Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

LA က အိမ်ယာမဲ့တွေအတွက် Medi-Cal Expansion က ဆောင်ရွက်ပေးနေတဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေ – by SweSwe Aye

kaiAugust 13, 20244min12650

Los Angeles – ၂၀၂၄ခုနှစ်၊ သြဂုတ်၁၃တွင် Casa Milagrosa ၏ စားသောက်ခန်းတွက် သည် အိမ်ခြေယာမဲ့၁၀၀ ကျော်သည် စားသောက်ဆိုင်တွင်စားသကဲ့သို့ နံနက်စာစားပြီး စကားပြောနေကြသည်။ Casa Milagrosa အဆောက်အဦး၏ရှေ့တွင် ” UCLA Health Bringing Care To You” ဟု‌ရေးထားသော Van ကားရပ်ထားသည်။ အိမ်ခြေယာမဲ့အချို့သည် social workers များနှင့် ကားဘေးက စားပွဲခုံများမှာ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ပြောဆိုနေကြသည်။ Ethnic Media Services (EMS) နှင့် Department of Health Care Services (DHCS) က အိမ်ခြေယာမဲ့များနှင့် Medi-Cal expansion အစီအစဉ်ကို လေ့လာခွင့်ရရန် စီစဉ်ပေးခဲ့သည်။

Casa Milagrosa ကိုပုံမှန်လာနေသော အိမ်ခြေယာမဲ့လူမည်းအမျိုးသား Athony Thomas

Casa Milagrosa သည် အိမ်ခြေယာမဲ့များအတွက် စားသောက်ခန်းကို ကို တနင်္လာနေ့မှသောကြာနေ့ထိ မနက်၁၁နာရီထိ ဖွင့်လှစ်ပေးထားသည်။ နေ့စဉ်လူ၉၀မှ ၁၅၀ခန့်ထိလာရောက်သူများထဲတွင် အသက်၅၀ကျော်အရွယ် Athony Thomas လည်း အပါအဝင်ဖြစ်သည်။ San Jose ဇာတိဖြစ်သော Athony Thomas သည် Casa Milagrosa ကိုပုံမှန်လာရောက်နေသည်မှာ ၈လခန့်ရှိပြီဖြစ်သည်။ ” Casa Milagrosa က ကျနော်တို့အတွက် အခမဲ့လုပ်ပေးနေတာတွေအားလုံးက ကျေနပ်စရာကောင်းတယ်။ ကျနော့် ID ပြန်ရဖို့အတွက် ဒီက ဝန်ထမ်းတွေက ကူညီပေးတယ်။ ရတော့ ပြန်ပြီး ဘဏ်စာရင်းဖွင့်လို့ရရော။” ဟု Thomas ကဆိုသည်။

Casa Milagrosa သည် non-profit အဖွဲ့တခုဖြစ်သော Depaul USA ၏ program တခုဖြစ်သည်။ ” ကျနော်တို့ဒီ center ကိုဖွင့်တာ နှစ်နှစ်ခွဲရှိပါပြီ။ အိမ်ခြေယာမဲ့တွေကို လူသားတစ်ယောက်ရဲ့ဂုဏ်သရေမပျက် ဝန်ဆောင်မှုပေးဖို့ သာမာန်အစားတွေဝေတာမျိုးမဟုတ်ဘဲ စားသောက်ဆိုင်လို သူတို့မနက်စာစားနိုင်ဖို့ စားပွဲတွေ၊ ခုံတွေနဲ့ ၊ ပန်းထိုးထားတဲ့ပန်းအိုးတွေနဲ့ သပ်သပ်ရပ်ရပ်ဝန်ဆောင်မှုပေးတယ်။ မနက်ပိုင်းကန်တင်းပိတ်သွားပေမယ့် သူတို့တွေလိုအပ်တာတွေကို စင်တာမှာဆက်လုပ်လို့ရတယ်” ဟု Guollermo Vidaurri, Los Angeles Director, Depaul USA က ဆိုသည်။ နံနက်၁၁နောက်ပိုင်းတွင် စားသောက်ခန်းပိတ်သွားသော်လည်း အိမ်ခြေယာမဲ့များသည် ရေချိုးနိုင်ရန်ရေချိူးခန်း၊ အဝတ်လျှော်ဖို့အဝတ်လျှော်စက်၊ ကွန်ပြူတာခန်း၊ အင်တာနက်၊ ဖုန်း၊ Art therapyclasses, ကျန်းမာရေးဝန်ဆောင်မှုနှင့်အခြားလူမှုရေးဝန်ဆောင်မှုများအတွက်လိုအပ်သောစာရင်းသွင်းမှုများကို ညနေပိုင်းအထိ ဆောင်ရွက်ရန်ဖွင့်လှစ်ပေးထားသည်။

အိမ်ခြေယာမဲ့များအတွက် non-proft အဖွဲ့များက လူ့ဂုဏ်သိက္ခာမနိမ့်ကျသည့် စားစရာနှင့် အခြားကိစ္စများဝန်ဆောင်မှုပေးနေစဉ်တွင် ကျန်းမာရေးစောင့်ရှောက်မှုသည်လည်း လိုအပ်သောကွက်လပ်တစ်ခုဖြစ်နေခဲ့သည်။ ထိုကွက်လပ်ကို Department of Health Care Services (DHCS) က Medi-Cal Expansion တိုးချဲ့အစီအစဉ်ဖြင့်ဖြည့်ပေးခဲ့သည်။ အိမ်ခြေယာမဲ့အားလုံးလိုလိုသည် Street medicine ပေါ်မှာ မှီခိုကြရသည်။ ယခင်က Street medicine ဆေးကုသပေးသူများသည် ကုသမှုစားရိတ်ကို စေတနာရှင်အလှူရှင်များထံပေါ်မှီခိုနေခဲ့ရပြီး၊ လိုင်စင်ရကျန်းမာရေးဆေးပေးခန်းများ၊ ဆေးရုံများကသာ Medi-Cal ထံကုန်ကျစားရိတ်ကိုတင်ခွင့်ရှိသည်။ ယခုအခါတွင်မူ Department of Health Care Services (DHCS) သည် ကုန်ကျစားရိတ်ကို Medi-Cal သို့ တိုက်ရိုက်တင်နိုင်ရန် ခွင့်ပြုလိုက်သည်။ DHCS ၏ ပြောင်းလဲပေးမှုကြောင့် Street medicine ဆေးကုသပေးမှုများသည်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်ပြီဖြစ်သည်။

UCLA Health and Homeless Care team မှ Brian Zunner-Keating နှင့် social workers နှစ်ဦး။

UCLA Health and Homeless Care Collaborative သည် အပတ်စဉ် အင်္ဂါနေ့တိုင်း Casa Milagrosa သို့လာကာ အိမ်ခြေယာမဲ့များအတွက် လိုအပ်သောကျန်းမာရေးဝန်ဆောင်မှုများကို ဆောင်ရွက်ပေးသည်။ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီတွင် စတင်တည်ထောင်ခဲ့သော UCLA Health and Homeless Care Collaborative သည် Los Angeles County အတွင်း နယ်လှည့်ဆေးပေးခန်းကားဖြင့် လူနာများကြည့်ပေးလျက်ရှိရာ တစ်လလျှင် လူနာပေါင်းပျမ်းမျှ ၅၀၀မှ၆၀၀ထိ ကြည့်ပေးလျက်ရှိသည်။ Casa Milagrosa သို့အပတ်စဉ်အင်္ဂါနေ့ နံနက်တိုင်းရောက်လာသည့် Zunner-Keating ဦးဆောင်သော UCLA Health & Homeless Care တွင် physician (သို့) physican(သို့) assistant nurse practationer တစ်ဦး၊ သူနာပြုတစ်ဦး၊ လူထုကျန်းမာရေးလုပ်သားတစ်ဦးပါဝင်ပြီး စိတ်ကျန်းမာရေးကုသမှုများအတွက် အချိန်ပိုင်း social workers နှစ်ဦးနှင့် psychiatrists နှစ်ဦးထပ်တိုးထားသည်။ UCLA သည် San Fernando Valley, downtown Los Angeles, South LA နှင့် West Side တို့တလျှောက် နယ်လှည့်ဆေးကုသယာဉ်အဖွဲ့၅ဖွဲ့ရှိပြီး primary care နှင့် urgent care များကို ဝန်ဆောင်မှုပေးလျက်ရှိသည်။ DHCS ၏ထုတ်ပြန်ချက်အရ ပြည်နယ်တခုလုံးတွင် အဆိုပါ အစီအစဉ်ပေါင်း၂၅ခုခန့်ရှိသည်။ ” ဘာကတ်မှ ရှိစရာမလိုဘူး။ ကျနော်တို့ သူတို့ရဲ့ကျန်းမာရေးနဲ့ပတ်သက်တာမှန်သမျှ ဆောင်ရွက်ပေးတယ်။ ကျန်းမာရေးအပြင်နောက်ထပ်ဆောင်ရွက်ပေးတာက အိမ်ခြေယာမဲ့တွေအတွက် အိမ်ယာလျှောက်ဖို့အတွက် Housing ဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေနဲ့ကျနော်တို့က ချိတ်ပေးတယ်” ဟု Brian Zunner-Keating က ဆိုသည်။

” ကျနော်တို့က Public library တွေနဲ့စပြီး parternership လုပ်ပြီး အပတ်စဉ်ပုံမှန် စာကြည့်တိုက်တွေမှာ နယ်လှည့်ဆေးပေးခန်းကားနဲ့ အိမ်ခြေယာမဲ့တွေအတွက် ကျန်းမာရေးဝန်ဆောင်မှုတွေကိုပေးတယ်။ တစ်လကို ပုံမှန်ပျမ်းမျှ လူ၅၀၀ ကနေ၆၀၀ထိ ကြည့်ပေးတယ်။ စာကြည့်တိုက်၊ ပန်းခြံတွေ၊ ကျောင်းတွေနဲ့ Casa Milagrosa လိုစင်တာတွေမှာ ပုံမှန်ရက်တွေကြည့်ပေးတဲ့အတွက် အိမ်ခြေယာမဲ့တွေကလည်း ဘယ်နေ့မှာကျနော်တို့ဘယ်မှာရှိမယ်ဆိုတာကိုသိကြတယ်” ဟု Brian Zunner-Keating, UCLA Health and Homeless Care Collaborative က ဆိုသည်။ ” Medi-Cal က ခုချိန်မှာ ပြောင်းလဲမှုကြီးကြီးမားမားရှိနေပါပြီ။ Street medicine team တွေကို non traditional setting ပေးတာက အဲ့ဒီ့ပြောင်းလဲမှုတွေထဲက တခုပါ။ အဲ့ဒါက ဘာလဲဆိုတော့ Street medicine team တွေက ကုသပေးတဲ့စားရိတ်ကို Medi-Cal ကို တင်လို့ရတာပါပဲ ” ဟု သူက ဆက်ပြောသည်။

အိမ်ခြေယာမဲ့များတွင် အဖြစ်အများဆုံးရောဂါများမှာ သွေးတိုး၊ ဆီချို၊ ကူးစက်ရောဂါများဖြစ်သည်။ စိတ်ကျန်းမာရေးချို့တဲ့မှုများသည်လည်း အထင်ကရများပြားလှသည်။ အတွေ့များသောစိတ်ရောဂါများမှာ major depression စိတ်ကျခြင်း, anxiety စိုးရိမ်ပူပန်မှုများခြင်း, schezophrenia စိတ်ကစဉ့်ကလျားဖြစ်ခြင်းတို့ဖြစ်ပြီး UCLA Health and Homeless Care Collaborative မှ နယ်လှည့်ကုသမှုဆေးပေးခန်းသည် စိတ်ရောဂါဝေဒနာရှင်များကို social workers များက လိုအပ်သောဝန်ဆောင်မှုများပေးကာ psychiatrist နှင့်ကုသပေးသည်။ ” စိတ်ရောဂါဝေဒနာရှင်တွေကြောင့် သူတို့စိတ်ဖောက်တဲ့အခါတွေမှာ Public မှာ ကြောက်လန့်ရတာမျိုးဆိုရင် လူနာကိုချက်ချင်းလိုအပ်တဲ့ကုသမှုတွေပေးပါတယ်။ ကျနော်တို့က Department of Mental Health Sevices LA County နဲ့ parternership လုပ်ထားတယ်။” Brian Zunner-Keating က စိတ်ကျန်းမာရေးဆိုင်ရာ ကုသမှုများကို ရှင်းပြသည်။

UCLA Health and Homeless Care team နယ်လှည့်ဆေးကုသခန်းယာဉ်နှင့်ဝန်ထမ်းများ၊ အိမ်ခြေယာမဲ့ဆေးကုသခံသူများ။

Street medicine team သည် အိမ်ခြေယာမဲ့လူမျိုးပေါင်းစုံကို ဘာသာစကားပြဿနာမရှိစေရန် ဘာသာစကားမျိုးစုံနှင့် ယဉ်ကျေးမှုမျိုးစုံမှာ အန်ဝင်ခွင်ကျဖြစ်အောင် professional ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးဝန်ဆောင်မှုပေးလျက်ရှိသည်။ Medi-Cal ၏ သမိုင်းဝင်ပြောင်းလဲချက်များတွင် သမိုင်းတလျှောက်ဘယ်တုန်းကမှ မရှိခဲ့သော undocumented နေထိုင်ခွင့်စာရွက်စာတမ်းမရှိသူများကို ၂၀၂၄ခုနှစ်၊ ဇန်နဝါရီမှစပြီး လျှောက်ခွင့်ပေးခဲ့ပြီး နောက်ထပ်ကျန်းမာရေးစောင့်ရှောက်မှုတိုးချဲ့ခြင်းတစ်ခုမှာ Street medicine များကကုသသောကုန်ကျစားရိတ်ကို Medi-Cal ထံ တိုက်ရိုက် Bill တင်နိုင်ခွင့်ပေးခြင်းသည် လိုအပ်ချို့တဲ့သူများအတွက် Medi-Cal ကိုလက်လမ်းမီဖို့ရန် လှေခါးထစ်ဖြစ်ခဲ့သည်။

နှစ်နှစ်ခွဲတာကာလအတွင်း အိမ်ခြေယာမဲ့ပေါင်း ၄၀၀၀ ကျော်ကို Casa Milagrosa က ဝန်ဆောင်မှုပေးခဲ့သည့်အတွင်း စိတ်ကျန်းမာရေးပြဿနာများ၊ စိုးရိမ်ပူပန်စရာပြဿနာမျိုးအရေးပေါ်အခြေအနေများကြုံတွေ့ခဲ့ရသလားဆိုသည်ကို မေးမြန်းခဲ့ရာ ” ကျနော်တို့စင်တာမှာ အရေးပေါ်အခြေအနေတွေကြုံတွေ့ခဲ့ရလို့ 911 ဖုန်းဆက်၊ ရဲခေါ်ရတယ်ဆိုတာက နှစ်နှစ်ခွဲလုံးမှာမှ နှစ်ခါပဲ ကြုံဖူးပါတယ်ခင်ဗျ” ဟု Gabriel Partida, Communications & Volunteer Coordinator, Depaul USA-Casa Milagrosa က ဖြေသည်။ ” ကျနော်တို့တွေက စင်တာကိုလာတဲ့သူ တနေ့အယောက်၁၅၀ လောက်ကို တစ်ဦးချင်းစီ မှတ်မိနေတယ်။ ဘယ်သူက ဘယ်သူဆိုတာသိနေတယ်။ အရေးပေါ်အခြေအနေပေါ်ပေါက်လာတဲ့အခါ အခြေအနေတင်းမာကြမ်းတမ်းကို လျော့ချဖို့ ဘယ်လိုတွေလုပ်ရမယ်ဆိုတာကို ဝန်ထမ်းတွေကို traning လေ့ကျင့်သင်ကြားပေးထားပြီးသားမို့ အဲ့သလိုအခြေအနေတွေကို ဒီလိုလေ့ကျင့်သင်ကြားပေးထားတဲ့ဝန်ထမ်းတွေက ကိုင်တွယ်ဖြေရှင်းကြပါတယ်။” ဟု ရှင်းပြသည်။ “စင်တာမှာနေ့စဉ်လာရောက်သူများထဲမှာ အမျိုးသမီးများပါဝင်နှုံးမှာ ယေဘုယျ၄၀% ရှိပါတယ်” ဟု Veronica Garcia, Program manager က ပြောကြားခဲ့သည်။ အသက်မပြည့်သည့်ကလေးများကတော့ မိဘအုပ်ထိန်းသူတွေနဲ့သာ ကျနော်တို့ center ကိုလာခွင့်ရှိပါတယ်။ “မိသားစုလိုက်လာကြတဲ့အခါ ကျနော်တို့က သူတို့တွေအတွက်လိုအပ်ချက်တွေကို social worker တဦးချင်းနဲ့ ကြပ်မတ်ဆောင်ရွက်ပေးပါတယ်” ဟု Guollermo Vidaurri, Los Angeles Director, Depaul USA က ရှင်းပြခဲ့သည်။

အိမ်ခြေယာမဲ့များသည် နံနက်ပိုင်းတွင် Casa Milagrosa သို့လာကာ မနက်စာစား၊ တစ်ဦးနှင့်တစ်ဦး သာမာန်လူများနေ့စဉ်အမှုကိစ္စများကဲ့သို့စကားစမြည်ပြော၊ အင်တာနက် ကွန်ပြူတာသုံး၊ ရေချိူး၊ အဝတ်လျှော်၊ social workers များနှင့် လိုအပ်သည့်ကိစ္စများကို Casa Milagrosa တွင် အင်္ဂါနေ့မနက်တိုင်း UCLA Health and Homeless Care Collaborative မှ နယ်လှည့်ကုသမှုဆေးပေးခန်းတွင် ကျန်းမာရေးစောင့်ရှောက်မှုကို ခံယူကြသည်။ ” ဒီတနေရာထဲမှာက အကုန်အဆင်ပြေတယ်ဗျ။ ကျနော်က housing အတွက် tiny homes ကိုအရမ်းလိုချင်တာ။ လျှောက်ဖို့အခက်အခဲရှိတာကို UCLA Health and Homeless Care ရဲ့ ကူညီဆက်သွယ်ပေးမှုနဲ့အခုအခါမှာ application လျှောက်လွှာတင်ပြီးပါပြီ။ Medi-Cal Expansion ရဲ့လူသားဆန်မှုက ကျနော်တို့အတွက် ကျန်းမာရေးစောင့်ရှောက်မှုအပြင် နောက်ထပ်မျှော်လင့်ချက်တွေကိုပါ ပေးပါတယ်” ဟု Athony Thomas ပြောကြားခဲ့သည်။

DCHS သည် high risk နှင့် လိုအပ်မှုများသော လူနာများအတွက် primary care, speciality care နှင့် ထိုကျန်းမာရေးစောင့်ရှောက်မှုပေးသောဒေသများကိုသွားရောက်ရန်အတွက် သယ်ယူပို့ဆောင်ရေးကိုကူညီပေးသော၊ သမိုင်းတွင်တခါမှ မရှိခဲ့သော Enhanced Care Management (ECM) Services ကိုလည်း Medi-Cal တိုးချဲ့အစီအစဉ်မှာ ပေးခဲ့သည်။ ” Medi-Cal Expansion ဟာ ကျနော်တို့ street medicine ဝန်ဆောင်မှုပေးသူတွေက အရင်ကဆို philanthorpy ပရဟိတအလုပ်ပံ့ပိုးသူတွေအပေါ်ကို မှီခိုနေရတယ်။ အခု Medi-Cal Expansion တိုးချဲ့အစီအစဉ်ဟာ ကျနော်တို့ street medicine အစီအစဉ်တွေအတွက် ရေရှည်တည်တံ့စေတဲ့နည်းလမ်းတစ်ခုလို့မြင်တယ်။ သမိုင်းမှာ တခါမှမရှိခဲ့တဲ့ အံ့မခမ်းပြောင်းလဲမှုဖြစ်ပါတယ်။ ” ဟု California ၏ Medi-Cal ကျန်းမာရေးစောင့်ရှောက်မှုတိုးချဲ့့လိုက်ခြင်းအပေါ် Brian Zunner-Keating က သုံးသပ်ခဲ့သည်။