toyoDecember 14, 20101min16111
၁၁ ၊ ၁ ၊ ၂၀၁ဝ အင်္ဂါနေ့ မင်းသားပြေတီဦး နဲ့ မင်းသမီးအိန္ဒြာကျော်ဇင် တို့ဟာ ၂၀၁၁ ဇန္နဝါရီလ ၁၁ ရက် အင်္ဂါနေ့တွင် မင်္ဂလာခန်းမ ၃ နေရာခွဲ၍ မင်္ဂလာအခမ်းအနားကိုကျင်းပ မည်ဖြစ်ပါကြောင်း ပရိသတ်များကိုကြိုတင်အသိပေးအပ်လိုက်ပါသည်။


toyoDecember 8, 20101min731
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ၊ အောက်ဝါးနက်ချောင်းကျေးရွာ ဓမ္မဒူတဇေတဝန်တောရ ဆေကိန္ဒရာမကျောင်းတိုက်ကြီး၌ကျောင်းသား ကျောင်းသူများအတွက် ယဉ်ကျေးလိမ္မာတရားစခန်းကိုဖွင့်မည်ဖြစ်ရာ -Grade 10 ကျောင်းသားကျောင်းသူများအတွက် ဒီဇင်ဘာ၂၁ ရက် မှ ၂၃ ရက်အထိ၊ -တက္ကသိုလ် ကောလိပ်တက်ရောက်နေသူများအတွက် ဒီဇင်ဘာ၂၄ ရက် မှ ၂၆ ရက်အထိ၊ -Grade 8.9 ကျောင်းသားကျောင်းသူများအတွက် ဒီဇင်ဘာ၂ရ ရက် မှ ၂၉ ရက်အထိ၊ -Grade 6.7 ကျောင်းသားကျောင်းသူများအတွက် ဒီဇင်ဘာ၃ဝ ရက် မှ ၂၀၁၁ ခုနှစ် ဇန္နဝါရီလ ၁ ရက်အထိ၊ -Grade 4.5 ကျောင်းသားကျောင်းသူများအတွက် ဇန္နဝါရီလ ၂ ရက် မှ ၄ ရက်အထိ ဖွင့်လှစ်မည်ဖြစ်ပြီး တရားစခန်းသို့ မွန်းလွဲ ၁နာရီအရောက်လာကြရမည်ဖြစ်သည်။ […]


toyoDecember 7, 20101min520
မြန်မာသင်္ဘော ကပ္ပတိန် ဦးဆောင်သည့် M.V SAIPAN VOYAGER သင်္ဘောမှ သင်္ဘောသားများက ပင်လယ်ထဲသို့ နစ်မြုပ်ခါနီး ငါးဖမ်းသင်္ဘောမှ ထိုင်းနိုင်ငံသား ၁၄ ဦးအား ကယ်တင်နိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။ မလေးရှားနိုင်ငံ အရှေ့ဘက် ကမ်းရိုးတန်းနှင့် အနောက်ဘက် ကမ်းရိုးတန်းမြို့များအား ပြေးဆွဲနေ သည့်ကွန်တိန်နာတင်သင်္ဘော M.V SAIPAN VOYAGER သည် စက်တင်ဘာလအတွင်းက မလေးရှားနိုင်ငံ ဆာရာဝပ်ပြည်နယ် ကူချင်း မြို့နှင့် မိုင်၅ဝအကွာ ပင်လယ်ပြင်တွင် ပင်လယ်ထဲသို့ နစ်မြုပ်ခါနီး အဆိုပါငါးဖမ်းသင်္ဘောအား ကယ်တင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ကျွန်တော်တို့သင်္ဘောနဲ့ မိုင်ဝက်လောက် အကွာအဝေးမှာ သင်္ဘောတစ်စီးလုံး ပင်လယ်ထဲနစ်နေပြီး ဦးပိုင်းပဲ ရေပေါ်မှာေ ပါ်နေတာကို မြင်ရပါတယ်။ သင်္ဘောသားတွေက လာကယ်ဖို့ အချက်ပြတာကို တွေ့ရတယ်။ သူတို့နားကို ကျွန်တော်တို့ သင်္ဘောရောက်အောင် […]


toyoDecember 7, 20101min702
အင်္ဂလိပ်ဘာသာဖြင့် သင်ကြားပေးမည့် ပဋိစ္စသမုပ္ပါဒ် အခြေခံသင်တန်း (The Basic Course of Paticcasamuppada) ကိုဖွင့်လှစ် သင်ကြားသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။ ပဋိစ္စသမုပ္ပါဒ် တရားတော်ကို အင်္ဂလိပ်ဘာသာဖြင့် နားလည်စေရန် ဗုဒ္ဓဘာသာ ဝေါဟာရများကို အင်္ဂလိပ်ဘာသာဖြင့် သိရှိစေရန်၊ ပဋိစ္စသမုပ္ပါဒ် တရားတော်နှင့် မိုးကုတ်ဝိပဿနာ တရားအားထုတ်နည်းကို အင်္ဂလိပ်ဘာသာဖြင့် ဟောပြောနိုင်သည့် ပုဂ္ဂိုလ်များ ပေါ်ထွက်လာစေရန်စသည့် ရည်ရွယ်ချက်များဖြင့် အလုံမြို့နယ်၊ စောရန်ပိုင် အနောက်ရပ်ကွက်၊ စကားစိမ်းလမ်းနှင့် ကမ်းနားလမ်းထောင့် ရှိ သာသနာ့အလင်းရောင် ဓမ္မာရုံ၌ ဒီဇင်ဘာလ ရ ရက်နေ့မှ ၁၆ ရက် နေ့အထိ နေ့စဉ် မွန်းလွဲ ၂ နာရီမှ ၄နာရီခွဲအထိ ဖွင့်လှစ်သင်ကြားသွားမည် ဖြစ်ကြောင်းနှင့် သင်တန်း တက်ရောက်လိုပါက သာသနာ့အလင်းရောင် ဓမ္မာရုံ၊ […]


toyoDecember 7, 20101min782
မြန်မာအစိုးရနှင့် ထိတွေ့ဆက်ဆံရေး မူဝါဒသစ်ကို ဆက်လက်ဆောင်ရွက်ရန် အမေရိကန် အဆင့်မြင့် အရာရှိတစ်ဦး မြန်မာနိုင်ငံသို့ ဒီဇင်ဘာလ ရ ရက်နေ့က ရောက်ရှိလာခဲ့ကြောင်း သတင်း ဖော်ပြချက်များအရ သိရသည်။ အမေရိကန် အဆင့်မြင့် အရာရှိမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာန အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး (deputy assistant secretary of state) ဂျိုးဇက်ယွန်း ဖြစ်ပြီး ၎င်းသည် ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာလ ၁၃ ရက်နေ့က နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်လာပြီး နောက်ပိုင်း မြန်မာနိုင်ငံသို့ ပထမဆုံး ရောက်ရှိလာခဲ့သည့် အမေရိကန်အစိုးရ အဆင့်မြင့်အရာရှိ တစ်ဦးဖြစ်သည်။ ၎င်းသည် မြန်မာအစိုးရ အဆင့်မြင့်အရာရှိကြီးများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးရန် မြန်မာနိုင်ငံတွင် ဒီဇင်ဘာလ ၁ဝ […]


toyoDecember 7, 20101min13210
တနိုင်ငံလုံးတွင် အသုံးပြုနိုင်သည့် လက်ရှိ ငွေကျပ် ၁၅ သိန်း ပေးသွင်းရသော GSM မိုဘိုင်းဖုန်းများကို နေပြည်တော် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ငွေကျပ် ၅ သိန်းဖြင့် ယခုလမှ စတင် ရောင်းချပေးသွားမည်ဟု သတင်းရရှိသည်။ တည်ဆောက်နေသည့် GSM ရေဒီယို စခန်းပေါင်း ၃ဝ ကျော်အနက် ရေဒီယိုစခန်းတချို့ ပြီးစီးသွားခြင်းနှင့် ဈေးကွက် ဝယ်လိုအားများနေသည့် ၅ သိန်းတန် CDMA နှင့်အပြိုင် ဈေးနှုန်း လျှော့ချလိုက်ခြင်းလည်း ဖြစ်နိုင်ကြောင်း နေပြည်တော် ဆက်သွယ်ရေးအသိုင်းအဝန်းမှ သိရသည်။ နေပြည်တော် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ဝန်ထမ်းတဦးက “အရင်တုန်းက ၁၅ သိန်းသွင်းမှ ရတဲ့ဖုန်းနဲ့ အခု ၅ သိန်းသွင်းပြီး ရမယ့်ဖုန်းက နံပါတ်ကလွဲပြီး အရည်အသွေး အကုန်အတူတူပါပဲ။ အာဏာပိုင်တွေဘက်က ဆက်သွယ် […]


toyoDecember 7, 20101min590
အောင်မြင်၊ ၊ဆယ်စုနှစ် တစ်ခု အတွင်း မိခင် ဖြစ်သူ နှင့် ပထမ ဦးဆုံးအကြိမ် တွေ ့ဆုံ မှု တွင် သီတင်း နှစ်ပတ်ခန် ့သာကြာမြင့် ခဲ့သည့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ကိုထိန်လင်း မှာ ယနေ ့ ရန်ကုန် မြို ့မှ ထွက်ခွာ ကာ ထိုင်း နိုင်ငံ ဘန်ကောက် မြို ့မှ တစ်ဆင့် အင်္ဂလန် နိုင်ငံ သို ့ပြန်မည် ဟု သတင်းရရှိသည်။ အသက် ၃၃ နှစ် အရွယ်ရှိ ကိုထိန်လင်း သည် ရန်ကုန်မြို ့မှ နံနက် ၈နာရီ ၄၅ မိနစ်အချိန်တွင် ့ထွက်ခွာသွားပြီဖြစ်သည်။သူ နှင့် […]


toyoDecember 6, 20101min1227
စင်္ကာပူ သင်္ကြန် ပွဲတော်တွင် တွေ ့ရသည့် စည်သူလွင် ၁၉၉၅ ခုနှစ် က ကိုယ့်ကြောင့် (အချစ်ရေ ကိုယ့် ကြောင့် ) ဆိုတဲ့ သီချင်းနဲ ့ ပရိသတ် အားပေးမှု ရရှိခဲ့ တဲ့ အဆိုတော် စည် သူလွင် က သူ ့ရဲ ့လက်ထပ်မင်္ဂလာ အခမ်းအနား ကို ဒီဇင်ဘာလ ထဲမှာ ကျင်းပမှာ ဖြစ်တယ်လို ့ ပရိသတ် ကို အသိပေး လိုက်ပါတယ်။ သူ ့ရဲ ့ဘဝ လက်တွဲ ဖော်ဖြစ်လာမယ့် သူကတော့ မော်ဒယ် အဖြစ်လည်း လူသိများ ခဲ့တဲ့ နွယ်မာကျော် ဖြစ်ပါတယ်။ စည်သူလွင် ဟာ ကာတွန်းငွေကြည် ရဲ […]


toyoSeptember 25, 20101min802
ဆရာတော်ကြီးများ၏သွေးလှူဒါန်းပွဲ နိူးဆော်လွှာ ဆရာတော် အရှင်ဆန္ဒဓိက ( ရွှေပါရမီတောရ ) ၂၆ ရက် စက်တင်ဘာလ ၂၀၁ဝ တနင်္ဂနွေနေ့ ဆရာတော် အရှင်ဆေကိန္ဒ ( ဓမ္မဒူတ ) ၃ ရက် အောက်တိုဘာလ ၂၀၁ဝ တနင်္ဂနွေနေ့ ရန်ကုန်အမျိုးသားသွေးစုဘဏ်


toyoSeptember 6, 20101min1357
0 ကြွေလွင့်သွားသော အလှဖန်တီးရှင် မြန်မာနိုင်ငံရဲ့ ထိပ်တန်းမိတ်ကပ် ဖန်တီးရှင်တစ်ဦးဖြစ်သော မိတ်ကပ်အောင်အောင် (တောင်ကြီး) အသက်(၄၇) နှစ်သည် ၂.၉.၂၀၁ဝ (ကြာသပတေးနေ့) နေ့လယ် (၁၂)နာရီ အချိန်တွင် အာရှတော်ဝင် အထူးကု ဆေးခန်းကြီးတွင် ကွယ်လွန်သွားပါ၍ နာရေးကူညီမှုအသင်း(ရန်ကုန်)က ရေဝေးသုဿန်အအေးခန်းသို့ သယ်ယူပို့ဆောင် ပေးခဲ့ပါသည်။ ဈာပန အခမ်းအနားကို ၄.၉.၂၀၁ဝ (စနေနေ့) ညနေ (၄) နာရီ အချိန်တွင် ရေဝေးသုဿန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဦးစီး၍ ကျင်းပပေးခဲ့သည်။ မိတ်ကပ်အောင်အောင် (တောင်ကြီး) သည် နာမည်ကျော် ရုပ်ရှင်မင်းသမီးများ၊ မင်္ဂလာသတို့ သမီးများ၊ မော်ဒယ်များအတွက် အားထားစရာ အလှဖန်တီးရှင် တစ်ဦးဖြစ်သည်နှင့် အညီ ဈာပန အခမ်းအနားတွင် အနုပညာပညာရှင်များ၊ အလှဖန်တီးရှင်များ၊ ကိုလူချော အဖွဲ့သားများ၊ အနုပညာကို အားပေးကြသော […]


toyoSeptember 6, 20101min673
“အင်တာနက်ကို နေ့စဉ်အချိန်ကြာမြင့်စွာ အသုံးပြုသူများအနေဖြင့် စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးများကို ထိခိုက်စေနိုင်ကြောင်း ဗြိတိသျှသုတေသနပညာရှင်များက သတိပေးပြောကြား လိုက်သည်။ လူငယ်များအနေဖြင့် နေ့စဉ်အချိန်များစွာ အင်တာနက်အသုံးပြုခြင်းကြောင့် လက်တွေ့လူမှုဘဝ နယ်ပယ်အတွင်း ပတ်ဝန်းကျင်နှင့် ထိတွေ့ဆက်ဆံရသည့်အချိန် လျော့နည်းသွားစေကာ ပကတိ လူမှုအဖွဲ့အစည်းနှင့် ကင်းကွာသွားတတ်ကြောင်း ၎င်းတို့က ဆက်လက်ပြောကြားသည်။ ထို့အတူ အချိန်ကြာမြင့်စွာ အင်တာနက်အသုံးပြုခြင်းကြောင့် အင်တာနက်ဖန်သားပြင်မှ အလင်းတန်း ထွက်ရှိမှုကို တိုက်ရိုက်ထိတွေ့မိရသည့်အပြင် ခန္ဓာကိုယ်အတွင်း သွေးလည်ပတ်မှု နှေးကွေးသွားစေကာ နှလုံး၊ ဆီးချိုနှင့် သွေးတိုးရောဂါများ ဖြစ်ပွားစေနိုင်ကြောင်း သိရသည်။ အင်တာနက်ကို အချိန်ကြာမြင့်စွာ အသုံးပြုလေ့ရှိသူများသည် တစ်ဆက်စပ်တည်း အချိန်ကြာမြင့်စွာ အသုံးမပြုသင့်ကြောင်း၊ မကြာခဏ ပြောင်းလဲအသုံးပြုသင့်ကြောင်း ဗြိတိသျှပညာရှင်များက အကြံပြု ထားသည်။ Internet Health ဒီသတင်းလေးကို ဖတ်ပြီးတော့ စဉ်းစားမိတယ်၊ အင်တာနက်သုံးတာကို […]