weiweiOctober 23, 20104min4659
အပေါ်ပိုင်းကပုံတွေက ကမ္ဘာ့အမြင့်ဆုံးနေရာမှာ တည်ရှိတယ့် သဘာဝ စေတီပုထိုးများဖြစ်ပါတယ်။ ပုံမှာမြင်နေရတယ့် တောင်ထိပ်က စေတီပုံလေးတွေက သဘာဝအတိုင်းဖြစ်နေတာပါ။ တိဗက်ဘာသာဝင်တွေရဲ့ အထွတ်အမြတ်အထားဆုံး စေတီလေးတွေဖြစ်ပါတယ်။ ဧဝရတ်တောင်နားမှာရှိပြီး ထူးဆန်းတယ့် သဘာဝကျောက်တုံးတွေကလဲ သူ့ဇာတ်လမ်းနဲ့သူ ပါပဲ။ ထူးခြားတာကတော့ နွားဂျိုကို ကိုးကွယ်ယုံကြည်မှုရှိတာကိုတွေ့ခဲ့ရတယ်။ သဘာဝအတိုင်း လူပုံပေါ်နေတယ့်ကျောက်တုံးပုံလဲ ပြထားပေးတယ်။ သူတို့လူမျိုးတွေက ကျောက်တုံးလေးတွေကို ဆင့်ပြီး စေတီလိုလုပ်ပြီး ကုသိုလ်ယူထားကြတယ့် ပုံလဲ ပြထားပေးတယ်နော် … (Rong bu si) လို့တရုတ်လိုခေါ်တယ့် ဘုန်းကြီးကျောင်းကတော့ အဲဒီစေတီနေရာကနေ မိနစ် ၂ဝ လောက် လမ်းလျှောက်သွားရတယ်။ ၁၈၉၉ ခုနှစ်က တည်ဆောက်ခဲ့တာဖြစ်ပြီး အံ့ဩဖွယ်ဗိသုကာလက်ရာနဲ့ ထူးခြားတယ့် ရာသီဥတုနဲ့ သဘာဝအလှတွေပြည့်နှက်နေတယ့်နေရာတစ်ခုပါပဲ။ အဲဒီနေရာကို ရောက်ဖူးတယ့်သူတွေက အခုလိုမျိုး ပြောကြတယ်။ , John Noel, […]