Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Rongbuk Monastery, ကမ္ဘာ့အမြင့်ဆုံးနေရာမှ စေတီနဲ့ ဘုန်းကြီးကျောင်း

weiweiOctober 23, 20104min3319

အပေါ်ပိုင်းကပုံတွေက ကမ္ဘာ့အမြင့်ဆုံးနေရာမှာ တည်ရှိတယ့် သဘာဝ စေတီပုထိုးများဖြစ်ပါတယ်။ ပုံမှာမြင်နေရတယ့် တောင်ထိပ်က စေတီပုံလေးတွေက သဘာဝအတိုင်းဖြစ်နေတာပါ။ တိဗက်ဘာသာဝင်တွေရဲ့ အထွတ်အမြတ်အထားဆုံး စေတီလေးတွေဖြစ်ပါတယ်။ ဧဝရတ်တောင်နားမှာရှိပြီး ထူးဆန်းတယ့် သဘာဝကျောက်တုံးတွေကလဲ သူ့ဇာတ်လမ်းနဲ့သူ ပါပဲ။ ထူးခြားတာကတော့ နွားဂျိုကို ကိုးကွယ်ယုံကြည်မှုရှိတာကိုတွေ့ခဲ့ရတယ်။ သဘာဝအတိုင်း လူပုံပေါ်နေတယ့်ကျောက်တုံးပုံလဲ ပြထားပေးတယ်။ သူတို့လူမျိုးတွေက ကျောက်တုံးလေးတွေကို ဆင့်ပြီး စေတီလိုလုပ်ပြီး ကုသိုလ်ယူထားကြတယ့် ပုံလဲ ပြထားပေးတယ်နော် … (Rong bu si) လို့တရုတ်လိုခေါ်တယ့် ဘုန်းကြီးကျောင်းကတော့ အဲဒီစေတီနေရာကနေ မိနစ် ၂ဝ လောက် လမ်းလျှောက်သွားရတယ်။ ၁၈၉၉ ခုနှစ်က တည်ဆောက်ခဲ့တာဖြစ်ပြီး အံ့ဩဖွယ်ဗိသုကာလက်ရာနဲ့ ထူးခြားတယ့် ရာသီဥတုနဲ့ သဘာဝအလှတွေပြည့်နှက်နေတယ့်နေရာတစ်ခုပါပဲ။ အဲဒီနေရာကို ရောက်ဖူးတယ့်သူတွေက အခုလိုမျိုး ပြောကြတယ်။ , John Noel, said “Some colossal architect, who built with peaks and valleys, seemed here to have wrought a dramatic prodigy—a hall of grandeur that led to the mountain.” Often shrouded in clouds and mist, the great peak was alternately described as “a preposterous triangular lump” (by Mallory) and “a glittering spire of rock fluted with snow” (by Odell), with “an imposing head of granite and ice,” (Noel) and it looms large over the Rongbuk glacier, shining white at its feet. အဲဒီဘုန်းကြီးကျောင်းနဲ့ မျက်နှာချင်းဆိုင်နေရာမှာတော့ တည်းခိုခန်းတစ်ခု ဖွင့်ထားတယ်။ ခရီးသည် ၁၀ဝ လောက်တည်းခိုနိုင်ပါတယ်။ အရမ်းအေးတယ့်နေရာဖြစ်ပြီး လျှပ်စစ်မီးမရှိတာကြောင့် အအေးဒဏ်ကို မကာကွယ်နိုင်ပါဘူး။ ကျွန်မတို့ကတော့ အဲဒီနေရာကိုကြည့်ပြီး တည်းခိုဖို့အဆင်မပြေလောက်ဘူးလို့ယူဆလိုက်ပြီး တိဗက်စတိုင် ရွက်ဖျဉ်တဲတစ်ခုမှာ သွားတည်းကြပါတယ်။ ထူးခြားတယ့်အပူပေးစနစ်ကြောင့် တဲလေးထဲမှာနွေးနေပါတယ်။ ပိုင်ရှင်မိသားစုကလဲ ဖော်ဖော်ရွေရွေရှိလို့ တစ်ညတာတည်းခဲ့ရတာ စိတ်ချမ်းသာခဲ့ပါတယ်။ ကလေးတွေကို ကြည့်ရတာ အရမ်းဆင်းရဲပြီး အဝတ်အစားတွေလဲ ညစ်ထေးနေတာတွေ့တာနဲ့ ပြန်ခါနီးမှာ ကျွန်မတို့ ဝတ်ထားတယ့်အနွေးထည်နဲ့ ခြေအိပ်တွေကို ချွတ်ပေးခဲ့မိပါသေးတယ်။ ပါသွားသမျှမုန့်နဲ့ ပေးလို့ရသမျှ အကုန်ပေးပြီး ပျော်ရွှင်စွာနဲ့ ပြန်လာခဲ့ပါတယ်။

9 comments

  • weiwei

    October 23, 2010 at 6:28 pm

    အပေါ်က ဓါတ်ပုံ ၉ ပုံက စေတီလို့သတ်မှတ်တယ့်နေရာပါ။ အောက်က ပုံတွေကတော့ ဘုန်းကြီးကျောင်းပါ။ စေတီကတော့ ဧဝရတ်တောင်ခြေနဲ့အနီးဆုံးမှာရှိပြီးတော့ ဘုန်းကြီးကျောင်းကတော့ ကားနဲ့ ၁ဝ မိနစ်လောက်သွားမှ ရောက်တယ့်နေရာမှာရှိပါတယ်။

  • kai

    October 23, 2010 at 11:13 pm

    မိခင်သဘာဝတရားရဲ့အလှတွေနဲ့…လူတွေရဲ့ကြံဖန်တဲ့ဆက်စပ်တွေးတွေကို..လပုံဖေါ်ပြထားတဲ့ နေရာလို့သာ ပြောချင်ပါတော့တယ်.။
    အံဖွယ်တွေချည်းပါပဲ..။
    သစ်ပင်ကြီးတွေ တပင်မှတောင် မတွေ့မိပါလား..။
    သစ်ပင်တွေတကယ်ကို မရှိတာလား..ဓါတ်ပုံထဲကျန်ခဲ့တာလားသိချင်သား..။

  • bigcat

    October 24, 2010 at 3:25 am

    သောက်သုံးရေကို ဘယ်လိုရကြလည်း မသိဘူးနော်။ တိဘက် တသန်းလောက် နယ်စပ်အိန္ဒိယဖက်မှာ ရှိတယ်တဲ့။ ၁၉၅ဝ လောက်ကလားမသိဘူး ကူမြူနစ်တရုတ်တွေ တိဘက်ကို သိမ်းတော့ ဒလိုင်လားမားတို့ ထွက်ပြေးကထဲက ရောက်နေတာတဲ့။ ကြားဖူးနားဝရှိတာတော့ အဲဒီအချိန်က အိန္ဒိယအစိုးရ (ဝန်ကြီးချုပ်က နေရူးထင်တယ်) ကို ဘိုးတော် ဆိုင်းဘာဘာက တိုက်တွန်းလို့ ခိုလှုံဖို့နေရာ ပေးထားတာတဲ့။ အဲဒီမှာ အဝေးရောက် အစိုးရအဖွဲ့နဲ့ ရွေးကောက်ပွဲနဲ့ ပုံမှန်တိုင်းပြည်တခုလိုပဲ နေသားကျနေတယ်ထင်တယ်။ ပြည်မက တရုတ်တွေက တိဘက်အကြောင်းပြောလိုက်ရင် တီဆားနဲ့တွန့်သလိုဖြစ်သွားကြတယ်။ သူတို့ ဘာပြောလဲဆိုတော့ တိဘက်က ဟိုးအရင်ကထဲက သူတို့ကိုလိုနီတဲ့။ အသိတယောက်ရဲ့ သမီးက အဲလိုဆို နင်တို့တရုတ်ပြည်လည်း မွန်ဂိုတွေလက်အောက် ကျခဲ့တာ သမိုင်းမှာ အထင်အရှား ရှိလို့ သူတို့က တရုတ်ပြည်ကို ပိုင်တယ်ဆိရင် ဘာပြောမလဲဆိုတော့ ဒေါကန်သွားတယ်တဲ့။ ပြောရတာခက်ပါတယ် သမိုင်းကို လက်ညိုးထိုးကြေးဆို သူ့ဟာကိုယ့်ဟာနဲ ငြင်းလို့ဆုံးမယ် မထင်တော့ဘူး။

  • weiwei

    October 24, 2010 at 3:59 am

    အပင်ကြီးတယ့်သစ်ပင်တော့ တစ်ပင်မှ မတွေ့ခဲ့ရပါဘူး။ သဘာဝမြေဆီလွှာတွေကို ထိန်းသိမ်းတယ့်အလုပ်တွေကိုတော့ အံ့ဩလောက်အောင် လုပ်ဆောင်ထားတာကိုတွေ့ရတယ်။ တရုတ်အစိုးရက တိဗက်ပြည်နယ်တိုးတက်ရေးကို အထူးအလေးထားဆောင်ရွက်နေတယ်ဆိုတာကို မျက်မြင်တွေ့ခဲ့ရတယ်။ လမ်းတွေက အရမ်းကောင်းပြီး ဂိတ်တွေရှိတယ်။ လမ်းဖြတ်ခပေးရတယ်။ သူတို့ဆီမှာ အမြန်မမောင်းရတယ့် မိုင်နှုန်းသတ်မှတ်ချက်ရှိတယ်။ ဘယ်လိုသတ်မှတ်လဲဆိုတော့ ဂိတ်တစ်ခုကိုဖြတ်ရင် စာရွက်ပေါ်မှာ အချိန်ကိုရေးပေးလိုက်တာ။ နောက်တစ်ဂိတ်ရောက်ရင် အချိန်ပြန်စစ်တယ်။ အမြန်မောင်းလာရင် သိအောင်ပေါ့လေ။ ကျွန်မတို့က ပါဂျက်ရိုကားနဲ့သွားတာဒ ရိုင်ဘာက ဂိတ်တစ်ခုရောက်ခါနီးတိုင်း ကားရပ်ပြီး ၁ဝ မိနစ်လောက်နားတယ်။ သူ့ကားက အရမ်းမြန်နေတော့ ဒီအတိုင်းအဲဒီဂိတ်ကိုဝင်ရင် ဒါဏ်ငွေဆောင်ရမှာတယ့်။ ကျွန်မတို့သွားတုန်းက တိဗက်က ဆန္ဒပြထားပြီးကာစအချိန်ပါ။ နေရာတိုင်းမှာ စစ်သားအစောင့်တွေရှိနေပြီး လုံခြုံရေး အရမ်းတင်းကြပ်တယ့်အချိန်ပေါ့။ ဒါပေမယ့် အဲဒီလုံခြုံရေးတွေက အရမ်းသဘောကောင်းတွေ ဖော်ဖော်ရွေရွေနဲ့ ခရီးသွားတွေကို ကူညီကြတာကိုလဲ အံ့ဩစရာအနေနဲ့ကြုံခဲ့ရပါသေးတယ်။ သောက်ရေဘယ်ကနေရသလဲတော့ မသိပေမယ့် မိုးရွာတာနဲ့ ၂ ရက်လောက်ကြုံခဲ့တယ်။ ဟိုတယ်မှာလဲ ရေတွေပေါတာတွေ့တော့ မစပ်စုမိခဲ့ဘူး။

  • ဆူး

    October 24, 2010 at 4:08 am

    တိဘက် အကြောင်း တခု သိရလို့ ဝင်ရေးလိုက်ပါသည်။
    သာသနာ အိနိ္ဒယမှာ စတင်ပေါ်ထွန်းခဲ့ပေမဲ့.. သာသနာ ဖျက်တဲ့ မိစ္ဆာဒိဠိ မင်းတွေ ကြီးစိုးတော့.. သာသနိက အဆောက်အအုံတွေ ဖျက်စီးတယ်.. ဗောဓိပင်ကို ခုတ်ခဲ့ကြတယ်။ သံဃာတွေကို သတ်တယ်.. နယ်မြေ ကျယ်ပြန့် အားကောင်းလာပြီး ကြီးစိုးသွားတယ်။ ဟိန္ဒူဝါဒကတော့ သုတ်သင်ခံရပေမဲ့ အဲဒီ ဝါဒ ဘုရင်တွေ ကြားထဲကနေ ပြန်လည် ရှင်သန်လာပြီး အခု ဟိန္ဒူ နိုင်ငံ အဖြစ်ရပ်တည်နေတယ်။ ဒါကတော့ ထားပါတော့..
    နာလန္ဒ တက္ကသိုလ်ဆိုတာ ဟိုးအရင်ကလည်းက ရှိတယ်။ အဲဒီ တက္ကသိုလ်ကို ဗုဒ္ဓဂါယာ သွားတဲ့ ခရီးသွားတိုင်းကို ပို့ပေးတယ် အဲဒီ တက္ကသိုလ်က တချိန်က သာသနာ ဖျက်ခဲ့တဲ့ မင်းတွေက ထို ဘုန်းကြီးကျောင်း (တက္ကသိုလ်) ကို ဝိုင်းရံ မီးရှို့ခဲ့ပါတယ်။ အထဲမှာ အဖိုးတန် ပေစာတွေ များစွာ သိမ်းဆည်းထားခဲ့ပါတယ်။ သံဃာတွေ အများကြီး အရေအတွက် မသည်းကွဲလို့ နောက်မှ ပြန်ရှာပြီး ပြောမယ်.. အဲဒီ အထဲမှာ ပိတ်မိပြီး မီးလောင်တိုက်သွင်းခံခဲ့ရတယ်.. တချို့ ရဟန်းများက ပိဋကတ်တွေ နိုင်သလောက် သယ်ပြီး ထို မင်းတို့ လွတ်ရာ တရုတ်ပြည် တိဘက်ကို ပြေးသွားခဲ့ပါတယ်။ တိဘက်ကို ပိဋကတ်တွေ သယ်သွားတဲ့ ရဟန်းတွေ ရှိတဲ့ အတွက်.. သာသနာ တိဘက်မှာ ရှိပြီး ဘုရားကျောင်းကန်တွေ များစွား ဖြစ်ပေါ်လာခဲ့ပါတယ်။ ကံအားလျှော်စွာ.. သာသနာ ထေရဝါဒ မဟုတ်ဘဲ.. သယ်ဆောင်သွားတဲ့ ပိဋကတ်နဲ့ စာပေ ကျမ်းကန်တွေက အပြည့်အစုံ မဟုတ်တဲ့ အတွက်.. လိုတာ ဖြည့်.. ပိုတာထည့် လုပ်ထားလို့.. မဟာယန သာသနာ ဖြစ်လာခဲ့တာပါ။ အခုပြောတာတော့ သိတာလေး အကျဉ်း ရေးပေးတာပါ.. အကျယ်ရေးရင် အများကြီးဘဲ.. နောက်မှ အချိန်ရမှ သေချာ ပြုစုပြိး ရေးပေးမယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 24, 2010 at 5:13 am

    ဘာပဲဖြစ်ဖြစ်ပါဗျာ ဓာတ်ပုံ ပိုင်ရှင်လေးကို လည်းမြင်ချင် စမ်းပါဘိတော့
    အဟိ!!!!!!!!!!!!!!!

    • ဆူး

      October 24, 2010 at 5:35 am

      ကင်မရာ နောက်က လူသား ကို ဓါတ်ပုံ ရုပ်ရှင်ထဲမှာ မြင်နိုင်ဖို့ မလွယ်ဘူး.. မှန်ဘီလူး အရှေ့လှည့်ထားလို့.. ဟီးဟီး..

  • weiwei

    October 24, 2010 at 5:40 am

    ဆူးပြောတာဟုတ်တယ် … နောက်တစ်ခါကျရင် ကျွန်မတို့ကို guide လုပ်ပေးတယ့် တိဗက်မ ပုံ ပြမယ်နော် …

    • ဆူး

      October 24, 2010 at 5:47 am

      မျက်နှာ ဝိုင်းဝိုင်း ပါးရဲရဲနဲ့.. မျက်လုံးမှေးမှေး လေးဘဲ ဖြစ်မှာဘဲ..

Leave a Reply