြန်မာလူမျိုးတွေကို အဖတ်ဆယ်ဖို့အချိန်ရောက်လာပါပြီလို့ယူဆမိပါတယ်..။တချိန်က Burma Rice ဆိုတာ ကမ္ဘာကသိတယ်..။ တစ်ချိန်က အားကစားဆိုရင် ချန်ပီယံ ဗာမားဆိုတာ ကမ္ဘာကသိတယ်…တစ်ချိန်က အာရှမှာ ထင်ရှားကျော်ကြားခဲ့တဲ့ တက္ကသိုလ်ကြီးရှိခဲ့တယ်…တစ်ချိန်က ကမ္ဘာ့ လူသန်းပေါင်းများစွာရဲ့ အသက်ကိုကယ်ခဲ့ ဘူးတဲ့သူ မွေးဖွားခဲ့တယ်… အဖိုးတန် သံယံဇာတပေါ်ကြွယ်ဝတဲ့ ရွှေနိုင်ငံကြီးဆိုတာ ကမ္ဘာကသိတယ်… တရုပ်ကဆွဲ..ကုလားကဖဲ့…နဲ့ ခေါင်းငုံနေရတဲ့ မြန်မာတွေ…နိူးထ ကြတော့…နိူးကြားကြပါတော့…အသိစိတ်တွေနဲ့…သွေးစည်းညီညွတ်ကြပါတော့…. ဓါတ်ပုံ….http://www.demowaiyan.org မှ ပြန်လည်မျှဝေပါသည်။ အစဉ်အမြဲလေးစားခင်မင်တတ်သော… အညတရ(မောင်သုည)