Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

နေပြည်တော်တွင် ၁၅ သိန်းတန် GSM ဖုန်းကို ၅ သိန်းဖြင့် ရောင်းမည်

toyoDecember 7, 20101min36410

တနိုင်ငံလုံးတွင် အသုံးပြုနိုင်သည့် လက်ရှိ ငွေကျပ် ၁၅ သိန်း ပေးသွင်းရသော GSM မိုဘိုင်းဖုန်းများကို နေပြည်တော် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ငွေကျပ် ၅ သိန်းဖြင့် ယခုလမှ စတင် ရောင်းချပေးသွားမည်ဟု သတင်းရရှိသည်။

တည်ဆောက်နေသည့် GSM ရေဒီယို စခန်းပေါင်း ၃ဝ ကျော်အနက် ရေဒီယိုစခန်းတချို့ ပြီးစီးသွားခြင်းနှင့် ဈေးကွက် ဝယ်လိုအားများနေသည့် ၅ သိန်းတန် CDMA နှင့်အပြိုင် ဈေးနှုန်း လျှော့ချလိုက်ခြင်းလည်း ဖြစ်နိုင်ကြောင်း နေပြည်တော် ဆက်သွယ်ရေးအသိုင်းအဝန်းမှ သိရသည်။

နေပြည်တော် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ဝန်ထမ်းတဦးက “အရင်တုန်းက ၁၅ သိန်းသွင်းမှ ရတဲ့ဖုန်းနဲ့ အခု ၅ သိန်းသွင်းပြီး ရမယ့်ဖုန်းက နံပါတ်ကလွဲပြီး အရည်အသွေး အကုန်အတူတူပါပဲ။ အာဏာပိုင်တွေဘက်က ဆက်သွယ် ရေးစနစ်တွေ ပိုကျယ်ပြန့်လာအောင် ဆိုပြီး ဒီနှစ်ထဲမှာ ၅ သိန်း တန် CDMA ဖုန်းတွေကို လျှောက်သလောက် ချပေးနေ သလို GSM ဖုန်းလိုင်းကို ၅ သိန်းနဲ့ ဈေးလျှော့ပေးလိုက်တဲ့ သဘောပါပဲ” ဟု ပြောသည်။

GSM ဖုန်း လျှောက်ထားလျှင် ကျပ် ၁၅ သိန်းနှင့်အတူ ဖုန်းခေါ်ဆိုခအတွက် ကြိုတင်ပေးငွေ ကျပ် ၅ သောင်းပါ ထပ်ဆောင်းပေးသွင်းခဲ့ကြရပြီး ဖုန်းခေါ်ဆိုခကို နေပြည်တော်အတွင်း ခေါ်ဆိုပါက တမိနစ်လျှင် ၅ဝ ကျပ်၊ နယ်မြေကျော်ခေါ်ဆိုပါက တမိနစ် လျှင် ၆ဝ ကျပ် သတ်မှတ်ထားကြောင်း သိရသည်။

GSM ဖုန်းအတွက် ပေးသွင်းငွေ ကျပ် ၁၅ သိန်း ၅ သောင်း ရှိသောကြောင့် ဖုန်းလျှောက်ထားသူ နည်းပါးကြောင်း၊ ဈေးနည်းသော်လည်း လိုင်းအကန့်အသတ်မရှိ ချထားပေးနေသည့် ၅ သိန်းတန် CDMA (450 Mhz, 800 Mhz) ဖုန်းလိုင်းများကို သုံးစွဲသူပိုမိုများကြောင်း သုံးစွဲသူများက ပြောသည်။

စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင် ဦးတေဇသည် ကျပ် ၅ သိန်းတန် CDMA တယ်လီဖုန်းလိုင်းစနစ်ကို စတင် မိတ်ဆက်ခဲ့သည်။ ယခုအခါ ၎င်းပိုင် ထူးကုမ္ပဏီ၏ လက်အောက်ခံ Central Marketing ကုမ္ပဏီက CDMA တယ်လီဖုန်း ဟန်းဆက်များ ထုတ်လုပ်ရောင်းချနေပြီး တခါသုံး တယ်လီဖုန်းကတ်များကိုလည်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ခွင့် ရရှိထားကြောင်း သိရသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာတဦးက “မိုဘိုင်းဖုန်းဈေးကွက်မှာ ၅ သိန်းတန် CDMA ဖုန်းတွေက တော်တော်နေရာယူလာတော့ GSM ဖုန်းတွေ မပျောက်သွားအောင် ပြန်လုပ်တာရယ်၊ CDMA လို အကျိုးတူမဟုတ်ဘဲ ဆက်သွယ်ရေးက ကိုင်ထားတဲ့ ဖုန်းလိုင်းကို သုံးစွဲသူများအောင် လုပ်ချင်တာရယ်ကြောင့်လို့ ထင်ပါတယ်” ဟု ပြောသည်။

၎င်းက ဆက်လက်၍ “နေပြည်တော်မှာလုပ်သွားတဲ့ ကျောက်မျက် အရောင်းပြပွဲမှာ ကျောက်စိမ်းအတွဲ ၆၀၀ဝ ကျော် ရောင်းရခဲ့တယ်။ အာဏာပိုင်တွေက ဒီနှစ်က စပြီး နေပြည်တော်မှာ ကျောက်မျက်ရတနာပွဲကို ၃ လ ၁ ကြိမ် လုပ်သွားဖို့ရှိတယ်။ ဒီတော့ GSM ဖုန်းတွေ သုံးလို့ရအောင် ထပ်ချပေးတာ” ဟု ပြောသည်။

ပြီးစီးသွားသည့် နေပြည်တော် ကျောက်မျက် အရောင်းပြပွဲကာလ မတိုင်မီ ပြပွဲလာရောက်ကြသည့် နိုင်ငံခြားသားများ GSM တယ်လီဖုန်းများကို နေပြည်တော်၌ အသုံးပြုခွင့်ရရန် စစ်အစိုးရက စီစဉ်ပေးခဲ့သည်။

GSM တယ်လီဖုန်းများကို ပြည်တွင်းလိုင်း ပိုမိုကောင်းမွန်စေရန်နှင့် ပြည်ပသို့ အလွယ်တကူ ဆက်သွယ်အသုံးပြုနိုင်ရန် စီစဉ်နေကြောင်း၊ ထပ်မံကျင်းပသွားမည့် ကျောက်မျက်ရတနာ အရောင်းပြပွဲများတွင် ထိုင်း၊ တရုတ်၊ စင်ကာပူ နိုင်ငံများမှ ဖုန်းအဝင်ခေါ်ဆိုမှုကို လွယ်ကူစေရန် ပြည်ပနှင့် ညှိနှိုင်းဆွေးနွေးနေသည့် အစီအစဉ်များလည်း ရှိကြောင်း သိရသည်။

ဆက်သွယ်ရေးညွှန်ကြားမှူး ဦးစီးဌာနမှ အရာရှိ တဦးက “နေပြည်တော်ကို အဓိကထားပြီး တခုခုဆို အရင်လုပ်နေတာ။ အရင်က ပြောလို့မရတဲ့ GSM ရော CDMA ရော နေပြည်တော်မှာ ရပြီ။ လာမယ့် ဇန်နဝါရီ ၁ ရက်နေ့က စပြီး အာရှ ၃ နိုင်ငံ (ထိုင်း၊ တရုတ်၊ စင်ကာပူ) က ခေါ်တဲ့ အဝင်ခေါ်ဆိုမှုတွေ အကုန်ရမယ်” ဟု ပြောသည်။

GSM နှင့် CDMA ဖုန်းလိုင်းသစ် ၄ သိန်းကျော် ထပ်မံချထားပေးနိုင်ရန်အတွက် ရေဒီယိုစခန်း ၂၀ဝ ကျော်ကို ဆက်လက်တည်ဆောက်ရန် စီစဉ်နေကြောင်းလည်း သိရသည်။

ယခုလက်ရှိတွင် GSM ရေဒီယို စခန်းပေါင်း ၃၀၊ CDMA 450 Mhz ရေဒီယိုစခန်း ၁၅၁ ခု၊ CDMA 800 MHz ရေဒီယိုစခန်း ၄၂ ခု တို့ကို ဆောက်လုပ်လျက်ရှိပြီး ပြီးစီးသွားပါက မြန်မာတနိုင်ငံလုံးတွင် မိုဘိုင်းဖုန်း အရေအတွက် ၆၁၀၀၆၁ လုံး ရှိလာမည်ဟု မြန်မာ့ဆက်သွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

၂၀၁ဝ ပြည့်နှစ် ဇူလိုင်လအထိ GSM ဖုန်း ၄၉၄၃၀၀၊ CDMA မိုဘိုင်းဖုန်း ၅၄၅၆၅၀၊ CDMA 800တယ်လီဖုန်း ၁၅၀၀၀၀၊ CDMA (Fixed) တယ်လီဖုန်း ၂၀၀၃၈လုံး၊ WCDMAတယ်လီဖုန်း အလုံးရေ ၂၈၀၀ဝ တို့ ချထားပေးပြီးဖြစ်ကြောင်း သိရှိရသည်။

10 comments

  • pan pan

    December 8, 2010 at 3:30 am

    ရှာရဖွေရ မလွယ်ဘူးနော်

  • PaukPhaw

    December 8, 2010 at 3:57 am

    ဂယ်ကော ဟုတ်ရဲ့လား
    ဂယ်ဆိုလဲ ကိုင်နိုင်သေးပါဝူးလို ့

  • moethidasoe

    December 8, 2010 at 5:07 am

    တိုယို .. မိုက်တယ်နော် .. ခုဂဏန်းကအစ သိနေတာ ..
    အရင်တုန်းက .. ဂျီနဲ့ဆို ဗုံးခွဲလို့ရတယ် ဆိုပြီး နေပူတော်မှာ ဂျီ မရဘူး ..
    ဟော .. ပေါက်ဖော်ကြီးက ငါတို့ နေပူတော်ကိုလာတဲ့အခါ ဘယ်လို လုပ်ပေးမှာလဲလို့ ပြောလိုက်တာနဲ့
    ဂျီတွေ ဆက်လို့ ရစေ ဆိုပြီး ဖြစ်လာရော .. (ယာယီလို့ပဲ သိထားခဲ့တာ ..) တိုယိုက ဒါ အစဉ် ဖြစ်မယ် ဆိုတော့ ရန်ကုန်က ဂျီတွေ နေပူတော်မှာ သီးခြား ဖုံး မလိုတော့ဘူးပေါ့ .. အမှန် ဆိုရင် တိုယိုကို ကျေးဇူး တင်မယ် .. အင် ဆိုရင် တိုယိုကို မေတ္တာ ကောင်းကောင်း ပို့လိုက်မယ်နော် ..

  • htoopa

    December 8, 2010 at 5:25 am

    ဧရာဝတီသတင်းကနေ ပြန်လည်ကူးထားတာလား။
    ဟုတ်တယ်ဆိုရင် ကူးယူရေးသားဖော်ပြတာလို့ ရေးသင့်ပါကြောင်း မှတ်ချက်ပေးလိုပါတယ်။
    ဒီသတင်းထွက်လာပြီးနောက် မြန်မာပြည်တွင်းဂျာနယ်တွေမှာ မဟုတ်ဘူးဆိုတာ ငြင်းဆိုထားတာတွေ တွေ့နေရတယ်။ မှန်မမှန်ဆိုတာပါ နောက်ဆက်တွဲ ပြန်လည် ရေးသားပေးရန် တောင်းဆိုပါတယ်။

    • etone

      December 8, 2010 at 6:48 am

      ပြည်ပ အခြေစိုက်ဆိုက်တစ်ခုမှာလည်း အလားတူသတင်းမျိုးတင်ထားတာတွေ့မိပါရဲ့ ။ ပြောနေတာတော့ကြာပါပြီ …. နောက်တော့ထွက်လာပါလိမ့်မယ် ။

  • နီလေး

    December 8, 2010 at 7:16 am

    ဝမ်းသာဖို့ေကောင်းပါတယ်သတင်းသာအမှန်ဆိုရင်

  • cherrywine

    December 8, 2010 at 8:04 am

    လိုချင်တယ် … ဝယ်ပေး .. ဝယ်ပေး ..

  • intro

    December 8, 2010 at 1:32 pm

    ဖြစ်သင့်နေတာ ကြာပါပြီဗျာ…. အစ်ကိုတစ်ယောက်ပြောပြတာ ပြန်ပြောရရင် သူ နိုင်ငံတစ်နိုင်ငံကို ရောက်ခဲ့တုန်းက ဖုန်းတွေ အကြောင်းပြောနေကြရင်းနဲ့ ငါတို့ဆီမှာ SIM Card တစ်ကဒ်ကို $1500 လောက်ပေးရတယ်ဆိုတော့ ဘာပြောတယ်မှတ်သလဲ `မင်းတို့နိုင်ငံက SIM Card က ရွှေနဲ့လုပ်တာလား´ တဲ့ဗျာ…

  • unclegyi1974

    December 8, 2010 at 3:19 pm

    အသံတွေကြာနေတယ် ကြားနေတယ်

  • winkyawaung

    December 8, 2010 at 4:06 pm

    အရင်က ချပေးထားတဲ့GSM (၁၅)သိန်းခွဲတန်ဖုန်းတွေကို အထူးအခွင့်အရေး အဖြစ် မကောင်းတဲ့ အင်တာနက်လိုင်းလောက်တော့ ချိတ်ပေးသင့်ပါတယ်နော်..။

Leave a Reply