နေ့တိုင်းဖတ်သင့်သောမှတ်သားစရာများ
(၁) “ငါ မဆိုးဘူး” လို့ ကိုယ့်ကို တနေ့တခါ ပြောပေးပါ။
(၂) ဒေါသထွက်တယ် ဆိုတာ တခြားလူရဲ့ အမှားကို ယူပြီး ကိုယ့်ကို အပြစ်ပေးနေတာပဲ။
(၃) ဘဝမှာ သူငယ်ချင်းဆိုတာ မရှိရင် ဘဝမှာ နေရောင်ခြည်ဆိုတာ မရှိဘူး။
(၄) မနက်ဖြန်အတွက် မျှော်လင့်ချက်ဟာ ဒီနေ့ရဲ့ နာကျင် ဝမ်းနည်းမှုကို မေ့စေတယ်။
(၅) အိပ်မက်၊ စိတ်ကူးနဲ့ အတွေးတွေ မရှိတဲ့ ဘဝဟာ အကိုင်း၊ အခက်၊ အရွက်မရှိတဲ့ သစ်ခြောက်ပင်နဲ့ တူတယ်။
(၆) နေကပဲ အလင်းဖြာနိုင်တာ မဟုတ်ပါဘူး။ ငါတို့လဲ အလင်း ဖြာနိုင်ပါတယ်။
(၇) ချစ်ခြင်းမေတ္တာနဲ့ တကမ္ဘာလုံးကို ပိုင်ဆိုင် စေနိုင်သလို အမုန်းရန်ငြိုးနဲ့တကမ္ဘာလုံးကို ဆုံးရှုံးစေနိုင်တယ်။
(၈) လူ့တန်ဖိုး ဆိုတာ ဖြားယောင်း မြူဆွယ်ခံရတဲ့ တခဏမှာ အဆုံးအဖြတ်ပေးလိမ့်မယ်။
(၉) ကြင်နာမှု မရှိတဲ့ စကားလုံးတိုင်းဟာ အရသာ ကင်းမဲ့လှတယ်။
(၁၀) တခါခါ အချစ်ရဲ့ အင်အားဟာ အရာရာကို မေ့စေနိုင်အောင် ကြီးမား
တယ်။ တခါခါ မနာလို ဝန်တိုမှုဆိုတဲ့ သဲလေး တပွင့်တောင် ဝင်မဆန့်နိုင်အောင် သေးငယ်တယ်။
(၁၁) ဘယ်အချိန်မှာ စတင်ခဲ့တာပဲ ဖြစ်ဖြစ် အရေးကြီးတာက စတင်ပြီးနောက် မရပ်နားဖို့ပါပဲ။
ဘယ်အချိန်မှာ အဆုံးသတ်တာပဲဖြစ်ဖြစ် အရေးကြီးတာက အဆုံးသတ်ပြီးနောက် နောင်တ မရဖို့ပါပဲ။
(၁၂) ပျင်းရိခြင်းသည် လူရဲ့ အသိဉာဏ်ကို သံချေး တက်စေပါတယ်။
(၁၃) ပျော်ရွှင်ခြင်း ဆိုတာကို မျှဝေတတ်ရမယ်။ ဒါမှ ပျော်ရွှင်ခြင်းတွေ ဆင့်ပွားလိမ့်မယ်။
(၁၄) လိမ်လည်မှုတွေထဲမှာ ကိုယ့်ကိုယ်ကို လိမ်တာဟာ အဆိုးဆုံးပဲ။
(၁၅) လူတွေဟာ လက်ရှိပိုင်ဆိုင်တဲ့ အရာကို မေ့ပြီး မရသေးတဲ့ အရာကိုမှပိုတန်ဖိုး ထားတတ်တယ်။
(၁၆) အရာရာကို အောင်နိုင်တယ်ဆိုတာ ကိုယ့်ကိုယ်ကို အောင်နိုင်တာနဲ့ နိုင်းရင်မဖြစ်စလောက်လေးပါ။
(၁၇) အရာရာကို ဆုံးရှုံးတယ်ဆိုတာ ကိုယ့်ကိုယ်ကို ဆုံးရှုံးတဲ့ အရှုံးနဲ့နိုင်းရင် မဖြစ်စလောက်လေးပါ။
(၁၈) ဦးတည်ရာ မပျောက်ခဲ့ရင် ကိုယ့်ကိုယ်ကို မဆုံးရှုံးတော့ဘူး။
(၁၉) နေ့သစ်ကိုကြိုတဲ့ သီချင်းတွေ ဆိုခဲ့ဖူးရင် အမှောင်ကိုလဲ ပွေ့ဖက်ရဲရမယ်။
(၂၀) ပျံသန်းနိုင်တဲ့ အချိန်မှာ ပျံသန်းခြင်းကို လက်မလွှတ်ပါနဲ့။အိပ်မက် မက်နိုင်တဲ့ အချိန်မှာ အိပ်မက်ကို လက်မလွှတ်ပါနဲ့။
အချစ်ကို ခံစားမိတဲ့ အချိန်မှာ အချစ်ကို လက်မလွှတ်ပါနဲ့။ဘဝဆိုတာ တိုတောင်းလွန်းပါတယ်။ ဒီနေ့ လက်လွှတ်လိုက်ရင်
မနက်ဖြန် ပြန်ရမယ်လို့ မပြောနိုင်ပါဘူး။
(၂၁) လောကမှာ အပင်ပန်းဆုံးအရာဟာ မရေမရာနဲ့ ဘဝကို ဖြတ်သန်းနေခြင်းပါပဲ။
(၂၂) လူ့ဘဝရဲ့ အကြီးမားဆုံး အမှားဟာ “အမှားကိုများ လုပ်လိုက်မိပြီလား” လို့အမြဲ စိုးရိမ်ပူပန်နေတဲ့ စိတ်ပါပဲ။
(၂၃) လုပ်မယ်၊ မလုပ်ဘူးဆိုတဲ့ ရွေးခြယ်မှု နှစ်ခုမှာ မလုပ်ဘူးဆိုတာကို ရွေးချယ်
လိုက်ရင် သင့်အတွက် အခွင့်အရေးဆိုတာ ဘယ်တော့မှ ရှိလာမှာ မဟုတ်ဘူး။
(၂၄) လုံးဝ ပြီးပြည့်စုံတဲ့ သူငယ်ချင်းမျိုးကို သင်လိုချင်ရင် ဒီတသက် သင် သူငယ်ချင်းရှိတော့မှာ မဟုတ်ဘူး။
(၂၅) အမုန်းနောင်တ နည်းနည်းနဲ့ အတိတ်ကို ထားခဲ့ပါ။ဖြုန်းတီးမှု နည်းနည်းနဲ့ ပစ္စုပ္ပန်မှာ နေထိုင်ပါ။
အိပ်မက် များများနဲ့ အနာဂတ်ကို ကြိုဆိုပါ။
(၂၆) ကိုယ့်ကို လူတုံး၊ လူအလို့ သဘောထားပြီး မသိတာရှိရင် မေးပါ။ ဒါမှ သင်များများတတ်မယ်။ (ပညာရှာပမာ သူဖုန်းစား)
(၂၇) နေရောင်ရှိတဲ့ ဘက်ကိုပဲ မျက်နှာမှုရင် အရိပ်ဆိုတာ ရှိတော့မှာ မဟုတ်ဘူး။
(၂၈) အရှုံးနဲ့ ရင်ဆိုင်ရမှာကို ေ(၁) “ငါ မဆိုးဘူး” လို့ ကိုယ့်ကို တနေ့တခါ ပြောပေးပါ။

(၂၈) အရှုံးနဲ့ ရင်ဆိုင်ရမှာကို ကြောက်ပြီး မလုပ်ခဲ့ရင် အောင်မြင်မှုဆိုတာ ဘယ်တော့မှ ရှိတော့မှာ မဟုတ်ဘူး။
(၂၉) သတ္တိရှိတယ်ဆိုတိုင်း ကြောက်ရွံ့ခြင်း မရှိတာ မဟုတ်ပါဘူး။ ကြောက်ရွံ့ခြင်းကို ရင်ဆိုင်ရဲမှ၊ ဖြေရှင်းရဲမှ သတ္တိရှိတာပါ။
(၃၀) အရာဝတ္ထု တခုတိုင်းကို ရှုထောင့်ပေါင်းစုံ ဘက်ပေါင်းစုံကနေ ခံစားပါ။
(စာလေးကောင်းလို့ ပြန်မျှတာပါ)
ကြာက်ပြီး မလုပ်ခဲ့ရင် အောင်မြင်မှုဆိုတာ ဘယ်တော့မှ ရှိတော့မှာ မဟုတ်ဘူး။
(၂၉) သတ္တိရှိတယ်ဆိုတိုင်း ကြောက်ရွံ့ခြင်း မရှိတာ မဟုတ်ပါဘူး။ ကြောက်ရွံ့ခြင်းကို ရင်ဆိုင်ရဲမှ၊ ဖြေရှင်းရဲမှ သတ္တိရှိတာပါ။
(၃၀) လူတွေ မသိမိုက်မဲတာကို ဘုရားသခင်က ဘယ်တော့မှ အပြစ်မယူခဲ့ဘူး။
လူတွေကသာ ဘုရားသခင်ကို မသင့်မြတ်ဘူးလို့ ပြောကြတာပါ။
(၃၁) အရာဝတ္ထု တခုတိုင်းကို ရှုထောင့်ပေါင်းစုံ ဘက်ပေါင်းစုံကနေ ခံစားပါ။
4 comments
စိန်ပေါက်ပေါက်
January 29, 2012 at 2:35 pm
နေ ့တိုင်း များကြီးဖတ်ရမှာရားခင်ည
ခုထဲက နေ ့တိုင်းအတွက် တစ်ခါတည်း ဖတ်လို ့ရဘူးလားခင်ည
😕
water-melon
January 29, 2012 at 3:00 pm
အမလေး အရှည်ကြီးဘဲ အစ်မ
ဖတ်သွားပါတယ်။ 😀
naywoonni
January 29, 2012 at 6:56 pm
နံနက်တစ်နာရီခန့်က မရမ်းကုန်းမြို့နယ်၊ ကမာ္ဘအေးဘုရားလမ်းပေါ်တွင် တောင်မှ မြောက်သို့ အရှိန်ပြင်းစွာ မောင်းနှင် လာသည့် ပြိုင်ကားတစ်စင်းသည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးတွင် ရပ်ထားသော ပါဂျဲရိုးကား၊ ပလက်ဖောင်းပေါ်ရှိ ရေတမာပင်များနှင့် ဖွင့်လှစ်ရန် ပြင်ဆင်ထားသော ဆောက်လုပ်ရေးပစ္စည်းအရောင်း ဆိုင်တစ်ဆိုင်အား ဝင်ရောက်တိုက်မိခဲ့ပြီး ယာဉ်မောင်းသူမှာ ပြင်းထန်စွာ ဒဏ်ရာရရှိကာ အဖော်ဖြစ်သူမှာအခင်းဖြစ်ပွားရာနေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဖြစ်ပွားရာနေရာမှာ ကမာ္ဘအေးဘုရားရှေ့ မျက်နှာချင်းဆိုင်ရှိ အမှတ်၅၆၉ တွင် ဖွင့်လှစ်ရန် ပြင်ဆင်ထားသည့် ၂၄နာရီ မီနီမတ် ရှေ့တွင် ရပ်နားထားသည့် ၈ စ- ၂၈၈၈ ပါဂျဲရိုးကားအား အရင်ဦးဆုံး ဝင်တိုက်မိကာ၊ ထိုမှ တဆင့် ပလက်ဖောင်းပေါ်တွင် အလှစိုက်ထားသည့် ရေတမာပင်များကို ဆက်လက်တိုက်မိပြီး၊ လဝန်းသစ် ဆောက်လုပ်ရေးပစ္စည်းဆိုင် မျက်နှာစာအား ထပ်ဆင့်ကာ တိုက်မိခြင်း ဖြစ်ကြောင်း သိရသည်။ ယင်း၂၄နာရီ မီနီမတ်နှင့် လဝန်းသစ် ဆောက်လုပ်ရေးပစ္စည်းဆိုင်တို့မှာ ဇန်နဝါရီ၃၁ရက်တွင် ဖွင့်လှစ်ရန် ပြင်ဆင်ထားသည့် ဆိုင်ခန်းသစ်များ ဖြစ်ကြောင်းကို လဝန်းသစ် ဆောက်လုပ်ရေး ပစ္စည်းဆိုင်ပိုင်ရှင် မတင်ဇာလှိုင်က ပြောပြသည်။
” တကယ်က ၂၈ရက်မှာ ဖွင့်ဖို့ လုပ်ထားပြီးမှ အဲဒီရက်က ၁ဝ ဂဏန်း (ဘူ) ဖြစ်နေလို့ ၃၁ရက်ကို ရွေ့ထားတာ။ ဒီနေ့သာ ဖွင့်ဖြစ် လို့ ဖိတ်စာတွေ ဝေထားပြီးရင် သွားပြီ။ အခု ဆိုင်ရှေ့က မျက်နှာစာ ပျက်စီးသွားတာရယ်၊ နံရံပြိုသွားတာရယ်၊ အထဲက ဘိုထိုင်အိမ်သာကမုတ်နှစ်လုံး ကွဲသွားတယ်။ အဲဒီဟာနဲ့တင် သိန်း၅ဝဖိုးလောက် ရှိနေပါပြီ။ အထဲက ပစ္စည်းတွေ ဘယ်လောက် ပျက်စီးသွား တယ်ဆိုတာကိုတော့ ဝင်မကြည့်ရသေးလို့ မသိရသေးပါဘူး” ဟု ယင်းက ဆိုသည်။
ပျက်စီးသွားသည့် ၂၄နာရီ မီနီမတ်မှ ပါဂျဲရိုးကားနှင့် ပတ်သက်၍ ပြောပြရာတွင် ”သူတို့ဆိုင်ကလည်း ကျွန်မတို့နဲ့ အတူတူ ၃၁ရက်မှာ ဆိုင်ဖွင့်ပွဲ လုပ်မှာ။ အဲဒါကြောင့် မနေ့ညက သူတို့လင်မယားနှစ်ယောက် ဆိုင်ကို လာပြီး ပြင်ဆင်နေကြတာ။ သူတို့ ဆိုင်ထဲကို ပြန်ဝင်ကာစပဲ ရှိသေးတာ ဝုန်းဆိုတဲ့ အသံကြားလိုက်ရလို့ ပြန်ထွက်ကြည့်တော့ သူတို့ ပါဂျဲရိုးကားက မရှိတော့ဘူး။ ဆိုင်ရှေ့ရပ် ထားတဲ့နေရာကနေ လမ်းပေါ် ပေ၃ဝလောက် လွင့်ထွက်သွားတယ်။ သူတို့လည်း သီသီလေး လွတ်သွားတယ်” ဟု မတင်ဇာလှိုင်က ဆက်လက်ပြောပြသည်။
အခင်းဖြစ်ပွားပုံနှင့် ပတ်သက်၍ မရမ်းကုန်းမြို့နယ်၊အမှတ်(၈)ရပ်ကွက်မှ ရာအိမ်မှုး ဦးကြည်မြင့်က ”ကျွန်တော့်နောက်မှာ ဖြစ်တာဗျ။ကျွန်တော်က ကမာ္ဘအေးဘုရားလမ်း အတိုင်း လမ်းလျှောက် ပြန်လာတာ။ တိုယိုတာ တာဘိုအနက် ပြိုင်ကားက အရှိန်ပြင်းပြင်းနဲ့ မောင်းလာပြီး၊ဝင်း ကားပစ္စည်းဆိုင်ကနေ လည်ထွက်လာပြီး၊ရပ်ထားတဲ့ ပါဂျဲရိုးကိုတိုက်တာ၊ ကျွန်တော့်တောင် ရှပ်ထိပြီး လဲသွားတာ ဒူးခေါင်းကွဲသွားတယ်။ အရှိန်ဘယ်လောက်ပြင်းသလဲဆိုတော့ ရေတမာပင်တစ်ပင် အမြစ်ကနေ ကျွတ်ထွက်သွားတယ်။ ပျက်စီးသွားတဲ့ ကားကို သွားကြည့်တော့ ကားတစ်စီးလုံး မှန်မရှိတော့ဘူး။ ဘော်ဒီသံပြားတွေကလည်း ပြတ်တဲ့နေရာက ပြတ်၊ ကွဲတဲ့နေရာက ကွဲနဲ့ တစ်စီးလုံး ကြေမွနေပြီ။ပြိုင်ကားနံပါတ်က ၇(ဂ) ၂၅၁၉။ ယာဉ်မောင်းဘေးက တစ်ယောက်က ပွဲချင်းပြီး ဆုံးနေတာ တွေ့ရတယ်။ယာဉ်မောင်းကောင်လေးကတော့ ဂိုျစောင်း(ညာ) ကွဲသွားပြီး ၁၆ချက် ခုျပ်လိုက်ရတယ်။ သေတဲ့ကောင်လေးကတော့ ရင်ဘတ်ကြေသွားပြီး၊ နားနှစ်ဖက်က သွေးထွက်နေတာ တွေ့ရတယ်။ ဆေးရုံရောက်တော့ ဦးနှောက်ထွက်တယ်၊ ဘယ်ပေါင် ကိုျးသွားတယ်လို့ ဆရာဝန်က ပြောတယ်။ ဖြုဖြူအဖတ်တွေလည်း ကျွန်တော်တွေ့လိုက်ရတယ်” ဟု ယင်းညက ကင်းလှည့်နေစဉ် ကြုံတွေ့ရသည့် အဖြစ်အပျက်ကို ပြန်လည်ပြောပြသည်။
အရှိန်ပြင်းစွာ မောင်းနှင်လာသည့် ပြိုင်ကားပေါ်တွင် လိုက်ပါလာသူများမှာ ယာဉ်မောင်း ကိုပြည်ဖြိုးအောင် (၂ဝနှစ်)၊နှင့် ကိုရန်ပိုင်းစိုး(၁၉နှစ်)တို့ဖြစ်ပြီး၊ သေဆုံးသူမှာ ကိုရန်ပိုင်စိုး ဖြစ်ကာ၊ ယင်းတို့သည် ကမာ္ဘအေးဘုရားလမ်းပေါ်ရှိ ဖူဆန်တရုတ်ဘုရားကျောင်းတွင် ကျင်းပသည့် နောက်ဆုံးရက် တရုတ်နှစ်သစ်ကူးပွဲတော်မှ ပြန်လာသူများ ဖြစ်ကြောင်း သိရသည်။
”ပျက်စီးသွားတဲ့ ကားထဲက လူတွေကို ဆွဲထုတ်တဲ့အချိန်မှာ အရက်နံ့တွေ ရတယ်။ အနားမှာ ရှိတဲ့သူတွေက ပြောတာကတော့ သူတို့တွေက ဖူဆန် ဘုရားကျောင်းက ထွက် ကတည်းက လမ်းမှာတွေ့တဲ့ကားတွေကို ပြိုင်မောင်း ကျော်တက်ပြီး မောင်းလာခဲ့ကြတာ” ဟု ယင်းတို့ကို ဆေးရုံသို့ လိုက်ပါပို့ဆောင်ခဲ့သူ တာဝန်သိ ပြည်သူတစ်ဦးဖြစ်သော ဦးမောင်နီက ပြောပြသည်။
ယင်းသို့ အခင်းဖြစ်ပွားမှုကို မရမ်းကုန်းမြို့နယ် ရဲစခန်းမှ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၃၀၄)-က- ။၂၇၉။ ၃၃၈ အရ အရေးယူထားပြီး၊ (ပ) နံပတ်မှာ ၆၇။၂၀၁၂ ဖြစ်သည်။
မိုးသူအောင် (ရန်ကုန်တိုင်းမ်)
By:သစ်ထူးလွင်
http://www.futurestars-mm.com/forum/topic/show?id=6405389%3ATopic%3A251750&xgs=1&xg_source=msg_share_topic
Thel Nu Aye
January 30, 2012 at 10:21 am
အင်းညဆိုရင်ပြိုင်ကားတွေသောင်းကျန်းချက်ကတော့။ သူတို့ကိုနှိပ်ကွပ်မဲ့သူမရှိကြတော့ဘူးလားမသိဘူး။ မိဘတွေကလဲမသိတာလားတမင်စတိုင်လုပ်ပြီးလွှတ်ထားတာလားတော့မသိဘူး။ တခါတလေည ၁၂ နာရီလောက်မှအိမ်ပြန်ဖြစ်ရင် ပြည်လမ်းကမမောင်းရဲဘူး။ သူတို့ဘာသာသူတို့တိုက်တာကိတ်စမရှိဘူး။ ကိုယ်တွေပါမဆီမဆိုင်သေမှာစိုးလို့။