ကြိုးခွေသုံးခွေ(သို.)စစ်သား
ကျွန်တော်လည်းဒီဆောင်းပါးလေးကို ဒေါက်တာလွမ်းဆွေရဲ.ဆိုဒ်ကနေဖတ်ပြီး ရွာသားတွေကိုဖတ်စေချင်တာရယ်ကျွန်တော်လည်းသဘောကျတာကြောင်. ကူးယူပြီးတင်ပေးလိုက်တာ
၁၉၉၁ ခုနှစ် ဝန်းကျင်လောက်ကပေါ ့…
တာဝန်တခုနဲ့ သထုံ-မြိုင်ကလေး ပြေးဆွဲတဲ့ ခရီးသည်ကားပေါ်မှာ အရပ်ဝတ်နှင့်ပင် စီးနင်းလာခဲ့၏။ လမ်းပန်းဆက် သွယ်ရေးနဲ့ ယာဉ်ရှားပါးမှု အခြေအနေကြောင့် ခရီးစဉ်တခေါက်ဆို.. ဆိုသလောက် လေဟာပေါက်မရှိရ လေအောင် ကုန်အပြည့် လူအပြည့် တင်ထားလေရဲ့.. သန်သန်မာမာရှိတဲ့ ခရီးသည်မှန်သမျှ တွဲခို၍တနည်း၊ ခေါင်မိုးပေါ်မှ တက် စီး၍ တဖုံ.. လိုရာခရီးကို သွားကြကုန်၏။
ကျနော် စီးနင်းလိုက်ပါလာတဲ့ ကားရဲ့အမိုးပေါ်မှာ စစ်သား ၃ ယောက်ဟာ စစ်ဝတ်ပစ္စည်း အပြည့်အစုံနှင့် ပါလေ၏။ ခန့်မှန်းကြည့်ရသည်မှာ ခရီးလမ်းကြောင်းပေါ်ရှိ ကင်းစခန်းတခုကို အင်အားဖြည့် သွားမယ့်ပုံပေါ်၏။ မနိုင်ဝန်ကို ထမ်း ပိုးထားရတဲ့ သက်ကြီးရွယ်အို ချက်ဗလက်အမျိုးအစား လိုင်းကားလေးရဲ့ ဆူပူညည်း တွားသံကြားက
“၁ဝ မိုင်ကုန်းမှာ ဆင်းမယ်ဟေ့” ဆိုတဲ့ အသံလေးက ခပ်ထန်ထန်ထွက်လာ၏။
လှုပ်လီလှုပ်လဲ့ အိပဲ့အိပဲ့နဲ့ တဖြည်းဖြည်းမောင်းနှင်လာတဲ့ ခေတ်နဲ့ မလျော်ညီတော့သော စက်တပ်ယာဉ်လေးဟာ ၁ဝ မိုင်ကုန်းအနီး ချဉ်းကပ်လာတော့ “ရွှီး” ဆိုတဲ့ စူးရှတဲ့ လက်ခေါက်မှုတ်သံနဲ့အတူ …
“ကြိမ်ခွေ ၃ ခွေချမယ် ဆရာရေ့” တဲ့။
ကျန်ခရီးသွားတွေက ထူးခြားတယ် မထင်ပေမယ့် ကျနော့် အတွက်တော့ သစ်ဆန်းတဲ့အသံမို့ အံ့ဩသွားမိသည်။
“ဂီး..ဂလောက် ဂလောက်” ဆိုပြီး ဂီယာချိန်းသံ၊
“ကျွီ..အီး. အီး..” ဆိုတဲ့
ဘရိတ်နင်းသံအဆုံးမှာ ရှေးဟောင်းပစ္စည်း စာရင်းဝင် ကားလေးက မကျေမနပ်နှင့် ထိုးရပ် သွားခဲ့၏။ တချိန်တည်းပင် ကားရဲ့အထက်တန်းတွဲမှာ စီးနင်း လာတဲ့ ရဲဘော် ၃ ယောက် တဖြုတ်ဖြုတ် ခုန်ဆင်းလိုက်ကြပြီး
“ရပြီ..သွားတော့” ဆိုတဲ့ အသံအဆုံး
“တဝုန်း ဝုန်း” နဲ့ ကဆုန်ပေါက်ပြီး ကားလေး ဆက်ထွက်လာ၏။
ကြိမ်ခွေ ၃ ခွေချမယ်ဆိုပြီး… ကြိမ်ခွေတွေချတာလည်းမတွေ့။
ကားခတောင်းတာလည်းမမြင်။ ထင်ရှားတာက စပယ်ယာလေးရဲ့ မျက်နှာပြင်မှာ ထင်ဟပ်လာတဲ့ မကျေနပ်မှု အသွင် ကိုတော့ လူကဲခတ်ပညာမှာ ဗေဒင်ဆရာတွေလောက် ကျွမ်းကျင်အောင် တတ်မြောက်မထားပေမယ့် ကျနော် ဖတ်ရှု နိုင်ခဲ့သည်။ တဆက်တည်းမှာ…
– ကြိမ်ခွေမချဘဲ ကြိမ်ခွေချမယ်လို့ ကားစပယ်ယာက ဘာကြောင့် အော်ရတာပါလိမ့်…?
– စစ်သားတွေက ဘာကြောင့်ကားခမပေးတာလည်း..?
– ကျသင့်တဲ့ စီနင်းခကို စစ်သားတွေ မပေးရဘူးလို့ ပြဋ္ဌာန်းသတ်မှတ်ချက်ရှိလေရော့ သလား..?
– ရဲဘော်လေးတွေကလည်း ကျေးဇူးတင်စကားတောင် မပြောတဲ့အပြင် “ရပြီ သွားတော့” လို့ အမိန့်ဆန် ဆန် ခက်ထန်ထန်ပုံစံနဲ့ ဘာကြောင့်ပြောတာပါလိမ့်…! ပြောခွင့်ရော ရှိရဲ့လား ဆိုတာ ကျနော်တွေးရင်း စီးနင်းလိုက်ပါလာ တာ ဂိတ်ဆုံးသာရောက်ရော အဖြေမထွက်ခဲ့။ ကားပေါ်က ကုန်ပစ္စည်းတွေချ ခရီးသည်တွေ ကားခပေးပြီး မိမိတို့ ဦးတည်ရာအရပ်ကို ထွက်ခွာသွားကြလေ၏။
လူရှင်းတော့မှ …
“ညီလေးရေ.. ခဏကွာ၊ အကိုမသိတာလေးနည်းနည်းလောက် မေးစရာရှိလို့” ဆိုပြီး ခခယယ ပြောခဲ့ပေမယ့် စပယ် ယာလေးက သူ့ရဲ့ဒေါသလက်ကျန်အရှိန် မကုန်သေးလို့ထင်ပါရဲ့..
“ဘာလဲဗျ.. ရှုပ်ရှုပ် ရှက်ရှက်နဲ့ ဘာသိချင်လို့လဲ” ဆိုပြီး မာကျွတ်ကျွတ် တုန့်ပြန်လာတော့ ငုပ်လျှိုးနေသောမာနက ခေါင်းထောင်ထခဲ့သည်။
ကျနော်လည်း မတတ်သာတဲ့အဆုံး “ငါ… ထောက်လှမ်းရေး(..) ကပါ” ဆိုပြီး ပါဝါလေး ထုတ်သုံးလိုက်တော့မှ …
“ဆောရီး ဆရာ…ဆောရီး.. ကျနော် မသိလို့ပါ၊ ဆရာသိချင်တာဘာလဲ.. ကျနော် ဘာကူညီရမလဲ” ဆိုပြီး ပုံမှန်မဟုတ် တဲ့ ဟန်လုပ်ဆက်ဆံရေးနဲ့ ကြုံလာရသေးတယ်။ တကယ်လေးစားလို့ မဟုတ်တာကို ဓာတ်ပုံရှိရင် ပြလိုက် ချင်သေး ရဲ့…။
“တခြားတော့မဟုတ်ပါဘူးကွာ.. ၁ဝ မိုင်ကုန်းမှာ ကြိမ်ခွေ ၃ ခွေချမယ်လို့ ညီလေးအော်ပေမယ့် ကြိမ်ခွေချတာ လည်း မတွေ့ရဘဲ စစ်သား ၃ ယောက် ဆင်းသွားတာပဲတွေ့ရတယ်၊ အဲဒါက ဘယ်လိုအဓိပ္ပါယ်နဲ့ ပြောတယ်ဆို တာသိချင်လို့ ပါ”
“ဘာမှ မဟုတ်ပါဘူးဆရာရယ်.. စပယ်ယာဆိုတော့လည်း ပါးစပ်က တွေ့ရာအော်လိုက်တာပါလို့ …
ဖြေရှင်းချက်ပေးတယ်။ ဒီအဖြေဟာ ကျွန်တော်လိုလားတဲ့ ပြည့်စုံတဲ့ အဖြေမဟုတ်တော့ ဘဝင်မကျဖြစ်မိတယ်။”
“ဒီမှာ ညီလေး… အကိုရိုးရိုးသားသားနဲ့ သိချင်ရုံသက်သက်မေးတာ… ပြဿနာရှာတာလဲ မဟုတ်ဘူး။ ပြဿနာရှာဖို့ လည်း အစီအစဉ်မရှိဘူး။ ဒါကို မင်းက ဝေ့လည်ကြောင်ပတ် လုပ်နေတယ်။ တာဝန် ဆိုတဲ့ ခေါင်းစဉ်ကို မသုံးချင်ဘဲ သုံးရပါလိမ့်မယ်” လို့ ခပ်ထန်ထန်လေး တုန့်ပြန်လိုက်တဲ့အသံကို ကားဒရိုင်ဘာက ကြားတော့ ကသောကမျော ရောက်လာပြီး …
“လာပါ ဆရာရယ်… လက်ဖက်ရည်ဆိုင်မှာ ထိုင်ပြီး အေးအေးဆေးဆေး ရှင်းပြပါရစေ ”လို့
ပြောပြီးအတင်းခေါ်တာကြောင့် မိုးမခဆိုတဲ့ အမည်လှလှ ဆိုင်လေးမှာ ထိုင်ဖြစ်တယ်။ လက်ဖက်ရည် မသောက်ဘူး လို့ ငြင်းပေမယ့် မရတာကြောင့် သောက်ဖြစ်ခဲ့တယ်။
မြွေပူရာ ကင်းမှောက်ဆိုတာ ဒါပဲဖြစ်မယ် ထင်ပါတယ်။ စစ်သားသုံးယောက်ဆီက ကားခမရတဲ့အပြင် ထောက်လှမ်း ရေးက ဆရာအတွက် ဧည့်ခံစရိတ်လေးပါ သူတို့အိတ်ထဲက ခုန်ထွက်လာလေရဲ့….
ဆိုင်ထဲထိုင် လိုအပ်တာမှာပြီး စပယ်ယာလေးက …
“ဆရာ တမျိုးတော့မထင်ပါနဲ့ စိတ်လည်းမဆိုးပါနဲ့” လို့ တောင်းပန် တော့ …
“ရပါတယ်ကွာ… ရဲရဲသာပြောပါ ငါသိချင်ရုံသက်သက်ပါ” လို့ သဘောထားကြီးတဲ့ပုံစံနဲ့ ဆိုတော့မှ
“ဒီလိုပါ ဆရာရယ်… ကျနော်တို့ နယ်ဘက်မှာက သစ်ခုတ်လုပ်ငန်းနဲ့ သစ်ဖောင်မျှောတဲ့ အလုပ်ကို ရွာလုံးကျွတ်နီးပါး အသက်မွေးဝမ်းကျောင်း အနေနဲ့ လုပ်ကို်င်ကြတယ်။ တောတက်ပြီး ခုတ်ထားတဲ့ သစ်တွေ၊ ဝါးတွေကို ရာသီဥတု သာ ယာချိန်မှာ ဖောင်ဖွဲ့ပြီး မြစ်ကြောင်းတိုင်းမျှောရတယ်လေ အဲဒီလိုဖောင်ဖွဲ့တဲ့အခါ တောတွင်းဖြစ် နွယ်ကြိုးတို့ နှီးတို့ ကြ်ိမ်ကြိုးတို့ အသုံးပြုပြီးတော့ ချည်နှောင်ကြတယ် ဆရာ…”
“သစ်ဖောင်တွေကို ကြိမ်ကြိုးတွေနဲ့ တင်းအောင်ချဉ်ပြီး ဖောင်ရဲ့အနားကို ကွပ်ရတယ်လေ။ ဒါမှ ရေစီးတဲ့ အရှိန် ကြောင့်ပဲဖြစ်ဖြစ် တိုက်မိခိုက်မိလို့ပဲဖြစ်ဖြစ် ဖောင်တွေ မပျက်စီးမှာပေါ့ ဆရာရယ်…။”
ကျွန်တော်လည်း စိတ်ဝင်တစားနားထောင်ရင်း …
“မင်းကလည်းကွာ… အဲဒါနဲ့ ရဲဘော်သုံးယောက်ဆင်းတာကို ကြိမ်ခွေသုံးခွေ ချမယ်ဆိုပြီး အော်လိုက်တာ ဘာဆိုင်လို့ တုန်း ဘာမှမပတ်သက်သလိုပါလားကွ…” လို့ တုန့်ပြန်မေးခွန်းထုတ်လိုက်တော့…
“ရိုးရိုးသားသားနဲ့ ရှင်းရှင်းပြောရရင် ဆရာရေ… ကြိမ်ခွေဆိုတာ ဖောင်ကွပ်ဖို့ပေါ့။ ဖောင်ကွပ်တာကို ပြောင်းပြန်လှန် လိုက်တော့ ဖွတ်ကောင်လို့ စကားထာနဲ့ ပြောမိတာပါ ဆရာရယ်… စစ်သားတွေ ကားစီးရင် တခါမှ ကားခမရတော့ မကျေမနပ်နဲ့ ပြောမိတာကို ခွင့်လွှတ်ပါ ” လို့ အနူးအညွှတ်တောင်းပန်လေရဲ့ဗျာ…
ကားစပယ်ယာလေးရဲ့ ရှင်းပြတဲ့အသံအဆုံးမှာ ကျနော့် ရင်ထဲ ဗုံးကွဲသလို “ဝုန်း” ကနဲ့ ကြားမိတာက…
“ကြိမ်ခွေသုံးခွေ ချမယ် ဆရာရေ့…”
ဇေယျာ(တပ်ပြေး)
မှတ်ချက်။ ။ မြန်မာ့လူမှုနယ်ပယ်တွင် ဖွတ်ဆိုသော သတ္တဝါကို ငမွဲ/ငတေ/ကံကြမ္မာဆိုးကို ပေးတတ်တဲ့ လူတွေကို သာ နှိုင်းယှဉ်တင်စားလေ့ရှိသည်။ စစ်သားများကို ထိုကဲ့သို့ ခိုင်းနှိုင်းသုံးစွဲခံရခြင်းသည်။ လူထု၏ရင်ထဲမှာ ချစ်၍လော ချဉ်၍လော… ခွဲခြားနားလည်နိုင်ကြပါစေ။ ဤခံစားမှုစာစုကို ကိုယ်တွေ့ဖြစ်ရပ် အပေါ်အခြေခံပြီးရေးဖွဲ့ပါသည်။ တပ် မှူးကောင်း တပ်သားကောင်းများနဲ့ စစ်တပ်၏ဂုဏ်ကျက်သရေကို ကျဆင်းစေလိုသော ဆန္ဒမြူတမျှင်မျှ မပါဝင် ရပါ ကြောင်းနှင့် မကောင်းမြင်စိတ်ဖြင့် ရေးသားခြင်းလည်း မဟုတ်ပါ။ မူဝါဒ၊ လမ်းစဉ်၊ ကျင့်ထုံးနှင့်အညီ မှန်ကန်သော ရပ်တည်ချက်ဖြင့် ပြည်သူချစ်သော တပ်မတော်နှင့် ပြည်သူလေးစားသော စစ်မှုထမ်းကောင်းများ ပေါ်ထွက်လာရေး ကို ရည်ရွယ်ပါသည်။
13 comments
ရွှေဘိုသား
June 27, 2011 at 9:48 am
စစ်သားတွေကားပေါ်ကခုန်ဆင်းလာတာရယ်
စပါယ်ယာက မကြည်သလိုကြည်.နေတဲ.ပုံလေး တစ်ပုံနဲ.တင်ပေးတာ
ပုံထည်.လို.အဆင်မပြေတာနဲ. တင်မပေးလိုက်တာပါ
parlayar46
June 27, 2011 at 10:34 am
စစ်သားတွေအတွက် ဘွဲ့ထူးတခုပေါ့ ….
စစ်တပ်ရဲ့ခေါင်းဆောင် တွေ သူတို့လက်ချက်နဲ့ ဒီလိုဖြစ်ကုန်တယ်ဆိုတာ သိကြပါစေ။
windtalker
June 27, 2011 at 12:53 pm
ကိုရွှေ က ရန်ကုန် မှာ ထောက်လှမ်းရေး လုပ်နေတာပေါ့လေ
captainamerica
June 27, 2011 at 2:19 pm
ကောင်းပ ဗဟုသုတတကယ်ရပါတယ်။အဲဒါမှ ပြည်သူ.သဘောထားအမှန်ပဲ။
Yan Shin
June 27, 2011 at 3:11 pm
ခေါင်းဆောင်ကြီးတွေလား?
သိတာပေါ့…….
ပြည်သူ့တွေ ပို့သသောမေတ္တာကို ခံယူနေကြတာပဲဟာကို
MaMa
June 28, 2011 at 12:17 am
ကြိမ်ခွေလား၊ ကြိုးခွေလား။ ခေါင်းစဉ်မှာ ကြိုးခွေ ဖြစ်နေတယ်။ ပညာရှိ သတိဖြစ်ခဲ ဆိုတဲ့ စကားပုံကို ထိမ်းသိမ်းလိုက်တာ ထင်တယ်။
bigcat
June 28, 2011 at 1:25 am
ဘယ်သူလည်းကွ ငါတို့တပ်မတော်ကို မကောင်းပြောတာ။ မသိရင် ငါတို့တပ်မတော် ဆောင်ပုဒ်ကို သေသေချာချာမှတ်ထား…. တပ်မတော်သာငပိ တပ်မတော်သာငပွ (komoethee.blogspot.com မှ)
etone
June 28, 2011 at 9:05 am
အခုမှပဲ သိတော့တယ် တပ်မတော်ဆိုတာ ကုန်စုံဆိုင်နာမည်ကြီးကိုး 😛
နွယ်ပင်
June 28, 2011 at 3:26 am
သူတို့လုပ်တဲ့ လုပ်ရက်နဲ့ ပေးထားတဲ့နာမည်က အစပ်အဟပ်တည့်တာပဲဟာ နာမည်လေးက လှတယ်လို့တောင်ပြောလို့ရသေးတယ် 🙂
antimoe
June 28, 2011 at 4:15 am
တစ်လွှဲတွေ..မန်းတယ်လို့တော့…မပြောပါနဲ့။
အရင်က…ရန်ကုန်မှာ…ဝန်ထမ်းတွေ….ကူပွန်နဲ့…ဘတ်စီးတုန်းကလည်း
ဒီလိုအပြောခံရပါတယ်။
နည်းနည်းလောက်လှမ်းတဲ့ …ရွာကို..နေ့ခြင်းပြန်…သွားနေတဲ့…ဆရာမလေးတွေကိုလည်း
ဒီလိုပြောတာ…တွေ့ဖူးပါတယ်။
ဆရာမလေးတွေခမျာ…ကားသမားမျက်နှာမကြည့်ရဲပဲ…
ခြေနင်းနေရာကနေ….၂နာရီလောက်..မတ်တပ်ရပ်ပြီး..စီးရတာပါ။
အခုလိုမိုးတွေလေတွေထဲမှာဆို….တကယ်ကို…မမြင်ရက်စရာပါ။
အထက်က…ပြောင်းလဲဖို့…မဖြစ်နိုင်ရင်…
တို့….အောက်ကလူတွေ….
ပြည်သူအချင်းချင်းရိုင်းပင်းသင့်ပါတယ်။
လုပ်တဲ့သူတွေကစံနေပြီး….ခံနေရတဲ့သူတွေကခံနေရတဲ့….လွှဲလွှဲလေးတွေပါ….။
forever
June 28, 2011 at 2:00 pm
ဖွတ်က မှ စားစရာရှိအုံးမယ်
ရဲဘော်လေးတွေကသနားစရာပါဗျာ..သူတို.မျက်နှာကျောတင်းမှာပေါ.
ငတ်နေတဲ.လူတွေပြုံးနေတာ ခင်ဗျားတို.မြင်ဘူးလို.လား
king
June 28, 2011 at 2:08 pm
အကုန်လုံးပြောတာက သဘာဝကျနေတော့
ဘာပြောရမှန်းတောင် မသိတော့ဘူး …. 😛
nature
June 28, 2011 at 3:28 pm
နေရာတိုင်းမှာ လျို့ဝှက်အချက်ပေးစကားတွေ ကသူတို့အချင်းချင်းပဲသိနိုင်တယ်။