* ခရမ်းချဉ်သီး ရောင်းသူ * အလုပ်အကိုင်မရှိသေးတဲ့ ကောင်လေးတစ်ယောက်ဟာ အလုပ်လိုချင်တဲ့ အတွက် မိုက်ကရိုဆောဖ့် ကုမ္ပဏီမှာ ရုံးအကူ တစ်နေရာအတွက် အလုပ် သွားလျှောက် ပါတယ် …. သက်ဆိုင်ရာ ခန့်ခွဲမှု မန်နေဂျာက သူ့ကို အင်တာဗျူး လုပ်ပါတယ်.. ပြီးတော့ ကြမ်းပြင်ကို သန့်ရှင်းရေးလုပ်ခိုင်းပြီး သူ့ကို စမ်းသပ် စစ်ဆေး ပါတယ်… စမ်းသပ်လို့ သူ့လုပ်ရည် ကိုင်ရည်ကို ကျေနပ်သွားတဲ့အခါ မန်နေဂျာက ကောင်လေးကို “ကဲ.. မင်းကို အလုပ်ခန့်လိုက်ပါပြီ… မင်းရဲ့ အီးမေလ်း လိပ်စာ ထားခဲ့… မင်း အီးမေလ်းထဲကို အလုပ်ခန့်လွှာပို့လိုက်မယ်.. မင်းက အဲဒီထဲမှာ လိုအပ်တဲ့ အချက်အလက်တွေဖြည့်ရမယ်.. ပြီးရင် မင်း အလုပ် စဝင်နိုင်မဲ့ရက်ကို ဖြည့်ပြီး တို့ဆီကို […]


DaveJanuary 2, 20101min1411
ဒီဇင်ဘာ၃၁ရက်နေ့ညမှာ တစ်ကမ ္ဘာလုံးက လူပေါင်းသန်းနဲ့ချီပြီးတော့ ၂၀၁ဝနှစ်သစ်ကို ကြိုဆိုခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာလည်း ၂၀၀ဝပြည့်နှစ်ကို တစ်ကမ္ဘာလုံးနဲ့အပြိုင်ကြိုဆိုခဲ့ကြရာကအစဉ်အလာသစ်တစ်ရပ် ပေါ်ထွန်းခဲ့တာတွေ့ရပါတယ်။ အထူးသဖြင့် ရန်ကုန်နဲ့မန ္တလေးမြို့ ကြီးနှစ်မြို့ မှာ မြို့ သူမြို့ သားတွေ ထောင်သောင်းချီ စုဝေးပြီးတော့ ပျော်ကြပါးကြ၊သောက်ကြ၊စားကြနဲ့ နှစ်သစ်ကို ကူးပြောင်းရောက်ရှိလာမယ့် ညသန်းခေါင်ယံအချိန်ကို စောင့်မျှော်ကြပါတယ်။အခုနှစ်မှာ မန ္တလေးသူ၊မန ္တလေးသားတွေဟာ အရင်နှစ် တွေတုံးကလိုပဲ ၇၃လမ်းနဲ့ ၆၆လမ်းကြား ၂၆လမ်းမကြီးတလျောက်မှာ ဆိုင်ကယ်၊ကားတွေနဲ့တစ်မျိုး၊ ခြေကျင်တစ်ဖုံ လူငယ်၊လူကြီး၊ကလေး၊ယောက်ျား၊မိန်းမ လူပေါင်းစုံ တစ်စီတစ်တန်းကြီး စုဝေးပြီး မီးရှူး မီးပန်းဖောက်သူဖောက်၊သီချင်းဆိုသူဆို၊ကသူက ဖြတ်သန်းကြပါတယ်။ ဒီလို နှစ်သစ်ကူးအစဉ်အလာသစ်ဟာ ၁ဝကြိမ်တိုင်တိုင်ရှိခဲ့ပါပြီ။ဆယ်စုနှစ်တစ်ခုတည်တံ့ခဲ့တဲ့ ဒီအစဉ်အလာကို ရှေးရိုးစွဲဝါဒီတွေကတော့ အနောက်တိုင်းယဉ်ကျေးမှု၊သရုပ်ပျက်ယဉ်ကျေးမှုလို့ ဆိုကြပါတယ်။နှစ်သစ်တစ်နှစ်ကို ရောက်လာတော့မှာမို့ ပျော်ကြတာ၊ကြိုဆိုကြတာတော့ အပြစ်ဆိုလို့ ရမယ် မထင်ပါဘူး။ပျော်ကြရွှင်ကြရင်းအများတကာရဲ့ ငြိမ်းချမ်းရေး၊လုံခြုံရေးကို […]