Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

၈.၈.၈၈ ရဲ့ငွေရတု ပုံရိပ်များ

2013-08-08 11.05.40

ယနေ့ ကျနော်တို့ ရောက်ရှိခဲ့တဲ့(၈.၈.၈၈) ၂၅ နှစ်မြောက်၊ငွေရတုအခမ်းအနား မြင်ကွင်းများကိုပြန်လည်မျှဝေလိုက်ပါတယ်…

စစ်အာဏာရှင် တစ်ပါတီ  စနစ်ဆိုးကို ရဟန်းသံဃာ၊ကျောင်းသားမိဘ၊ပြည်သူတစ်ရပ်လုံး ညီညီညွတ်ညွတ်နဲ့တိုက်ပွဲဝင်ခဲ့တဲ့ ကမ္ဘာ့သမိုင်းဝင်မှတ်တိုင်တစ်ခုပဲဖြစ်ပါတယ်၊နောင်အနာဂတ်ရဲ့ သူရဲကောင်းညီငယ်ညီမငယ်များ အစဉ်အမြဲသတိရ အတုယူနိုင်ပါစေ…

ကိုမင်းကိုနိုင်ရဲ့ နောက်ဆုံးအမှာစကားလေးကတော့ နောင်လာမဲ့ အနာဂါတ်တွေမှာလဲ အဲဒီလို အကျင့်ဆိုး စနစ်ဆိုးတွေနဲ့ ကြုံတွေလာရအုံးမယ်ဆိုရင် ၈.၈.၈၈ ရဲ့အလံတွေ နဲ့ လူထုတိုက်ပွေတွေရှိနေအုံးမှာပါပဲ…

အမေစုရဲ့ စကားလက်ဆောင်ကတော့ ညီညွတ်ခြင်းဆိုတာ တစ်သွေး၊တစ်သံ၊တစ်မိန့်နဲ့ ညီညွတ်ခြင်းမဟုတ်ပဲ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးရဲ့ ညီညွတ်ခြင်းမျိုကို ခေါ်ဆိုပါတယ် လို့ဆိုပါတယ်…

ဒါကြောင့် ကျနော်တို့ တိုင်းရင်းသားညီအကိုမောင်နှမများအားလုံး ညီညွတ်နေသမျှကာလပတ်လုံး ဘယ်အစိုးရဖြစ်ဖြစ်၊အာဏာရပါတီဖြစ်ဖြစ် ကြောက်ရွံနေစရာမလိုတော့ပါဘူး လို့ဆိုချင်ပါတယ်…

 

ညီအကိုမောင်နှမ အားလုံးကိုယ်စိတ်နှဖြာ ကျမ်းမာချမ်းသာကြပါစေ…..

10 comments

  • မဟာရာဇာ အံစာတုံး

    August 9, 2013 at 1:32 am

    လူဒွေဒေါ့ အားဂျီးဘဲ …
    အဲ့လူဒွေထဲ ကျား များလား၊ မ များလား မသိဘူးနော့ ….
    စကားမစပ် … ဖွဘုတ်နဲ့ ဆက်စပ်ပြီး ပြောရရင် …
    ဒီထဲမှာ မှန်တယ် ပေါ့ ….

  • kyeemite

    August 9, 2013 at 9:09 am

    အဲဒီပွဲကြီးကို မရောက်ဖြစ်လိုက်ဘူးဗျာ..
    မျှဝေပေးတာကျေးဇူးပါ ကိုဇော်မင်းခင်ဗျား…

  • အလင်းဆက်

    August 9, 2013 at 1:57 pm

    ပုံတွေ ဝေဝေဆာဆာ မြင်ရလို ့ကျေးဇူးပါဗျ

    ၆ ရက်နေ ့က ရောက်ဖြစ်ပေမယ့်
    ဒီလောက် စုံလင် တဲ့ မြင်ကွင်းတွေ မတွေ ့ခဲ့ရ ချိန်ဆိုတော့

    . . .

    အခု မြင်ခွင့် ရ လိုက်တဲ့ ပုံရိပ်တွေ အတွက်
    ကျေးဇူးပါ

  • အရီးခင်

    August 9, 2013 at 2:48 pm

    အမြင်ချင်းမတူတာ အကြောင်းမဟုတ်ပါဘူး။
    လိုချင်တဲ့ ရည်မှန်းချက် တူဖို့ နဲ့ သူများအမြင် ကိုလဲ လေးစား တန်ဖိုးထား တတ်ဖို့ဘဲ လိုတာပါ။
    (အထင်) 😉
    ပုံလေးတွေ မျှပေးလို့ ကျေးဇူးပါ ကိုဇော်မင်း။

    • kai

      August 9, 2013 at 2:54 pm

      အဲဒီအမြင်ချင်းမတူတာကိုက…. အင်အားတဲ့..
      အိုဘားမား…ရန်ကုန်တက္ကသိုလ်မှာပြောသွားတာ…။ :mrgreen:

  • ခင် ခ

    August 9, 2013 at 3:02 pm

    စနစ်ဆိုး နဲ့ အဖြစ်ဆိုးတွေ
    ရပ်သင့်တဲ့ တစ်နေ့
    ရပ်ရမယ့် တစ်နေ့
    ရပ်သွားမယ့် တစ်နေ့
    ရောက်အောင်သွားကြမယ့် တစ်နေ့။

  • kai

    August 10, 2013 at 9:32 am

    ကိုသူရ(ဇာဂနာ)တယောက်လည်း.. မီဒီယာတွေထဲသိပ်မတွေ့ရတော့ဘူးနော…

  • zaw min

    August 10, 2013 at 3:28 pm

    အားလုံးပဲ မင်္ဂလာပါခင်ဗျာ….ကွန့်မန်တွေကိုချက်ခြင်းပြန်မရးနိုင်တာကိုခွင့်လွှတ်ပါနော်….
    မဟာအံ့စာတုံးရေ…ကျားများလား မများတော့ အနော်လည်းမသိပါဘူးခင်ဗျား…(ကျား များလိမ့်မယ်ဟုထင်ပါတယ်)….
    ကိုမိုက်ရေ…ကျနော်လည်း သူငယ်ချင်းများကြောင့်ရောက်ဖြစ်သွားတာပါ…
    ဟုတ်ပါတယ် …အလင်းဆက်ရေ…နောက်ဆုံးနေ့နဲ့လည်းတိုက်ဆိုင်နေတော့ တော်တော်လေးစည်ကားပါတယ်…
    အရီးရေ..အားပေးတာ ကျေးဇူးပါ…ဟုတ်ပါတယ်…တစ်ဖက်က အမြင်ကိုလည်း လေးစားတတ်ဖို့လိုတာပေါ့နော်…
    ကျေးဇူးပါသူကြီးရေ…ရွာထဲကိုဝင်လို့ရနေသေးတာ ကျေးကျေးပါ…
    အင်း…အဲဒီနေ့ကလည်း ဒေါ်စုပြောသွားတာကြားလိုက်သေးတယ်….ဒါကတော့ ဒီနေ့တက်ရောက်လာတဲ့
    လူထုအင်အားကိုကြည့်ပြီး နှစ်သစ်သဘောကျကြောင်း…ဒါပေမယ့် အဲဒီအင်အားကို တစ်လွှဲမသုံးမိစေဖို့ သတိပေးသွားပါသေးတယ်…
    ဟုတ်ကဲ့ အမ ခင်ခရေ…ကျနော်တို့ နောက်ထပ် အဲဒီလို အဖြစ်ဆိုး၊စနစ်ဆိုးတွေနဲ့ဘယ်တော့မှ မကြုံရပါစေနဲတော့လိုတုတောင်မိပါတယ်ဗျာ…
    ကိုမင်းကိုနိုင်က နိုင်ငံတော်အလံတွေသာ အဆက်ဆက်ပြောင်းသွားပေမယ့်…ကျနော်တို့ပြည်သူတွေရဲ့ ဘဝတွေကတော့ ဘာမှမပြောင်းလဲသေးပါဘူးတဲ့…..
    ယခုပွဲကို နိုင်ငံရေးပါတီအသီးသီးကတတ်ကြပါတယ်။တစ်ချိန်က မယုံကြည်လို့ပဲဖြစ်ဖြစ်၊ မလိုက်နာနိုင်တာကြောင့်ပဲဖြစ်ဖြစ်၊အဲဒီလူပုဂ္ဂိုလ်အဖွဲ့အစည်း တွေက ဒီမိုကရေစီ တူချီတက်ဖို့ ပြင်ဆင်နေကြပြီလို့ ကြွေးကြော်နေတာတွေကို တွေ့ရပါတယ်။ကျနော်တို့ ယုံကြည်ချင်ပါတယ်။
    အဲဒီလူတွေနဲ့ ဒီမိုကရေစီဘက်တော်သားတွေဖြစ်ကြောင်း ဒီထက်ပိုပြီးပြသပေးဖို့ လိုပါတယ်…လို့ပြောကြားသွားပါတယ်…
    ယုံချင်ပါတယ်…ယုံအောင်လက်တွေ့လုပ်ပြဖို့တော့ လိုမှာပေါ့နော်….
    ဒေါ်အောင်ဆန်းစုကြည်က…ကျမတို့မတူတဲ့သဘောတွေကို ညှိနိူင်းပြီးတော့ သဘောတူညီချက်တွေကို လုပ်ရပါမယ်၊မတူတဲ့ပန်းတိုင်တွေကိုလည်းညှိယူရပါမယ်…အားလုံးရဲံ့အဓိကပန်းတိုင်ကတော့ အေးအေးချမ်းချမ်းနဲ့ နေချင်ကြပါတယ်၊
    …ဂေါက်နေတဲ့သူတွေတော့ မပါဘူးပေါ့နော်… သူ့ရဲ့မိန့်ခွန်းထဲမှာပြောကြားခဲ့ပါတယ်။
    အခြေခံဥပဒေ ပြန်လည်ပြင်ဆင်ရေးကို ဘာကိုကြောက်နေလို့ မတို့ရဲ၊မထိရဲ၊မကိုင်ရဲဖြစ်နေတာလဲ လို့ပြောကြားခဲ့ပါတယ်၊ဥပဒေဆိုတာ လူတွေလုပ်ထားတာပါ…သက်မဲ့ စာတန်းကိုပြင်ရဖြည့်ရမှာ ဘာလို့ကြောက်နေတာလဲလို့ မေးခွန်းထုတ်သွားပါတယ်….
    ကိုသူရကြီးကို မီဒီယာတွေထဲ သိပ်မတွေ့ရတော့တာ မီဒီယာသမားတွေကပဲ ရှောင်ကွင်းနေကြတာလားမပြောတတ်ပါဘူး သူကြီးရေ….အဲဒီနေ့ကလည်း ကိုသူရကြီးတစ်ယောက် လမ်းကြောင်းရှင်းနေတာတွေ့ခဲ့ရတယ်…

  • ဦးကြောင်ကြီး

    August 12, 2013 at 8:55 am

    အဲဒီနေ့က အနော်လည်း ဆင်ပေါ်မှာလေ… အတွေ့ဗူးလား အောက်ပြုတ်မကျအောင် မနည်းကိုင်ထားရဒယ်…. 😆

  • zaw min

    August 12, 2013 at 6:20 pm

    ကိုကြောင်က ပြုတ်ကျမှာကြောက်စရာမလိုပါဘူး….ကြောင်ပဲ ဟာကို…..ဟာကို……

Leave a Reply