realmanOctober 7, 20111min34827
မြန်မာဗုဒ္ဓဘာသာဝင်တွေမှာ “သိကြားသာသနာ ရောက်နေပြီ“ဟု ပြောရိုးစကားတစ်ခုရှိခဲ့၏။ မြင့်မိုရ်တောင်ထိပ်မှ တာဝတိ ံသာရှိ သိကြားမင်းကြီးမှ သာသနာကို စောင့်ရှောက်နေသည်ဟုလည်း ယုံကြည်ကြများလည်း ရှိကြ၏။ ဂျိန်းဘာသာဝင်တွေရဲ့ စာပေတစ်ခုဖြစ်တဲ့ ကာလီဒါသလျှောက်ထုံး စာအုပ်များတွင်လည်း ဒိသိကြားသာသနာအယူအဆကို တွေ့ရပေသည်။ ဂျိန်းရဟန်းတွေ ဝိနည်းနှင့်အညီ မနေကြလို့ (သက္က) သိကြားမင်းမှ ဂျိန်းသာသနာကို စောင့်ရှောက်နေရကြောင်းကိုု ဂျိန်းစာပေတို့တွင်  “လောက သုံးပါး အရှင် ဂျိန်းဘုရားသခင် အရှင်ဘုရား၊ အရှင်ဘုရားပညတ်၍ ထားခဲ့သော ကျင့်စဉ်တရားတော်သည် အလွန်လျှင် မွန်မြတ်လှပါပေ၏။ အရှင်၏သားတော်များဖြစ်သော ရဟန်းတို့သည် အရှင်ဘုရား၏ ကျင့်စဉ် တရားကို ဦးထိပ်ထက်တွင် ဆင်မြန်းကာ ကျင့်ကြံခြင်း မရှိကြသောကြောင့် နတ်ပြည်မှ သိကြားမင်းကိုယ်တိုင်ပင် ကောင်းသူကို ကယ်၍ မကောင်းသူကို ပယ်နေရပါပြီ ဘုရား၊ “ဟု ပြောဆိုကြောင်းတွေ့ရ၏။ ဒါကြောင့် […]


realmanSeptember 14, 20111min24722
သင်္ဂါယနာတင်တယ်ဆိုတာ – – – – – ဗုဒ္ဓဘုရားဟောကြားခဲ့ပါတယ်ဟု ယုံကြည်လက်ခံလို့ရသော တရား ဓမ္မများကို ရဟန်းသံဃာမထေရ်အများက သဘောတူ အတည်ပြု မှတ်တမ်းတင်သော အစည်းအဝေးလုပ်ငန်းဖြစ်ပါတယ်။ ဒီနေရာမှာ သဘောတူရမည့်သံဃာသည် တစ်ပါး၊ နှစ်ပါးတည်း မဟုတ်ရသလို လုပ်ပိုင်ခွင့် ရနေသော အစုအဖွဲ့ တစ်ခုတည်းလည်းမဖြစ်သင့်ပါ။ သင်္ဂါယနာတင် (အစည်းအဝေး) ပြုနေတဲ့ အချိန်အခါမှာ ရှိနေကြသော သံဃာအများ (သို့မဟုတ်) ဒီသံဃာအများက သဘောတူရွေးချယ်ထားသော သံဃာကိုယ်စားလှယ်အများစုရဲ့ သဘောတူညီသော (ဗုဒ္ဓဘုရားဟောကြားခဲ့ပါသည်ဟု လက်ခံ ယုံကြည်ရသော) တရားဓမ္မများကိုသာ အတည်းပြု မှတ်တမ်းတင်မှသာ သမာသမတ်ကျသော အစည်းအဝေး(သင်္ဂါယနာ )ဟု ဆိုရမည် ဖြစ်ပါသည်။ ထေရဝါဒဗုဒ္ဓဘာသာသင်္ဂါယနာကို မင်းတုန်းမင်းလက်ထက်တွင် ပဉ္စမသင်္ဂါ ယနာနှင့် ဦးနု ( ဖဆပလ ) အစ်ိုးရလက်ထက်တွင် […]


realmanAugust 26, 20111min27830
ယနေ့ မြန်မာဗုဒ္ဓဘာသာလောကတွင် ရမ်းကားနေသော ဘုန်းကြီးများနှင့် အပေါင်းအပါ နောက်လိုက် လူရမ်းကားတို့၏ လုပ်ရပ်များကြောင့် ဗုဒ္ဓဘာသာ ဝင်တို့မှာ စိတ်မချမ်းမြေ့မှုများဖြစ်နေကြရ၏။ တရားပွဲများနှင့် ဘာသာရေး စာစောင် တချို့( ဓမ္မရံသီနှင့် ဓမ္မရတနာ စာစောင်တို့ ကဲ့သို့)တွင် လည်းကောင်းတို့ အပေါင်းအပါတစ်စု၏ အယူသာလျင် ဘုရားဟောနှင့် ညီသည့် ထေရဝါဒီတွေဟု တရားသေ လှေနံဓါးထစ် ယူထား မှတ်ထားကြပြီး အယူမတူသူများကို သဘောထားသေးစွာဖြင့် ပုတ်ခတ်ဟောပြော၊ ရေးသား နေကြသည်တို့ကို တွေ့နေရပါသည်။ ဒါသည်ပင် ထေရဝါဒီ တို့၏ သာသနာ ပြုခြင်း လား – – – – – ။ ကိုးကားဟောပြောသည့် အဋ္ဌကထာ (အဖွင့်ကျမ်းများ)နှင့် ပါဠိ အဖွင့်အယူအဆ မတူကွဲပြားမှုတို့အပေါ် သဘောထားမကြီးနိုင်ကြပဲ ကိုယ့် […]


realmanAugust 9, 20111min46444
ယနေ့ခေတ်သည် ဗဟုသုတနဲ့ နည်းပညာကြီးစိုးသော ခေတ်အခါဖြစ်ပါသည်။ ဘာသာရေး၊ ပညာရေး၊ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးတို့တွင် အသိဉာဏ်များကို  ပိတ်ဆို့၍ မရတော့ပါ။   ဟိုယခင်ခေတ်ကာလတုန်းက အထူးသဖြင့် ဘာသာရေးတွင် ထေရဝါဒစာပေများကိုသာ သိရှိလေ့လာခွင့်ပဲ ရခဲ့ကြပါသည်။   ယခုအခါတွင် နည်းပညာကျယ်ပြန့်လာသည့်အတွက် ဗုဒ္ဓတရားနှင့်ပတ်သက်သော ထေရဝါဒစာပေတင်မက၊ မဟာယာနဗုဒ္ဓဘာသာစာပေများ၊ ဇင်ဗုဒ္ဓဘာသာစာပေများ၊ တိဗက်ဗုဒ္ဓဘာသာစာပေများနှင့် အခြားအခြားသော ဗုဒ္ဓစာပေမူကွဲများကို လွယ်ကူစွာ လေ့လာလို့ ရရှိနေပါသည်။ ဒါ့ကြောင့် ပညာရှင်များက ယနေ့ခေတ်ကို ဟင်းလင်းပွင့်နေသော၊ ဒိုးယိုပေါက်မြင်နိုင်သောခေတ်၊ အသိပညာကျယ်ပြန့်လာသောခေတ်ဟု ခေါ်ဆိုကြခြင်းဖြစ်၏။   ဗဟုသုတနဲ့ နည်းပညာများကျယ်ပြန့်လာသည့်အတွက် ဘာသာရပ် အသီးသီးတွင် အယူအဆ မတူညီမှုများ၊ ရှုမြင်မှုမတူညီမှုများလည်း ဖြစ်ပေါ်လာ၏။ အယူအဆမတူငြားသော်လည်း သဘောထားကြီးကြသော ပညာရှင်များပီပီ ကိုယ့်ဟာမှ မှန်တယ်ဟု တစ်ဖက်သတ်ပြောဆိုတာမပြုပဲ အချင်းချင်း […]