လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏အိန္ဒိယနိုင်ငံခရီးစဉ်..မှတ်တမ်းဓါတ်ပုံ..




မြန်မာပြည်သူပြည်သားများအတွက် ကမ္ဘာ့အရပ်ရပ်သို့ မမောမပန်းနိုင်ပဲ ခရီးတွေထွက်နေရသူ…အဖေ့သွေး၊အဖေ့စိတ်ဓါတ်နဲ့အဖေ့ခြေရာနင်းနိုင်သူ…အမေထာဝရ ကျမ်းမာအသက်ရှည်နိုင်ပါစေ…
အမေစုရဲ့ အိန္ဒိယခရီးစဉ်မှတ်တမ်း ဓါတ်ပုံများကို …ဒေါင်းမာန်ဟုန်မှ ပြန်လည်ရယူမျှဝေပါသည်။။။။။။။။
မန်းဂဇတ်ရွာသူားအားလုံးလည်း ထာဝရပျော်ရွှင်နိုင်ကြပါစေ….
လွန်ခဲ့သောနှစ်(၅၀)ခန့်က သူတက်ရောက်ခဲ့သော နယူးဒေလီမြို့ရှိ Lady Sri Ram ကောလိပ်ကိုသွားရောက်လည်ပတ်ခဲ့ပါတယ်။ထိုကောလိပ်မှ ၁၉၆၄ခုနှစ်မှာ နိုင်ငံရေးသိပ္ပံဘာသာရပ်နဲ့ဘွဲ့ရခဲ့ပါတယ်။
ယခုအိန္ဒယခရီးစဉ်အတွင်း မိမိပညာသင်ယူလာခဲ့တဲ့ ကျောင်းတော်ဟောင်းကိုပြန်ရောက်လာတာဟာ ကိုယ့်အိမ်ကိုပြန်ရောက်လာသလိုပါပဲလို့ ဒေါ်အောင်ဆန်းစုကြည်ကပြောကြားလိုက်ပါတယ်…
ဒေါ်အောင်ဆန်းစုကြည်ကိုကောလိပ်ကျောင်းအုပ်ကြီး၊ဆရာဆရာမတွေနဲ့ ကျောင်းသူတွေကလှိုက်လှဲစွာကြိုဆိုခဲ့ကြပါတယ်။
မိမိတို့အတွက်နက်နက်ရှိုင်းရှိုင်း ခံစားရတဲ့အခိုက်အခါပါပဲလို့ ကျောင်းအုပ်ကြီးက ဂုဏ်ပြုကြိုဆိုပွဲအခန်းအနားမှာပြောဆိုလိုက်ပြီး၊ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဝေဒနာကိုမိမိတို့ထပ်တူထပ်မျှခံစားရပါကြောင်း၊ဒေါ်အောင်ဆန်းစုကြည်ဘေးဘယာဝေးကွာစေဖို့ ဆုတောင်းပါကြောင်းပြောကြားခဲ့ပါတယ်…။
ဒေါ်အောင်ဆန်းစုကြည်ကလည်း မိမိရဲ့ကျောင်းကိုတစ်နေ့ပြန်ရောက်အုံးမယ်ဆိုတာသိနေပါတယ်လို့ပြောဆိုပြီး၊မြန်မာနိုင်ငံဟာ ဒီမိုကရေစီပြည့်ဝတဲ့အဆင့်ကို မရောက်သေးပါဘူး၊ဒီမိုကရေစီအခွင့်အရေးတွေဆိုတာ အလွန်တရာတန်ဖိုးရှိမှန်း အဲဒီအခွန့်အရေးတွေမရရှိသေးတဲ့သူတွေသာ သိကြပါတယ်လို့ပြောကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာအိနိ္ဒယနိုင်ငံတောင်ပိုင်းကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို သါားရောက်ကြည့်ရငငလေ့လာမှာဖြစ်ပြီး တနင်္ဂနေ့မှာ မြန်မာနိုင်ငံကိုပြန်လည်ထွက်ခွါမှာဖြစ်ပါတယ်။
ပိုစ့်..သတင်းကို RFA မှပြန်လည်မျှဝေပါသည်။
One comment
thureinmaung
November 17, 2012 at 12:49 pm
like, like ,like, like.
super like
mega like.
ever like