ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းကို စင်ကာပူက အလှူရှင် သိန်း ၃ဝ လှူ

ေမာင္မႏၲေလးDecember 21, 20091min1764
ဗြဟ္မစိုရ်လူမှုကူညီရေး ကုသိုလ်ဖြစ်ဆေးခန်း

ဆင်းရဲနွမ်းပါးသူတွေ ဆေးကုသဖို့ အခက်အခဲကို တစ်တောင့်တစ်နေရာကနေ ကူညီပေးဖို့ မန္တလေးမြို့ ၆၂ လမ်း၊ ၃၃ လမ်း နဲ့ ၃၄ လမ်းရှိ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းမှာ ဖွင့်လှစ်ထားတဲ့ ကုသိုလ်ဖြစ်ဆေးခန်းမှာ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း ကုသိုလ်ဖြစ်ဆေးခန်းကို ဩဂုတ်လ ၂၂ ရက်နေ့က စပြီးဖွင့်ထားတာ လေးလပြည့်မြောက်ပါပြီ။ လေးလတာကာလအတွင်းမှာ လူနာပေါင်းများစွာကို ဆေးကုသပေးခွင့်ရလို့ အသက်ပေါင်းများစွာကို ကယ်တင်ပြီးဖြစ်နေပါပြီ။ ကုသိုလ်ဖြစ်ဆေးခန်းလေးကနေ လူ့အသက်ပေါင်းများစာ ကယ်တင်နိုင်ဖို့အတွက် အလှူရှင်များရဲ့ အလှူငွေများလိုအပ်ပါတယ်။

ဒီလို လိုအပ်နေတဲ့ အလှူငွေတစ်ချို့ကို ဖာထေးနိုင်ဖို့အတွက် ဒီဇင်ဘာလ ၂ဝ ရက်နေ့က စင်ကာပူက အလှူရှင် ငွေလှူ
စင်ကာပူနိုင်ငံနေ ဒေါ်နှင်းညို (ဦးကာက-ဒေါ်စိန် လက်ဖက်ခြောက်) က အလှူ ငွေ သိန်း ၃ဝ ပေးလှူပါတယ်။ ဆေးကုဖို့လာတဲ့ လူနာများနဲ့ လူနာစောင့်တွေကိုလည်း ကြက်သားဆန်ပြုတ်ြ

ဖင့်ဧည့်ခံကျွေးမွေးပါတယ်။ အဲဒီရက်မှာပဲ မြင်းတန်းရပ်မှာနေတဲ့ မအိမ့်မှူးမေရဲ့ ရ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် တစ်နေ့တာဆေးကုသစရိတ်အလှူငွေများလာရောက်လှူဒါန်းသွားပါသေးတယ်။ ဒါတင်မကပဲ လူနာများကို ကျွေးမွေးဧည့်ခံဖို့အတွက် ဌားရမ်းလာတဲ့ ကုလားထိုင် အလုံး ၁၀ဝ ကိုလည်း သဒ္ဓါပေါက်ပြီး လှူဒါန်းသူများကတော့ အမရပူရမြို့၊ မဟာဂန္ဓရုံကျောင်းတိုက်၊ မဟာ ပုညကာရီအမျီုးသမီးများအဖွဲ့ဖြစ်ပါတယ်။ ဗြဟ္မစိုရ် လူမှုကူညီရေးအသင်းက ကုသိုလ်ဖြစ်ဆေးခန်းက စနေ၊ တနင်္ဂနွေရက်များမှာ မနက် ၈း၃ဝ နာရီက ၁၁ နာရီထိ ဖွင့်လှစ်ကုသပေးလျက်ရှိပြီး အထူးကု သမားတော်ကြီးများကိုယ်တိုင် ကုသိုလ်ဖြစ် ကုသပေးလျက

်ရှိတယ်။ နေ့စဉ် လူနာ ၂၀ဝ နီးပါးထိလာရောက်ကုသလျက် ရှိကာ တစ်နေ့တာအတွက် ဆေးကုသစရိတ် တစ်သိန်းကျပ်ခန့် ကုန်ကျပါတယ်။ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းက ကုသိုလ်ဖြစ်ဆေးခန်းအပြင် ကျန်းမာရေးကူညီမှုလုပ်ငန်းကို ၂၀၀ဝ ပြည့်နှစ်ကထဲက စတင် ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၀၉ မတ်လထိ ၉ နှစ်တာကာလ အတွင်း လူနာပေါင်း ၂၆၀၀ဝ ကျော်အတွက် ကျပ်သိန်းပေါင်း ၂၈၀ဝ ကျော် အကုန်အကျခံ ကုသပေးနိုင်ခဲ့ပါတယ်။ ဆေးရုံမှာ တက်ရောက်ကုသနေတဲ့ ဆင်းရဲနွမ်းပါး လူနာရှင်များကို ကူညီထောက်ပံပေးတာဖြစ်ပါတယ်။

ဗြဟ္မစိုရ်လူမှုကူညီရေး ကုသိုလ်ဖြစ်ဆေးခန်းသို့ အလှူငွေပေးအပ်စဉ်

မန္တလေးမြို့ အထွေထွေရောဂါကုဆေးရုံကြီး၊ ကလေးအထူးကုဆေးရုံကြီး၊ ဗဟိုအမျိုးသမီးဆေးရုံကြီး၊ ခုတင် ၃၀ဝ ဆန့်ဆေးရုံကြီး၊ မျက်စိ-နား၊ နှခေါင်း၊ လည်ချောင်း ဆေးရုံကြီးများမှာ တက်ရောက်ကုသနေတဲ့ ဖျားနာ၊ ခွဲစိတ်၊ ကလေး-ဖျားနာ၊ ကလေး-ခွဲစိတ်၊ သားဖွား-မီးယပ်၊ အရိုးခွဲစိတ်၊ ဦးနှောက် ကုသခွဲစိတ်၊ ရင်ခေါင်းကုသခွဲစိတ်၊ ဆီး ကုသခွဲစိတ်၊ နှလုံး အထူးကြပ်မတ်၊ နှလုံးခွဲစိတ်၊ မွေးကင်းစ၊ ကင်ဆာ၊ အသည်း၊ အစာအိမ်၊ အူလမ်းကြောင်း၊ မျက်နှာ၊ မေးရိုး၊ မီးလောင်ဒဏ်ရာ၊ သွေးရောဂ အစရှိတဲ့ ရောဂါများဖြစ်နေတဲ့ ဆင်းရဲနွမ်းပါး ဝေဒနာရှင်များကို သက်ဆိုင်ရာ ဆရာဝန်ကြီးများရဲ့ ဆက်သွယ်မှုအရ လူမျိုးမရွေး၊ ဘာသာမရွေး လိုအပ်သလို အချိန်မီ အကူအညီပေးနေပါတယ်။ တစ်လကို ဆေးရုံတက်လူနာများ အတွက် သိန်း ၇ဝ နီးပါး အကုန်အကျခံကုသပေးနေတာဖြစ်ပါတယ်။

ယခုဖွင့်လှစ်ထာားတဲ့ ကုသို်လ်ဖြစ်ဆေးခန်း နဲ့ ဆေးရုံတက်လူနာကျန်းမာရေးအတွက် လိုအပ်နေတဲ့ ဆေးဝါးများ၊ ဆေးကုသမှုဆိုင်ရာကိရိယာများ၊ ဆေးကုသစရိတ်များအတွက် လှူဒါန်းကုသို်လ်ပြုလိုသူ များအနေနဲ့ ဖုန်း ဝ၂-၃၉၁၄၃ ၊ ဝ၂-၆၆၄၀ဝ သို့ ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ နိဗ္ဗာန်အကျိုး မျှော်ပြီးနိုးဆော်လိုက်ပါရစေဗျာ။

မောင်မန္တလေး

4 comments

  • unclegyi1974

    September 9, 2010 at 4:58 pm

    အင်မတန်လုပ်သင့်လုပ်ထိုက်တဲ့လူမှုရေလုပ်ငန်ပါဗျာ။ အလွန်လဲလိုအပ်နေပါတယ်။ နာရေးအသင်းတွေ
    တခုပြီးတခု ပေါ်လာသလို ဒီကုသိုလ်ဖြစ်ဆေးခန်းတွေလဲ တခုပြီးတခု အမြန်ပေါ် လာပါစေဗျာ။

  • sithuphyo

    September 10, 2010 at 9:26 am

    အရမ်းမွန်မြတ်တဲ့အလုပ်ပါ။ ပရဟိတလုပ်ငန်းလုပ်နေသူများအားလုံးကျန်းမာပါစေ.ချမ်းသာပါစေ။

  • Aung Myat Way

    September 5, 2011 at 5:03 pm

    မြန်မာနိုင်ငံမှာလူမူရေးအသင်းတွေများလာတာဟာအလွန်ကေါင်း
    ပါတယ် ကျနော်အမြင်မှတော့မြန်တွေနိုင်ငံတကါအဆင့်မှီလာပြီဆိုတာ
    သက်သေပြနေတာပါပဲ

  • MaMa

    September 5, 2011 at 6:29 pm

    ဝမ်းသာစရာ သတင်းလေးပါပဲ။ ပင်လယ်ထဲမှာ မိုးရွာချမယ့်အစား အခုလို လိုအပ်တဲ့နေရာမှာ လှူလိုက်တာဟာ သဲကနာ္တရထဲမှာ မိုးစက်မိုးပေါက်ကလေးတွေ ရွာချလိုက်သလို အလွန်အဖိုးတန်ပါတယ်။
    ပိုစ့်တင်ပေးတဲ့လူကိုလည်း ဝမ်းသာစကား ပြောရဦးမယ်။ ကုသိုလ်တခုပြုရာမှာ အလှူရှင်နဲ့အတူ ကုသိုလ်ရတဲ့ ပုဂ္ဂိုလ်တွေကို စာစီထားတာ ရှိတယ်။
    ကိုယ်တိုင်၊ တိုက်တွန်း၊ ချီးမွှမ်း၊ စိတ်တူ ကုသိုလ်ယူ
    ဆိုလိုတာက အလှူ့ရှင်နဲ့အတူ သူ့အလှူကို စိတ်ရောကိုယ်ပါ ဝိုင်းဝန်းဆောင်ရွက်သူ၊ ဝမ်းမြောက်ဝမ်းသာဖြစ်သူ၊ ကုသိုလ်ပြုဖြစ်အောင် တိုက်တွန်းသူ တွေဟာ ထပ်တူအကျိုးရကြပါတယ်။
    သာဓု သာဓု သာဓု။

Leave a Reply