Home made Valentine’s Day Special…
Home made Valentine’s Day Special…
အိမ်မှာနေရင်းငွေကုန်ကြေးကျနဲတဲ့နည်းလေးပါ…အိမ်မှာအသင့်ရှိတဲ့ကြက်ဥ၊ကြက်သားချောင်း၊ပါမုန့်နဲ့တင်ရတဲ့နည်းလေးပါ..
နည်းလေးကတော့….ဦးစွာပထမ ကြက်သားချောင်းတစ်ချောင်းကိုထိပ်ပိုင်းအနည်းငယ်ချန်ပြီးအလယ်မှဓါးနဲ့ခြမ်းပါ ၊ပြီးလျှင်အခြမ်းနှစ်ခုကိုထိပ်ချင်းထိ
အောင်ဘေးသို့ကွေးချလိုက်ပါ၊သွားထိုးတံလေးနဲ့ထိုးပြီးထိပ်ချင်းဆက်ထားလိုက်ပါ…ထိုနောက် ဒယ်ပြားကိုမီးပူပေးပြီး၊မီးပူလျှင်ဆီအနည်းငယ်ထည့်ပြီး ကြက်သားချောင်းကိုထည့်ပါ ပြီးလျှင် ခွဲထားတဲ့ကြက်ဥကိုထိုကြက်သားချေုာင်းပုံစံခွက်အတွင်းသို့ထည့်ပြီးကျော်ပါ… ကြက်သားချောင်းနဲ့ကြက်ဥကျက်လျှင်ပုဂံထဲထည့်ပါ၊ပါမုန်ုကိုလည်းအသဲပုံပေါ်အောင်ကပ်ကျေးနဲ့ညှပ်ပါ ပြီးလျှင်Toster ထဲထည့်ကင်လိုက်ပါ..ပြီလျှင်မိမိနှစ်သက်ရာ စတော်ဘယ်ရီယိုတို့နှင့်သုံးဆောင်နိုင်ပါသည်။
မရေးတာကြာလို့အဆင်မပြေရင် ခွေးလွှတ်ကြပါနော်…
တော်သေပြီ….
8 comments
သီဟသူရ ညောင်ရမ်းဂျီးထူ
February 14, 2014 at 7:14 pm
ကောင်းပါ့ဗျာ
အိမ်ကအဖွားကြီးကိုပြန်ဖားရမယ် အဟေးဟေး
TNA
February 14, 2014 at 7:35 pm
မိုက်တယ် မှတ်ထားလိုက်ပါတယ်
alinsett ( Gazette )
February 15, 2014 at 3:08 am
ဒေါ်ဖွားမေဂျီးကို လုပ်ခိုင်းမယ်
ဟေဟေ့
🙂
မောင်သုည
February 15, 2014 at 11:45 am
ဝင်ရောက်အားပေးကြတဲ့ ညောင်ရမ်း၊ဆရာမကြီးတီတီနုနဲ့အလင်းဆက်နှင့်ရွာသူားအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါကြောင်းးးးးးးးးးးးးးးးးးးးးးးးးး
မမချွိ
February 15, 2014 at 12:21 pm
စားချင်စရာ
မစားရက်စရာ
🙂
kai
February 15, 2014 at 2:36 pm
ဗယ်လင်တိုင်းနေ့မှာ.. ဟုမ်းမိတ်မလုပ်နိုင်လို့.. ဟုမ်းတောင်းဘူဖေး ညစာသွားစားလိုက်တယ်..။
ထူးထူးဆန်းဆန်း.. လူဆိုင်လုံးပြည့်ဖြစ်နေတာမှာ.. စုံတွဲဆိုလို့.. ဘိုချာတိတ်စုံတွဲတတွဲပဲတွေ့ရတယ်..
ကျန်တာအကုန်မိသားစုတွေချည်း..။
Mealtime is Family Time! ဆိုတဲ့စာလေးလည်းတွေ့တယ်..
Paing Lay
February 15, 2014 at 4:09 pm
Romantic Cooking မှတ်တယ် 😀
မောင်သုည
February 21, 2014 at 12:22 am
ဆြာခိုင်ရေ…အမှန်ကတော့သူများယဉ်ကျေးမူကို ကိုယ့်ယဉ်ကျေးမူအဖြစ်ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းလို့ပဲမှတ်ပါတယ်… အဲဒီနေ့ကတပို့တွဲလပြည့်နေ့ဆိုတာတောင်သိတဲ့သူလူနည်းစုသာရှိပါတယ်…မိသားစုတိုင်းထမင်းဝိုင်းမှာပဲလူစုံကြလို့ အိမ်တွင်းရေးမိသားစုရေးတွေကိုဒီထမင်းဝိုင်းမှာရင်ဖွင့်ကြတယ်. .နွေးထွေးတဲ့မိသားစုအသိုင်းအဝိုင်းတွေပေါ့…အဲဒီလိုနေ့တိုင်းကလည်း Valentin’s Day လို့သတ်မှတ်ရမှာပါပဲ.. အေဒီ သုံးရာဝန်းကျင်လောက်က ဘုန်းတော်ကြီး Valentine’s ကိုအမှတ်ရစေတဲ့နေ့အဖြစ်သတ်မှတ်ခဲ့ပေမယ့်..မြန်မာပြည်မှာတော့ အရေးပေါ်တားဆေးတွေ ဈေးတက်ကုန်တာ..တည်းခိုခန်းတွေဈေးတက်ကုန်တာတော့ မဖြစ်သင့်ဘူးလို့ထင်ပါတယ်…
ပိုင်လေးရေ…ဈေးကွက်စီးပွါးရေးအရ တွက်ခြေကိုက်တဲ့နည်းပါ…အိမ်သူသက်ထားဈေးဝယ်ထားတာလေးကို အိပ်မစိုက်ရပဲမျက်နှာရနည်းပေါ့…