ဇီဇီJuly 3, 20182min9465
  ဝါးချက် ဇီဝိတဒါန သံဃာ့ဆေးရုံ ဟာ သီတဂူ ဇီဝီတဒါန သံဃာ့ဆေးရုံလောက် လူသိမများတာမျိုးရှိကောင်းရှိနိုင်မှာဖြစ်ပေမယ် နီးစပ်တဲ့ အသိုင်းအဝိုင်းဒေသမှာဆိုရင်တော့ ရဟန်းတော်များ၊ သီလရှင်များ၊ ယောဂီ များ၊ နွမ်းပါးသူများကို နွေးထွေးသော မေတ္တာဖြင့် အခမဲ့ ဆေးကုသပေးနေတဲ့ ဆေးရုံဖြစ်တယ်ဆိုတာ သိကြပါတယ်။   စစ်ကိုင်းတောင်ရိုး၊ ဝါးချက် ဇီဝိတဒါန သံဃာ့ဆေးရုံကို ၁၉၈၄ ခုနှစ် အောက်တိုဘာ ၂ဝ ရက်က က ကျစွာဆရာတော် ဦးလက္ခဏ ဦးစီး တည်ထောင်ခဲ့တာပါ။ ဆရာတော်ဟာ စစ်ကိုင်းတောင်ရိုး ရွှေကျင်ဂိုဏ်းချုပ် ဖြစ်ပြီး ပြည်တွင်းပြည်ပ သာသနာပြု တရားစခန်းတွေ ဖွင့်လှစ်ခဲ့ပါတယ်။ စစ်ကိုင်းတောင်ရိုး(ဝါးချက်)ဇီဝိတဒါနသံဃာ့ဆေးရုံကြီးနှင့် သိရီလက္ခဏာဒဂုံသာသနာ့ရိပ်သာကြီး၏ပဓာနနာယကဆရာတော်ကြီးဒေါက်တာဘဒ္ဒန္တလက္ခဏ ဟာ ၂၀၁၄ ဇွန်လ ၄ ရက်နေ့ ညက သက်တော် ၈ဝ […]


Mon LayJune 29, 20181min5152
အဟမ်းဟမ်း…ခရီးမသွားတာ ၃လလောက်ကြာသွားတော့ နောက်လထဲလည်း ပိတ်ရက်ကလည်းရှိနေတော့..မွန်လေးပြည်တွင်းခရီးစဉ်အနေနဲ့ ပုဂံကိုသွားမလားလို့စိတ်ကူးပါတယ်။ ပုဂံကို ဆယ်တန်းအောင်ပြီး တစ်ခေါက်ပဲရောက်ဖူးပါသေးတယ်..အဲ့နောက်ပိုင်းတစ်ခါမှမရောက်သေးပါ။ ခုတစ်ခါ ထပ်သွားမယ်ဆိုပြီး ပြင်နေတယ်ပေါ့နော်။ ပြီးတော့ တစ်နေရာသွားရင် စာဖတ်ပြီးမှသွားလေ့ရှိတဲ့မွန်လေးက စာတွေလည်းရှာဖတ်တယ် ပေါ့နော်။ အဲ့မှာ စာရေးသူတစ်ယောက် နာမည်တော့မသိတော့ပါ။ သူက ပုဂံကကလေးတွေအကြောင်းတွေကိုရေးထားတာလေးသွားတွေ့ပါတယ်။ သူတို့လေးတွေက ကျောင်းပိတ်ရက်ဆို မိဘတွေကိုကူညီဖို့ဘုရားမှာပန်းရောင်းတဲ့သူနဲ့ စကားပြန်ဂိုက်လုပ်တဲ့သူနဲ့ အဲလို လုပ်ကျွေးကြတယ်လို့ဖတ် ရပါတယ်။ ဖတ်လည်းပြီးရော သနားစိတ်လေးတွေဝင်ရော။ အရင်ကဆို ခရီးသွားရင်စားမယ်သောက်မယ်ဝယ်မယ်လည်မယ်ပဲစိတ်ရှိခဲ့တာ။ ခုတော့ ကလေးတွေကိုလှူချင်စိတ်လေးပါဖြစ်ပါလို့..ခရီးသွားရင်းလှူမယ်စိတ်ကူးပါတယ်။ ခုရွာထဲကလူတွေလည်းလှူဖို့ သဒ္ဓါတရားထက်သန်ရင် လှူစေချင်ပါတယ်။ ဓါတ်ပုံရိုက်ပြီးလည်းပို့စ်ပြန်တင်ပေးပါမယ်။ မွန်လေးဘဏ်အကောင့်ပေးပါမယ်.. Yoma Bank 014335036237 Daw Aye Myat Mon + Daw Aye Aye Khine KBZ ATM card 99930713300423101 – […]


မကြာခဏ ဆိုသလို မကွေးတိုင်း ၊ မကွေးမြို့ပေါ် ရောက်ဖြစ်နေတော့ ရောက်တိုင်း တွေးမိ မြင်မိတာလေးတွေ ရှိတာပေါ့။ အဲ့ဒီထဲက ပြောချင်တာ တချိ ု့နဲ့ ပြချင်တာလေးတချိ ု့ကို အခု ရတတ်သလောက် ပြလိုက်ပါတယ်။       ၁။ စေတီအမွန် မြသလွန်ဆီသို့ အဝင်လမ်း။     ၂။ ဘာသာရေး အဆောက်အဦတွေထဲက တိုင်လုံးကြီးတွေလိုသာ… ဖြောင့်မတ် တည်ငြိမ်စွာ ထို့အပြင် ငြိမ်းချမ်းစွာ… အတူတကွ ရပ်တည်နိုင်စွမ်း ရှိကြလျှင် …..ကိုယ်စီ သွားရာလမ်းဟာ ဘာသာရေးနယ်ပယ်ပြင်ပက နိဗ္ဗာန်ဆီကို ရောက်လိမ့်မယ်လို့ ဆိုချင်တာ…   ၃။ သူတို့လေးတွေဟာ ဘီလူးရုပ်တုကို နှိပ်နယ် ပေးရင် ကိုယ့်ခန္ဓာရဲ့ ရောဂါ ဝေဒနာတွေကို ကာကွယ် […]


ပြီးခဲ့တဲ့ sunday တုန်းက သန်လျင်က သဘာဝ တရားရိပ်သာကို ကျနော် ရောက်ခဲ့တယ်။ သဘာဝတရားရိပ်သာ တည်ထောင်သူ ဆရာတော် ဦးဥတ္တမသာရ ရဲ့ ဦးဆောင်မှုနဲ့ ဖွင့်ထားတဲ့ ကုသိုလ်ဖြစ် သွားနှင့်ခံတွင်း ဆေးခန်းလေးကို သွားခဲ့တာပါ။ သဘာဝတရား ရိပ်သာ ဝန်းအတွင်းမှာပဲ ဖွင့်ထားတဲ့ အဲ့ဒီ ကုသိုလ်ဖြစ် ဆေးခန်းလေးရဲ့ အမည်ကတော့ ”မိဘမေတ္တာ”တဲ့။ ——————- အဲ့ဒီ ဆေးခန်းလေးအကြောင်း ပြောရရင် လုပ်အားဒါန ပြုနေကြတဲ့ သွားဆရာဝန်မလေးတွေ ချောကြောင်း လှကြောင်းကို ထည့်မပြောမိအောင် ရှောင် ရေးရပါမယ်။ ရှောင်ရေးမယ် ဆိုပေသိ ပြောမိပြီ။ :k: မိဘမေတ္တာ ကုသိုလ်ဖြစ်- သွားဆေးခန်းလေးဟာ အခုဆိုရင် အခန်း ခပ်ကျဉ်းကျဉ်းလေးမှာ ဖွင့်ထားရပါတယ်။ မြန်မာ့ဂဇက် ရွာသူားတွေ စုပေါင်း လှူဒန်းထားတဲ့ […]


ဇီဇီApril 6, 20171min4019
ဓမ္မ ဘက်ကရပ်ပြီး…အဓမ္မ ကို ဆန်.ကျင်ဖို. ဒီ ကမ်ပိန်း လက်ခံပါတယ်…. (Credit) #say_NO_to_WIRATHU and Followers ဦးဝီရသူ အလိုမရှိဆိုပြီး ကန်ပိန်း လုပ်နေကြတယ်။ ကျွန်တော့်အမြင်ကို အရင်ရေးပြီး ဝင်ပါပါမယ်။ ကိုယ်တွေက ဟိုးရှေးကတည်းက ဦးဝီရသူကို ဝေဖန်ခဲ့တာပဲ။ ဒါဟာလည်း ပုဂ္ဂိုလ်တစ်ယောက်ကို ဝေဖန်နေတာထက် ဒီအယူအဆတွေဟာ မျိုးဆက်ချီပြီး လူတွေကို ဒုက္ခပေးမှာမို့ ဝေဖန်တာ။ နောင်တစ်ချိန်မှာ ကိုယ့်မျိုးဆက်တွေကို ငါတို့ တတ်နိုင်တဲ့ အားနဲ့ မတရားမှုကို ဆန့်ကျင်ခဲ့တယ်လို့ ပြောပြချင်တယ်။ ဒီအယူအဆတွေ ဖြန့်နေတာ ဂိုဏ်းလိုက် အစုအဖွဲ့လိုက် ရှိနေတာကိုး။ ဒါကြောင့် ဦးဝီရသူ တစ်ယောက်တည်းကို No ပြောတာမဟုတ် သူတို့ဖြန့်နေတဲ့ အယူအဆတစ်ခုလုံးကို No ပြောပါတယ်။ ပိုချဲ့ပြောရရင် ဒီတစ်ဘာသာထဲမဟုတ် အခြားဘာသာက […]


who whoJanuary 24, 20171min2033
အင်း အကြောင်းတိုက်ဆိုင်တိုင်း ရေးစရာတွေထွက်လာလွန်းလို့ ချရေးမိလိုက်တာက ဒေါသအကြောင်း။ အရင်ဆုံး မေးခွန်းလေးတွေ မေးကြည့် မယ်နော်။ စာဖတ်သူတို့မှာ အလိုမကျလို့ ဒေါသထွက်ဖူးသလား?။ “ အလိုကြီးက အရနည်းတတ်၏ ” ဆိုသလို လိုချင်တာတွေက အများကြီး၊ မျှော်လင့်ထားတာ လည်း တပုံကြီး၊ ပြန်ရတော့ကျ နည်းနည်းလေးဖြစ်နေလို့ လောဘကြီးရာကနေ ဒေါသပါကြီးတာမျိုးရော ဖြစ်ဖူးသလား။ ကျနော်က သူများကို မေးနေတာ။ ကိုယ့်ဘာကိုယ်ပြန်မေးကြည့်မယ်။ သိပ်ဖြစ်ဖူးတာပေါ့။ ဘယ်နှစ်ကြိမ်လောက် လဲလို့မေးရင် အရေအတွက်ကinfinityထက်တောင် များဦးမလား မသိဘူးနော်။ အဲလိုဖြစ်ရင် ဘယ်လိုခံစားရလဲဆက်မေးမယ်။ သိပ်ပူလောင်တာပဲ။ မျက်နှာကြောတွေက တင်းလို့၊ ကြာတော့ ရယ်ပြဖို့တောင် မျက်နှာက မလိုက်နိုင်တော့ဘူး။ ပြန်ဖြည်လို့မရအောင် တင်းတောင့်နေတာလေ။ ဪ.. ပင်ပန်းလိုက်ပုံများနော်။ ဒါပေမယ့် အမြဲကြီးဖြစ်နေသလားဆိုတော့ အဲလိုတော ့မဟုတ်ပါဘူး။ ပျော်တဲ့အခါ၊ […]


http://listverse.com/2016/09/19/10-interesing-facts-about-the-buddha/ တနေ့က စီအန်အန်သတင်း တက်ဖတ်တော့ စိတ်ဝင်စားစရာ တွေ့တာနဲ့ ပေးထားတဲပစ့လင့်ခ် ဝင်ဖတ်ပါတယ်။ ဗုဒ်ဓဘာသာအပေါ် ခေတ်အမြင် သုံးသပ်ဆင်ခြင်ပုံပါ။ ကိုဘေးနွားကင်သခင် မာမုခိုင်မ် အမျိုးဖြစ်ပုံရတယ်။ တတ်သလောက် မှတ်သလောက် ဘာသာပ ျံ မှီငြမ်း တင်လိုက်ပါတယ်။ မူရင်းအာဘော် မပေါက်ရင် အနေထိုင်မတတ် ဘဂ ျီးနွားကေ ျာင်းသူ ကြောင့်အပြစ်သာ ဖြစ်ကြောင်းပါ။ ဝန်ခံပါတယ် င်္အဂုလိစာ စနစ်တက ျ လေ့လာမှု မရှိခဲ့ပါ။ အားထုတ်မှု ပိုဝေးပါတယ်။ အတိအက ျ မဟုတ်တောင် အရိပ်အယောင်မ ျှ ရလိမ့်မည် ယူဆလ ျက် ပို့စ်တင်ပါသည်။ ဖတ်ရင်းနဲ့ ကိုယ့်ဟာကိုယ် ဦးနှောက်မုန်တိုင်း brain storm လုပ်သွားနိုင်ပါတယ်၊ လွတ်လပ်ပွင့်လင်းတဲ့ စိတ်အခါ Open Minded […]


အို… ယာကွတ် လ ျှာပွတ် မာမွတ်သခင် ဂဇက်သဂ ျီး အလ ျှှာတိုလာ ခိုမ်မေနီ အမျိုးအပေါင်းတို့… ဇူလိုင်လ ရရက် ဗုဒ်ဓဟူးနေ့သည်ကား ဥပုသ်သီတင်း သီလဆောက်တည်ခြင်း လွန်မြောက်သည့် ပထမဦးနေ့ အားလာဘ်ရက် အခါသမယတည်း။ တနည်းဆိုသော ်ဇူလိုင်၆ရက်နေ့ အင်္ဂါနေ့တွင် ဥပုသ်တည်ခြင်း ပြီးမြောက်ပေ၏ အဘယ်ကြောင့်ဆိုသော ်ဇူလိုင်၅ရက် တနင်္လာည၌ မြင့်မြတ်သော လခြမ်းကွေး အဆင်းသဏ္ဍန်အား ဆော ်ဒီ၊ ကာတာ နှင့် ယူအေအီး နိုင်ငံများရှိ မူလာအရှင်ကြီးများ မြင်ခြင်းအလို့ငှာ အလာရှင်မြတ် ခွင့်ပြုတော ်မူခြင်း မရှိသောကြောင့် ဖြစ်သည်။ ထိုရက်မတိုင်မှီ သင်တို့ဆိတ်ကို ခါးဝတ်ပုဆိုး၊ ဘောင်းဘီဇစ်ကြိုးကဲ့သို့ လုံခြုံတင်းရင်းစွာ ထိန်းသိမ်းကြပေလော့။။ သင်တို့အား အလာရှင်မြတ် မွေးမြူနှစ်သက် ခြစ်ခင်သနားပါစေ။။   […]


– – နေရောင်ပြင်းပြင်းအောက်က တောအုပ်ကလေးတစ်ခုအလား…. စိန်ပန်းပွင့်ချုပ်ကြွေ နီနီလေးတွေ ဖြန့်ခင်းထားသလို ရက်ရက်စက်စက်လှပနေတဲ့ ခြေသွားလမ်းဖုံဖုံကလေးက သစ်ပင်အုပ်အုပ်တွေကြား ကွေ့ကောက်တိုးဝင်ပျောက်ဆုံးသွားသည် အဲသည်ရဲ့အဆုံး သစ်ပင်တွေကြားတစွန်းတစထွက်နေတဲ့ ခေါင်မိုးကလေးကိုမြင်ရသည် မမှား…  မမှားနိုင်ပါ .. အဲဒါ ဘီအီးဒီကင်တင်းလို့ခေါ်တဲ့ စားသောက်ဆိုင်တန်းကလေးပါပဲ.. နောင်ကို ဘယ်တော့မှမတွေ့ရတော့မယ့် သည်ခြေသွားလမ်းကလေးပေါ် ဦးပါလေရာတစ်ယောက် မနင်းရက်နင်းရက်ဖြင့် တစ်လှမ်းချင်းတိုးဝင်သွားမိသည် ပထမတွေ့ရတာက အစွန်ဆုံးက အဒေါ်ကြီးထမင်းဆိုင် ထမင်းအဝစား သုံးကျပ်ခွဲထဲနဲ့ ဘီအီးဒီ တီတီစီ ကျောင်းသူကျောင်းသားတွေ ဝမ်းဖြည့်စားသောက်နိုင်သည်။ အဲသည်ဘေးမှာတော့ တစ်ကျပ်ခွဲတန် ပုဇွန်ခွက်ကြော်သုပ်နာမည်ကြီးတဲ့ ဦးတင်ဝင်းအအေးဆိုင်ပေါ့.. အဲသည်ဆိုင်ကိုကျော်ရင် စဉ့်ပန်းအိုးထဲ ဝါးတူလေးတွေစိုက်ထားသည့် စန္ဒာစားသောက်ဆိုင်.. ဆက်သွားရင်တော့ အသုပ်ဆိုင်ကလေးတွေ့ပါပြီ။ လဘက်ချင်းသုပ်တစ်ပွဲမှာပြီး ရေနွေးအိုးအကြိမ်ကြိမ်တောင်းကာ တနေကုန်တနေခမ်းထိုင်လို့ကောင်းလှသည့် ဆိုင်ကလေးဖြစ်လေသည်။ အဲသည်ဆိုင် အတွင်းကျကျစားပွဲမှာ ငွေတောင်ဆေးပေါ့လိပ်တစ်လိပ်ကို လက်ကြားညှပ်ရင်းထိုင်နေတာကတော့ မောင်ပါလေရာခေါ် ဂျပန်ကြီးဆိုတဲ့ […]


အောက်ပါ စာသားကတော့  အရီးလတ် ပြောထားတာပါ။  ဟိုဘက်ပို့စ်မှာ ကွန်မင့်တအားများနေလို့။ ဒီဘက်ကို ပြန်ဆွဲလာတာပါ။ ————- အရီးလတ်  says;   “အာဏာရှင် ဘယ်က ဖြစ်လဲ” ဆိုတဲ့ ခေါင်းစဉ်နဲ့ပေါ့။ ကျွန်မ က စမယ် ရှင်။ သူကြီးမင်း အလှည့်ကျရင် ကျွန်မ ကို သူကြီးပြောတဲ့ “မြန်မာထေရာဝါဒကတော့ နှစ်ပေါင်းများစွာ ကိုယ်တိုင်ခံစား..လေ့လာဖူးလို့.. တပ်အပ်ပြောနိုင်တယ်..။” ဆိုတာ ကို အချက်အလက် လေး နဲ့ ရှင်းပြ ပေးပါ။ ကျွန်မ က အာဏာရှင်ဟာ လူ့မျိုးဗီဇ တွေရဲ့ အစပျိုး ဖြစ်လာတဲ့ စိတ်နေစိတ်ထား တွေ က ဖြစ်တာပါလို့ ဆိုမယ်။ သိပ္ပံနဲ့စိတ် ပညာရှင်တစ်ချို့ သုတေသန လုပ်ထား တဲ့ အကြောင်းတွေ နဲ့ […]


– ခရီးအစ…………………….. စိတ်ထဲ မရိုးမရွ ခုလုခုလုနဲ့…. ပြောချင်လိုက်တာနော်  … ပြောချင်လိုက်တာ… ဒါပေသိ အခုတလော ဘယ်သူနဲ့မှ စကားပြောဘို့က မကြုံ.. ကိုချောနဲ့ကလဲ တစ်လောကမှ စိတ်တိုင်းကျမှာ လေပစ်ထားတာ.. ကိုမိုက်နဲ့ကလဲ တကူးတက မတွေ့ဖြစ်.. အခြားငယ်ပေါင်း ကြီးပေါင်းများနဲ့လဲ မိုးတစိမ့်စိမ့်မို့ ချိန်းဟဲ့ ဆုံဟဲ့မလုပ်ဖြစ်.. လုပ်ဖြစ်သည်ပဲထား… သူတို့စိတ်ဝင်စားတာက တမျိုး ကိုယ်ပြောချင်တာကတဘာသာ.. … ဒီလို့နဲ့စဉ်းစားရင်း လူငယ်တစ်ယောက်ကို သတိရမိသည် သူ့ခမျာ ဗုဒ္ဓဘာသာလဲဖြစ်ချင် ဗုဒ္ဓဘာသာထဲက အကြောင်းတွေကိုလဲ တစ်ခုမှ အစာမကြေ.. သူနဲ့ ပြောဖြစ်လိုက်မှဖြင့် တစ်စိတ်က တစ်အိတ်- လျှောမွေးကို ဗာရာဏသီချဲ့ပြီး ဩကာသတပုဒ်ကို လဘက်ရည်ဆိုင် ခြောက်ခါထိုင်လောက်ရှင်းယူရသည်။ သူနဲ့ပြောချင်ရင်တော့ သူ့ကိုခေါ်လို့ ချိန်းလို့ မရ… သူ့ဆီသွားရမည်……. ဟုတ်သည်.. သူ့ဆီရောက်ဖို့ […]