သမ္မတအိုဘားမား၏ နိုဘဲလ်ဆုလက်ခံမိန့်ခွန်း (စတုတ္ထပိုင်း)

DaveDecember 21, 20091min980

လတ်တလောပြစရာနမူနာကတော့ နျူကလီးယားလက်နက်တွေပြန့်ပွားမှုကို တားဆီးဖို့နဲ့ နျူကလီးယားလက်နက်မဲ့ကမ ္ဘာကြီးဖြစ်လာစေဖို့ ကြိုးပမ်းမှုပါပဲ။လွန်ခဲ့တဲ့ရာစုအလယ်မှာ နိုင်ငံတွေဟာ စာချုပ်တစ်ရပ်ချုပ် ဆိုဖို့ သဘောတူညီခဲ့ပြီး ဘယ်သူတွေအတွက်စာချုပ်ချုပ်ခဲ့သလဲဆိုတာ ထင်ရှားစေခဲ့ပါတယ်။အားလုံးဟာ ငြိမ်းချမ်းသောနျူကလီးယားအင်အားကိုတပ်ဆင်ထားမယ်။နျူကလီးယားလက်နက်မရှိသူတွေကရှိအောင် မလုပ်ကြတော့ဘူး။နျူကလီးယားလက်နက်တွေ ပို်င်ဆိုင်တဲ့နို်င်ငံတွေက လက်နက်ဖျက်သိမ်းရေးအတွက်ရှေ့  ရှုဆောင်ရွက်ကြမယ် စသည်ဖြင့်ပေါ့။ဒီစာချုပ်ကို ကျွန်တော်စွဲကိုင်ထားရမှာဖြစ်ပါတယ်။ဒါဟာ ကျွန်တော့် နိုင်ငံခြားရေးမူဝါဒရဲ့ ဗဟိုပြုချက်ပါပဲ။ပြီးတော့ အမေရိကန်နဲ့ရုရှားနျူကလီးယားလက်နက်တွေကို လျှော့ချပစ်ဖို့ ရုရှားသမ္မတ ဒီမီထရီမက်ဒ်ဗေဒက်နဲ့ ပူပေါင်းဆောင်ရွက်နေပါတယ်။

ဒါပေမယ့် အီရန်၊မြောက်ကိုရီးယား အစရှိတဲ့နိုင်ငံတွေဟာ ဒီစနစ်ကိုရမ်းရမ်းကားကား မလုပ်မိစေဖို့ရာ ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိပါတယ်။နိုင်ငံတကာတရားဥပဒေကို လေးစားလိုက်နာဖို့ ကတိကဝတ်ပြု ထားကြသူတွေက အဲဒီဥပဒေတွေကို ထိပါးတဲ့သူတွေရှိလာတဲ့အခါ မျက်ကွယ်ပြုထားလို့ မရပါဘူး။မိမိတို့လုံခြုံရေးအတွက်အလေးထားသူတွေအနေနဲ့ အရှေ့ အလယ်ပိုင်နဲ့အရှေ့ အာရှက လက်နက်ယှဉ်ပြိုင်မှု       အန ္တရာယ်ကို လစ်လျူရှုလို့ မရပါဘူး။ငြိမ်းချမ်းရေးရှာဖွေသူတွေဟာ နျူကလီးယားစစ်ဖြစ်စေဖို့ လက်နက်တပ်ဆင်လာတဲ့အခါမှာ အသာတကြည်ရပ်ကြည့်နေလို့ မရပါဘူး။

ကိုယ့်ပြည်သူလူထုကို ညှင်းပမ်းနှိပ်စက်ခြင်းအားဖြင့် နိုင်ငံတကာဥပဒေကိုချိုးဖောက်နေကြသူတွေနဲ့ ပတ်သက်ပြီးတော့လည်း ဒီသဘောအတိုင်းပါပဲ။ဒါဖောမှာ သတ်ဖြတ်မှုတွေဖြစ်တယ်။ကွန်ဂိုမှာ စနစ်တကျ ကျူး လွန်တဲ့ မုဒိန်းမှုတွေဖြစ်တယ်။မြန်မာနိုင်ငံမှာ ဖိနှိပ်မှုတွေဖြစ်တယ်။အဲဒါတွေအတွက် အဖြေတော့ ရှိလာရမှာဖြစ်ပါတယ်။ကျွန်တောတို့ပိုပြီးပူးကပ်ထားလေလေ လက်နက်ကိုင်ကြားဝင်မှုနဲ့ ဖိနှိပ်ချုပ်ခြယ်ဖို့ ပူးပေါင်း ကြံစည်ကြခြင်းရဲ့ အကြားမှာ ရွေးချယ်ရမယ့်အရာကို ရင်ဆိုင်တွေ့ ရမှု နည်းလေလေဖြစ်လာမှာပါ။

ဒုတိယအချက်အနေနဲ့ ကျွန်တော်တို့ရှာဖွေတဲ့ငြိမ်းချမ်းရေးရဲ့ သဘာဝအကြောင်း ပြေလိုပါတယ်။ငြိမ်းချမ်းရေးဆိုတာ အပြင်ပန်းအငြင်းပွားမှုမရှိယုံသက်သက်မဟုတ်ပါဘူး။လူပုဂ္ဂိုလ်တစ်ဦးချင်းစီရဲ့ အခွင့် အရေးတွေ၊ဂုဏ်သိက္ခာတွေရရှိမှသာလျှင် တရားမျှတတဲ့ငြိမ်းချမ်းရေးတည်ဆောက်နိုင်မှာဖြစ်ပြီး အမှန်တကယ်ရေရှည်တည်တံ့နိုင်မှာဖြစ်ပါတယ်။

ဒီအတွေးအမြင်က ဒုတိယကမ ္ဘာစစ်အပြီးမှာ ကမ ္ဘာလုံးဆိုင်ရာလူ့အခွင့်အရေးများကျေညာချက်မူကြမ်းရေးသူတွေကို တွန်းအားပေးခဲ့တာဖြစ်တယ်။ကပ်ဆိုးကြီးကနိုးထလာတော့ လူ့အခွင့်အရေးတွေကို စောင့်  ရှောက်ခြင်းမရှိရင် ငြိမ်းချမ်းရေးဟာ အနှစ်မဲ့အချည်းအနှီးဖြစ်လိမ့်မယ်ဆိုတာ သူတို့သတိပြုမိခဲ့ကြပါတယ်။အဲဒါတောင်မှ ဒီစကားလုံးတွေဟာ မကြာခဏ လစ်လျူရှုခြင်းခံရပါတယ်။နိုင်ငံတစ်ချို့ မှာ လူ့အခွင့်အရေး တွေကိုပေးဖို့ ပျက်ကွက်နေကြဆဲပါ။ဒါတွေဟာ အနောက်တိုင်းသဘောတရားတွေဖြစ်တယ်။ကိုယ့်ယဉ်ကျေးမှုနဲ့ ပြဒါးတစ်လမ်းသံတစ်လမ်းဖြစ်နေတယ်။နိုင်ငံဖွံ့ဖြိုးမှုအဆင့်တွေကို ကျော်ဖြတ်နေဆဲဖြစ်တယ်   စသည်ဖြင့် ဆင်ခြေဆင်လက်တွေပေးပြီး ပိတ်ပင်ထားတယ်။ပြီးတော့ အမေရိကမှာ သူတို့ကိုယ်သူတို့ အစစ်အမှန်ဝါဒီ၊စံပြဝါဒီတွေလို့ သတ်မှတ်ကြသူတွေအကြား တင်းမာမှုဖြစ်ပွားနေခဲ့တာ ကြာပါပြီ။ စိတ်ဝင်  စားမှုတွေကို လျှော့ချပစ်မလား၊ဒါမှမဟုတ် ကျွန်တော်တို့ရဲ့ စံသတ်မှတ်ချက်တန်ဖိုးတွေကို အမြဲမပြတ်သွတ်သွင်းပေးနေမလား။အဲဒီနှစ်ခုထဲက တစ်ခုကို ပြတ်ပြတ်သားသားရွေးသင့်တယ်လို့ သူတို့က ပြောကြ တယ်။

ကျွန်တော်ကတော့ ဘာကိုမှ မရွေးပါဘူး။တိုင်းသူပြည်သားတွေ လွတ်လပ်စွာပြောဆိုခွင့်မရကြဘူး။မိမိနှစ်သက်ရာ ယုံကြည်ကိုးကွယ်ခွင့်မရကြဘူး ကိုယ့်ခေါင်းဆောင်တွေကို ရွေးချယ်ခွင့်မရကြဘူး၊ အကြောက် တရားကင်းစွာ စုဝေးခွင့်မရကြဘူးဆိုရင် ငြိမ်းချမ်းရေးဟာ တည်တံ့မှာမဟုတ်ဘူးလို့ ကျွန်တော်ယုံ  ကြည်ပါတယ်။ရေငုံနှုတ်ပိတ်ခံစားမှုတွေဟာ နာကျည်းမှုတွေဖြစ်လာတတ်ပါတယ်။လူမျိုးရေး၊ဘာသာရေးဖိနှိပ်ချုပ်ခြယ်မှုတွေဟာလည်း အကြမ်းဖက်မှုတွေဖြစ်လာနိုင်ပါတယ်။ပြီးတော့ ကျွန်တော်တို့အနေနဲ့ ဆန့်ကျင်ဖက်က မှန်တတ်တယ်လို့လည်း သိထားပါတယ်။ဥရောပဟာဆိုရင် လွတ်လပ်သွားပြီဆိုမှ နောက်ဆုံးမှာ ငြိမ်းချမ်းရေးကို ရှာတွေ့ခဲ့တာဖြစ်ပါတယ်။အမေရိကဟာ ဒီမိုကရေစီကိုဆန့်ကျင်ပြီး ဘယ်တုန်းကမှ စစ်မတိုက်ခဲ့ပါဘူး။ကျွန်တော်တို့ရဲ့ အနီးဆုံးမိတ်ဆွေတွေဟာ ကိုယ့်တိုင်းသူပြည်သားတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ပေးတဲ့ အစိုးရတွေဖြစ်ပါတယ်။ခေါင်းမာလွန်းတယ်လို့ပဲ ဆိုဆို၊အမေရိကရဲ့ စိတ်ဝင်စားမှုတွေနဲ့မပတ်သက်ဘူး၊ ကမ ္ဘာ့စိတ်ဝင်စားမှုတွေနဲ့လည်း မဆိုင်ဘူးပဲပြောပြော ကိစ္စမရှိပါဘူး။လူ့အလိုဆန္ဒတွေကို ငြင်းပယ်ခြင်းရှိ၊မရှိ ဆိုတာကိုပဲ ကြည့်ကြရမှာဖြစ်ပါတယ်။

နိုင်ငံအသီးသီးရဲ့ ထူးခြားတဲ့ယဉ်ကျေးမှုနဲ့အစဉ်အလာတွေကို ကျွန်တော်တို့လေးစားတဲ့အလျောက် အမေရိကဟာ ကမ ္ဘာလုံးဆိုင်ရာ အဲဒီအလိုဆန္ဒတွေအတွက် အမြဲဆော်ဩနေမှာပါ။အောင်ဆန်းစုကြည်လို ပြုပြင်ရေးသမားတွေရဲ့ တိတ်ဆိတ်သော ဂုဏ်သရေ၊အရိုက်အနှက်ခံပြီးမဲတွေကိုလွှင့်ပစ်ခဲ့တဲ့ ဇင်ဘာဘွေနိုင်ငံသားတွေရဲ့ သတ္တိ၊အီရန်နိုင်ငံရဲ့ လမ်းတွေပေါ်မှာ ငြိမ်သက်စွာချီတက်ခဲ့ကြတဲ့ သိန်းနဲ့ချီတဲ့လူထုကြီး အစရှိတာတွေကို ကျွန်တော်တို့ သည်းခံပြီး ကြည့်နေကြရဦးမှာ ဖြစ်တယ်။အဲဒီအစိုးရတွေဟာ တခြားဘယ်နိုင်ငံတွေရဲ့ အင်အားကိုမှ မကြောက်ကြပါဘူး။ကိုယ့်တိုင်းသူပြည်သားတွေရဲ့ အလိုဆန္ဒတွေကို    ကြောက်ရွံ့ နေကြတယ်ဆိုတဲ့သဘောပါပဲ။သူတို့ရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေမှာ မျှော်လင့်ချက်ရှိတယ်။သမိုင်းက သူတို့ဖက်က သက်သေခံလိမ့်မယ် စသည်ဖြင့်ထင်ရှားစေဖို့အတွက် လွတ်လပ်တဲ့လူထုတွေ၊လွတ်လပ်တဲ့နိုင်ငံတွေမှာ တာဝန်ရှိပါတယ်။

လူ့အခွင့်အရေးတွေမြှင့်တင်တယ်ဆိုတာ တိုက်တွန်းတာတစ်ခုတည်းနဲ့တော့ မဖြစ်နိုင်ပါဘူး။အဲဒီလိုပဲ ပြောလိုက်ပါရစေ။တစ်ခါတစ်ရံမှာ သံတမန်နည်းလမ်းနဲ့ ခပ်နာနာခပ်ဆတ်ဆတ် မြှင့်တင်ရပါတယ်။ဖိနှိပ် ချုပ်ခြယ်တဲ့အစိုးရတွေနဲ့ပတ်သက်ရတဲ့အခါမှာ ခက်ထန်မှုကြုံရပြီး ကျေနပ်ဖွယ်ကောင်းမှုကင်းမဲ့သွားတတ်တယ်။ကျယ်ပြန့်ထိရောက်မှုမရှိတဲ့ပိတ်ဆို့အရေးယူမှုတွေ၊ဆွေးနွေးမှုမရှိတဲ့ ပြစ်တင်ရှုတ်ချတာတွေဟာ ဒုံရင်းအခြေအနေကို ဒုံရင်းမှာပဲ လိမ်ဖယ်ဖယ်ဖြစ်နေပါစေလိမ့်မယ်။တံခါးဖွင့်ဖို့ရွေးချယ်မှုမရှိဘူးဆိုရင် ဘယ် ဖိနှိပ်ချုပ်ခြယ်တဲ့အစိုးရမှ လမ်းသစ်ဖောက်နိုင်မှာ မဟုတ်ပါဘူး။

ယဉ်ကျေးမှုတော်လှန်ရေးရဲ့ ခြောက်ခြားမှုအလင်းထဲမှာ နစ်ဆင်နဲ့မော်တို့ရဲ့ အစည်းအဝေးဟာ ဆင်ခြေပေးလို့မရသလိုဖြစ်ခဲ့တယ်။ပြီးတော့ သေချာတာက နိုင်ငံသားသန်းပေါင်းများစွာကို ဆင်းရဲတွင်းထဲက ကယ်တင်ပြီး ပွင့်လင်းတဲ့လူ့အဖွဲ့ အစည်းတွေနဲ့ အဆက်အသွယ်ရဖို့ လမ်းစကို တရုတ်နိုင်ငံအတွက်ဖောက်လုပ်ရာမှာ အထောက်အကူရစေခဲ့ပါတယ်။ပုပ်ရဟန်းမင်းကြီးဂျွန်ပေါလ်ရဲ့ ပိုလန်နိုင်ငံနဲ့ စေ့စပ်    ဆွေးနွေးမှုဟာ ကက်သိုလစ်သာသနာအတွက်သာမက လိချ်ဝဲလ်ဆာတို့လို လေဘာခေါင်းဆောင်တွေအတွက်ပါ အခွင့်အလန်းတွေ ပွင့်စေခဲတယ်။ရိုနယ်လ်ရေဂင်ရဲ့ လက်နက်ထိန်းချုပ်ရေးကြိုးပမ်းမှုတွေနဲ့  ပဲရက်စထွိုက်ကာဝါဒနဲ့ပေါင်းစည်းမှုဟာ ဆိုဗီယက်ယူနီယံနဲ့ဆက်ဆံရေးကို တိုးတက်စေရုံမျှမက အရှေ့  ဥရောပတလျောက်က သဘောထားကွဲလွဲသူတွေကိုလည်း အင်အားဖြစ်စေခဲ့ပါတယ်။ရိုးရှင်းတဲ့  ပုံသေနည်းတော့ ဒီမှာမရှိပါဘူး။ဘာပဲဖြစ်ဖြစ် သီးခြားဖြစ်တည်မှုနဲ့စေ့စပ်မှု၊ဖိအားနဲ့ထကြွမှုတွေ ချိန်ခွင်လျှာညီမျှစေဖို့၊လူ့အခွင့်အရေးနဲ့ ဂုဏ်သိက္ခာအချိန်နဲ့အမျှတိုးတက်လာစေဖို့ ကျွန်တော်တို့ တတ်နိုင်    သလောက် ကြိုးစားကြရမှာဖြစ်ပါတယ်။