ငြင်းခုန်ခြင်းအနုပညာနှင့်ဒီမိုကရေစီ….
ကျနော်လည်းရွာထဲမှာစာမရေးဖြစ်တာကြာပါပြီ။ပထမအချက်ကတော့ အချိန်မရခြင်းပါ။ဒုတိယကတော့ ကျမ်းမာရေးကြောင့် ကွန်ပျူတာရှေ့ကြာကြာမထိုင်နိုင်လို့ပါ။စာပဲဝင်ရောက်ဖတ်ရှုနေဖြစ်ပါတယ်…
ပြီးခဲ့တဲ့ရက်ပိုင်းက အဘဖောရဲ့ စဉ်းစားကြစေလိုပါ(၄၀) ဆင်းရဲခြင်းနဲ့ထိုက်တန်နေပါသလားဆိုတဲ့ ပိုစ့်နဲ့ပက်သက်ပြီး..ရွာထဲမှာ တော်တော်လေးဂယက်ရိုက်သွားပါတယ်…။ဒါဟာ ဒီရွာကြီး စည်ကားနေရတဲ့ အကြောင်းအရင်းတစ်ရပ်လို့ကျနော်မြင်ပါတယ်…
ဘာကြောင့်လဲဆိုတော့ ဒီရွာရဲ့အဆင့်အတန်းမနိမ့်ပုံဖေါ်ပြနေတာပါပဲ..ကျနော်ကိုယ်တိုင် ဒီရွာထဲမှာရွာလည်နေတာ (၃)နှစ်ဝန်းကျင်လောက်ရှိပြီလို့ထင်မိပါတယ်။၂၀၀၉ နှစ်လည်လောက်မှာစာတွေဝင်ရောက်ဖတ်ရှုဖြစ်ခဲ့ပြီး၊၂၀၁ဝ နှစ်လောက်မှာတစ်ကြောင်းနှစ်ကြောင်းလောက် တတ်သလောက်မှတ်သလောက်နဲ့ဝင်ရောက်ရေးသားခဲ့ပါတယ်..။
အဲဒီနောက်ပိုင်းပိုင်းမှာစာရေးတဲ့သူတွေပိုမိုတိုးလာပြီးအကြောင်းအရာခေါင်းစဉ်မျိုးစုံနဲ့အတွေ့အကြုံမျိုးစုံတွေ ၊နည်းပညာဖလှယ်မူတွေနဲ့အတော်လေးကိုအရောင်းသွေးစုံလင်စွာနဲ့ပျော်ရွှင်ပွဲကောင်းသော ရွာကြီးဖြစ်သို့ပြောင်းလဲတိုးတက်လာပါတယ်..။
ကျနော်ဒီရွာထဲမှာပျော်နေရတဲ့အကြောင်းအရင်းကလည်း အဲဒီအတွေ့အကြုံတွေနည်းပညာတွေ၊ရသစာပေတွေကိုလေ့လာခွင့်ရ ဖလှယ်ခွင့်ရ၊နောက်ပြီး..ဒီရွာထဲက လူငယ်တွေက တခြားဆိုဒ်တွေကလူငယ်တွေလိုမဟုတ်ပဲ တစ်ဦးတစ်ယောက်ကအများအတွက်အကျိုးရှိမယ့်၊ အစီအစဉ်လေးတွေတင်ပြရင် အားလုံးကဝိုင်းဝန်းပြီး လက်တွေဆောင်ရွက်တက်ကြတာကိုပါပဲ…E tone & AKKO တို့မှစလိုက်တဲ့ ကိုကျော်သူတို့နာရေးကူညီမူအသင်းထံပေးအပ်လှူတန်းသော အလှူမှစ၍ ယနေ့ဆက်လက်ဆောင်ရွက်နေတဲ့ ကိုကြောင်ဝတုတ်တို့ရဲ့ ဒါဇင်ပလက်အဖွဲ့နဲ့ ရွာသူရွာသားများက ပူးပေါင်းလှူတန်းကြမယ့် မိဘမဲ့ခလေးများစောင့်ရှောက်ရေး ကိုယ်ထူကိုယ်ထ ဘုန်းတော်ကြီးကျောင်းသို့အလှူအထိ လက်တွေ့ဆောင်ရွက်တတ်ကြသူများဖြစ်ကြပါတယ်…။
ဆိုတော့ကာ နိဒါန်းနဲ့တင်အိပ်ချင်စိတ်ပေါက်နေလောက်ပြီထင်ပါတယ်…ဒီရွာမှာ ခေတ်စားသော စကားလုံးဖြစ်တဲ့ “ငြင်းခုံခြင်းအနုပညာ” ဆိုတာေလးကို အဖြေရှာချင်တာပါ…။
တစ်ချီန်က ဒီရွာရဲ့ ရွာတော်ရှင် ဘွားတော် ဆူး ရဲ့ သန်းခေါင်စရင်းအရ ဒီရွာထဲမှာ လူကြီးတွေ အိုဗာ (၄၀) တွေပိုများတယ်လို့သိရပါတယ်…ဒါကြောင့် အိုဗာ(၄၀)တွေဆိုတော့ ရှေ့မှီနောက်မှီ ကုလားထိုင်ကြီးတွေပေါ့ဗျာ…(အငြင်းသန်တယ်)။။။
လူ့ဘဝရဲ့သက်တမ်းထက်ဝက်ကျော်ကိုဖြတ်လာခဲ့ပြီးပြီဆိုတော့ သူတို့မှာအကောင်းရော၊အဆိုးတွေရောတွေ့ကြုံလာခဲ့ရတဲ့ ဘဝအတွေ့အကြုံတွေကများပီပေါ့…အဲဒီတော့ သူတို့ရဲ့ ဘဝကရလာတဲ့အတွေ့အကြုံတွေနဲ့ထောက်ပြဝေဖန် အငြင်းသန်တော့တာပါပဲ…
လူငယ်တွေကလည်းသူတို့ သင်ယူတတ်မြောက်အသိတွေနဲ့ပြန်လည်ချေပ ကြပါတော့တယ်၊။ ဒါဟာ ကောင်းတဲ့ လက္ခဏာပါ…၊ဘာကြောင်လဲဆိုတော့…ဒါမှ ဒီမိုကရေစီ ဆန်တဲ့ ဆိုဒ်တစ်ခုဖြစ်တော့မှာပေါ့…နို့မို ဆိုရင် လက်ညှိးထောင် ဂေါင်းညိတ်ပဲတတ်တဲ့
ဆိုရှယ်လစ်ခေတ်ပြန်ရောက်သွားမှာပေါ့…ဒီဆိုဒ်ထဲမှာ မိမိတို့ရဲ့ ကိုယ်ပိုင်အမြင၊်အတွေးအခေါ်တွေကို ပြောကြဆိုကြ၊ငြင်းကြ ပြီးအတွေ့အကြုံဗဟုသုတတွေများစွားတိုးစေပါတယ်…ဒါမှ နောင်တစ်ချိန်မှာ လွှတ်တော်ထဲကို ဝင်ရောက်နိုင်မယ့်သူတွေ ဒီရွာထဲမှာ မရှိဘူးလို့ မပြောနိုင်ဘူး၊ရှိလည်းရှိရမယ်၊ရှိအောင်လည်းလုပ်ရမယ်…ဒီမိုကရေစီ တိုင်းပြည်အစစ်ရောက်အောင်လူငယ်တွေအခုထဲက ကြိုတင်ပြင်ဆင်ထားပြီ ဝိုင်းဝန်းကြိုးပန်းရမယ်..အကောင်အထည်ဖေါ်ရမယ်…ဒါမှ အနာဂတ်ကို ဦးဆောင်နိုင်တဲ့ သူတွေဖြစ်လာမယ်..။
ဒါကြောင့် ဒီမိုကရေစီရဲ့ အခြေခံကျတဲ့ ဝိုင်းဝန်းအဖြေရှာညှိနှိုင်းခြင်းဆိုတာကို လုပ်ဆောင်နိုင်အောင် ယခုထဲက အရည်ထူအောင်လေ့ကျင့်ထားရမယ်။။။ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းတွေထဲမှာ အမြဲပါနေတတ်တဲ့ တွေဆုံညှိနှိုင်းအဖြေရှာခြင်းဆိုတာပါပဲ…။ကျနော်တို့နိုင်ငံဟာ ဒီမိုကရေစီဆိုတာ သေသေချာချာ ဂဃနဏ သိတဲ့လူ အနည်းငယ်လောက်ပဲရှိဦးမယ်လို့ထင်ပါတယ်၊လူဦးရေ သန်း(၆၀)မှာ သန်း(၃၀)လောက်သိရဲ့လား…ကျနော်တော့မထင်ပါ…ဘာကြောင့်လဲ ကျနော်နေထိုင်ရာ နေရာမှာ မြန်မာလူငယ်ပေါင်း (၁၀၀)ဝန်းကျင်လောက်ရှိမည်…ထိုသူတွေအားလုံးနီးပါး ဒီမိုကရေစီဘာမှန်းမသိပါ..တစ်ချိုဘွဲ့ရတွေ၊ဒုတိယနှစ်ကျောင်သားတွေတောင်ဘာမှန်းမသိသေးပါဘူး…အချို့က …အကိုကြီး..ဒေါ်အောင်ဆန်းစုကြည်လွှတ်တော်ထဲရောက်သွားပြီဆိုတော့ ကျနော်တို့ ဒီမိုကရေစီ ရပြီလားတဲ့…ဆိုတော့ကာ ..
အေး…ဒီမိုကရေစီဆိုတဲ့ လမ်းကြောင်ပေါ်တော့ရောက်နေပြီပေါ့ကွာ လို့ ဖြေလိုက်ပါတယ်…
ဟင်း…ဒီလိုဆို သူက ဘာမှလုပ်မပေးနိုင်သေးဘူးပေါ့…
ဆိုတော့ကာ..ဆိုတော့ကာ…
အခြေခံကျတဲ့ ဆွေးနွေးညှိနှိုင်းတိုင်ပင်ခြင်း(ဝါ) ဒီမိုကရေစီ ဆန်စွာ ငြင်းခုံခြင်းဆိုတာတွေကို ဒီလိုလူငယ်တွေသိနိုင်ပါ့မလား…
ဒီမိုကရေစီ ရှိတဲ့နိုင်ငံတိုင်းမှာ လွှတ်တော်ထဲမှာ အငြင်းပြိုင်ရတော့တာပါပဲ…အဲဒီမှာ အချက်အလက်တွေ အကိုးအကားတွေနဲ့အပြိုင်ကြဲ ကြရတော့တာပါပဲ…တစ်ချို့လွှတ်တော် အမတ်တွေဆိုရင် စိတ်မထိမ်းနိုင်လို့ ဆွဲရလွှဲရတွေတောင်ဖြစ်ကုန်တယ်…။
အဲဒီနောက်ထပ်လက်တွေ့ တစ်ခုကတော့ မနက်ဖန်(၁၉.၁၁.၂၀၁၂)နေ့ ကျနော်တို့ဆီကို အလည်လာမယ့် …သမ္မတကြီ အို ဘားမား ပါပဲ…သူနဲ့ သူရဲ့ ပြိုင်ဘက်ဖြစ်သူ မစ်ရှ်ရွန်းနီတို့ သူနိုင်ကိုယ်နိုင် အပြိုင်ကြဲကြတယ့် မဲဆွယ် စည်းရုံးမူကို ရေဒီယိုတွေက အဆက်မပျက်ထုတ်လွှင့်နေတာကြောင် သုံးနှစ်ရွယ်ခလေးမလေး ခမျှာ ငိုရရှာတယ်…အဲဒီ ရေဒီယိုလိုင်းက တရားဝန် ထိုခလေးမလေးကိုတောင်းပန်ရလေတယ်…(သမ္မတကြီ အိုဘားမားလည်း အငြင်းသန်လို့ နောက်ထပ် (၄)နှစ်သက်တမ်းတိုးသွားတာထင်ပါရဲ့)…။
သို့ပါသောကြောင့်…ကျနော်တို့ ဂဇက်ရွာသူ ရွာသားများလည်း ငြင်းခုံခြင်း အနုပညာဆိုတဲ့ ဘက်ပေါင်းစုံမှ ထင်မြင်ချက်များကို ဝေဖန်ဆွေးနွေးနိုင်ကြပါစေ…စည်းကမ်းရှိသော ဒီမိုကရေစီ ဆန်သော ငြင်းခုံမူမျိုးများနှင့် ဆက်လက်ငြင်းခုံကြပါအုံးစို့….
မှတ်ချက်။ ။ကျနော့အားမည်သူမဆို လွှတ်လပ်စွာ ဝေဖန်နိုင်ပါသည်။လုံးဝ၊လုံးဝ ပါးမရိုက်ကြောင်း အာမခံပါသည်။(သို့သော် …လက်သီးနှင့်ထိုးပါမည်..။)….အလားစတာနော်…
လူသားအားလုံးကိုလေးစားပါတယ်…
ဦးကျော်(အဲမဟုတ်ဘူး) သုံးမရတဲ့ ချောင်ကလောင်က အမောင်သုည…
15 comments
San Hla Gyi
November 18, 2012 at 10:32 pm
အင်း ဆောင်းပါးရှင်ရေ
အခု ခင်ဗျားသုံးသွားတဲ့ စကားလုံးကတော့ ကျုပ်လောလောဆယ် သုံးသွားတဲ့ စကားလုံးလည်း ဖြစ်တယ် နောက်ပြီး ခင်ဗျားလဲ ကွန်မန့်ဝင်ပေးသွားလို့ ကျုပ်ကလဲ လာပြီးကွန်မန့်ပေးလိုက်တယ်။ ခင်ဗျားရေးတဲ့ ဆောင်းပါးကိုတော့ အတွေးအခေါ်ကိုတော့ ဝေဖန်နိုင်တာပေါ့ဗျာ။ ပါးရိုက်လို့ ဘယ်ရမလဲ။ အဲဒီလို လုပ်ချင်တယ် ဆိုလဲ ခင်ဗျားမရေးဖို့ပဲ ကျန်တော့တယ်။ ဒါပေမယ့် ခင်ဗျား မရေးတဲ့ ခင်ဗျားရဲ့ ကိုယ်ရေးကိုယ်တာကို ဝေဖန်တယ် ပြောတယ်ဆိုရင်တော့ ပါးရိုက်ရုံမက တရားတောင် စွဲသင့်သေးတယ်။
နောက်ပြီး ခင်ဗျားကို ကျုပ်ပြောမယ်။ ကျုပ်က ဒီမှာ ရေးရာမှာ ကိုယ်ရေးကိုယ်တာကို လုံးဝမထည့်တာတောင် ဥပမာ ခေတ္တနထို့ပလို့တို့ ခေတ္တတောင်ပုလုမြို့တို့ မရေးတာတောင် အယ်ဒီတာက စပြီး အသံထွက်ချင်တာ ရှိသေးတယ်။ ကျုပ်သေသေချာချာ မှတ်မိတယ်။ အဲဒီအတွက် ပြောတာပဲ။
ခင်ဗျား ကျနော့်ဆောင်းပါးမှာ မရှင်းတာရှိရင် မေးနိုင်တယ်။ အဲဒီ ဆောင်းပါးတုန်းကလည်း ကျုပ်က စည်းကမ်းချက်ရဲ့ ဟာကွက်တွေကို ပြောတာကို ခင်ဗျားက ဆွေးနွေးတာနဲ့ ရောချသွားတယ်။ ကျုပ်က ဆရာကြီး ရွှေဥဒေါင်းစကားနဲ့ ပြောရင် ကျုပ်ရှင်းတာကို နားထောင်လိုက်တဲ့လူဟာ နားသယ်ကို အရိုက်ခံလိုက်ရသလို ဝင်းကနဲ ဖြစ်သွားမှကြိုက်တယ်ဗျ။
I am watching you မောင်သုည။ ခင်ဗျားပြောသလို အလကား စတာနော်။
မဟာရာဇာ အံစာတုံး
November 18, 2012 at 11:43 pm
“ငြင်းခုန်ခြင်းဟာ အနုပညာတစ်ရပ်” ဆိုတဲ့ စကားကို ကျွန်တော်ဟာ ဒီဂဇက် ရွာကြီးထဲကို ရောက်မှ သိလာရပါတယ်။ ဒါ့အပြင် အခြားအခြားသော အကြောင်းအရာမျိုးစုံကိုလည်း သိခွင့်ရခဲ့တယ်။ ကိုယ့်အတွက် ဗဟုသုတဖြစ်စေ၊ အကျိုး ဖြစ်ထွန်းစေတဲ့ အကြောင်းအရာတွေပေါ့။ ဒါဟာ ဂဇက်ရွာကြီးထဲကို အခြေချခွင့်ရတဲ့ အကျိုးကျေးဇူးများပါပဲ။
လူပေါင်းများစွာနဲ့လည်း တွေ့ဆုံခွင့်ရခဲ့တယ်။ သူတို့တွေလည်း အချို့သော ပို့စ်များမှာ ငြင်းခုန်ကြတယ်။ ဒါပေမယ့် ကျွန်တော့် အနေနဲ့ ပြောရရင် ကျွန်တော့်မှာ ဝင်ရောက် ဆွေးနွေး ငြင်းခုန်နိုင်စွမ်း မရှိပါဘူး။ ဒါဟာ ဗဟုသုတ နည်းပါးလွန်းတဲ့ အတွက်ကြောင့်ပါပဲ။ သမ္မတ အိုဘားမားကြီး အငြင်းသန်လို့ နောက်ထပ် (၄) နှစ် သက်တမ်းတိုးသွားတာဆိုတဲ့ အထင်တာ မှန်ခဲ့ရင် ကျွန်တော့်မှာ ဒီတစ်သက် သမ္မတ တက်ဖြစ်ဖွယ် မရှိ။
ဦးဦးပါလေရာ
November 19, 2012 at 8:38 am
ုငြင်းတာနဲ့ပတ်သက်ရင်
ကျုပ်က ငြင်းရတာ အင်မတန်ဝါသနာထုံတယ်
အကြောင်းနှစ်မျိုးအတွက် ကျုပ်ငြင်းခုံလေ့ရှိပါတယ်..။
၁- တချို့ ကိစ္စတွေကို (ကိစ္စအားလုံးမဟုတ်)
တချို့အခြေအနေအချိန်အခါတွေမှာ (အခြေအနေအချိန်အခါအားလုံးမဟုတ်)
တချို့လူတွေနဲ့ (လူအားလုံးမဟုတ်)
ငြင်းခုံရတာ အင်မတန်အကျိုးရှိပါတယ်..။
၂- တချို့ ကိစ္စတွေကို (ကိစ္စအားလုံးမဟုတ်)
တချို့အခြေအနေအချိန်အခါတွေမှာ (အခြေအနေအချိန်အခါအားလုံးမဟုတ်)
တချို့လူတွေနဲ့ (လူအားလုံးမဟုတ်)
ငြင်းခုံရတာ ပျော်စရာကောင်းပါတယ်…။
အကျိုးလဲမရှိ ပျော်စရာလဲမကောင်းရင်တော့ မငြင်းတာကောင်းတယ်….။
တောတွင်းပျော်
November 19, 2012 at 9:30 am
အား အားနေ ခံငြင်းနေတတ်တဲ ့ ဝါသနာကြောင် ့ လာငြင်းရအောင် ပိုစ်လာဖတ်တာ
ဖတ်ပြီးငြင်းစရာမရှိတာမို ့ အမြီးကုပ်ပြီး ပြန်ထွက်သွားကြောင်း…
ကောင်းတယ် ကိုသုညရေ ့..
ကိုပေါက်(မန္တလေး)
November 19, 2012 at 2:06 pm
ငြင်းတယ်ဆိုတာရဲ့အနှစ်သာရက ကျနော်တို့ဆီက လူတွေရဲ့နေ့စဉ်သုံးစကားကြောင့်
ဘဝပျက်သွားတယ်လို့ ထင်မိပါတယ်။
“ဒီကောင်သိပ်အငြင်းသန်တာဘဲ”ဆိုရင် မကောင်းတဲ့မှတ်ချက်လိုဖြစ်သွားတတ်တာကို။
အကြောင်းအရာတစ်ခုကို တရားမျှတစွာ ငြင်းသင့်ပါတယ်။
ငြင်းရင်းငြင်းရင်းကနေ ကိုယ်မသိတာသူပြောလို့ ကိုယ်သိ သွားသလို
သူမသိတာလဲကိုယ်ပြောလို့ သူ သိအပြန်အလှန်ပေါ့။
ငြင်းကြတဲ့အခါ အဓိက လိုအပ်ချက်ကတော့ လူတစ်ယောက်ခြင်း ရဲ့ နောက်ခံပုံရိပ်တွေမပါကြေး။
ရိုင်းရိုင်းစိုင်းစိုင်း ငါ့စကားနွားရ အချက်အလက်မပါဘဲ မငြင်းကြေး။
ရေးထားတဲ့ စာထဲမှာ မပါတဲ့ အပြင်ကအကြောင်းတွေမပါကြေး။
ဒါဆိုရင် တစ်ယောက်နဲ့တစ်ယောက် ပျော်ရွှင်စွာငြင်းကြလေသတည်းလို့ဖြစ်မှာအမှန်ပါဘဲ။
ဒါပေမယ် မလျော့လေစတမ်းဆိုတာကိုလက်ကိုင်ထားပြီ ငြင်းရတော့
တစ်ထောင့်တစ်ညကနေ တစ်သန်းတစ်ညဖြစ်သွားတောင် ငြင်းလို့ပြိးမယ်မထင်ဘူးနော်။
စိန်ဗိုက်ဗိုက်
November 19, 2012 at 2:17 pm
ငြင်းနိုင်သူတွေလဲ ငြင်းကြပါစေလေ..
မငြင်းလိုသူတွေလဲ မငြင်းကြပါစေနဲ ့လေ…
မောင်သုည
November 19, 2012 at 2:21 pm
My Dear Ko San Hla Gyi,
Thanks for your watching to me but don’t be waste your value of time.
မဟာရာဇာ မာစတာ အံ့စာတုံးရေ..သမ္မတ ဖြစ်ဖို့ရန်အရည်အချင်းများနဲ့ပြည်စုံပါက မြန်မာနိုင်ငံသားတိုင်းဖြစ်ခွင့်ရှိပါတယ်…စစ်မှန်သောဒီမိုကရေစီ နိုင်ငံအဖြစ်သို့ ရောက်လာခဲ့ရင်ပေါ့လေ…ဖြစ်အောင်လုပ်ချင်တဲ့စိတ်ရှိဖို့ပဲလိုပါတယ်…သမ္မတ အိုဘားမား နောက်ထပ်(၄)နှစ်သက်တမ်းတိုးခွင့်ရရှိခဲ့တာ…သူရဲ့စွမ်းရည်ပြည်ဝသော စည်းရုံးနိုင်မူကြောင့်ပါပဲ…သူ့ရဲ့အရည်အချင်းကို အမေရိကန်ပြည်သူတွေက အပြည့်အဝယုံကြည်ကြလို့ပါပဲ…
ဟုတ်ကဲ့ပါ ဦးဦးပါလေရာရေ…
ကျနော်တို့အတွက် တန်းဖိုးရှိသောအချိန်တွေမှာ မိမိအတွက်လည်းအကျိုးရှိ၊သူတစ်ပါးအတွက်လည်း အကျိုးရှိစေမယ့် ငြင်းခုန်မူမျိုးဟာ မင်္ဂလာတစ်ပါးပဲလို့ ယုံကြည်မိပါတယ်…။
ကိုတောတွင်းပျော်ရေ…
ဘာမှတ်ချက်မှ မပေးပေမယ့် ဝင်ရောက်ဖတ်ရှုတဲ့အတွက် ကျေးဇူးတင်ပါတယ်…
အားလုံးကို အစဉ်ထာဝရ ခင်မင်တတ်သူ…
မောင်သုည…
San Hla Gyi
November 19, 2012 at 7:21 pm
My dear Mr. Zero,
Actually, I can’t watch you all the time. Just intend to scare you for fun. I have a lot of things to tell in this post. But now I don’t want and I will only discuss my opinions in my current post. If I discuss a lot here, I will become more aggressive.
Thanks
ခင်ဗျား အင်္ဂလိပ်လို ပြောတာတွေ့လို့ အားကျတာနဲ့ ပြောကြည့်လိုက်တယ်။ ကျနော် ခင်ဗျားပို့စ်မှာ မပြောတော့ဘူး။ ကျုပ်ပို့စ်ပဲ ကျုပ်သွားတော့မယ် တာ့ တာ့။ ကျုပ် အင်္ဂလိပ်လို မပြောတတ်လို့ ခွင့်လွှတ်ပါ။ အဲဒါ တကယ်တော့ အဘိဓါန်ကို တလုံးချင်း ရှာဖတ်ပြီး ကြိုးစားရေးထားတာ။ I am watching you ဆိုတာလဲ ဟိုတလောက သူများပြောတာတွေ့လို့ ကျက်ထားတာ။
လုံမလေးမွန်မွန်
November 19, 2012 at 4:12 pm
လုံမကတော့ သိပ်မသိပါဘူး..
သူငယ်ချင်းတစ်ယောက်ရှိတယ်… အငြင်းသန်တယ်ပဲပြောရမလား..ဖင်ပိတ်ငြင်းတယ်လို့ပဲ ပြောရမလား မသိဘူး..တစ်ခုခုကို မကြိုက်ဘူးဆိုရင်..ဟင့်အင်း..ငါတော့မကြိုက်ဘူးဆိုပြီး တရစပ်ပြောတာ..သူများက ကြိုက်တယ်၊ ဘာကြောင့်ကြိုက်တယ်လို့ ပြောတာကို လက်မခံဘဲကို မကြိုက်ဘူး ထိုင်ငြင်းတာ… အဲ့လိုငြင်းတာမျိုးကျတော့လည်း ပိတ်ရိုက်ချင်စရာပေါ့… 🙂
အဲ့လိုမဟုတ်ဘဲနဲ့ ကိုယ်ဘာကြောင့်မကြိုက်ဘူးဆိုတာကို ချက်ကျလက်ကျနဲ့ သူများကလက်မခံရင်တောင် သူများနားလည်အောင် ရှင်းပြပြီး ငြင်းတာကျတော့လည်း ကိုယ့်အမြင်ပေါ့လေ…
အဲ့ဒီကမှ တစ်ချို့သော ကိုယ့်ရဲ့အယူအဆတွေကို ငါမှန်တယ်လို့ ထင်နေပေမယ့် တစ်ခြားသူက အချက်အလက်တိတိကျကျနဲ့ ဒါက ဒီလိုမဟုတ်ဘူးဆိုပြီး လာရှင်းပြမယ်ဆိုရင်တော့ ကိုယ့်အယူအဆတွေကို ပြန်စဉ်းစားဖို့၊ ပြင်သင့်တာတွေကိုလည်း ပြင်ဖို့ လိုမယ်ထင်ပါတယ်..
လုံမအမြင်ပါ..ကျန်တဲ့ အနုပညာတွေ ဒီမိုဆိုတာတွေကိုတော့ သိပ်နားမလည်ပါဘူး..
Courage
November 19, 2012 at 8:24 pm
ဒီမိုကရေစီဆိုတဲ့ ခေါင်းစဉ်အောက်ကိုဝင်လိုက်ရင် လွတ်လပ်စွာဆိုတဲ့စကားကိုမသုံးမဖြစ်သုံးရတော့မှာပါ။
လွတ်လပ်စွာပြော၊လွတ်လပ်စွာရေး၊လွတ်လပ်စွာ ငြင်းနိုင်ကျပါပြီ။ ကိုယ်ကြိုက်တဲ့ဘက်မှာ ကိုယ်နေကျပါ အဖြူကိုကြိုက်ရင် အဖြူကို ကိုယ်စားပြုပါ။ အမဲကိုကြိုက်ရင် အမဲကို ကိုယ်စားပြုပါ။ သို့သော် ဒီမိုကရေစီဆိုတဲ့ စကားကို စည်းကမ်းပြည့်ဝသောဆိုတဲ့စကားနဲ့ အမြဲလိုလိုတွဲပြီး ခံစားသင့်တယ်လို့ထင်ပါတယ်။ အခွင့်အရေး ရတိုင်းအခွင့်အရေးယူရင် အခွင့်အရေးတွေပျောက်သွားတက်ပါတယ်။ ငြင်းခွင့်ရပါပြီ။ ငြင်းနိုင်ကျပါစေ။ လွတ်လပ်စွာ ငြင်းခုန်လိုက်ပါ။ တစ်ခုတော့သတိထားပေးပါ။ ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့သလိုပဲ လွတ်လပ်စွာပြောရေးဆိုခွင့်ဆိုတာ လွတ်လပ်စွာဆဲရေးဆိုခွင့်မဟုတ်ပါဘူး။
မောင်သုည
November 20, 2012 at 6:42 pm
ကိုစံလှကြီးရေ…ကျနော်တို့ ဒီရွာထဲမှာရှိကြတဲ့ စာရေးသူစာဖတ်သူတွေအားလုံးဟာ အရည်းအချင်းကိုယ်ကိုယ်စီရှိကြတဲ့သူတွေပါလို့..ကျနော်ပြောခဲ့ပါတယ်…စာမတတ်ဘဲနဲ့ ဘယ်သူကစာလာဖတ်မလဲပေါ့ဗျာ မဟုတ်ဘူလား…ကိုစံလှကြီးပြောလို့ ငယ်ငယ်က ဆော့ကစားရင်းဆိုခဲ့ ဟို သီချင်းသွားသတိရမိပါတယ်….
ABCD မတတ်ဘဲနဲ အရပ်ထဲကိုဝင်..ဆိုတာလေ…
ကျနော်က ဒီရွာထဲမှာရှိကြတဲ့ ကျနော်ထက်ကြီးသူငယ်သူ အားလုံးကို အစဉ်အမြဲလေးစားခင်မင်လျှက်ပါ…။
လုံမလေးရေ… လုံမလေးရဲ့ နောက်ဆုံး စာကြောင်းလေးကိုပဲပြောတော့မယ်နော်…
ကျနော်ရဲ့ပိုစ်ဲ့မှာလည်းပါပြီးသာဖြစ်နေတဲ့..လူငယ်တွေ ဒီမိုကရေစီဆိုတာ သေသေချာချာ ဂဃနဏ မသိသေးဘူး…သိအောင်လည်းမကြိုးစားကြသေးဘူး..အဲဒါဟာ နောင်အနာဂတ်မြန်မာပြည်အတွက်ရင်လေးစရပါပဲ…အဲဒီသ္မီးတို့ ဘာမှန်းမသိသေးတဲ့ ဒီမိုကရေစီဆိုတာကြီးကို နောင်တော်ကြီးတွေက အသက်တွေပေးပြီး စတေးခဲ့ကြရတယ်..ဆက်ပြီး စတေးရအုံးမယ်ဆိုရင်လည်း အစဉ်သင့်ပါပဲ…နောင်အနာဂတ်ရဲ့ ကြယ်ပွင့်များထွန်းလင်းတောက်ပနိုင်ကြပါစေ…
Courage; ရေ…စစ်မှန်သော ဒီမိုကရေစီရဲ့ အရသာဟာ ဒါပါပဲ…လွတ်လပ်စွာပြောဆိုခွင့်၊လွတ်လပ်စွာဆန္ဒထုတ်ဖေါ်ခွင့်တွေရှိရပါတယ်…။ဒါပေမယ့် လွတ်လပ်မူဆိုတာကို စည်းကမ်းနဲ့အတူတွဲသုံးမှ ဒီမိုကရေစီဖြစ်ပါမယ်…။
အားလုံးကိုလေးစားခင်မင်လျှက်…
မောင်သုည
San Hla Gyi
November 21, 2012 at 5:50 pm
ဆောင်းပါးရှင်ရေ
ခင်ဗျားတို့ကတော့ တော်ပါပေ့ဗျာ။ ခင်ဗျား အင်္ဂလိပ်လို ရေးလိုက်တာ ကျုပ်အဘိဓါန် ဘုတ်အုပ်ကြီးကို အနားချပြီး မနည်း တလုံးချင်း ဘာသာပြန်လိုက်ရတယ်။ ခင်ဗျားပြောတဲ့ အရည်အချင်းကိုယ်စီ ရှိသူတွေဆိုတာ ဟုတ်လိမ့်မယ်ဗျ ဟီး ဟီး။ ABCD မတတ်ပဲနဲ့ အရပ်ထဲကိုဝင် ဆိုလဲ ခံရမှာပေါ့ဗျာ။
ခင်ဗျားကို ပြောရအုံးမယ်။ ကျုပ်တခါက ကျုပ်ပို့စ်တခုမှာ ပြောခဲ့ဖူးတယ်။ ကျုပ်နောက် စဉ်းစားလို့ရရင် လင့်ခ်ပေးမယ်။ ကျုပ်က ကျုပ်ရဲ့ ကိုယ်ရေးကိုယ်တာ ဘဝကို ကျုပ်စာဖတ်မိတ်ဆွေတွေကို ပြောချင်ပြောမယ်။ မပြောချင် မပြောဘူး။ ကျုပ်က ပြောစရာ မလိုဘူးလို့လည်း ခံယူတယ်။ အဲဒီတော့ ကျုပ်ကိုယ်ရေးကိုယ်တာ ဘဝအချက်အလက်တွေကို ပြောတာတွေက မှန်ချင်လည်း မှန်မယ်။ ရယ်စရာ လုပ်တာလဲ ဖြစ်ချင်ဖြစ်မယ်ပေါ့ဗျာ။ အဲဒါတွေကို အကုန်လုံး အတည်ယူရင် မှန်ချင်မှမှန်မယ်။
ဘာလို့လဲဆိုတော့ ကျုပ်ကိုယ်ရေးကိုယ်တာက စာဖတ်မိတ်ဆွေတွေနဲ့ မဆိုင်ဘူးလေ။ ကျုပ်အတွက်ပေါ့။
ဥပမာ ကျုပ်က မက်ဆာချူးဆက် စက်မှုတက္ကသိုလ်က ဘွဲ့ရတယ် ပြောပေမယ့် တကယ်က ဦးသောဘိတ monastery ကဘွဲ့ရတာလည်း ဖြစ်ချင်ဖြစ်မယ်ပေါ့။
ဒါပေမယ့် ကျန်တဲ့ ယုံကြည်ချက်တွေ ဘာတွေကို ရေးရင်တော့ ကျုပ်တကယ် ယုံကြည်သလိုပဲ ရေးတယ်။ အဲဒါတွေကတော့ အမှန်ပါ။
ကဲပါ နောက်ကြုံရင် ခင်ဗျားဆီက အင်္ဂလိပ်စာလေး ဘာလေး သင်ပါ့မယ်ဗျာ ဟုတ်ပြီလား။ ကြုံရင်ပေါ့။
မိုက်ကယ်ဂျော်နီအောင်ပု
November 21, 2012 at 6:39 pm
ဟ 💡
ခင်ဗျားတို့ ဘာဘွဲ့ ညာဘွဲ့တွေရတာ ပြိုင်ကြတာနဲ့
ဂျားထဲက ကျုပ် ခုနစ်တန်းမအောင်တာလူသိကုန်တော့မှာဘဲ
သဂျီးမင်းခင်ဗျား !!!!!!!!!!!!
မန်ဘာများ အတန်းပညာမပြိုင်ရ ဆိုတဲ့ ဥပဒေတစ်ခုထုတ်ပြန်ဘို့ အစီရင်ခံပါတယ်ခင်ဗျား
မောင်သုည
November 21, 2012 at 7:22 pm
ေဩာ် …ဒွတ်ခပါပဲ ကိုစံလှကြီးရေ…ကျနော်က ကိုစံလှကြီး မတတ်ပါဘူးလို့ လိမ်ပြောတာကိုသိနေတယ်ဆိုတာလောက်ပါပဲ..။
ကိုအောင်ပုရေ…ကျနော်တို့ဘွဲ့မပြိုင်ပါခင်ဗျာ…ဘွဲ့ပြိုင်ရရင်လည်း နိုင်မဲ့သူမရှိလောက်ဘူးထင်တာပါပဲ…ဘာလိုလဲဆိုတော့ …ကျနော့် က စုစုပေါင်း(၆)ဘွဲ့လောက်ရထားပြီးသားပါ…ကိုရင် (၅)ခါဝတ်လို့ (၅)ဘွဲ့၊အမေမဆုံးခင် ရဟန်းခံပါသားရယ်ဆို ရဟန်းတစ်ဘွဲ့(၁)ဘွဲ့..ယခုရှေ့နှစ်ခါ အဖေက သူမသေခင်ရဟန်းခံပါအုံး..ဆိုလို့ နောက်တစ်ဘွဲ့ထပ်ရအုံးမယ်ထင်ပါတယ်…
ေဩာ်..ဒါနဲ့ရေးနေတုံးသတိရလို့ ထပ်ဖြည့်လိုက်ပါအုံးမယ်…အမေရိကန်သမ္မတ အိုဘားမားရဲ့ နောက်ထပ်(၄)နှစ်သက်တမ်းအတွက် အောင်ပွဲရ မိန့်ခွန်းထဲက ဒီပိုစ့်လေးနဲ့ဆိုင်တဲ့ ကောက်နုတ်ချက်လေးပါ…
Democracy in a nation of 300 million can be noisy and messy and complicated.We have our own opinions.Each of us has deeply held beliefs.And when we go through tough times,when we make big decisions as a country it necessarily stirs passions,stirs up controversy.
That won’t change after tonight,and it shouldn’t.These arguments we have are a mark of our liberty.We can never forget that as we speak people in distant nations are risking their lives right now just for a chance to argue about the issues that matter,the chance to cast their ballots like we did today.
ဒါဟာ ကျနော်ပိုစ့်ရဲ့ ငြင်းခုန်ခြင်းရလာဒ် ရဲ့အဖြေပါပဲ…
အားလုံးကိုအစဉ်ထာဝရ လေးစားခင်မင်တတ်သူ…
မောင်သုည
San Hla Gyi
November 21, 2012 at 9:27 pm
ခင်ဗျားကလဲ မသိချင်ယောင် ဆောင်နေလိုက် ပြီးရော။ ခင်ဗျားလဲ တမျိုးပြော ကျုပ်လဲ တမျိုးပြောတာပဲ။ ကျုပ်က မက်ဆာချူးဆက် စက်မှုတက္ကသိုလ် ကနေဘွဲ့ရတယ် ဆိုတာ ဥပမာပေးတာ။ တကယ်မဟုတ်ဘူး။ ရပါတယ် ဆိုတာက မရပါဘူး ဆိုတဲ့ အဓိပ္ပါယ်ပဲဗျာ။
ကိုမိုက်ကယ်ဂျော်နီအောင်ဘုက ရ တန်းမအောင်ပါဘူး ပြောတာ သူ ရတန်းတော့ အောင်တယ်လို့ ပြောတာ။