Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

COVID Death Rates Highlight Health Equity Issue

kaiApril 1, 20213min4660

2/25/21 – A Bi-Weekly Briefing for Ethnic & Community Media

LA County Combats Hunger in Pandemic ဆွေးနွေးပွဲကို LA County ကဦးစီးပြီး Ethnic Media Services က ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီ၂၅ရက်နေ့၊ နေ့လယ်၂နာရီက ကျင်းပခဲ့ရာ Eloisa Gonzalez , the Director of Integrative Medicine at the Wellness Center at LAC+USC Historic General Hospital, Director of Cardiovascular and School Health at the Los Angeles County Department of Public Health ; Gary Gero, the Director of Los Angeles County’s Emergency Food Security Branch, Chief Sustainability Officer for LA County and a Board Member of the LA League of Conservation Voters ; Abraham Gomez , CalFresh Program Manager, L.A. County Dept of Public Social Services ; Elizabeth Cervantes , Director of Agency Relations and Product Acquisitions at Los Angeles Regional Food Bank တို့ပါဝင်ဆွေးနွေးခဲ့ကြပြီး ကြားခံဆွေးနွေးသူအဖြစ် EMS မှ Social director ဖြစ်သူ Pilar Marrero က ဆောင်ရွက်ခဲ့သည်။

Eloisa Gonzalez , the Director of Integrative Medicine at the Wellness Center at LAC+USC Historic General Hospital, Director of Cardiovascular and School Health at the Los Angeles County Department of Public Health ကမတ်လ၁ရက်၊ ၂၀၂၀ခုနှစ်မှ ဖေဖော်ဝါရီ၁၄၊ ၂၀၂၁ခုနှစ်အထိ ကိုဗစ်ရောဂါဖြစ်ပွားမှုအခြေအနေများကို ဂရပ်များပြသကာရှင်းပြခဲ့ပြီး ပြီးခဲ့သည့်အပတ်က နေ့စဉ်ကိုဗစ်ရောဂါဖြစ်ပွားမှုနှုံးကျဆင်းခဲ့သဖြင့် TK မှ ၆တန်းထိ ကျောင်းများဖွင့်ရန်ပြင်ဆင်နေကြောင်း၊ New cases များသတ်မှတ်ထားသောအတိုင်းအတာထိကျဆင်းပါက ၇တန်းနှင့်၁၂တန်းများကိုပါ ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ DPH နှင့် USC ၏သုတေသနပြုစစ်ဆေးချက်များ၊ စစ်တမ်းများအရ ကိုဗစ်ကူးစက်ခံရသူ လေးဦးကို ဓာတ်ခွဲစစ်ဆေးခဲ့ရာ နှစ်ဦးမှာ UK vairant အမျိုးအစားB.1.1.7 ဖြစ်ပြီး နှစ်ဦးမှာ သံသယဖြစ်ဖွယ်ရာတွေ့ရှိရကြောင်း၊ LA County တွင် လောလောဆယ် UK variant ပိုးအမျိုးအစားကူးစက်ခံရသူ ၁၈ ယောက်ကိုအတည်ပြုပြီးဖြစ်ကြောင်း၊ ကိုဗစ်ကာကွယ်ဆေးများသည် ထို UK vairant B.1.1.7 ကို ကာကွယ်ပေးနိုင်သော်လည်း ယခုအချိန် လူတိုင်းကာကွယ်ဆေးမထိုးပြီးသေးသော အချိန်ကာလတွင် Mask တပ်ခြင်း၊ Social distancing ပြုလုပ်ခြင်းစသော အတတ်နိုင်ဆုံးကာကွယ်နိုင်သည့်နည်းလမ်းမျိုးစုံဖြင့် ကူးစက်မှုမရှိစေရန်တားဆီးရမည်ဖြစ်ပြီး လူစုလူဝေးများ မပြုလုပ်သင့်ကြောင်း၊ တောင်အာဖရိကပိုးမျိုးကွဲကို LA County တွင် ယခုချိန်ထိ မတွေ့ရှိရသေးကြောင်း၊ အသက်၆၅နှစ်နှင့်အထက် ကာကွယ်ဆေးထိုးသူများ လူဖြူ၊ Latinx, လူအမည်း/အာဖရိကန်အမေရိကန်၊ အာရှ၊ အမေရိကန်အိန္ဒိယ/ Alaska Native လူမျိုးစုများ၏ ပထမအကြိမ်ကာကွယ်ဆေးထိုးပြီးနှုံးများကို ကိုရှင်းပြရာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ၉၊ ၁၄၊ ၂၀ရက် အတွင်း လူအမည်း/အာဖရိကန်အမေရိကန်များမှာ ၄၄.၅% အများဆုံးတိုးတက်လာပြီး အမေရိကန်အိန္ဒိယ/ Alaska Nativeလူမျိုးစုများမှာ ၃၇.၁% ဒုတိယအများဆုံးတိုးတက်လာခဲ့ပြီး အာရှလူမျိုးစုမှာ ၂၁.၉%သာ တိုးတက်ခဲ့ကြောင်း၊ ကာကွယ်ဆေးများကို ရရှိရန်နေရာအနှံ့ရောက်ရှိရန် ဖြန့်ဖြူးနိုင်ဖို့လိုအပ်သလို ကာကွယ်ဆေးထိုးရန် စာရင်းသွင်း၊ ရက်ချိန်းယူဖို့ အခက်အခဲရှိသူများကို Community က ကူညီဆောင်ရွက်ပေးသင့်ကြောင်း၊ မတ်လ၁ရက်နေ့မှစပြီး Phase 1b, Tier 1 တွင်အကျုံးဝင်သော LA County တွင်နေထိုင်သူ(သို့မဟုတ်) အလုပ်လုပ်နေသော Education/ childcare, Emergency services and Public safety, Food and agriculture sectors ဝန်ထမ်းများကို ထိုးပေးလျက်ရှိရာ ခန့်မှန်ချေ ထပ်တိုးလူဦးရေ ၁.၄သန်း ခန့်ကိုကာကွယ်ဆေးထိုးပေးမည်ဖြစ်ကြောင်းများကို ဆွေးနွေးခဲ့ပြီး ပထမအကြိမ်ကာကွယ်ဆေးထိုးပြီးသူများ ဒုတိယအကြိမ်ကာကွယ်ဆေးရက်ချိန်းယူပြီးမှ ရက်ချိန်းမရသူ၊ ရက်ရွှေ့ခြင်းခံရသူများအတွက် သိလိုသောမေးခွန်းကိုမေးမြန်းရာ ပထမအကြိမ်ဆေးထိုးပြီးသူများမှာ ဒုတိယအကြိမ်ဆေးထိုးရဖို့ အပြည့်အဝအာမခံကြောင်း၊ အချို့အမျိုးအစားကာကွယ်ဆေးများမှာ ရာသီဥတုနှင့်သယ်ယူပို့ဆောင်ရေးအခက်အခဲကြောင့် ကြန့်ကြာခြင်းဖြစ်ပြီး ဒုတိယအကြိမ်ဆေးထိုးရမည့်နေ့ အတိအကျကို ရက်ချိန်းမရလျှင်လည်း နောက်တစ်ပတ်အကြာမှာ သေချာပေါက် ဆေးထိုးဖို့ရက်ချိန်းရမည်ဖြစ်ကြောင်း၊ ဆေးထိုးမည့်နေရာမှာ ပထမအကြိမ်ဆေးထိုးမှတ်တမ်းပါသည့် အဖြူရောင်ကာကွယ်ဆေးထိုးပြီးကတ်ပြားကို ယူဆောင်သွားပါက သေချာပေါက်ကာကွယ်ဆေးထိုးပေးမည်ဖြစ်ကြောင်းကို ဖြေကြားသွားခဲ့သည်။

Gary Gero, the Director of Los Angeles County’s Emergency Food Security Branch က ကိုဗစ်ကပ်ရောဂါကြောင့် ကျန်းမာရေးကိစ္စရပ်တင်မကဘဲ စီးပွားရေးကိစ္စ၊ အလုပ်အကိုင်နှင့်အစာရေစာကိစ္စရပ်များကိုပါ ထိခိုက်ခံကြရရာ LA County က လိုအပ်ချက်များကို တတ်နိုင်သလောက်ကူညီရန် မူဝါဒများချမှတ်ဆောင်ရွက်လျက်ရှိရာ ယမန်နှစ်က Food security branch ကိုဖွင့်လှစ်ခဲ့ကြောင်း၊ ယမန်နှစ်က USC နှင့်မိတ်ဖက်အဖွဲ့အစည်းအနေဖြင့် စစ်တမ်းများကောက်ယူခဲ့ရာ LA County တွင်နေထိုင်သူ လူသုံးဦးတွင် တစ်ဦးစသည် အစားအစာပြဿနာ၊မလုံလောက်မှုများ အတွက်ရုန်ကန်နေရသည်ကို အံ့သြစွာတွေ့ရှိခဲ့ရကြောင်း၊ LA County တွင်နေထိုင်သူ ၁၀သန်းခန့်တွင် ၃သန်းခန့်မှာ ယင်းပြဿနာကိုကြုံတွေ့နေခဲ့ရကြောင်း၊ လူမည်းလူမျိုးစုများနှင့် Latinx လူမျိုးစုများမှာ အများစုပါဝင်ကြောင်း၊ ကောလိပ်ဒီဂရီအဆင့်ပညာအရည်အချင်းမရှိသူ ၊ ကလေးရှိသူ အသက်၁၈နှစ်မှ၄၀ကြားလူငယ်များ၊ စားသောက်ဆိုင်ဝန်ထမ်းများ၊ အစားအစာဝန်ဆောင်သူလုပ်သားများပါဝင်ကြောင်း၊ LA County အနေဖြင့် ထိုပြဿနာကိုဖြေရှင်းရန် CalFresh program, Women, Infant and Children (WIC) program, အိမ်တိုင်ယာရောက်ပို့ဆောင်ပေးသည့် Senior meal program များကိုဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ၁၃၅သန်းကျော်သော ကောင်တီ၏ရန်ပုံငွေကိုအသုံးပြုပြီးစားနပ်ရိက္ခာအတွက် ပံ့ပိုးပေးလျက်ရှိကြောင်း၊ Drive through ကားဖြင့်သွားယူရသော စားနပ်ရိက္ခာပေးဝေသည့်နေရာ ၉၀ ကို မြို့နယ်အလိုက် ၂၀၂၀ခုနှစ်၊ မတ်လမှစပြီး ဖွင့်ပေးလျက်ရှိရာ အစစ်အဆေးအမေးအမြန်းမရှိ အခမဲ့စားစရာများကို ယူနိုင်ကြောင်း၊ ပေါင်ချိန်၉သန်းခန့် အစားအစာများကို ၂၅၀, ၀၀၀ အိမ်ထောင်စုများအတွက် ဖြန့်ဝေပြီးဖြစ်ကြောင်း၊ အစားအစာဝေငှမည့် အချိန်နှင့်နေရာများကို https://covid19.lacounty.gov/food-distribution-events/ တွင် ကြည့်နိုင်ပြီး အသေးစိတ်သိလိုပါက 24- hour 2-1-1 call line သို့ဖုန်းဆက်ပြီးဖြစ်စေ ၊ https://covid19.lacounty.gov/food/ တွင် လေ့လာနိုင်ကြောင်း၊ ယခင်နှစ် ဧပြီနှင့်မေလသည် Stay at home order ကြောင့်အစားအစာမလုံလောက်မှုအခြေအနေအမြင့်ဆုံးရောက်ခဲ့ကြောင်း၊ အလုပ်အကိုင်များ ပြန်လည်ဖွင့်လစ်လည်ပတ်လာသောအခါ အစားအစာမလုံလောက်သောပြဿနာကို ကမ္ဘာ့ကပ်ရောဂါမစမီက အခြေအနေသို့ပြန်ရောက်အောင်ဖြေရှင်းနိုင်မည်ဖြစ်ပြီး လူတစ်ဦးချင်းအနေဖြင့် LA County website ရှိ Food section တွင် စေတနာ့ဝန်ထမ်းအဖြစ်ကူညီခြင်းဖြင့်ဖြစ်စေ၊ Food bank များတွင် လှူဒါန်းခြင်းဖြင့်ဖြစ်စေ ပါဝင်ကူညီနိုင်ကြောင်းတို့ကိုပြောကြားခဲ့သည်။

Abraham Gomez , CalFresh Program Manager, L.A. County Dept of Public Social Services က DPSS သည် ဖယ်ဒရယ်၊ ပြည်နယ်နှင့် ကောင်တီရန်ပုံငွေများဖြင့်ပံ့ပိုးထားသောအစီအစဉ်များဖြင့် လိုအပ်သူများအတွက် အစားအစာ၊ ကျန်းမာရေးအာမခံနှင့် အလုပ်လေ့ကျင့်သင်တန်းများကို County တွင်နေထိုင်သူ ၃.၅သန်းအတွက်ကူညီပေးနေကြောင်း၊ တတိုင်းပြည်လုံးတွင် အကြီးဆုံး Pulic agency ဖြစ်ကြောင်း၊ LA County တွင် တတိယအကြီးဆုံးဌာနဖြစ်ကြောင်း၊ Food stamps ဟုယခင်ကခေါ်ခဲ့သော CalFresh program သည် ဝင်ငွေနည်းမိသားစုများအတွက် အိမ်ထောင်စုဝင်များ လုံလောက်သောအာဟာရရရှိရန်အတွက် အစီအစဉ်ဖြစ်ကြောင်း၊ အစားရေစာငတ်ပြတ်မှုသည် ကျန်းမာရေးနှင့်ပညာရေးကို ဆိုးရွားစွာထိခိုက်စေကြောင်း၊ ကပ်ရောဂါကာလတွင် အလုပ်ချိန်လျှော့ချခံရသူများ၊ အလုပ်လက်မဲ့ဖြစ်သူများမှာ အစားအစာမလုံလောက်မှုဖြစ်ကြရာ တနှစ်အတွင်း CalFresh လျှောက်သူ ၁၇၉% များပြားလာခဲ့ကြောင်း၊ နိုင်ငံသားများနှင့်တရားဝင်နေထိုင်ခွင့်ရရှိထားသူများ၊ ကိုယ်တိုင်နိုင်ငံသားမဖြစ်သော်လည်း နိုင်ငံသားကလေးများ၏မိဘများသည် ဖယ်ဒရယ်အစိုးရကပြဌာန်းထားသော အိမ်ထောင်စုဦးရေအလိုက်ဝင်ငွေနည်းသည့်အထဲတွင် အကျုံးဝင်ပါက (ဥပမာ- လူ၄ဦးရှိသောအိမ်ထောင်စုတွင် Gross income (အခွန်မဖြတ်ခင်တစ်လဝင်ငွေသည်) ဒေါ်လာ၄၃၆၈ ထက် လျှော့နည်းပါက www.dpss.LAcounty.gov တွင်အသေးစိတ်လေ့လာနိုင်ကြောင်း၊ လူကိုယ်တိုင်လာစရာမလိုဘဲ Call center 1-(866)- 613-3777 သို့ တနင်္လာမှသောကြာထိ မနက်၇နာရီခွဲမှည၇နာရီခွဲ၊ စနေတွင် မနက်၈နာရီမှညနေ၄နာရီခွဲအတွင်း ဖုန်းဆက်ပြီးဖြစ်စေ၊ www. getcalfresh.org မှဖြစ်စေ လျှောက်ထားနိုင်ကြောင်း၊ Medi-Cal, CalWORKS အစီအစဉ်များလည်း ရှိကြောင်းတို့ကို ပြောကြားခဲ့သည်။

Elizabeth Cervantes , Director of Agency Relations and Product Acquisitions at Los Angeles Regional Food Bank က မိတ်ဖက်အဖွဲ့အစည်းပေါင်း၇၀၀ကျော်နှင့်အတူ အစားအစာပံ့ပိုးခြင်းများကိုဆောင်ရွက်လျက်ရှိကြောင်း၊ ကမ္ဘာ့ကပ်ရောဂါကျရောက်လာသောအခါ အစားအစာမလုံလောက်မှုဖြစ်ရကြောင်း၊ Cereal, ဆန်၊ မြေပဲယို၊ ပဲတို့ကို တပတ်လျှင် ၃ခါနှင့်၄ခါ ထိ LA County အတွင်းတွင် ဝေငှကြောင်း၊ ကိုဗစ်ကပ်ရောဂါမကျရောက်မီကထက် ၁၄၅% ခန့်များပြားခဲ့ကြောင်း၊ အစားအစာလက်ခံရရ
သောမိသားစုများမှာ ဝမ်းသာကျေးဇူးတင်ကြကြောင်း၊ ကလေးများအိမ်မှာစာသင်ရသည့်အတွက်အစားအစာပိုလိုအပ်သလို အလုပ်လက်မဲ့ဖြစ်ကြသောအိမ်ထောင်စုများမှာ အစားအစာမလုံလောက်မှုဒုက္ခများကိုရင်ဆိုင်ရကြောင်း၊ အစားအစာဝေငှရာတွင် လူမျိုးစုပေါင်းစုံအောင် LA County ရှိ နေရာအနှံ့ကို ဝေငှပေးကြောင်း၊ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသော အစားအစာမလုံလောက်သောမိသားစုများအကြောင်းကို ဆွေးနွေးခဲ့ပြီး Food Bank အတွက် ကူညီလိုသူ၊ လှူဒါန်းလိုသူများကို ဖိတ်ခေါ်ခဲ့သည်။