ေမာင္မႏၲေလးSeptember 10, 20101min630
(ဟာသလေးတစ်ပုဒ် … ကြိုက်လို့တင်လိုက်တယ်) အားလုံးကို ပျော်စေချင်သူ ဗိုလ်ချုပ်မှူးကြီး၊ ဒု-ဗိုလ်ချုပ် မှူးကြီး နှင့် စစ်ရုံး ချုပ်မှ ဗိုလ်ချုပ် ကြီး တို့ ရဟတ် ယာဉ် စီးလာ သည်။ ရွာကြီး တစ်ရွာ ပေါ် ရောက်သောအခါ ဗိုလ်ချုပ် မှူးကြီး က ပြောလိုက် သည်။ “အခု နေ ငွေ တသောင်း ထုတ် တထုတ် လောက် ပစ်ချ လိုက်ရင်ကောက်ရ တဲ့ သူတော့ ပျော် မှာပဲ။” ထို အခါ ဒု- ဗိုလ်ချုပ် မှူးကြီး က “တထောင် စီ တထောင် စီ ချရင် ၁ဝ ယောက် လောက် ပျော်ရ […]


ေမာင္မႏၲေလးSeptember 10, 20101min1104
ငြိပြီ … လူအုပ်ထဲမှာ ကျနော်ရှိနေပါတယ်။ ကျနော့်တာဝန်က ဟောပြောပွဲလာ ပရိသတ်တယောက်အဖြစ် လူအုပ်ထဲဝင်နေ၊ သူတို့ဟောသမျှ ပြောသမျှကို အသံဖမ်းယူဖို့နဲ့ လိုအပ်ရင် သတင်းပို့ဖို့။ ခန်းမကျယ်တခုထဲမှာပါ။ ခန်းမက လူငါးရာလောက် ဆန့်နိုင်ပေမယ့် ခန်းမတဝက်လောက်ပဲလူရှိပါတယ်။ မင်္ဂလာစင်မြင့်ကို ဟောပြောပွဲစင်မြင့်လုပ်ထားပြီး ပါတီအလံတွေ တန်းစီထောင်ထားပါတယ်။ ရဲရဲတောက်နေတဲ့ ဟောပြောပွဲ နဖူးစီးကတော့ ‘ရဲရဲတောက် ဒီမိုကရက်တစ်ပါတီရဲ့ ဒေါင်ဒေါင်မြည် ဟောပြောပွဲကြီး’ တဲ့ ဆောင်းဘောက်က  ‘နဂါးနီ သီချင်း’ ကို တကြော့ပြီးတကြော့ဆိုလို့။ တော်တော်ရူးတဲ့လူတွေပဲ။ ကိုယ့်ပတ်ဝန်းကျင်လောကကြီးရဲ့ အခြေအနေမှန်ကို နှမ်းတစေ့လောက်မှ မသိတဲ့လူတွေ၊ လူမိုက်တွေ။ ဆောင်းဘောက်က အော်သံကြားရပါတယ်။ “ပါတီဥက္ကဋ္ဌကြီး မိန့်ခွန်းပြောပါတော့မယ်” အသံတွေတိတ်သွားပါတယ်။ ကျနော့်အသံဖမ်းစက်လေးကို ဖွင့်ထားလိုက်ပါပြီ။ “ကျေးဇူးတင်ပါတယ်…ပရိသတ်ကြီးခင်ဗျား…ဒီကနေ့…ဒီနေရာမှာ….” အရေးမပါတာတွေကို တော်တော်ကြာကြာ လျှောက်ပြောနေပါသေးတယ်။ ဒီလိုပြောရင်း၊ ပြောရင်းနဲ့…ဟော စငြိပြီ။ […]


ကိုထွေး Friday, July 02, 2010 ဧရာဝတီ မြန်မာနိုင်ငံ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနက အပတ်စဉ် ဂျာနယ်များတွင် နိုင်ငံရေးပါတီ သတင်းများကို တင်းကျပ်နေသဖြင့် ကျင်းပမည့် ရွေးကောက်ပွဲ၌ ပါဝင် ယှဉ်ပြိုင်ရေးကို ပြန်လည် သုံးသပ်မည်ဟု မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီက ဆိုသည်။ မှတ်ပုံတင်ပြီးသော နိုင်ငံရေး ပါတီများ အနေဖြင့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပုံနှိပ်ထုတ်ဝေမည့် စာရွက် စာတမ်းများ ထုတ်ဝေ ရန် ခွင့်ပြုချက် ရရှိထားသော်လည်း ငွေကြေး အခက်အခဲကြောင့် ပါတီနှင့် ပတ်သက်သော သတင်းများကို ပြည်သူများ သိရှိရန် အတွက် အပတ်စဉ်ထုတ် ဂျာနယ်များကို အားကိုး နေရကြောင်း သိရသည်။ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီက စာပေစိစစ်ရေး၏ ဖြတ်တောက်မှုများအတွက် ပါတီအနေဖြင့် […]


ကိုထွေး Friday, July 02, 2010 ဧရာဝတီ မြန်မာနိုင်ငံ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနက အပတ်စဉ် ဂျာနယ်များတွင် နိုင်ငံရေးပါတီ သတင်းများကို တင်းကျပ်နေသဖြင့် ကျင်းပမည့် ရွေးကောက်ပွဲ၌ ပါဝင် ယှဉ်ပြိုင်ရေးကို ပြန်လည် သုံးသပ်မည်ဟု မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီက ဆိုသည်။ မှတ်ပုံတင်ပြီးသော နိုင်ငံရေး ပါတီများ အနေဖြင့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပုံနှိပ်ထုတ်ဝေမည့် စာရွက် စာတမ်းများ ထုတ်ဝေ ရန် ခွင့်ပြုချက် ရရှိထားသော်လည်း ငွေကြေး အခက်အခဲကြောင့် ပါတီနှင့် ပတ်သက်သော သတင်းများကို ပြည်သူများ သိရှိရန် အတွက် အပတ်စဉ်ထုတ် ဂျာနယ်များကို အားကိုး နေရကြောင်း သိရသည်။ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီက စာပေစိစစ်ရေး၏ ဖြတ်တောက်မှုများအတွက် ပါတီအနေဖြင့် […]


ကင်ဇို။ ဇွန်လ ၂၈၊ ၂၀၁ဝ ရိုးမ ၃ သတင်းဌာန ကျ နဲ့ ကြ ဒီစာလုံးနှစ်ခုကို တော်တော်လေးမှားတတ်ကြတယ်။ ဆိုကြပါစို့ … သူ့ကျတော့၊ ငါ့ကျတော့၊ ကျနော့်အမြင်ကျတော့၊ သူ့အမြင်ကျတော့၊ ဆိုတဲ့အခါကျတော့၊ အဲဒီအခါကျတော့၊ (လုပ်နေကျ ကိုင်နေကျ = လုပ်လေ့လုပ်ထ) ဆိုတာမျိုးကို ကြ နဲ့ မှားရေးကြတယ်။ ဒါ သတိပြုသင့်တယ်။ ဒီလိုပဲ သွားကြတယ်၊ လာကြတယ်၊ နေကြတယ်၊ ရှိကြတယ် ဆိုတာမျိုးကို ကျ နဲ့ မှားရေးကြပြန်ရော။ ဆိုတော့ ဒီလိုမှတ်ပါ။ ညွှန်းတဲ့သဘောသုံးရင် ကျ နဲ့ ရေးပါ။ ဥပမာ သူ့ကျတော့ ဆိုတဲ့စာစုမှာ ကျ က သူ့ ဆိုတဲ့ ရှေ့က ပိုင်ဆိုင်မှုနာမ်စားကို ညွှန်းတာဖြစ်တယ်။ […]


၂၈ ဇွန် ၂၀၁ဝ – ခေတ်ပြိုင် နိုင်ငံရေးနှင့်ပတ်သက်သည့် သတင်း၊ ဆောင်းပါးများကို စာပေစိစစ်ရေးက ပြီးခဲ့သည့်သီတင်းပတ်မှ စတင်ကာ အစီအစဉ်သစ်ချမှတ်၍ ပိတ်ပင်တားမြစ်မှုများ ပိုမိုလုပ်ဆောင်နေကြောင်း သိရသည်။ စာပေစိစစ်ရေးမှ စာစစ်မှူးတဦးက“အခုဆို နိုင်ငံရေးသတင်းတွေ၊ ဆောင်းပါးတွေ၊ အင်တာဗျူးတွေနဲ့ ပတ်သက်ရင် ဒု-ဗိုလ်မှူးကြီး မျိုးမြင့်မောင် (ရေ) ကပဲ တိုက်ရိုက်ကိုင်တွယ်တယ်။ အခုနောက်ဆုံး နိုင်ငံရေးဆိုင်ရာ အကြောင်းအရာတွေကို ဖော်ပြခွင့် မပေးသလောက်နီးနီး ဖြုတ်ပယ်ပေးရတယ်။ နောက် ပိတ်ပင်ထားတဲ့ ကလောင်တွေ ဖော်ပြခွင့် ပြုထားတာကိုလည်း ပြန်ပြီး ပိတ်ပင်တားမြစ်ဖို့ ညွှန်ကြားထားတယ်။ ဒါပေမယ့် The Voice ဂျာနယ်တစောင်တော့ မပါပါဘူး” ဟု ပြောကြားသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ ပြည်တွင်းပုဂ္ဂလိက သတင်းဂျာနယ်အယ်ဒီတာတဦးက ၎င်းတို့ဂျာနယ်တွင် လာမည့်အပတ်မှစပြီး နိုင်ငံရေးဆိုင်ရာ အကြောင်းအရာများ တင်ပြတော့မည်မဟုတ်ကြောင်း […]


သူဌေး— “ဘာ… ခွင့်တစ်ရက်ယူချင်တယ် ဟုတ်လား? တစ်နှစ်မှာ(၃၆၅)ရက် အလုပ်လုပ်လို့ရတယ်။ တစ်နှစ်မှာ(၅၂)ပတ်ရှိတဲ့အထဲ တစ်ပတ်မှာ(၂)ရက် မင်းအနားရတော့ (၂၆၁)ရက်ပဲ မင်းအလုပ်ချိန်ကျန်တယ်။ တစ်ရက်မှာ (၁၆)နာရီ မင်းအလုပ်မလုပ်ဘူး။ တစ်ရက်(၁၆)နာရီနဲ့ တစ်နှစ်မှာ ရက်(၁၇ဝ)နုတ်တော့ မင်းအလုပ်ချိန်က (၉၁)ရက်ပဲကျန်တယ်။ တစ်ရက်ကို မိနစ်(၃ဝ) မင်းကော်ဖီသောက်တယ်။ ဒီလိုနဲ့ (၄၆)ရက်နုတ်လိုက်တော့ မင်းအလုပ်ချိန်က (၂၂)ရက်ပဲကျန်တယ်။ တစ်နှစ်မှာ (၂)ရက်လောက် မင်း ဆေးခွင့်ယူသေးတယ်။ ဒီလိုဆိုတော့ မင်းအလုပ်ချိန်က (၂ဝ)ရက်ပဲကျန်တယ်။ တစ်နှစ်မှာ အထိမ်းအမှတ်ပွဲ၊ ရုံးပိတ်ရက်တွေက (၅)ရက်လောက်ရှိတယ်။ ဒါနဲ့ အလုပ်ချိန်က (၁၅)ရက်ပဲကျန်တယ်။ ကုမ္ပဏီက တစ်နှစ်မှာခွင့်(၁၄)ရက် သတ်မှတ်ပေးထားတယ်။ နောက်ဆုံးတော့ မင်းအလုပ်ချိန်က (၁)ရက်ပဲကျန်တယ်။ ဒါနဲ့များ မင်းက ခွင့်တစ်ရက်ယူချင်သေးတယ်။ ဟုတ်လား?” သူဌေး


တစ်နေ့…. ကောင်လေးတစ်ယောက် စတိုးဆိုင်လေးမှာ ဆိုဒါ လာဝယ်တယ်.. ဝယ်ရင်းနဲ့ ဖုန်းတစ်ခါလောက် ခေါ်ခွင့်ပြုဖို့ ဆိုင်ရှင်ကိုခွင့်တောင်းတယ်.. ဆိုင်ရှင်က ဖုန်းဆိုင်မဟုတ်ကြောင်း သို့သော် တစ်ခေါက်တော့ ခေါ်ခွင့်ပြု မည်ဖြစ်ကြောင်း ပြန်ပြောပါတယ်.. ဆိုင်ရှင်က ကောင်လေးဖုန်းပြောသံကို နားထောင်နေတယ်.. ကောင်လေးက တစ်ဘက်က အဒေါ်ကြီးတစ်ယောက်နဲ့ပြောနေပုံရတယ်.. ” အဒေါ်ခင်ဗျား.. အဒေါ့်ခြံထဲက မြက်ခင်းရိတ်တဲ့အလုပ် ကျွန်တော့်ကိုပေးပါလားခင်ဗျာ…“ တစ်ဘက်က ပြန်ပြောတယ်.. ” တို့က တစ်ခြားတစ်ယောက်ကို အလုပ်ခန့်လိုက်ပါပြီကွယ်…” ” အဒေါ်ရယ် ..ကျွန်တော် အဒေါ့်ခြံကို အဒေါ် စိတ်တိုင်းကျဖြစ်အောင် ကြိုးစားပြီး ရိတ်ပေးပါမယ်.. ဈေးကိုလဲ အခုလက်ရှိ လုပ်ပေးနေတဲ့သူ ယူတဲ့ဈေးနှုန်းရဲ့ တစ်ဝက် ဈေးဘဲ ကျွန်တော်ယူပါ့မယ်..” တစ်ဘက်ကလဲ ပြန်ဖြေပါတယ်… အခုလက်ရှိ သူ့ခြံကို ရိတ်ပေးနေတဲ့သူဟာ သူ့ စိတ်တိုင်းကျ […]


အဆီဖျက် ဆယ်ချက် ၀ဝလေးနှင့် လှလှလေး စာရင်းတွင် ပါနေသော၊ ရှိသင့်သော ကိုယ်အလေးချိန်ထက် အနည်းငယ်/လွန်စွာ ပိုနေသော၊ သို့သော်လည်း ၂၀၁ဝတွင် ကိုယ်အလေးချိန်လျော့ချလိုသော သူများအနေဖြင့် အချက် (၁၀)ချက်ကို လိုက်နာနိုင်လျင် ၂၀၁ဝနှစ်ကုန်ချိန်၌ ကိုယ်ရေစစ်ခြင်းနှင့်အတူ ကျန်းမာသန်စွမ်းဖျတ်လတ်မှုကို ခံစားရမည် ဖြစ်သည်။


* ခရမ်းချဉ်သီး ရောင်းသူ * အလုပ်အကိုင်မရှိသေးတဲ့ ကောင်လေးတစ်ယောက်ဟာ အလုပ်လိုချင်တဲ့ အတွက် မိုက်ကရိုဆောဖ့် ကုမ္ပဏီမှာ ရုံးအကူ တစ်နေရာအတွက် အလုပ် သွားလျှောက် ပါတယ် …. သက်ဆိုင်ရာ ခန့်ခွဲမှု မန်နေဂျာက သူ့ကို အင်တာဗျူး လုပ်ပါတယ်.. ပြီးတော့ ကြမ်းပြင်ကို သန့်ရှင်းရေးလုပ်ခိုင်းပြီး သူ့ကို စမ်းသပ် စစ်ဆေး ပါတယ်… စမ်းသပ်လို့ သူ့လုပ်ရည် ကိုင်ရည်ကို ကျေနပ်သွားတဲ့အခါ မန်နေဂျာက ကောင်လေးကို “ကဲ.. မင်းကို အလုပ်ခန့်လိုက်ပါပြီ… မင်းရဲ့ အီးမေလ်း လိပ်စာ ထားခဲ့… မင်း အီးမေလ်းထဲကို အလုပ်ခန့်လွှာပို့လိုက်မယ်.. မင်းက အဲဒီထဲမှာ လိုအပ်တဲ့ အချက်အလက်တွေဖြည့်ရမယ်.. ပြီးရင် မင်း အလုပ် စဝင်နိုင်မဲ့ရက်ကို ဖြည့်ပြီး တို့ဆီကို […]


အောက်တိုဘာလ ၁ဝ ရက်နေ့မှာ ရွေးကောက်ပွဲလုပ်ကြတော့မယ်တဲ့ … ၂၀၁ဝ ခုနှစ်မှာ ရွေးကောက်ပွဲလုပ်မယ်လို့ပေးထားတဲ့ဂတိအတိုင်း နှစ်မကုန်ခင် လုပ်ပေးရတော့မယ် … တိုင်းပြည်မှာ ဘာတွေပြောင်းသွားနိုင်လဲ … ဘာတွေ ဆက်ဖြစ်မလဲ … ဖြစ်နေတာနဲ့ ဖြစ်ချင်တာ နောက်ပြီး ဖြစ်မယ့်ဟာ … ဘာလဲ … ဘယ်လဲ ….


မန္တလေး မဟာမုနိရုပ်ရှင်တော်မြတ် ရေတော်ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တပညာဝံသ ဟာ ဇန်နဝါရီလ ၁ ရက်နေ့ မွန်းလွဲ နှစ်နာရီအချိန်ခန့်မှာ တောင်ပြင်ထီးလင်းတိုက်မှာ နှလုံးရောဂါနဲ့ ပျံလွန်တော်မူ သွားပြီဖြစ်ပါတယ်။ ဆရာတော် ပျံလွန်တော်မူချိန်မှာ သက်တော် ၇၅ နှစ် ဝါတော် ၅၅ ဝါရှိပြီ ဖြစ်တယ်။ ဆရာတော်ရဲ့ ဥတုဇရုပ်ကလပ်ကို ဇန်နဝါ ရီလ ၁၄ ရက်နေ့မှာ ဧရာဝတီမြစ် ကမ်းဘေးရှိ ချော်ဆိပ်သို့ ပင့်ဆောင်ပြီး မီးသင်္ဂြုဟ်သွားလို့ သိရပါတယ်။


ေမာင္မႏၲေလးDecember 21, 20091min1834
ဆင်းရဲနွမ်းပါးသူတွေ ဆေးကုသဖို့ အခက်အခဲကို တစ်တောင့်တစ်နေရာကနေ ကူညီပေးဖို့ မန္တလေးမြို့ ၆၂ လမ်း၊ ၃၃ လမ်း နဲ့ ၃၄ လမ်းရှိ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းမှာ ဖွင့်လှစ်ထားတဲ့ ကုသိုလ်ဖြစ်ဆေးခန်းမှာ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း ကုသိုလ်ဖြစ်ဆေးခန်းကို ဩဂုတ်လ ၂၂ ရက်နေ့က စပြီးဖွင့်ထားတာ လေးလပြည့်မြောက်ပါပြီ။ လေးလတာကာလအတွင်းမှာ လူနာပေါင်းများစွာကို ဆေးကုသပေးခွင့်ရလို့ အသက်ပေါင်းများစွာကို ကယ်တင်ပြီးဖြစ်နေပါပြီ။ ကုသိုလ်ဖြစ်ဆေးခန်းလေးကနေ လူ့အသက်ပေါင်းများစာ ကယ်တင်နိုင်ဖို့အတွက် အလှူရှင်များရဲ့ အလှူငွေများလိုအပ်ပါတယ်။