ဗြိတိသျှပါလီမန် Westminster Hall မှာမိန့်ခွန်းပြောကြားနေသော လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်…

ဗြိတိသျှအထက်ပါလီမန် Westminster Hall မှာ မိန်ခွန်းပြောကြားခွန့်ရရှိသော လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်…
ြိဗိတိသျှဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း(ဝဲ)၊မှ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အားကြိုဆိုနေပုံ…
တော်ဝန်ဗြိတိသျှ ပါလီမန်မှ လူထုခွေင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အားဤသို့ကြိုဆိုကြပါသည်…
Westminster Hall မြင်ကွင်း…

ဗြိတိသျှအထက်ပါလီမန် Westminster Hall တွင် မိန့်ခွန်းပြောကြားနေသော မြန်မာပြည်သူလူထုခေါင်ဆောင် ဒေါ်အောင်ဆန်းစုကြည်..
ဒေါင်းနင်းလမ်းကို ခွပ်ဒေါင်းနင်းပြီ…

ဒုတိယကမ္ဘာစစ်နောက်ပိုင်း ခမ်းနားကြီးကျယ်လှတဲ့ ဗြိတိသျှ ပါလီမန်မှာ မိန့်ခွန်းပြောကြားခွင့် ရရှိသူ (၅)ဦးသာရှိသေးပါတယ်၊အဲဒီအထဲမှာ မြန်မာပြည်သူလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်လည်းပါဝင်ခဲ့ပါတယ်။

မြန်မာပြည်အတွက်၊မြန်မာလူမျိုးများအတွက် အထူးပင်ဂုဏ်ယူဝမ်းမြောက်စေပါတယ်။ယနေ့အချိန်မှာ မြန်မာဆိုတာ ဘယ်လိုလူမျိုးတွေရှိတဲ့တိုင်းပြည်ဆိုတာ ကမ္ဘာအရပ်ရပ်မှာရှိတဲ့ လူတိုင်းက သတိထားစောင့်ကြည်မူတွေပိုမိုလေးစားမူတွေရှိလာပါတယ်၊

ဒါဟာဘာကြေင့်လဲဆိုတော့ မြန်မာ့ဂုဏ်ဆောင် အာဇာနည်အမျိုးသမီး သူရဲကောင်း ဒေါ်အောင်ဆန်းစုကြည်ကြောင့်ဆိုတာ ဘယ်သူမှမငြင်းနိုင်ပါဘူး၊နိုင်ငံတကာရဲ့ သတင်းစာတွေမှာ အထူးတလည်ဖေါ်ပြခြင်းကိုခံနေရတာကြောင့်ပါပဲ…။

မြန်မာလူမျိုးတွေထဲမှာ ကမ္ဘာကလေးစားကြည်ညိုရတဲပုဂ္ဂိုလ်တွေရှိသေးတယ်ဆိုတာ သက်သေပြလိုက်တာပါပဲ…

ဓါတ်ပုံ…ဒီမိုဝေယံမှရယူ၍ ပြန်လည်မျှဝေပါသည်…

အစဉ်အမြဲလေးစားခင်မင်တတ်သော…

အညတရ(မောင်သုည)…

12 comments

  • kai

    June 23, 2012 at 2:47 am

    http://www.voanews.com/burmese/news/06-21-2012-suuspeech-159950595.html
    VOA မှဘာသာပြန်ထားခြင်းဖြစ်ပါသည်။


    ဒေါ်စု ဗြိတိန်ပါလီမန်မိန့်ခွန်း အပြည့်အစုံ

    ကြာသပတေး, 21 ဇွန် 2012

    လွှတ်တော်ဥက္ကဌ၊ ဝန်ကြီးချုပ်၊ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် အမတ်များရှင့် –

    ခမ်းနားတင့်တယ်တဲ့ ဒီခန်းမကြီးမှာ စကားပြောဖို့ ဖိတ်ခေါ်ခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ဒီဂုဏ်ပြုမှုရဲ့ ထူးခြားတဲ့ သဘောသဘာဝကိုလည်း ကျမ သတိပြုမိပါတယ်။ ဒီနေရာမှာ စကားပြောဖို့ ခွင့်ပြုသင့်သလား ဒါမှမဟုတ် ဒီအဆောက်အအုံထဲက တခြားတနေရာမှာဘဲ ပြောခွင့်ပေးမလား ဆိုတာတောင် အစောပိုင်းက အငြင်းအခုံဖြစ်ခဲ့တာကိုလည်း သိရှိခဲ့ပါတယ်။ ဒီလိုအခြေအတင် ဆွေးနွေးတာတွေဟာ ကောင်းပါတယ်။ ဒါဟာ ပါလီမန် လွှတ်တော်ရဲ့ အလုပ်ပါဘဲ။

    ကျမ အခုဘဲ ဒေါင်းနင်းလမ်းက လာခဲ့တာပါ။ ကျမအတွက် တစိမ်းနေရာတော့ မဟုတ်ပါဘူး။ တီဗွီမှာတင် မကဘဲ ကျမ ဖခင် ဦးအောင်ဆန်း ၁၉၄ရ ခုနှစ်မှာ လုပ်ကြံသတ်ဖြတ် မခံရခင် ဝန်ကြီးချုပ် အက်တလီနဲ့ အတူ လွတ်လပ်ရေး ကိစ္စဆွေးနွေးအပြီး ဒေါင်းနင်း လမ်းရှေ့မှာ ရိုက်ကူးထားခဲ့တဲ့ ဓာတ်ပုံဟာ ထင်ရှားပါတယ်။ ဓာတ်ပုံထဲမှာ သူဟာ ဗြိတိသျှစစ်သုံး ကုတ်အကျီ င်္ရှည်ကို ဝတ်ထားပါတယ်။ သူ မကြုံဖူးတဲ့ အအေးဒဏ်ကို ခံနိုင်အောင် ဗြိတိန် အလာလမ်းမှာ အိန္ဒိယ ခေါင်းဆောင် ဂျဟာဝါလာနေရူးက ပေးလိုက်တာပါ။ ကျမလည်း အပူပိုင်း နိုင်ငံမှာ ၂၄ နှစ်လုံးလုံး နေခဲ့ပြီးတဲ့နောက် ဒီဘက်ကို အလာမှာ အဲလို ကုတ်အကျီ င်္ကိုများ လိုမလားလို့တောင် တွေးခဲ့တာမျိုး ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ နာရီပိုင်းကတော့ ကျမ အဖေ ဓာတ်ပုံ ရိုက်သွားတဲ့ နေရာမှာဘဲ အခု ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းနဲ့ ဓာတ်ပုံရိုက်နေချိန်မှာတော့ မိုးတွေက ရွာနေပါတယ်။ ဒါ ဗြိတိန် ရာသီဥတုပါဘဲ။

    ဒုတိယ ကမ္ဘာစစ် အတွင်းက ကျမ ဖခင်ဟာ ဗမာ့လွတ်လပ်ရေး တပ်မတော်ကို တည်ထောင်ခဲ့တာပါ။ လွတ်လပ်တဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ တည်ထောင်ချင်လို့ ဒီတာဝန်ကို သူယူခဲ့တာပါ။ လွတ်လပ်တဲ့ နိုင်ငံတခုနဲ့ ထိုက်တန်တဲ့ နိုင်ငံရေး စနစ်ဟာ ဒီမိုကရေစီ စနစ်သာ ဖြစ်တယ်လို့ သူယုံကြည်ခဲ့ပါတယ်။ ကျမလည်း ဒါကို ယုံကြည်လက်ခံပါတယ်။ ဗြိတိသျှ မဟာမိတ်တပ်ဖွဲ့တွေရဲ့ ဗိုလ်ချုပ်ကြီး ဆလင်းက သူ့ရဲ့ ကိုယ်ရေးမှတ်တမ်းမှာ ကျမဖခင်နဲ့ ပထမဆုံး တွေ့ဆုံပုံ အကြောင်း ရေးထားတာ ရှိပါတယ်။ ဒုတိယ ကမ္ဘာစစ် ပြီးခါနီး ဗမာ့လွတ်လပ်ရေး တပ်မတော်က မဟာမိတ်တွေနဲ့ လက်တွဲဖို့ ဆုံးဖြတ်ပြီး ဗိုလ်ချုပ်အောင်ဆန်းက ဗိုလ်ချုပ်ကြီး ဆလင်းနဲ့ သွားတွေ့တဲ့ အခါမှာ ဗိုလ်ချုပ်ကြီးဆလင်းက ငါတို့ စစ်နိုင်နေလို့ လာပေါင်းတာ မဟုတ်လားလို့ ပြောတဲ့အခါ ကျမ အဖေက ခင်ဗျားတို့ စစ်မနိုင်ရင် လာပေါင်းလို့ ဘာအကျိုးရှိမှာလဲလို့ ပြန်ပြောခဲ့တယ်လို့ သူက ရေးထားပါတယ်။

    ကျမ အဖေကို လက်တွေ့သမားလို့ ဗိုလ်ချုပ်ကြီး ဆလင်းက ယုံကြည်ပြီး လက်တွဲလုပ်နိုင်မယ့်သူလို့ မှတ်တမ်းတင်ထားပါတယ်။ အခု အနှစ် ၆ဝ ကျော်လာတဲ့ အခါမှာ ကျမလည်း ဖခင်ကြီးလို လက်တွေ့ကျကျ လုပ်နိုင်အောင် ကြိုးစားနေပါတယ်။ ဒါကြောင့်လည်း အခုလို လာရောက်ပြီး လက်တွေ့အကူအညီပေးဖို့ မိတ်ဆွေအနေနဲ့ ဒိုးတူပေါင်ဖက် လာရောက် ပြောကြားနေတာပါ။ အခွင့်အရေးတွေ နှစ်ပေါင်းများစွာ ဆုံးရှုံးနေတဲ့ မြန်မာပြည်သားတွေရဲ့ ဘဝနဲ့ အခွင့်အလမ်းတွေ အတွက် ပြုပြင်ရေး လုပ်ငန်းတွေကို ကူညီထောက်ခံကြဖို့ ကျမပြောလိုပါတယ်။

    ကောင်းမွန်တဲ့ အနာဂတ်ကို လျှောက်လှမ်းနိုင်ဖို့ ကျမတို့ တိုင်းပြည်ဟာ အခုမှ တာစူနေတုန်းပါ။ ကျော်ဖြတ်ရမယ့် တောင်ကုန်းတွေ ချောက်ကမ်းပါးတွေ အခက်အခဲတွေ အများကြီးရှိနေပါသေးတယ်။ ကျမတို့ ကြိုးစားလို့ အခုအခြေအနေထိ ရောက်လာတာပါ။ ဗြိတိန်နဲ့ ကမ္ဘာတဝှမ်းက ပြည်သူတွေ ဝိုင်းကူရင် ဒီထက်ပိုပြီး ခရီးတွင်ပါလိမ့်မယ်။ ပြုပြင်ပြောင်းလဲရေး အကြောင်းဆိုတာဟာ အခု ဒီ ဝက်စ်မင်နင်စတာခန်းမကြီးမှာ ပြောရတာ အသင့်တော်ဆုံးပါဘဲ။ ကျမတို့ တိုင်းပြည်မှာ ပါလီမန် စနစ် ခိုင်မာရေးဟာ အဓိက အကျဆုံး ဖြစ်ပါတယ်။ ဗြိတိသျှ ပါလီမန်ဟာ ကမ္ဘာ့ အဖိနှိပ်ခံတွေရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ ပတ်သက်ပြီး စံ ထားရမယ့် အကောင်းဆုံး သင်္ကေတပါဘဲ။ ဒီနိုင်ငံမှာ ဒီလွတ်လပ်ခွင့်တွေဟာ အလိုအလျောက်ရှိနေပြီးသားမို့ အမှုမဲ့ ဖြစ်နေတတ်ကြပါလိမ့်မယ်။ ကျမတို့ မြန်မာနိုင်ငံမှာတော့ ဒီလွတ်လပ်မှုတွေကို နှစ်ပေါင်းများစွာ အနစ်နာခံပြီး တိုက်ပွဲဝင်နေရတာပါ။ လူတွေ အများအပြား စွန့်လွှတ် ဆုံးရှုံးခဲ့ရတာတွေ ရှိပါတယ်။ အခုမှ ဒီစွန့်လွှတ်မှုတွေရဲ့ ရလဒ် အသီးအပွင့်ကို စပြီး မြင်တွေ့စ ရနေတာပါ။

    ဥပဒေပြုတဲ့ ဖြစ်စဉ်မှာ ပြည့်သူ့ဆန္ဒကို အကောင်အထည်ဖော်ပေးရမှာ Wesrminster ဟာ ပြောင်မြောက်တဲ့ ဥပမာ ဖြစ်နေတာကြာပါပြီ။ မြန်မာ့ ပါလီမန်ကတော့ အခုမှ အစပဲ ရှိပါသေးတယ်။ ၂၀၁၁ မတ်လမှာ အသက်ဝင်တဲ့ ပါလီမန်ဖြစ်ပြီး ၄၉ နှစ်ကြာခဲ့တဲ့ စစ်အုပ်ချုပ်ရေး ဓလေ့ကို ကျော်လွှားနေရတဲ့ အတွက် မိမိဘာသာရပ်တည်ပြီး ပြောနိုင်ဆိုနို်င်ဖို့ အချိန်ယူရဦးမှာ ဖြစ်ပေမယ့် အရင်ရှိခဲ့တာထက် စာရင် ပိုပြီး ခိုင်မာတယ်လို့ပြောနိုင်ပါတယ်။ ဒါပေမယ့် သိသာမြင်သာမူ ရှိသင့်သလောက် မရှိသေးပါဘူး။

    အခြေခိုင်ပြီးသား ပါလီမန် ဒီမိုကရေစီနိုင်ငံတွေကို လေ့လာလိုပါတယ်။ ဒါမှ အချိန်ရလာတဲ့ အခါ ကျမတို့ရဲ့ ဒီမိုကရေစီ ဓလေ့ဟာလည်း နက်ရှိုင်းလာမှာဖြစ်ပါတယ်။ ပါလီမန်စနစ်ကို ယုံကြည်မူ တည်ဆောက်တဲ့ ဖြစ်စဉ်ဟာ ပါလီမန်မကျင်းပမီ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲမှာ ပြည်သူလူထု ပါဝင်လာဖို့ ဖြစ်ပါတယ်။ ဒီနှစ်အစောပိုင်းက ရွေးကောက်ပွဲမှာ ပထမဆုံးအကြိမ် ကျမဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

    ဒါပေမယ့် ဒီကနေ့အထိ ဘယ်ရွေးကောက်ပွဲမှာမှ ကျမ လွတ်လွတ်လပ်လပ် မဲဆန္ဒ မပေးဖူးပါဘူး။ ၁၉၉ဝ ရွေးကောက်ပွဲမှာ နေအိမ်အကျယ်ချုပ် ကနေ ကြိုတင်မဲပေးပါတယ်။ ဝင်ရောက် ယှဉ်ပြိုင်ခွင့်တော့ မရပါဘူး။ နိုင်ငံခြား အကူအညီယူတယ်။ ဘီဘီစီက ကျမဘက်က ပါတယ်လို့ အကြောင်းပြပြီး ရွေးကောက်ပွဲ ဝင်ခွင့်မပေးတာပါဘဲ။

    လွန်ခဲ့တဲ့ ရွေးကောက်ပွဲ မတိုင်မီမှာ အသိသာဆုံး ကတော့ နိုင်ငံရေး ဖြစ်စဉ်မှာ ဘယ်လို ပါဝင်ရမယ် ဆိုတာကို မဲဆန္ဒနယ်မြေက ပြည်သူက သိရှိနေတာပဲဖြစ်ပါတယ်။ မဲပေးခွင့် ဆိုတာ လူတိုင်းကို ပေးတာမဟုတ်လို့ အခွင့်သာတုန်း ရယူရမယ်။ ဒီအခွင့်အရေး ဆုံးရူံးရင် ဘာဖြစ်မယ် ဆိုတာကို ပြည်သူတွေ သဘောပေါက် သွားကြတာဖြစ်ပါတယ်။

    ကျမ ဗြိတိန်နိုင်ငံမှာ နေစဉ်ကလည်း မဲဆန္ဒပေးခွင့် တစ်ခါမှ မရှိခဲ့ပါဘူး။ တက္ကသိုလ် ကျောင်းသူဘဝမှာတော့ မဲပေးခွင့် မရှိပေမယ့် မိတ်ဆွေသူငယ်ချင်းတွေကို မဲဆန္ဒ ပေးဖြစ်အောင် ပေးကြဖို့ ဆော်ဩပါတယ်။ ကျမ တိုက်တွန်းသလို လုပ်မလုပ်တော့ ကျမ မသိပါဘူး။ ကိုယ်ရထားတဲ့ အခွင့်အရေးကို ကိုယ်က မလေးစားရင် ပျောက်ကွယ် သွားနိုင်ဖွယ်ရှိပါတယ်။ မိမိကိုယ်မိမိ နိုင်ငံရေးထက်မြင့်တယ်လို့ ထင်သူတွေကို ပြောချင်ပါတယ်။ နိုင်ငံရေးကို ကျမတို့ အပေါ်မှာရှိတယ် သို့မဟုတ် အောက်မှာ ရှိတယ်လို့ မမြင်သင့်ပါဘူး။ နိုင်ငံရေးဆိုတာ ကျမတို့ နေ့စဉ်ဘဝရဲ့ အစိတ်အပိုင်း တစ်ခုသာ ဖြစ်တယ်။ ကျမ အိမ်ထောင်သည် ဘဝမှာလည်း လင်ယောင်္ကျားကို နိုင်ငံရေးမှာ ပါဝင်ဖို့ ပြောလေ့ရှိပါတယ်။ ကျမကောင်းကောင်း မှတ်မိနေတဲ့ ဖြစ်ရပ် တစ်ခုရှိပါတယ်။ ကျမတို့ Oxford အိမ်ကို မဲဆွယ်သူတွေလာ တံခါးခေါက်တော့ မိုက်ကယ်က တံခါးဖွင့်ပေးပြီး ငါ့ကို စည်းရုံးနေလို့ အပိုပဲ ငါဘယ်သူ့ကို မဲပေးရမယ်ဆိုတာ ငါ့မိန်းမက ဆုံးဖြတ်တာ သူအပြင်သွားနေတယ်။ နောက်မှ ပြန်လာပါလားလို့ ပြောလိုက်တယ်။ လင်ယောက်ျား မဲပေးဖို့ ဆုံးဖြတ်တဲ့ ဇနီးကို ကြည့်ချင်လို့ ထင်ပါရဲ့ မဲဆွယ်သူဟာ နောက်တစ်ခေါက် ပြန်လာပါသေးတယ်။

    မြန်မာတပြည်လုံးမှာ ရွေးကောက်ပွဲ စည်းရုံးရေး ဆင်းခဲ့တာ အခုဆိုရင် ရက် ၁၀ဝ တောင် မရှိသေးပါဘူး။ ဧပြီလ ၁ရက်နေ့မှာ ရွေးကောက်ပွဲ ကျင်းပတာမို့ April Fool ဆိုတာကို သတိထားမိပါတယ်။ ဒါပေမယ့် April of New Hope ဖြစ်နေပြီး မဲဆန္ဒပေးပွဲဟာ လွတ်လပ်ပြီး တရားမျှတတာ တွေ့ရပါတယ်။
    သမ္မတ ဦးသိန်းစိန်ကို ချီးကျူးဂုဏ်ပြု လိုပါတယ်။ ကျမ အရင်တုန်းက ပြောခဲ့တဲ့အတိုင်း နိုင်ငံရေး ကွဲပြားခြားနားမူတွေကို တွေ့ဆုံဆွေးနွေးပြီး ပူးပေါင်း လုပ်ကိုင်ရင် ဖြေရှင်းနို်င်မှာ ဖြစ်ပါတယ်။ ဒီလိုဖြစ်နိုင်အောင် အခိုင်အမာတာဝန်ယူ လုပ်ဆောင်မှာ ဖြစ်ပါတယ်။

    မြန်မာပြည်က ရွေးကောက်ပွဲဟာ ဗြိတိန်လို အခြေခိုင်ပြီးသား ဒီမိုကရေစီ နို်င်ငံတွေနဲ့ မတူပါဘူး။ မြန်မာပြည်မှာ လူငယ်တွေ ရွေးကောက်ပွဲတွေကို စိတ်ဝင်စားမူ နည်းပါးတဲ့ ပြသနာ မရှိပါဘူး။ လူငယ်တွေ အများအပြား ပါဝင်လာတာဟာ အားရကျေနပ်စရာ အကောင်းဆုံး ဖြစ်ပါတယ်။ ကလေးငယ်တွေ တက္ကသိုလ် ကျောင်းသားတွေနဲ့ မြို့လုံး လမ်းတလျှောက် ကြိုဆိုကြတဲ့ လူအုပ်ကြီးကို ထိန်းသိမ်းရတာဟာ တကယ့် စိန်ခေါ်မူကြီး ဖြစ်နေပါတယ်။ ရွေးကောက်ပွဲမတိုင်မီမှာ တောင်ကုန်းလေး တစ်ခုပေါ်မှာ အသက် ၁ဝနှစ် ၁၁ နှစ် အရွယ် ကလေးတစ်စုနဲ့ သူတို့ခေါင်းဆောင်က NLD အလံထောင်ပြီး ကြိုဆိုနေတာတောင် တွေ့ခဲ့ရဖူးပါတယ်။ ကာလကြာရှည် ငြင်းပယ်ခံခဲ့ရတဲ့ အခွင့်အရေးတွေကို မဲဆန္ဒရှင်တွေက လိုချင်စိတ် ပြင်းထန်နေတာပဲ ဖြစ်ပါတယ်။

    ၁၉၄၈မှာ မြန်မာပြည် လွတ်လပ်ရေးရတော့ ဗြိတိန်မှာ ကျင့်သုံးတဲ့ စနစ်ကို အခြေခံတဲ့ ပါလီမန် စနစ်ကို ကျင့်သုံးတဲ့အတွက် မြန်မာလို ပါလီမန်ခေတ်လို့ ခေါ်ပါတယ်။ ကျမတို့ ပါလီမန်စနစ်ဟာ ၁၉၆၂ အထိ ခံခဲ့ပါတယ်။ အပြစ်ကင်းစင်တဲ့ စနစ်မဟုတ်ပေမယ့် တိုတောင်းလှတဲ့ လွတ်လပ်ရေးခေတ်မှာ အတိုးတက်ဆုံးနဲ့ အလားအလာ အရှိဆုံး ဖြစ်ပါတယ်။ အဲဒါကြောင့် မြန်မာကို အရှေ့တောင်အာရှမှာ အောင်မြင်မယ့် အလားအလာ အရှိဆုံး တိုင်းပြည်အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။

    ဒါပေမယ့် မျှော်မှန်းထားတိုင်း ဖြစ်မလာတတ်တာတွေဟာ မြန်မာနိုင်ငံတင် မက နေရာတိုင်းမှာ ရှိခဲ့ပါတယ်။ အခုတခါ စစ်မှန်တဲ့ ဒီမိုကရေစီ မြန်မာပြည်မှာ ပြန်လည် တည်ဆောက်နိုင်မယ့် အခွင့်အလမ်း ပေါ်လာပါပြီ။ ဒီအခွင့်အလမ်းကို အသုံးမပြုနိုင်ရင် ဒီလို အခွင့်အလမ်းမျိုး ပေါ်လာအောင် ဆယ်စုနှစ်နဲ့ချီပြီး စောင့်ရနိုင်ပါတယ်။
    ဒါကြောင့်မို့ ကမ္ဘာ့ဝါအရင့်ဆုံး ပါလီမန်ဒီမိုကရေစီ ဖြစ်တဲ့ ဗြိတိန်နိုင်ငံ အနေနဲ့ ကျမတို့ နိုင်ငံရဲ့ ပါလီမန် ဒီမိုကရေစီထူထောင်ရေးမှာ စစ်မှန်တဲ့ လုပ်ငန်းဌာနတွေ ပေါ်လာရေး ကူညီပေးဖို့ အပြင် သမ္မတ ဦးသိန်းစိန် ဦးဆောင်လုပ်ကိုင်နေတဲ့ ပြုပြင်ရေးလုပ်ငန်းစဉ်တွေကို ကြိုဆိုဖို့ ပြောလိုပါတယ်။ ဒါပေမယ့် ပြုပြင်ရေးဟာ ပုဂ္ဂိုလ်မှာ အခြေခံတဲ့ ဖြစ်စဉ်မဟုတ်ပါဘူး။ ခိုင်မာတဲ့ လုပ်ငန်းအဖွဲ့အစည်းတွေ မရှိရင် ရေရှည်ခံမှာ မဟုတ်ပါဘူး။

    ကျမတို့ လွှတ်တော်ဟာ ဒီမိုကရေစီ လုပ်ငန်းစဉ်နဲ့ ပတ်သတ်ပြီး အတော်လေ့လာဖို့ လိုပါသေးတယ်။ ဒီနေရာမှာ ဗြိတိန်က အကူအညီ ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ လွန်ခဲ့တဲ့လက မြန်မာ့လွှတ်တော်မှာ မိနစ်ပိုင်းလောက်နေပြီး ကျမ်းကျိမ်ဆိုပွဲမှာ ပါဝင်ခဲ့ပါတယ်။ ကျမ အမြင်တော့ သိပ်ပြီး အခမ်းအနား ဆန်လွန်းနေတယ် ထင်ပါတယ်။ သမားရိုးကျအတိုင်း လွှတ်တော်ကိုယ်စားလှယ် အမျိုးသားတွေဟာ ခေါင်းပေါင်းတွေ ပေါင်းကြရပါတယ်။ Westminster မှာလို ခွန်းကြီးခွန်းငယ်နဲ့ အဖြေရခက်တဲ့ အပြန်အလှန် မကြားရသေးပါဘူး။ နောက်ပိုင်းမှာတော့ ကျမတို့ လွှတ်တော်မှာလည်း ဗြိတိသျှ ပါလီမန်လို ဝန်ကြီးချုပ်နဲ့ တိုက်ရိုက် မေးမြန်းခန်း ဆိုတဲ့ အစီအစဉ်မျိုးတွေ ပေါ်လာမယ် ဆိုရင်တော့ ဒါဟာ ကျမတို့ရဲ့ ပါလီမန် ဒီမိုကရေစီ စနစ် အသက်ဝင်လာပြီလို့ ပြောရပါလိမ့်မယ်။

    နိုင်ငံရဲ့ ဘဏ္ဍာရေး ဘတ်ဂျက်ကို ပါလီမန် လွှတ်တော်က ထိန်းချုပ်ရမယ်ဆိုတဲ့ အရေးအကြီးဆုံး လိုအပ်ချက်ကိုလည်း ကျမ ထောက်ပြလိုပါတယ်။ ဒါဟာ ဘာကို ညွှန်ပြသလဲ ဆိုတော့ ပြည်သူလူထုရဲ့ လုပ်ပိုင်ခွင့် ဆိုတဲ့ ဒီမိုကရေစီရဲ့ အဓိက အကျဆုံး အချက်ကို ဖော်ညွှန်းနေခြင်းပါဘဲ။ အခြေခံ ဥပဒေ တရပ်ဆိုတာ ထိထိရောက်ရောက် ရှိဖို့အတွက် အလုံးစုံ တသမတ်တည်း ရေးချထားဖို့ မလိုဘူး ဆိုတာကို ဗြိတိသျှ ပါလီမန် စနစ်က လက်တွေ့ သက်သေပြနေပါတယ်။ အခြေခံ ဥပဒေ ဆိုတာကို လူထုက လက်ခံဖို့ဘဲ လိုအပ်ပါတယ်။ သူတို့နဲ့ မဆိုင်ဘဲ သီးသန့် တည်ရှိနေတဲ့ ဥပဒေ စာရွက်စာတမ်းတွေ အဖြစ်မဟုတ်ဘဲ သူတို့ ကိုယ်တိုင် ပိုင်ဆိုင်တဲ့ အခြေခံ ဥပဒေ တခု အဖြစ် လက်ခံ ထားဖို့ ဆိုတာလည်း အရေးကြီးပါတယ်။ ကျမတို့ရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ အခြေခံ ဥပဒေ ပြုပြင်ပြောင်းလဲရေးကို လိုလားကြောင်း အတိအကျ ဖော်ပြထားပြီးပါပြီ။ မြန်မာနိုင်ငံရဲ့ အရင်က ရှိခဲ့တဲ့ အခြေခံဥပဒေဟာ ကျမ အဖေ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗြိတိသျှ ဝန်ကြီးချုပ် အက်တလီတို့ ၁၉၄ရ ခုနှစ် လန်ဒန်မှာ တွေ့ခဲ့အပြီး သိပ်မကြာခင်မှာဘဲ ရေးဆွဲခဲ့တာပါ။ အဲဒီ အခြေခံ ဥပဒေဟာ လုံးဝ ပြည့်စုံကောင်းမွန်တယ်လို့ မဆိုနိုင်ပေမယ့် လူထုရဲ့ လိုလားချက်တွေနဲ့ ဆန္ဒတွေကို လေးစားနားလည်မှုတွေ ပါရှိခဲ့ပါတယ်။ အခုလက်ရှိ မြန်မာနိုင်ငံရဲ့ အခြေခံ ဥပဒေကတော့ ၂၀၀၈ ခုနှစ်မှာ စစ်အစိုးရက ရေးဆွဲခဲ့တာပါ။ ဒီအခြေခံ ဥပဒေကို မြန်မာတိုင်းရင်းသား လူမျိုးစုတွေ အားလုံးရဲ့ အခြေခံ အခွင့်အရေးနဲ့ လိုလားချက်တွေ နဲ့ အညီ ထင်ဟပ်နိုင်ဖို့ ပြင်ဆင်ပြောင်းလဲဖို့ လိုအပ်ပါတယ်။
    လွတ်လပ်ရေး ရပြီး နှစ်ပေါင်း ၆ဝ အတွင်း မြန်မာနိုင်ငံမှာ တနိုင်ငံလုံး ငြိမ်းချမ်းနေတယ်ဆိုတဲ့ အချိန် မရှိခဲ့ပါဘူး။ အခုဆိုရင်ဘဲ နိုင်ငံမြောက်ပိုင်းမှာ ကချင်တပ်ဖွဲ့တွေနဲ့ တပ်မတော် အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ နိုင်ငံ အနောက်ပိုင်းမှာ ဆိုရင်လည်း လူထုအတွင်း အဓိကရုဏ်တွေကြောင့် အပြစ်မဲ့ ပြည်သူတွေ သေကြေခဲ့ရတဲ့ အပြင် ထောင်သောင်းချီပြီး ရပ်ရွာစွန့် ထွက်ပြေးနေရတာတွေလည်း ရှိခဲ့ပါတယ်။ ဒီမိန့်ခွန်းကို ရေးနေတဲ့ အချိန်မှာဘဲ နိုင်ငံ အရှေ့ပိုင်းမှာ ရှမ်းတပ်ဖွဲ့ဝင်တွေနဲ့ မြန်မာ အစိုးရတပ်တွေ တိုက်ပွဲပြန်ဖြစ်နေပြန်ပြီ ဆိုတဲ့ သတင်းလည်း ကြားရပါတယ်။ ကျမတို့ အနေနဲ့ ဒီပြသနာတွေရဲ့ အရင်းအမြစ်ကို ရှာပြီး ဖြေရှင်းကြရမှာပါ။ နှစ်ဘက် ညှိနှိုင်းပြီး နိုင်ငံရေး အရ အဖြေရှာတဲ့ ဓလေ့ကို ထွန်းကားအောင် လုပ်ရပါလိမ့်မယ်။ မြန်မာပြည်မှာ နေထိုင်တဲ့သူတွေ အားလုံး လွတ်လပ်လုံခြုံစွာ နေခွင့်ရစေမယ့် ဥပဒေရဲ့ စိုးမိုးမှုဆိုတာကိုလည်း မြှင့်တင်ပေးကြရပါလိမ့်မယ်။

    လတ်တလော အားဖြင့်တော့ ကျမတို့ အနေနဲ့ နိုင်ငံ မြောက်ပိုင်းနဲ့ အနောက်ပိုင်းက လူထု အတွက် လူသားချင်းစာနာတဲ့ ကူညီမှုတွေ လိုအပ်နေပါတယ်။ အဲဒီမှာ အမျိုးသမီးတွေ ကလေးငယ်တွေ အပါအဝင် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတာပါ။ မြန်မာနိုင်ငံရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် နိုင်ငံရေးနည်းလမ်းကျ ဖြေရှင်းဖို့ အဓိက ဖြစ်တယ်ဆိုတာ နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ သဘောပေါက်ပြီး ဒီလို နိုင်ငံရေးအရ ဖြေရှင်းမှုတွေ ဖြစ်လာဖို့ကို ရေတိုစီးပွားရေး လုပ်ငန်းတွေထက် ပိုပြီး ဦးစားပေး လာလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။ ကွဲလွဲမှုတွေကို မစေ့စပ်ပေးနိုင်ရင် လိုလားမှုတွေကို မဖြည့်ဆည်းပေးနိုင်ရင် ရေရှည်တည်တံ့မယ့် ဖွံ့ဖြိုးမှု အတွက် အခြေခံ ကောင်းတွေ ဖြစ်မလာနိုင်ပါဘူး။ ဒါဟာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အားလုံးနဲ့ သက်ဆိုင်ပါတယ်။ ဗြိတိန်နိုင်ငံဟာ အခုလက်ရှိ ကွန်ဆာဗေးတစ်၊ လစ်ဘရယ်ဒီမိုကရက်၊ ညွှန့်ပေါင်းအစိုးရ အပါအဝင် စဉ်ဆက် တလျှောက်လုံး မြန်မာနိုင်ငံကို အကူအညီတွေ ပေးလာခဲ့တာပါ။

    ကျမတို့ နိုင်ငံအပေါ် လိုအပ်တဲ့ နေရာတွေကို အဓိက ပစ်မှတ်ထားပြီး အားလုံးနဲ့ ညှိနှိုင်းဆောင်ရွက်မယ့် ဖွံ့ဖြိုးရေး အကူအညီတွေ ဆက်ပေးသွားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ လက်ရှိ အချိန်အထိ ဗြိတိန်နိုင်ငံဟာ မြန်မာနိုင်ငံကို အများဆုံး အကူအညီပေးနေခဲ့တာပါ။ အထူးသဖြင့် ပညာရေးပိုင်းမှာ ဗြိတိန်နိုင်ငံက အဓိက ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ မြန်မာပြည်သူတွေ အနေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေဟာ သူတို့ရဲ့ ဘဝမှာ ကောင်းကျိုးရလဒ် လက်ငင်းရနိုင်ပါတယ်ဆိုတဲ့ အမြင်မျိုး ရသွားဖို့ လိုပါတယ်။ လုပ်ငန်းခွင် သင်တန်းတွေ အပြင် မြန်မာလူငယ်တွေကြားထဲမှာ ရေရှည်ခံစားနေကြရတဲ့ အလုပ်လက်မဲ့ ပြသနာကို ဖြေရှင်းနိုင်ဖို့ အလုပ်ခွင်တွေ ဖန်တီးပေးနိုင်ဖို့လည်း အင်မတန် အရေးပါပါတယ်။ ရေရှည်အားဖြင့်ဆိုရင်တော့ မြန်မာ့ ပညာရေး စနစ်ဟာ အင်မတန် နိမ့်ကျနေတာမို့ ပြုပြင်ပြောင်းလဲရေးတွေ လိုအပ်နေပါတယ်။ ကျောင်းတွေ၊ သင်ရိုးညွှန်းတမ်းတွေ ပြုပြင်ရေး ဆရာဆရာမတွေ လေ့ကျင့်သင်ကြားရေး အပြင် လတ်တလောအားဖြင့် ပညာရေး စနစ်အပေါ် ထားရှိတဲ့ ကျဉ်းမြောင်းတဲ့ အယူအဆတွေကိုလည်း ပြုပြင်ရပါလိမ့်မယ်။
    ဗြိတိန်နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေကလည်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ ကျမ အရင်က ပြောခဲ့ဖူးတဲ့ ဒီမိုကရေစီ နည်းလမ်းကျ ရင်းနှီးမြှုပ်နှံမှု ဆိုတာနဲ့ အညီ တတပ်တအား ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါဟာ ပွင့်လင်းမြင်သာမှု တာဝန်ခံမှု အလုပ်သမားအခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိမ်းသိန်းရေးတွေကို ဦးစားပေးမှု စတာတွေနဲ့ ညီတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ဆိုလိုတာပါ။ လုပ်အားကို အခြေခံတဲ့ ကဏ္ဍတွေမှာ တာဝန်သိသိနဲ့ ဝင်ပြီးရင်းနှီးမြှုပ်နှံခဲ့ရင် ကျမတို့ ပြည်သူ အားလုံးအတွက် တကယ့် အကျိုးအမြတ်တွေကို ဖော်ဆောင်နိုင်ပါလိမ့်မယ်။

    ဗြိတိန်နိုင်ငံဟာ ဒီလုပ်ငန်းကဏ္ဍတွေမှာ ပွင့်လင်းမြင်သာမှုတွေကို ဆန်းစစ်လေ့လာရေး အဖွဲ့တခု မြန်မာနိုင်ငံကို ရှေ့လအတွင်း စေလွှတ်ဖို့ အဓိက လုပ်ဆောင်ပေးနေတာ တွေ့ရတယ်။ ဒါဟာ ရှေ့လာမယ့် ကာလတွေ အတွင်း ကောင်းသော ခြေလှမ်းတွေရဲ့ အစလို့ ကျမ မြင်ပါတယ်။

    အောက်စဖို့ဒ်မှာ ပညာသင်ခဲ့စဉ်က ဗြိတိန်နိုင်ငံရေးသမာကြီး နှစ်ဦးရဲ့ အတွေးအခေါ်တွေက တဆင့် ပါလီမန်ဒီမိုကရေစီ ဆိုတဲ့ အကြောင်း ကျမ ပထမဆုံး နားလည်ခဲ့ရပါတယ်။ မဲဆန္ဒရှင်တွေရဲ့ ဆုံးဖြတ်ချက် အရ အုပ်ချုပ်သူတွေဟာ အာဏာကို ရယူရမယ်၊ စွန့်လွှတ်ရမယ်ဆိုတဲ့ အခြေခံအချက် ဖြစ်ပါတယ်။ ဒီစနစ်အတိုင်း ရှေ့ဆက်သွားနေမယ်ဆိုရင် အချိန်နဲ့အမျှ အားလုံး အတွက် အခွင့်အရေးတွေ မလွဲမသွေ ရကြရမှာပါ။ ဒီအခွင့်အလမ်းတွေကို ဗြိတိန်မှာတော့ အားလုံးရပြီးသားပါ။ မြန်မာနိုင်ငံမှာတော့ လွန်ခဲ့တဲ့ ၁၉၉ဝ တုန်းက ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ အနိုင်ရရှိခဲ့ပေမယ့် လွှတ်တော်ခေါ်ခွင့်တောင် မရခဲ့ပါဘူး။ ကျမ အနေနဲ့ ဒီလို ဖြစ်ရပ်ဆိုးတွေကို အတိတ်မှာဘဲ ချန်ထားခဲ့ချင်ပါတယ်။ ရှေ့ အနာဂတ်မှာတော့ မြန်မာနိုင်ငံရဲ့ ပြောင်းလဲနေတဲ့ နိုင်ငံရေး လုပ်ငန်းစဉ်မှာ လူထုရဲ့ ဆန္ဒတွေကိုဘဲ သစ္စာရှိစွာ ဖြည့်ဆည်း ထင်ဟပ်လာပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

    အခု ကျမ ဗမာပြည်က ထွက်လာတဲ့ ခရီးစဉ်မှာ အတိတ်က အရိပ်တွေကို လွမ်းလွတ်ဆွတ်ဆွတ် ပြန်ပြောင်းကြည့်ဖို့ မဟုတ်ပါဘူး။ မြန်မာပြည်သူတွေရဲ့ လက်မှာ ဘယ်လို အခွင့်အလမ်းတွေ ရောက်လာနိုင်မလဲ ဆိုတာကို ရှာဖွေပေးဖို့ ခရီးစဉ်ဘဲ ဖြစ်ပါတယ်။ ဒီခရီးစဉ် တလျှောက်မှာ ကမ္ဘာ့ပြည်သူတွေက ကျမတို့ အပေါ် ဘယ်လောက်များ ထူးထူးခြားခြား နွေးနွေးထွေးထွေး ရင်ဖွင့်ကြိုဆိုခဲ့ကြတယ်ဆိုတာ မြင်ခဲ့ရပြီးပါပြီ။ ကမ္ဘာကြီးနဲ့ ဝေးနေခဲ့ရပြီး နောက်ပိုင်း အခုလို ကြုံရတဲ့ အတွက် သိပ်လဲ စိတ်လှုပ်ရှားဝမ်းသာခဲ့ရပါတယ်။

    ကမ္ဘာ့နိုင်ငံတွေဟာ မြန်မာနိုင်ငံနဲ့ ဝေးနေတာတောင်မှဘဲ တကယ့်အရေးကိစ္စတွေမှာ နီးစပ်ပါတယ်ဆိုတဲ့ အချက်ကိုတွေ့ရပါတယ်။ မြန်မာပြည်သူတွေရဲ့ လိုလားချက်တွေကို သူတို့ နီးနီးစပ်စပ် သိကြပါတယ်။ ပထဝီဝင် အနေအထားအရ ကွာခြားမှု လူသားတွေ လုပ်ထားတဲ့ အကာအရံ အတားအဆီး ဘယ်အရာကမှ ကျမတို့ ကြားထဲမှာ တူညီတဲ့ တန်ဖိုးထားမှုတွေ အတွက် စည်းတားမထားနိုင်ပါဘူး။

    ကျမ နေအိမ်အကျယ်ချုပ်ကျနေစဉ် ကာလတွေ အတွင်းမှာလည်း ဘီဘီစီတင်မက ကမ္ဘာ့အသံလွှင့်ဌာနတွေဟာ ကျမကို ကမ္ဘာကြီးနဲ့ အဆက်အသွယ်မပြတ် ရှိစေခဲ့ပါတယ်။ မိုးဇက်နဲ့ ရာဘီရှန်ဂါရဲ့ ဂီတ၊ လူူမျိုးဘာသာ ပေါင်းစုံက အမျိုးသမီး အမျိုးသားတွေရဲ့ ကိုယ်ရေးရာဇဝင် စတာတွေကို ကြားနေခဲ့ရတာ ကျမ အတွက် ဒီ ဒီမိုကရေစီရေး ကြိုးပမ်းမှုမှာ အထီကျန် တယောက်တည်း မဟုတ်ဘူးဆိုတာ ဖြေသိမ့်စေခဲ့ရပါတယ်။

    နိုင်ငံတကာဆုတွေ ဂုဏ်ပြုမှုတွေ လက်ခံရရှိတယ်ဆိုတာကလည်း ကျမတယောက်တည်း အတွက် မဟုတ်ပါဘူး။ ဒါတွေဟာ အထီးကျန် ပိတ်ဆို့ခံထားရတဲ့ သူတယောက်အတွက် ကျန်တဲ့ ကမ္ဘာကြီးနဲ့ ကူးလူးဆက်ဆံပေးနေတယ်ဆိုတဲ့ အခြေခံ လူသားခြင်းစာနာတဲ့ အသိအမှတ်ပြုမှုတွေပါဘဲ။ အခက်အခဲတွေ အများကြီးကြုံနေခဲ့ရတဲ့ ၁၉၉ဝ နှစ်တွေတုန်းက ကျမကို မိတ်ဆွေတယောက်က ကဗျာဆရာ အာသာဟူဂျ်တပ်ချ်ရဲ့ ကဗျာတပုဒ် ပို့ပေးခဲ့ဖူးပါတယ်။ ကြိုးပမ်းမှုနဲ့ လိုအပ်ချက်တွေ အကြောင်း ရေးထားတဲ့ ဒီကဗျာရဲ့ အစပိုဒ်လေးကို ဗြိတိန်နိုင်ငံရေး သမားကြီး ဝင်စတန်ချာချီ ကိုယ်တိုင်က နာဇီဂျာမဏီတို့ရဲ့ ရန်ကနေ ကူညီတွန်းလှန်ပေးဖို့ အမေရိကန် ပြည်ထောင်စုကို မေတ္တာရပ်ခံခဲ့စဉ်မှာ သုံးခဲ့ဖူးတယ်ဆိုတာ အားလုံးသိပါလိမ့်မယ်။ ဒီနေ့မှာတော့ ကျမ အနေနဲ့ ဒီကဗျာထဲက တခြား အပိုဒ်ကလေး တခုကိုဘဲ သုံးပြီးတော့ အားလုံးအတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အရှေ့နဲ့ အနောက်ရဲ့ နိုင်ငံရေး အမြော်အမြင်တွေကို ပေါင်းစပ်ပြီး မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့ပြည်သူတွေ အားလုံး ဒီမိုကရေစီ အကျိုးအမြတ်တွေကို ခံစားနိုင်ဖို့ မေတ္တာရပ်ခံလိုပါတယ်။

    နိဂုံးချုပ် အနေနဲ့ ပြောရရင်တော့ အခုအချိန်ဟာ မြန်မာနိုင်ငံအတွက် အရေးအကြီးဆုံး အချိန်ဖြစ်ပါတယ်။ လိုအပ်ချက်တွေ အများဆုံး ရှိနေတဲ့ အချိ်န်လည်း ဖြစ်ပါတယ်။ ဒါကြောင့် ဗြိတိန်နိုင်ငံနဲ့ မိတ်ဆွေများကို မြန်မာနိုင်ငံရဲ့ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ မျှတတဲ့ လူ့ဘောင်ပေါ်ထွန်းရေး လုပ်ငန်းစဉ်မှာ ဝိုင်းဝန်းပါဝင် ကူညီပေးကြပါလို့ ပန်ကြားလိုပါတယ်။ အခုလို ကမ္ဘာ့သက်တမ်းအရင့်ဆုံး ဒီမိုကရေစီ ခန်းမကြီးတခုမှာ လွှတ်တော်အဖွဲ့ဝင်တွေကို မိန့်ခွန်းပြောကြားခွင့် ရရှိတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ကျမတို့ နိုင်ငံဟာ လက်ရှိမှာတော့ စစ်မှန်တဲ့ ဒီမိုကရေစီ လူ့ဘောင်ဆီကို မရောက်ရှိသေးပါဘူး။ ဒါပေမယ့်လည်း မကြာခင်မှာဘဲ အားလုံးရဲ့ အကူအညီနဲ့ ရောက်နိုင်ပါတော့မယ်လို့ အပြည့်အဝ ယုံကြည်ပါတယ်။ ကျေးဇူးတင်ပါတယ်ရှင်။

    (မိန့်ခွန်းမူရင်း ဗီဒီယိုကိုကြည့်ရှု၍ ဆီလျော်အောင် ဘာသာပြန်ထားခြင်းဖြစ်ပါသည်။)

    • MaMa

      June 23, 2012 at 6:59 am

      မောင်သုညတင်ပေးတဲ့ ဓာတ်ပုံကိုကြည့်ပြီး စိတ်ရွှင်လန်းသွားတယ်။
      သဂျီးတင်ပေးတဲ့ မိန့်ခွန်းအပြည့်အစုံကိုဖတ်ပြီး စိတ်အားတက်ကြွသွားတယ်။
      မောင်သုညနဲ့ သဂျီးကို ကျေးဇူးအထူးတင်ပါတယ်။
      မြန်မာပြည်သူတွေ ကမာ္ဘမှာ လူသားတန်းဝင်သွားပြီ။ 🙂

    • Thel Nu Aye

      June 23, 2012 at 10:28 am

      သဂျီးရေ အင်္ဂလိပ်လိုမူရင်းလေးများကောပထမတခါလိုရနိုင်မလား။ ရနိုင်ရင်ကျေးဇူးပြုပြီးတင်ပေး ပါ။

  • YE YINT HLAING

    June 23, 2012 at 3:12 am

    အားပေးသွားပါတယ် ကိုသုညရေ ! ထပ်ပြီးလည်း တင်ပေးပါဦး ! ဓာတ်ပုံတွေ အားလုံးကလည်း ကြည်ရှင်း နေတာပဲ ! စောင့်မျှော် နေပါတယ် !

  • htoosan

    June 23, 2012 at 7:29 am

    ကမာ္ဘမှာ မြန်မာကိုထင်ပေါ်စေတာ ဦးသန့် ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ပေါ့နော် ..
    သူတို့ ပြန်ပြီး အရှက်မရအောင်လို့ တာဝန်တွေကတော့ ကျွန်တော်တို့ အားလုံးမှာ ရှိနေတယ်ဆိုတာလည်း မမေ့သင့်ကြဘူးနော် ..

  • kai

    June 23, 2012 at 7:37 am

    ဒေါ်စုကိုးကားရွတ်ဆိုခဲ့တဲ့.. (Arthur Hugh Clough. 1819–1861 ) ရဲ့ကဗျာကို.. ပြန်ရှာတင်ပေးလိုက်ပါတယ်..
    =

    Say not the Struggle Naught availeth

    SAY not the struggle naught availeth,
    The labour and the wounds are vain,
    The enemy faints not, nor faileth,
    And as things have been they remain.

    If hopes were dupes, fears may be liars;
    It may be, in yon smoke conceal’d,
    Your comrades chase e’en now the fliers,
    And, but for you, possess the field.

    For while the tired waves, vainly breaking,
    Seem here no painful inch to gain,
    Far back, through creeks and inlets making,
    Comes silent, flooding in, the main.

    And not by eastern windows only,
    When daylight comes, comes in the light;
    In front the sun climbs slow, how slowly!
    But westward, look, the land is bright!

  • Crystalline

    June 23, 2012 at 9:19 am

    ဓာတ်ပုံလေးတွေအတွက်ရော…မိန့်ခွန်းအတွက်ရောကျေးဇူးပါ… တကယ့်ကိုနိုင်ငံဂုဏ်ဆောင်နိုင်သူပါ…

  • Thel Nu Aye

    June 23, 2012 at 10:26 am

    ဘာနဲ့မှမတူနဲ့ ဂုဏ်ရှိခြင်းမျိုးမို့ ပြောစရာစကားလုံးတောင်ရှာမတွေ့နိုင်တော့ပါဘူး။ ပုံလေးတွေ ဝေမျှလို့ကျေးဇူးပါ။

  • shwe kyi

    June 23, 2012 at 11:00 am

    (ပထဝီဝင် အနေအထားအရ ကွာခြားမှု လူသားတွေ လုပ်ထားတဲ့ အကာအရံ အတားအဆီး ဘယ်အရာကမှ ကျမတို့ ကြားထဲမှာ တူညီတဲ့ တန်ဖိုးထားမှုတွေ အတွက် စည်းတားမထားနိုင်ပါဘူး။)
    သိပ်ကောင်းတဲ့ စကားပါပဲ တော်လိုက်တာနော်။
    ပညာရှိပီသတဲ့မိန့်ခွန်းနဲ့ ကျက်သရေရှိသောဓါတ်ပုံတွေ ကြည့်ရဖတ်ရတာ ဝမ်းသာပီတိဂွမ်းဆိထိသလိုပါပဲ။
    ကိုထူဆန်းရေတာဝန်ကျေအောင်ကြိုးစားပါ့မယ်။

  • maungmoenyo

    June 24, 2012 at 7:31 am

    ခေတ်အစောဆုံး ကမ္ဘာ့ဒီမိုကရေစီ ခန်းမကြီးကနေ ကမ္ဘာ့ပြည်သူ၊အစိုးရများသာမက မြန်မာလူထုတစ်ရပ်လုံးရဲ့ရင်ထဲ ပဲ့တင်ထပ်စေမဲ့ အမျှော်အမြင်ကြီးမားသူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သမိုင်းဝင်မိန်းခွန်းကိုကြားရပြီးတော့ မောင်မိုးညို တယောက် လက်ခမောင်းခတ်မိပါတယ်။ မြန်မာတွေ ကမ္ဘာ့ အဆင့်အမြင့်ဆုံးနိုင်ငံရေးဇာတ်ခုံမှာ စန်းပွင့်ပြန်ပြီပေါ့။ ကမ္ဘာကမြန်မာကိုတလေးတစား ဖြစ်ရတဲ့ခေတ်ကိုရောက်ပြန်ပြီပေါ့။ လွန်ခဲ့တဲ့ ရာစုတဝက်ကျော် ကမ္ဘာ့အလယ်မှာအောက်တန်းနောက်တန်းကျ မျက်နှာငယ်ရတဲ့ဘဝက ထမြောက်ရပြန်ပြီပေါ့။ အနောက်ကမ္ဘာမပြောနဲ့ Asean လိုနိုင်ငံကတောင် စကားဆေးဖေါ်ကြောဖက်အနေနဲ့မကောင်းတတ်လို့ လုပ်နေရတဲ့ ဘဝကနေ၊ မြန်မာကို ပြန်မော့ကြည့်ရတဲ့ ခေတ်ကိုရောက်ပြန်ပြီပေါ့။
    သူ့မိန့်ခွန်းကထူးခြားတဲ့ အနှစ်သာရ (၂) ခုလောက်သွားတွေ့မိပါတယ် –
    (၁) သမ္မတဦးသိန်းစိန်ကိုကြိမ်ဖန်များစွာချီးမွန်းခဲ့ပေမဲ့၊ သူတယောက်ထဲရဲ့ဦးဆောင်မှုနဲ့ မြန်မာနိုင်ငံကိုပြန်တိုးတက်ရှင်သန်လာဦးမှာမဟုတ်သေးဘူးဆိုတဲ့ သတိပေးတဲ့ စကားရယ်၊
    (၂) မြန်မာလူထုကိုတိုက်ရိုက် (တိုက်ရိုက်) အကျိုးပြုမဲ့ နည်းပညာ၊သက်မွေးဝမ်းကျောင်း အလုပ်အကိုင်ဖေါ်ထုတ်ပေးမဲ့ ဒီမိုကရေစီစံနှုန်းများနဲ့ “ယဉ်ပါးတဲ့” စီးပွားရေးနဲ့ ကူညီထောက်ပံ့မှုများ၊ စတင်ကြဘို့ အချိန်တန်ပြီဆိုတဲ့ နှိုးဆော်ချက်ပါဘဲ။
    ဒါဟာ ကမ္ဘာနဲ့ မြန်မာလူထုကို အထင်ကရ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံကနေ တပ်လှန့်လိုက်တဲ့ စေ့ဆော် တိုက်တွန်းချက်တွေဘဲမဟုတ်ပါလား။
    (မှတ်ချက် – ဒေါ်အောင်ဆန်းစုကြည် ရဲ့မိန့်ခွန်းများကို ထပ်ခါတလည်းလည်းပြန်လည်လေ့လာ ဖတ်ရှုကြဘို့ မန်းဂေဇက်ရွာသားများကို အကြံပြုခြင်ပါတယ်။)

  • intro

    June 24, 2012 at 1:18 pm

    ဒီလို သတင်းမျိုးကျတာ့ ပြည်တွင်းက သတင်းဌာနတွေ ဘာလို့ မဖော်ပြကြတာလဲ ကွာ…
    ဒီလို စိတ်ဓါတ်တွေနဲ့ကတော့… အင်း..

  • မောင်သုည

    June 24, 2012 at 11:25 pm

    သူကြီးဦးခိုင်ရေ…ကျေးဇူးအများကြီးတင်ပါတယ်နော်…ဓါတ်ပုံနဲ့မိန့်ခွန်းကိုပါ တစ်ခါထဲဖတ်လိုက်ရတော့ ရသကပိုပြီးပြည့်စုံသွားတာပေါ့ဗျာ…အားလုံးကို ကျေးဇူးတင်ပါတယ်…ပုံတွေရရင်ရသလို တင်ပေးပါမယ်…
    ဆရာဦးမိုးညိုရေ…ဒီအတိုင်းသာ ဆက်လက်ပြီးတော့ ပူးပေါင်းဆောင်ရွက်မူတွေကို အရှိန်အဟုန်မြှင့်ပြီး ဆက်လက်လုပ်ဆောင်သွားမယ်ဆိုရင် ကျနော်တို့ မြန်မာလူမျိုးတွေ ကမ္ဘာ့အလည်မှာ ဦးမော့နိုင်ပြီလို့ယူဆမိပါတယ်…
    အားလုံးကိုအစဉ်အမြဲလေးစားခင်မင်တဲ့…
    အညတရ(မောင်သုည)

Leave a Reply