paukpaukOctober 1, 20121min17313
ထားတာကတော့ နံပတ်(၁) ကျောင်းပါပဲ၊ သားက သူငယ်တန်းဆိုတော့ ကျောင်းမှာ ဘာသင်လဲတော့ မသိဘူး၊ အိမ်စာပေးလိုက်တာ ဘယ်လိုလဲ သိကြပါသလား။ စာတစ်မျက်နှာမှာ ကော်လံ ၁ဝခုခွဲရတယ်၊ စာကြောင်းရေက (၂၀) လောက်ဆိုတော့ ဥပမာ ကကြီးကို စာတစ်မျက်နှာမှာ အလုံး ၂၀ဝ ရေးခိုင်းတာ။ အဲဒါက (၂) မျက်နှာဆိုတော့ စာလုံး ၄၀ဝ ပေါ့။ ဒါမျိုး သချင်္ာဘာသာကော ရေးခိုင်းတော့ စာလုံးရေ ၈၀၀-၁၀၀ဝ မဟုတ်ပါလား။ အဲဒါ သားငယ်ခမျာ မပြီးပြီးအောင် နေ့စဉ်နဲ့အမျှ ရေးခဲ့ရတယ်။ လက်ကလေးတွေကို သိမ်လို့..။ ခင်ဗျားတို့ပဲ စာတစ်လုံးကို မပျင်းမရိ အကြိမ် ၅၀ဝ လောက်ရေးကြည့်ကြစမ်းပါ။ ဘယ်လိုနေမလဲဆိုတာ….။ စာတွေကို နှုတ်တိုက် အလွတ်ကျက်ခိုင်းတယ်။ အိမ်မွေးတရိစ်ဆန်ဆိုရင် ခွေး၊ ကြောင်၊ […]


paukpaukAugust 8, 20121min27916
အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ရဲ့ ပုသိမ်ပြည် သူ့လွွှှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့် တင်သွင်းတဲ့ “အစိုးရ အဖွဲ့ဝင်တွေရဲ့ ပိုင်ဆိုင်မှုတွေ အများပြည်သူ သိရှိအောင် ထုတ်ပြန် အသိပေးဖို့ အဆို”ကို ဒီနေ့ ကျင်းပ တဲ့ပြည်သူ့ လွွှှတ်တော်က  ထောက်ခံမဲ ၆၈ မဲ၊ ကန့်ကွက်မဲ ၂၇၁ မဲ၊ ကြားနေ ၁၅ မဲနဲ့ လွွှှတ်တော်မှာ ဆက်မဆွေးနွေးဖို့ ပယ်ချလိုက်ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ပြည်သူတွေရွေးချယ်တင်မြှောက်ထားပါတယ်လို့ သူတို့ကိုယ်သူတို့ (အရှက်မရှိအမွှန်းတင်လေ့ရှိတဲ့) မောင့်ကျက်သရေ (မင်းသားခေါင်း)ဆောင်းသော ဘီလူးများအား ဘွားကနဲတွေ့လိုက်ရပါတော့သည်။ ဒီတစ်ချက်တည်းနဲ့တင် ၂၀၁ဝ ရွေးကောက်ခံဟုဆိုသော ကိုယ်စားလှယ်များအား နှုတ်ထွက်ခိုင်းရန် လုံလောက်သွားပါပြီ။


paukpaukMarch 6, 20121min992
Comment from THITHTOOLWIN site “ဒီလောက်ရက်စက်မှုဆိုတာ တပ်မတော်ထဲမှာ အသေးအဖွဲပါ။ အထက်လူကြီးများဟာ ကိုယ့်ထိုင်ခုံ မြဲဖို့ကိုပဲ ကြိုးစားနေကြတာပါ။ လက်အောက်ငယ်သားများကိုလည်း လုံးဝစာနာနားလည်ခြင်း မရှိပါဘူး။ တပ်ရင်းမှူးတစ်ယောက်ဟာ သူ့ရဲ့ ရပိုင်ခွင့်နှင့် လုပ်ပိုင်ခွင့်အာဏာတွေသုံးပြီး သူတို့ရာထူးတိုးရေးကိုသာ လုပ်ဆောင်သွားကြပါတယ်။ ကြီးနိုင်ငယ်ညှင်းဝါဒဟာ တပ်မတော်ထဲမှာ အရိုးစွဲနေတဲ့ တစ်ခုတည်းသော ဝါဒပါ။ တပ်မတော် လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်ဆိုတာ မရှိပါဘူး။ အထက်လူကြီးက ဖြူရင် လိုက်ဖြူရပြီး မည်းရင်လိုက်မဲရပါတယ်။ အဲဒီလိုမလုပ်တဲ့လက်အောက်ငယ်သားကို နည်းမျိုးစုံနဲ့နှိပ်ကွပ်ပါတယ်။ တပ်မတော်သား အားလုံးပြောနေကြတဲ့ “ပုဒ်မ – 65 ´´ ဆိုတာရှိတာပါတယ်။ စောက်မြင်ကပ်ပုဒ်မ ပေါ့ဗျာ။ အကျင်္ ီ ကြယ်သီးတစ်လုံး ပြုတ်တာကအစ စွဲလို့ရပါတယ်။ ဒီလိုဥပဒေတွေနဲ့ နှိပ်ကွပ်ထားပါတယ်။ ဒါတွေတင်ပဲလား ဆိုတော့မဟုတ်သေးပါဘူး။ ကျွန်ဝယ်ရာအစစ်ပါဆိုသလို။ စစ်သားကိုယူထားမိတဲ့ […]


paukpaukFebruary 20, 20121min1269
http://weeklyeleven.com/index.php?option=com_content&view=article&id=12382:—-postpaid–prepaid–&catid=42:2009-11-10-07-36-59&Itemid=167 Comment မှ ကူးယူဖော်ပြသည် “မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ပြည်တွင်းကုမ္ပဏီ (၂၃)ခုမှ ပူးပေါင်း၍ တန်ဖိုးနည်း ဂျီအက်စ်အမ်ဖုန်း သန်း ၄ဝ စီမံကိန်းမှ ပထမအရစ်ဖုန်းအလုံးပါ တစ်သန်းခွဲကို မတ်လ ပထမပတ်အတွင်း ချထားပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။” တဲ့…. သန်း ၄ဝ ခဏထားလို့ သန်း၂ဝ ပဲရောင်း ရောင်းလိုက်ပါဦး တကယ်ကျသင့်တဲ့ ၅၀၀ဝ ဆိုရင် SIM Card တစ်ခုကို ၁၉၅,၀၀ဝ ကျပ် ကအမြတ်ပေါ့။ နောက်တစ်ခု စဉ်းစားကြည့်ပါ။ “လက်ရှိလစာ နှုန်းထား၏ ၁၀ဝ ရာခိုင်နှုန်း လစာတိုးမြှင့်လျှင် ဘတ်ဂျက်လိုငွေပြမှု ကျပ်ဘီလီယံ ၃၇၈၇. ၂၂ရ ရှိမည်ဖြစ်၍ ၅ဝ ရာခိုင်နှုန်းသာ ဝန်ထမ်းလစာ တိုးမြှင့်ပေးလျှင် အစိုးရဘတ်ဂျက် လိုငွေပြမှု ၃၁၅၂. […]


paukpaukMay 19, 20111min1758
မြန်မာစာအရေးအသားထဲက ထူးတာလေးတွေ ရှိတယ်နော်… အကြောင်း-အကျိုး ဆိုင်ရာ ဗျည်းတူ၊ ဗျည်းမတူ စသည်ဖြင့်။ ဘာလဲဆိုတော့ ဒီလိုစကားလုံး အသုံးအနှုံးလေးတွေပါ။ ခွဲသည်-ကွဲသည် ခွာသည်-ကွာသည် ချဲသည်-ကျဲသည် ချေသည်-ကျေသည် ချွတ်သည်-ကျွတ်သည် ချိုးသည်-ကျိုးသည် ချန်သည်- ကျန်သည် ချုံ့သည်-ကျုံ့သည် ငြှိမ်းသည်-ငြိမ်းသည် ညှပ်သည်-ညပ်သည် နှဲ့သည်-နဲ့သည် နှိမ့်သည်-နိမ့်သည် နှစ်သည်-နစ်သည် နှူးသည်-နူးသည် နှိမ့်သည်-နိမ့်သည် နှပ်သည်-နပ်သည် နှိုးသည်-နိုးသည် ဖြည့်သည်-ပြည့်သည် ဖြန့်သည်-ပြန့်သည် ဖဲ့သည်-ပဲ့သည် ဖိသည်-ပိသည် ဖြဲသည်-ပြဲသည် ဖျော်သည်-ပျော်သည် ဖြိုသည်-ပြိုသည် ဖွင့်သည်-ပွင့်သည် ဖြည်သည်-ပြည်သည် ဖြေသည်-ပြေသည် ဖွသည်-ပွသည် ဖဲ့သည်-ပဲ့သည် မျှောသည်-မျောသည် မြှုပ်သည်-မြုတ်သည် မြှင့်သည်-မြင့်သည် လှန်သည်-လန်သည် လှဲသည်-လဲသည် လွှင့်သည်-လွင့်သည် လှိမ့်သည်-လိမ့်သည် လွှတ်သည်-လွတ်သည် လှပ်သည်-လပ်သည် လျှော့သည်-လျော့သည် ရွှေ့သည်-ရွေ့သည် ဘာတွေရှိသေးတုန်း…


paukpaukMay 19, 20111min16411
အသိမိတ်ဆွေထဲက တစ်ယောက်နိုင်ငံခြားမှာ သင်္ဘောလိုက်ပြီး ပြန်လာတော့ အခွန်ဆောင်ဘို့ FE Bank ကို သွားတယ်။ ထားပါတော့ဗျာ သူက တစ်လ ဒေါ်လာ ၅၀၀ဝ လောက်ရတော့ တလကို ၁၀% နဲ့ ၅၀ဝ ဆောင်ရမယ်။ ၁ဝ လစာဆိုတော့ ဒေါ်လာ ၅၀၀ဝ ပေါ့။ သူကလဲ ၅၀၀ဝ သယ်လာတော့ အတော်ပဲပေါ့။ ဒါနဲ့ FE bank ကိုသွားတော့ ၅၀၀ဝ အစား အဲဒီထဲက  Service charge ၅% ထပ်ကောက်တယ်တဲ့ခင်ဗျ။ အဲဒီတော့ ၅၀၀ဝ အစိုးရကိုပေးသွင်းရမယ့်အစား ဝန်ဆောင်ကြေးဆိုပြီး ထပ်ဆောင်းပေးရတယ်တဲ့။ ကိုယ်က အခွန်ဆောင်တယ်ဆိုတာတောင် ဆောင်လို့ဆိုပြီးထပ်ကောက်သေးတာ ကောင်းကြသေးရဲ့လားဗျာ။ ဝန်ထမ်းတွေကလဲ အစိုးရကခန့်ထားတာတွေပါ။ ဘယ်သူ့ကို ဝန်ဆောင်ခထပ်ပေးရတယ်ဆိုတာတော့ မရှင်းလင်းပါဘူး။ အဲဒီလိုဆိုရင် […]


paukpaukMay 18, 20111min1248
Cost of living in Yangon (Myanmar) is 54% more expensive than in Singapore http://www.expatistan.com/cost-of-living/comparison/singapore/yangon   ရန်ကုန်က စင်္ကာပူထက် ပိုပြီး နေထိုင်စရိတ်ကြီးတယ်ဆိုပဲ။ ဟုတ်သလားတော့ မသိဘူး၊ အင်တာနက်မှာတော့ အဲလိုတွေ့လို့ တင်လိုက်ပါတယ်။ သူငယ်ချင်းတယောက်လဲ စင်္ကာပူပြောင်းသွားတာ မိသားစု ၃ ယောက် တစ်လကို စင်္ကာပူ ဒေါ်လာ ၂၀ဝ – ၃၀ဝ လောက်ဆို စားသောက်လို့ရတယ်တဲ့။ မြန်မာပြည်စားပုံမျိုးနဲ့ပြောတာတဲ့။ စာသင်စရိတ်လဲသက်သာတယ်ဆိုပဲ။ အိမ်ကလဲ Installment နဲ့ဝယ်လို့ရပြီး ပြန်ငှားရင်တောင် ပိုနေသေးတယ်ဆိုပဲ။ တရုတ်က အသိတယောက်ကလဲပြောတယ် ခု ချယ်ရီဝက်ဂွန် (ရန်ကုန်မှာ ဝယ်မရလို့ အလုအယက်ဖြစ်နေတဲ့ တရုတ်ကား အသစ်က) မှ သိန်း […]


paukpaukMay 18, 20111min18820
ဟိုး … ဆင်ပေါင်ဝဲဆိုတဲ့ရွာတစ်ရွာမှာ “ဆင်ခြေဆင်လက်အတော်များတဲ့” သူကြီးလင်မယားတို့မှာ  သမီးရတနာတစ်ဦးရှိတယ်တဲ့။ တစ်နေတော့ … သူကြီးသမီးက “ဆင်ကန်းတောတိုး” ဆိုသလိုမျိုး မိဘ အလိုမတူတဲ့ကြားက သူ့ချစ်သူနဲ့ခိုးရာလိုက်သွားခဲ့တယ်။(ကံကိုယုံလို့ ဆူးပုံနင်းတာထင်ပါရဲ့) မိဘနဲ့သားသမီးဆိုတာ “ဆင်စီးပြီးမြင်းရံတာကြည့်ချင်တာပေါ”့။ “ဆင်နင်းပြီးမြင်းကန်ခံရမှာကိုတော့ ဘယ်မိဘမှ မမြင်ချင်ကြဘူးမဟုတ်လား”။ သမီးပျောက်သွားမှန်း သိတော့ သူကြီးက “ကျားနဲ့ဆင် လယ်ပြင်မှာတွေ့ကြသေးတာပေါ့” လို့ကြုံးဝါးရင်း သံသယရှိတဲ့ ဦးဆင်ပေါက်တို့ လင်မယား ကိုဆင့်ခေါ်ပြီး “ဆင်ဖမ်းမယ်ကျားဖမ်းမယ်”လုပ်တော့တာကိုး။ အရပ်ကလဲသိတော့ ပြောကြပြီလေ။ “ကြီးကျယ်လိုက်တဲ့ဆင့်ဖင်”တွေ အရေးပိုင်သားနဲ့မှ ပေးစားမယ်ပြောပြီး ခုတော့ ဆင်ပေါက်သားနဲ့ ပါသွားလေရဲ့လို့ တိုးတိုးတိတ်တိတ် အတင်းချနေကြတာပေါ့။ သူကြီးကတော်မှာလဲ “ဆင်ကျီစားရာ ဆိတ်မခံနိုင်”ဖြစ်နေတာပေါ့။ သေချာစီစဉ်ထားပြီး ဒါဟာ “လယ်ပြင်မှာဆင်သွားသလို” ထင်ရှားနေတော့ သူကြီးခမျာလဲ “ဆင့်ဦးကင်းတက်ထိုင်မိသလို”ဖြစ်နေပြီး သင်းတို့  “ဆင်ရေကို ဆိတ်သားရေနဲ့ ဖုံးလို့ရယိုးလား” သူ့တို့အမျုးိအိမ်မှန်သမျှ […]


paukpaukMay 17, 20111min915
မြန်မာပြည်မှာ ရော ပြည်ပမှာပါ ဒီမိုကရေစီဆိုပြီ အော်ကြတယ်။ တောင်းဆိုနေကြတယ်… တချို့က စည်းကမ်းဆိုတာ သိပေမဲ့ အများက မလိုက်နာချင်ပါဘူး။ လုပ်သင့်လုပ်ထိုက်တာလဲ မလုပ်ကြဘူး။ အခွင့်အရေးတော့ လိုချင်ကြပါတယ်။ ဥပမာ.. ကားမှတ်တိုင်မှာ တန်းစီဘို့ဆိုတာတောင် ဘယ်တော့မှ မစဉ်းစားကြပါဘူး။ ဘယ်သူကမှလဲ စတင်ကောင်အထည်ဖော်ပေးဘို့ မလုပ်ကြဘူး၊ မြန်မာပြည်မှာပြောတာပါ။ တန်ရာတန်ရာအစိုးရပဲရတယ်ဆိုတာ သဘာဝကျပေမယ့်…