ေရႊဘိုသားJuly 10, 20111min1357
တရုတ်ကြီး ဆွမ်းတော်ကပ်နည်း တစ်ခါက မြို.တစ်မြို.မှာ လင်မယားနှစ်ယောက်နေထိုင်ကြသတဲ့။ ယောက်ျားကတရုတ်။ မိန်းမက မြန်မာမ။ ယောက်ျားနာမည်က အတီး။ မိန်းမနာမည်က မိကြည်။ သူတို့နှစ်ယောက်လုံး ဗုဒ္ဓဘာသာဝင်တွေပါ။ နေ့စဉ်နံနက်တိုင်း ဆွမ်းတော်ကပ်လေ့ရှိကြတယ်။ ဆွမ်းတော်အမြဲကပ်လေ့ရှိတဲ့ သူကတော့ မိကြည်ပါ။ မိကြည်ကို အတီးက ချစ်စနိုးလေးနဲ့ အကြည်လို့ဘဲ ခေါ်တယ်။ မိကြည်တစ်ယောက် ဆွမ်းတော်ကပ်ပြီဆိုရင် ဘုရားစင်ရှေ ့မှာ ထိုင်ပြီး အကြာကြီးရွတ်ဖတ်ပြီးမှ ဘုရားကို ဆွမ်းတော်ကပ်လေ့ရှိတယ်။ “အရဟတာဒိ နဝဂုဏေဟိ အရဟံအစရှိသော…………ဆွမ်းေ တာ်ကို ကပ်လှူပါ၏ဘုရား။ ဤကောင်းမှုကြောင့်…. နိဗ္ဗာန်ကို ရရပါလို၏အရှင်ဘုရား” အဲဒီဆွမ်းတော်ကပ်နည်းကို အတီးတစ်ယောက် အလွတ်မရရှာပါဘူး။ အဲဒါတွေက မိန်းမအလုပ်လို့ဘဲ သူကထင်တယ်လေ။ တစ်နေ့မှာ မိကြည်တစ်ယောက် ကိစ္စရှိလို့ သူ့ရဲ ့မိဘအိမ်မှာ နှစ်ရက် သုံးရက်လောက်သွားနေမယ် ရှင်ဆွမ်းတော် ကိုနေ.တိုင်းကပ်လှူပါ […]


တစ်နေ. ကျွန်တော်သူငယ်ချင်း ည 9 နာရီလောက်ကြီး ကျွန်တော်နေတဲ. ဘုန်းကြီးကျောင်းရောက်လာတာ ကျွန်တော်လည်း ဟိတ်ကောင် မင်းမင်း ဒီအချိန်ကြီးကျမှ ဘာလုပ်ဖို.လဲကွဆိုတော. ငါဒီနေ.မင်းတို.ကျောင်းအိပ်မယ် သားကြီး ငါအိမ်နဲ.ရန်ဖြစ်လာလို.တဲ. အခါတိုင်းလည်း ဒီကောင်တွေက ဒီလိုပဲ အကြောင်းရှိရင် ကျောင်းကို အမြဲလာလာအိပ်နေကျဆိုတော.လေ မအိပ်ခိုင်းလည်း အိပ်မဲ.သူငယ်ချင်းတွေဆိုတော. အိပ်ပေါ.ကွာ ခါတိုင်းလည်းလာလာအိပ်နေတာပဲပေါ. ဒါနဲ.ကျွန်တော်လည်း စပ်စုတာပေါ. ညအိပ်ခါနီးတော. မင်းကဘာဖြစ်လို.အိမ်နဲ. ရန်ဖြစ်လာတာလဲပေါ. ဒီကောင်က ငါ.အစ်ကို ကိုငါလက်သီးနဲ.ထိုးလိုက်တာကွ ဒါနဲ. တစ်အိမ်လုံးနဲ. ပြဿနာတက်လာတာတဲ. ဒါနဲ.ကျွန်တော်လည်းဆက်ပြီး စပ်စုတာပေါ. မင်းကလည်း ကိုယ်.အစ်ကိုပဲကွာ ဘာ.လို.ကိုယ်ထိလက်ရောက်လုပ်တာလဲသူငယ်ချင်းရာဆိုတော. အစ်ကိုကွာ ဒီနေ.ညနေ ကားသိမ်းပြန်လာတော.ကွာ ပိုက်ဆံက အုံနာခတောင် မရဘူးအိမ်ကတောင် စိုက်ရသေးတယ် ပြဿနာကအဲဒီက စတာပဲကွာဆိုတော. ကျွန်တော်လည်းဘာမသိညာမသိပေါ. မင်းကလည်း ကားသမားပါဆိုမှ တခါတလေလည်း ဒီလိုဖြစ်တတ်ပါတယ်ပေါ. […]


ဒီလိုခေါင်းစဉ်တပ်လိုက်လို. MG ရွာကသူကြီး စိတ်ဆိုးပြီး ပွိုင်.လေးတွေပြန်ယူမှာကလည်း ကြောက်ရသေးတယ်ဗျ ဒါကတော.ထုံးစံပါပဲ သူကြီးတိုင်းကိုတော. ကြောက်နေရတာပါပဲ မြန်မာနိုင်ငံမှာလူဖြစ်နေလို.လားမသိဘူး လူကြီး သူကြီးဆိုရင် ကြောက်စရာအကောင်လို.ပဲ စိတ်ထဲစွဲနေတော.တာ  Intro တွေများနေပြီ ပြောချင်တဲ. အရာကိုမရောက်တော.ဘူး ဆိုပြီးလည်း စိတ်မဆိုးကြပါနဲ.ဗျာ နော် ကျွန်တော်ကကိုက ကြောက်တတ်လို.ဖြစ်မှာပါ တစ်နေ.က ကျွန်တော်အလုပ်ခွင်.ယူတာနဲ. မြောက်ဥက္ကလာက အစ်ကိုလိုခင်တဲ. သူငယ်ချင်းတစ်ယောက်စီအလည်သွားတာပေါ. ရောက်သွားတော. ကိုယ်ကသာ အားလို.သူ.ဆီသွားလည်တာဗျ သူကကျတော.အလုပ်တွေဘာတွေလုပ်နေတာ သူ.အလုပ်က ကိုယ်ပိုင်စီးပွားရေးဗျစိတ်ချမ်းသာတယ် ကိုယ်.ထက်တော.အများကြီး သာတယ်ဘာစိတ်ဖိစီး မှုမှမရှိဘူး စိတ်ချမ်းသာတယ် အိပ်ရေးဝဝအိပ်ရတယ် သူစီးပွားရေးက အာလူးကြော်တို. တို.ဟူးကြော်တို. အိမ်မှာကြော်ပြီး ဆိုင်တွေလိုက်ဖြန်.တာ တနည်းအားဖြင်.တော. မာကက်တင်း ပေါ.ဗျာ ဒါနဲ. မနက်ဘက် အထုပ်တွေထုပ်လို.ပြီးတာနဲ. နေ.လည်ဘက်ကျတော. ဖောက်သည်တွေဆီ လိုက်ပို.မယ်လို.ပြောတော. ယောကျင်္ားသားအဖော်လည်း မရှိပဲအိမ်မှာတစ်ယောက်ထဲနေရစ်ရမှာ […]


အမေစုကို စော်ကားထားသော ပုံတွေကို ဖေ.ဘွတ် မှာဖြန်.ထားပါတယ် သိချင်သူများရှိရင် တင်ပေးပါ.မယ် အခုတော. ကျွန်တော် လုပ်တယ်ထင်မှာစိုးလို. မတင်သေးတာပါ သိချင်သူ များရှိရင်တင်ပေးပါ.မယ် ဖေ.ဘွတ်မှာလည်း  kyawthuaung ဖေ.ဘွတ်နံမည်နဲ. ဝင်ကြည်.နိုင်ပါတယ်


ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်ရှိ၊ ကမာရွတ်မြို့နယ်တရားရုံးတွင် မြန်မာတိုင်းမ်ဂျာနယ်မှ (CEO) Mr Ross Dunkley ကိုအပြစ်ဒဏ်ချမှတ်ပြီး တော. ကိုယ်အသိလေးနဲ.ဉာဏ်မှီသလောက် တွေးမိတာလေးကိုပြန်ပြီး ရေးထားတာပါ ဖတ်ပြီးလည်း အကြံပြုမှတ်ချက်ပေးကြပါလို. တောင်းဆိုချင်ပါတယ် ဒီအမှုက မြန်မာတိုင်းမ်ဂျာနယ်မှအမှုချုပ်ဟောင်းက မြန်မာမိန်းကလေး မခိုင်ဇာလင်းကိုနာကျင်စေမှု ဥပဒေပုဒ်မ (၃၂၃)အရ ပြစ်မှုထင်ရှားကြောင်းတွေ့ရှိရသဖြင့်ပြစ်ဒဏ်ချမှတ်တာပါ ဒါကတော.ရွာသားတွေလည်းအကုန်သိပါတယ်နော် ကျွန်တော် ဉာဏ်မှီသလောက် တွေးမိတာက ကျွန်တော်တို. မြန်မာအစိုးရက ဒီအမှုကျတော. နာကျင်စေမှုဆိုပြီး ထောင်ဒဏ် 1 လရယ် ဒဏ်ငွေ 100000 ရယ်ချမှတ်ပါတယ် ထောင်ဒဏ် 1 လကိုတော. ချုပ်ရက် 44 ရက်နဲ.ပဲကြေစေပေါတယ်.။ ဒါနဲ. ဟိုတစ်နေ.က Mandalay မှာဖြစ်သွားတဲ. တရုတ်ကုန်သည်တွေနဲ. မြန်မာကုန်သည်တွေ ဖြစ်တာကျတော. တရုတ်တွေက အဖွဲ.လိုက်အခန်ထဲခေါ်ပြီး စိတ်ကြိုက်မြန်မာကုန်သည်ကို ထိုးကြိတ်တာကိုကျတော. ဘာမှမလုပ်ပဲ […]


ကျွန်တော် အရင်နေ.က အင်တာနက်ဆိုင်သွားပြီး ဒီရွာထဲလာမယ်လို.စိ်တ်ကူးပြီး ကောင်တာကိုစက်တစ်လုံးယူမယ်ဆိုတော. သူတို.ကလည်းအလွယ်တကူဖွင်.ပြီးသား နံပါတ် 1 ယူလိုက်ပါအစ်ကိုဆိုတော. အိုကေပေါ.ယူလိုက်တယ် နံပါတ် 1 ဆိုတော.ကောင်တာအနားပေါ.ဗျာ ဒါနဲ.ရွာထဲဝင် ကလိနေတုန်း  ကောင်မလေး သုံးယောက်ဆိုင်ထဲဝင်လာတယ် ကောင်တာကိုပြောတယ် Print ထုတ်မယ်ဆိုတော. ကျွန်တော်လည်း စပ်စုတာပေါ. သူတို.ဘာတွေလည်း ပေါ.နော် ဒါနဲ.မသိမသာကြည်.နေတာပေါ. သူတို.က သတင်းထောက်တွေဗျ စာမူတွေကို ထုတ်မလို.ဆိုတာ ကြည်.နေရင် သူတို.စကားတွေ ကြားနေရင်းနဲ.သိရတာပါ ဒါနဲ.ဆက်လက်ပြီး အကဲခတ်နေတာပေါ. နည်းနည်းတော. အထင်ကြီးသွားသေးတယ်ဗျ အသက်ကအလွန်ဆုံး 24 ပေါ.ဗျာ သတင်းထောက်လုပ်နေတာက သူငယ်ချင်းသုံးယောက်လုံးဆိုတော. သူတို.အဖွဲ.တော်တော် ပျော်ကြမှာပဲလို.လေ ဝါသနာတူ အသက်တူ သူငယ်ချင်းသုံးယောက် အတူတူတွဲလုပ်နေတာဆိုတော.တော်တော် လည်းသူတို.ကိုကြည်.ပြီး ကြည်နူးမိပါတယ် Print ထုတ်ပြီးတော. သူတို.က တစ်ယောက်တစ်ပေါက် တွေပြောလာကြပြီ တစ်ယောက်ကလည်း […]


ကျွန်တော်အခုတော့ဖိုရမ်တစ်ခုမှာဖတ်မိတဲ့ဟာလေးတစ်ခုပြန်လည်ပြောပြချင်ပါတယ်။ သူများဖိုရမ်ကဟာကို ကော်ပီကူးတင်တယ် နံပါတ်(4)စည်းကမ်းမလိုက်နာဘူးလို. အပြစ်တင်တဲ.သဘောနဲ.တော. မမြင်ကြနဲ.လို.ကြိုတောင်းပန်ပါတယ် ကျွန်တော်ပိုက်ဆံလိုချင်လို. တင်တာမဟုတ်ရပါဘူးဗျာ။ ကျွန်တော်သဘောကျလို. ရွာသားတွေလည်း ရယ်မောနိုင်အောင်လို. စေတနာနဲ.တင်ပေးလိုက်တာပါ ဒီပို.စ်အတွက် ပိုက်ဆံမပေးလည်းဘာမှ ဖြစ်မသွားပါဘူး တစ်ချို.တွေလည်း အဲလိုဝန်ခံရင်တင်လို.ရတာနဲ.တင်ထားတာတွေ.လို.တင်တာပါ ဒီဆိုဒ်ဖတ်ပြီး ပို.စ်မှမတင်ရင် မှတ်ချက်လေးမှ မပေးလ ိုက်ရရင် တာဝန်မကျေသလိုမျိုး ကြီးဖြစ်နေတယ်လို. ကိုယ်.စိတ်ထဲမှာအမြဲထင်နေမိလို. ကိုမြတ်ရဲ.ဆိုဒ်ကနေ ဟာသလေးကို ရွာသားတွေအတွက်မျှဝေလိုက်တာပါ။ ဟက်ကာတို ့ရဲ့ဆရာစူပါဟက်ကာ တစ်နေ ့သောအခါကမ္ဘာပေါ်မှာအရမ်းတော်တဲ့။အရမ်းတတ်တဲ့ဟက်ကာဆရာကြီး လို ့ခံယူတားကြတဲ့သူတွေစုပြီး(ဆိုရှယ်နက်ဝပ်ခ်)လို ့ခေါ်တဲ့ဟက်ကာဖိုရမ်ကြီးတစ်ခုရှိပါတယ်။ အဲ့ဒီမှာကတော့မိတ်ဆွေတို ့သိတဲ့အတိုင်းဘဲ။ ဘယ်ဟာကိုဘယ်လိုဟက်။ဘယ်ဟာကိုဘယ်လိုပြောင်းနဲ ့ ဟက်ကင်းပညာတွေကိုဖလှယ်နေကြတာပေါ့။ တစ်နေ ့လည်းကျရောအဲ့ဟက်ကာဖိုရမ်ကြီးမှာလူတစ်ယောက်ကလာရေးသွားပါတယ် အဲ့ဒါကတော့။ ဟေ့ကောင်တွေအရူးတွေမင်းတို ့ကိုကြည့်မရဘူးဘာတော်တာလည်း။ဘာတတ်တလည်း။ ဘာမှအသုံးမကျကြဘူး။ဘာမှအရည်အချင်းမရှိဘဲနဲ ့ဆရာလုပ်နေကြတယ်။ ငါ့နာမည်=ပီတာကွ။ငါ့ဂျီမေးလ်က peter12345@gmail.com ကွ မင်းတို ့တော်တယ်ဆိုရင်လာဟက်ချေ။ အဲ့ဒီမှာဟက်ကာဖိုရမ်မော်ဒီရေတာတွေကော။အက်ဒမင်တွေပါတော်တော်တင်းသွားတယ်။ ကဲဒီလောက်တောင်ကွာငါတို ့ပေါင်းဟက်ကြရအောင်ချကြမယ်ဆိုပြီး။ […]


ေရႊဘိုသားJune 27, 20111min30013
ကျွန်တော်လည်းဒီဆောင်းပါးလေးကို ဒေါက်တာလွမ်းဆွေရဲ.ဆိုဒ်ကနေဖတ်ပြီး ရွာသားတွေကိုဖတ်စေချင်တာရယ်ကျွန်တော်လည်းသဘောကျတာကြောင်. ကူးယူပြီးတင်ပေးလိုက်တာ   ၁၉၉၁ ခုနှစ် ဝန်းကျင်လောက်ကပေါ ့… တာဝန်တခုနဲ့ သထုံ-မြိုင်ကလေး ပြေးဆွဲတဲ့ ခရီးသည်ကားပေါ်မှာ အရပ်ဝတ်နှင့်ပင် စီးနင်းလာခဲ့၏။ လမ်းပန်းဆက် သွယ်ရေးနဲ့ ယာဉ်ရှားပါးမှု အခြေအနေကြောင့် ခရီးစဉ်တခေါက်ဆို.. ဆိုသလောက် လေဟာပေါက်မရှိရ လေအောင် ကုန်အပြည့် လူအပြည့် တင်ထားလေရဲ့.. သန်သန်မာမာရှိတဲ့ ခရီးသည်မှန်သမျှ တွဲခို၍တနည်း၊ ခေါင်မိုးပေါ်မှ တက် စီး၍ တဖုံ.. လိုရာခရီးကို သွားကြကုန်၏။ ကျနော် စီးနင်းလိုက်ပါလာတဲ့ ကားရဲ့အမိုးပေါ်မှာ စစ်သား ၃ ယောက်ဟာ စစ်ဝတ်ပစ္စည်း အပြည့်အစုံနှင့် ပါလေ၏။ ခန့်မှန်းကြည့်ရသည်မှာ ခရီးလမ်းကြောင်းပေါ်ရှိ ကင်းစခန်းတခုကို အင်အားဖြည့် သွားမယ့်ပုံပေါ်၏။ မနိုင်ဝန်ကို ထမ်း ပိုးထားရတဲ့ သက်ကြီးရွယ်အို ချက်ဗလက်အမျိုးအစား လိုင်းကားလေးရဲ့ […]


ေရႊဘိုသားJune 27, 20111min17012
* * *သတိထားလေ အမှားလုပ်မိလေ* တောင်ပေါ်မှာရှိတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းက ဘုန်းကြီးတစ်ပါးဟာကိုရင်တစ်ပါး ကို တောင်အောက်လွတ်ပြီး ဆီအဝယ်ခိုင်းခဲ့တယ်။ ကိုရင်ဆီမဝယ်ထွက်ခင် ဘုန်းကြီးက ဆီထည့်ဖို့ ခွက်တစ်လုံးပေးပြီး ” ကျောင်းမှာ အသုံးစရိတ် မလုံလောက်တဲ့အတွက် ဆီကို လုံးဝ မဖိတ်စင်အောင် ဂရုတစိုက် ထည့်ခဲ့ပါ ကိုရင်” လို့ သတိပေး မှာကြားလိုက်တယ်။ ကိုရင်က တောင်အောက်ဆင်း ဆီဝယ်ပြီးနောက် တောင်ပေါ်ကို ပြန်လာလာခဲ့တယ်။ လမ်းမှာ ဘုန်းကြီးရဲ့ အမှာစကားကို ပြန်ကြားယောင်ပြီး လက်ထဲကဆီဖိတ်မှာ အရမ်းစိုးရိမ်ခဲ့တယ်။ ဒါကြောင့် ဆီခွက်ကိုပဲ စိုက်ကြည့်ပြီး တောင်ပေါ်လမ်းအတိုင်း တက်လာခဲ့တယ်။ ဘေးဘီကိုလဲ မကြည့်ရဲခဲ့သလို ရှေ့ကလမ်းကိုလည်း မကြည့်ခဲ့ဘူး။ အဲဒီလိုနဲ့ ကျောင်းရောက်ခါနီးမှာ ရှေ့ကိုမကြည့်ခဲ့တာကြောင့် ချိုင့်တစ်ခုကို နင်းမိပြီး ယိုင်လဲသွားခဲ့တယ်။ လက်ထဲကဆီ သုံးပုံတစ်ပုံလောက် […]


ေရႊဘိုသားJune 25, 20111min28832
အခုကျွန်တော်တို.ဆီကလူငယ်တော်တော်များများ ချက်တင်ကိုတော်တော်ကိုစွဲလမ်းစွာအသုံးပြုနေကြတယ်ဆိုတာတော. အကုန်လုံးသိကြမှာပါနော် တစ်ချို.ကလည်း ကောင်းတဲ.ဘက်မှာပြောကြတယ်နော် ဥပမာ အဝေးရောက်နေတဲ. အစ်ကိုတွေ အစ်မတွေ ဆွေမျိုးသားချင်းတွေနဲ. အဆက်သွယ်ရအောင်သုံးကြ တာပေါ.ဗျ။ တစ်ချို.ကတော.လည်း အီစီကလီထုကြတာပေါ.နော်။ အင်တာနက်ခေတ်ကြီးရောက်နေတာတော.ဟုတ်ပါပြီ တကယ်ကိုအကျိုးရှိအောင် အသုံးချတတ်မှ အကျိုးရှိမှာပါ။ ဒါ.မို.လည်း အင်တာနက်သင်တန်းတစ်ချို.ဆီက လက်ကမ်းစာစောင်တွေမှာရေးထားကြတာပေါ.(အင်တာနက်ကို ချက်တင်ထိုင်ရုံ ဂျီမေးပို.ရုံပဲလို.သင်ထင်ပါသလား)လို.ရေးပြီးကြောငြာကြတာပေါ.ဗျာ။ ကျွန်တော်တို.လည်း အမြဲတွေ.နေရတယ်ဗျ အင်တာနက်ဆိုင်တွေ သွားလို.ကတော.အမြဲလိုလိုကိုကြားနေရတာပါ အီစီကလီအသံတွေပေါ.ဗျာ ကျွန်တော်တို.ကတော. အဲလိုပြောဖို.ဆိုရင် ဘေးလူတွေကြားမှာကို ရှက်တယ်ဗျ ချက်တင်နဲ.ကြိုက်ကြ ချိန်းတွေ.ကြနဲ.ဘာများအကျိုးရှိလို.လဲဗျာ ဒါကလည်း တိုးတက်လာတာနဲ.အမျှ ကောင်းတာရော ဆိုးတာရော ရောပါလာတာပါပဲ။ အသုံးချတဲ.လူပေါ်မှာပဲ မူတည်ပြီး အကောင်းအဆိုး ကွဲပြားသွားတာပါ။ ကျွန်တော်.သူငယ်ချင်းရဲ. ညီမလေးတစ်ယောက် ဒီချက်တင်သုံးရင်းပဲ ဘဝပျက်သွားတာ အခုတလောကမှ ဖြစ်သွားတာပါ ကျွန်တော်လည်း အရင်ကတော. ဒီဂျီတော.ချက်တင်အကြောင်းရေးဖို. စိတ်ကူးမရှိပါဘူး အခုသူငယ်ချင်းညီမလေးလို မဖြစ်ကြရအောင် […]


  ကိုယ်.ဘဝကို စိတ်နာနာနဲ.ဘဲ ပို.စ်ရေးပြီးတင်ရတာပေါ. ဒါမှလည်း ဒီဘဝကလွတ် အင်တာနက်သုံးရင် (၁)သိန်းရပြီး အသက်ရှုချောင်မှာမလား အရင်ကြိုပြီး Intro ဝင်ချင်တာကတော. ဖတ်ပြီးစိတ်မကောင်းမဖြစ်ကြနဲ.နော် ကိုယ်.ရွာသားလေ ဒီလိုဖြစ်နေပါလားဆိုပြီးလည်း ငိုမနေကြအုံး ငိုမဲ.လူလည်း မရှိလောက်ပါဘူး ဒါပေမဲ. ဦးပေါက်တော. ငိုရမယ်နော် ကျွန်တော်.ကို အချစ်ဆုံးလို.ပြောထားတာလေ ဟုတ်တယ်နော် ဦးပေါက် ကျွန်တော်ကပျော်စရာတွေ မရေးပဲဝမ်းနည်းစရာတွေရေးတယ်ဆိုပြီး အပြစ်တင်လည်း ခံရမှာပေါ. တကယ်ကို ကိုယ်.ဘဝကိုရင်ဖွင်.ချင်လို. ပေါ.သွားအောင် ရေးရတာပါ ဘယ်လောက်ထိ ဘဝကဆိုးလည်း ဆိုရင် နေရတာက ဘုန်းကြီးကျောင်း ကိုယ်.မိသားစုက ရွှေဘိုမှာဆိုတော.လည်း အခြေနေနဲ.အချိန်ခါပေါ.လေဆိုပြီး ကိုယ်.ကိုကိုယ် တရားချ ပြီးနေရတာပေါ.။ နေတတ်ရင် ကုသိုလ်တွေအများကြီး အချိန်မရွေးယူလို.ရတယ်လေ သူများတွေ ဘုရားရိပ်တရားရိပ် ခိုချင်လို.တောင် မခိုနိုင်ကြဘူး။ ဒီလိုပဲ သဘောထားပါတယ် စားရတာကတော. မပြောနဲ. […]