……………..

အသုံးပြုနည်းလမ်းညွှန် – A Guide to Using Mandalay Gazette ( Must Read!!)

A Guide to Using Mandalay Gazette ( Must Read!!)   << Click here! <<<


ကေသမုတ္တိသုတ် (ခေါ်) ကာလာမသုတ်-

ကာလာမမင်းတို့ …
၁။ သင်တို့သည်ပြောသံ ကြားကာမျှဖြင့် (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊
၂။ အစဉ်အဆက် စကားမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊
၃။ ဤသို့ ဖြစ်ဖူးသတတ်ဟူသော စကားမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်)
မယူကုန်လင့်ဦး။
၄။ ပိဋကတ် (မိမိတို့ရှေးဟောင်းကျမ်းဂန်) စာပေနှင့် ညီညွတ်ပေသည်ဟူ၍လည်း
(ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊
၅။ ကြံဆတွေးတော၍ ယူခြင်းမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန် လင့်ဦး၊
၆။ နည်းမှီးယူခြင်းမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊
၇။ အခြင်းအရာကို ကြံစည်သောအားဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူ ကုန်လင့်ဦး၊
၈။ (ငါတို့) ကြံစည်နှစ်သက်၍ ယူထားသောအယူနှင့် တူညီပေသည်ဟူ၍လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊
၉။ ငါတို့လေးစားသော ရဟန်း၏ စကားဟူ၍လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူ ကုန် လင့်ဦး။

ကာလာမမင်းတို့ {{ဤတရားတို့ကား အကုသိုလ်တရားတို့တည်း၊ ဤတရားတို့ ကား အပြစ်ရှိသော တရားတို့တည်း၊ ဤတရားတို့ကား ပညာရှိတို့ ကဲ့ရဲ့အပ်သော တရားတို့တည်း။ ဤတရားတို့ကို ပြည့်စုံစေအပ် ဆောက်တည် အပ်ကုန်သည် ရှိသော် အစီးအပွားမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်ကုန်၏}}ဟု သင်တို့သည် မိမိတို့ ကိုယ်တိုင်ပင် သိသောအခါ၌မူ ပယ်စွန့်ကုန်ရာ၏။

ကာလာမမင်းတို့ {ဤတရားတို့ကား ကုသိုလ်တရားတို့တည်း၊ ဤတရားတို့ကား အပြစ်မရှိသော တရားတို့တည်း၊ ဤတရား တို့ကား ပညာရှိတို့ ချီးမွမ်းအပ်သော တရားတို့တည်း။ ဤတရားတို့ကို ပြည့်စုံစေအပ် ဆောက်တည် အပ်ကုန်သည် ရှိသော် အစီးအပွားရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ကုန်၏}ဟု သင်တို့သည် မိမိတို့ ကိုယ်တိုင်ပင်လျှင် သိသောအခါ၌မူ ပြည့်စုံစေ၍ နေကုန်ရာ၏။

၅ – ကေသမုတ္တိသုတ်၊ မဟာဝဂ်၊ တိကနိပါတ်၊ အင်္ဂုတ္ထိုရ်။

Kalama Sutta

The people of Kalama asked the Buddha who to believe out of all the ascetics, sages, venerables, and holy ones who, like himself, passed through their town. They complained that they were confused by the many contradictions they discovered in what they heard. The Kalama Sutta is the Buddha’s reply.

– Do not believe anything on mere hearsay.
– Do not believe in traditions merely because they are old and have been handed down for many generations and in many places.
– Do not believe anything on account of rumors or because people talk a a great deal about it.
– Do not believe anything because you are shown the written testimony of some ancient sage.
– Do not believe in what you have fancied, thinking that, because it is extraordinary, it must have been inspired by a god or other wonderful being.
– Do not believe anything merely because presumption is in its favor, or because the custom of many years inclines you to take it as true.
– Do not believe anything merely on the authority of your teachers and priests.
– But, whatever, after thorough investigation and reflection, you find to agree with reason and experience, as conducive to the good and benefit of one and all and of the world at large, accept only that as true, and shape your life in accordance with it.

 

 

“Do not believe in anything simply because you have heard it. Do not believe in anything simply because it is spoken and rumored by many. Do not believe in anything simply because it is found written in your religious books. Do not believe in anything merely on the authority of your teachers and elders. Do not believe in traditions because they have been handed down for many generations. But after observation and analysis, when you find that anything agrees with reason and is conducive to the good and benefit of one and all, then accept it and live up to it.”

Buddha (Hindu Prince Gautama Siddharta, the founder of Buddhism, 563-483 B.C.)

အပေါ်မှာ ကာလမသုတ်ကိုဖော်ပြထားရတာ အကြောင်းရှိပါတယ်။
ဒီ တရားဟာ ဗုဒ္ဓရဲ့တရားတွေထဲမှာ အခုခေတ်အထိ အနောက်တိုင်း၊ အရှေ့တိုင်း ဖီလိုဆိုဖာတွေက လေးစားရတဲ့စကား၊ တရားဖြစ်လို့ပါ။
ဒီတရားကို စာတွေရေးသားရာမှာ Writing Guidelines တခုအဖြစ်ထားစေချင်ပါတယ်။

ရဟန်းတို့ …
“လောကသည ်မြဲ၏ ဟူ၍လည်းကောင်း” ၊ “လောကသည် မမြဲ ဟူ၍လည်းကောင်း” ၊
“လောကသည် အဆုံးရှိသည် ဟူ၍လည်းကောင်း” ၊ “လောကသည် အဆုံးမရှိ ဟူ၍လည်းကောင်း” ၊
“ထိုအသက်သည် ထိုကိုယ်ဖြစ်သည် ဟူ၍လည်းကောင်း” ၊ “အသက်သည် တခြား၊ ကိုယ်သည် တခြားဖြစ်သည် ဟူ၍လည်းကောင်း” ၊
“သတ္တဝါသည် သေပြီးနောက် ဖြစ်သည် ဟူ၍လည်းကောင်း” ၊ “သတ္တ္တဝါသည် သေပြီးနောက် မဖြစ် ဟူ၍လည်းကောင်း” ၊
“သတ္တဝါသည် သေပြီးနောက် ဖြစ်လည်းဖြစ်၊ ဖြစ်လည်းမဖြစ် ဟူ၍လည်းကောင်း” ၊ “သတ္တဝါသည် သေပြီးနောက် ဖြစ်သည်လည်းမဟုတ်၊ မဖြစ်သည်လည်းမဟုတ် ဟူ၍လည်းကောင်း” ဤသို့ ယုတ်ညံ့သော အကုသိုလ်စိတ်ကို မကြံစည်ကုန်ရာ။

(ထိုသို့မကြံရစည်ခြင်းသည် အဘယ့်ကြောင့်နည်း)

ရဟန်းတို့ …
ဤသို့ကြံစည်ခြင်းသည် ယုတ်ညံ့သည်၊ အကျိုးစီးပွားနှင့်မစပ်၊ မဂ်တည်းဟူသော အကျင့်မြတ်၏ အစမဟုတ်၊ ငြီးငွေ.ရန်၊ တပ်မက်ခြင်းကင်းရန်၊ ဒုက္ခချုပ်ရန်၊ ဒုက္ခချုပ်ငြိမ်းရန်၊ ထူးသောဉာဏ်ဖြင့်သိရန်၊ ကိုယ်တိုင်သိရန်၊ တဏှာမှ လွတ်မြောက်ရန် မဖြစ်။

ရဟန်းတို့ …
ကြံစည်လိုကြလိုကြကုန်သော် “ဤကား ဆင်းရဲတည်း” ဟု ကြံစည်ကုန်ရာ၏။ “ဤကား ဆင်းရဲဖြစ်ပေါ်ရာ အကြောင်းတည်း” ဟုကြံစည်ကုန်ရာ၏။
(အဘယ်ကြောင့် ထိုကဲ့သို့ ကြံစည်ရသနည်း)

ထိုကဲ့သို့ကြံစည်ခြင်းသည် အကျိုးစီးပွားနှင့်စပ်၏၊ မဂ်တည်းဟူသော အကျင့်မြတ်၏အစ၊ ငြီးငွေ.ရန်၊ တပ်မက်ခြင်းကင်းရန်၊ ဒုက္ခချုပ်ရန်၊ ဒုက္ခချုပ်ငြိမ်းရန်၊ ထူးသောဉာဏ်ဖြင့်သိရန်၊ ကိုယ်တိုင်သိရန်၊ တဏှာမှ လွတ်မြောက်ရန် ဖြစ်၏။
ရဟန်းတို့ ထို့ကြောင့် “ဤကား ဆင်းရဲဖြစ်ပေါ်ရာ အကြောင်းတည်း” ဟုသိရန်အားထုတ်ရမည်။ သို့မှသာနိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်တည်း။

ကိုးကား
( ပြည်ထောင်စုမြန်မာနိုင်ငံတော် သာသနာရေးဦးစီးဌာန ပုံနှိပ်တိုက်မှ ရိုက်နှိပ်သော ဆဋ္ဌသင်္ဂါယနာတင် ပိဋကတ်တော် သံယုတ်ပါဠိတော် (မြန်မာပြန်) တတိယတွဲ၊ စာမျက်နှာ ၃၇၁ မှ သုတ်အမှတ်စဉ် ၁၀၇၈၊ စိန္တသုတ် )

=========

သတင်းထောက်၏ ပင်မအလုပ်သည် သတင်းများကို ရှာဖွေထောက်လှမ်းရေးသားခြင်းဖြစ်သည်။ သတင်းအချက်အလက်များကို အပိုအလိုမရှိ ပြည့်စုံတိကျနိုင်သမျှ ပြည့်စုံတိကျအောင် ရေးသားနိုင်မှ သတင်းထောက်ကောင်းဟု အသိအမှတ်ပြုခံရမည်ဖြစ်သည်။

ပြည့်စုံတိကျသော သတင်းတစ်ပုဒ်တွင်ပါရှိရမည့်’ဘ’ခြောက်လုံးကို နိုင်ငံတကာစံအဖြစ် လက်ခံထားကြသည်။

၁။ ဘာဖြစ်တာလဲ။ (What Happened?)

၂။ ဘယ်သူတွေပါသလဲ။ (Who did it involve?)

၃။ ဘယ်တုန်းကလဲ။(When did it happen?)

၄။ ဘယ်မှာလဲ။ (Where did it happen?)

၅။ ဘာကြောင့်လဲ။ (Why did it happen?)

၆။ ဘယ်လိုဖြစ်သလဲ။ (How did it happen?)

အင်္ဂလိပ်လို ဒဗလျူ(W)ငါးလုံးနှင့် အိပ်ချ်(H) တစ်လုံး။ မြန်မာလို ‘ဘ’ခြောက်လုံးနှင့် ပြည့်စုံရမည်ဟု ဆိုသည်။

(မောင်ဝံသ-သတင်းစာပညာ သဘောတရားနှင့်လက်တွေ့မှ ပြန်လည်ဖော်ပြသည်။)

==

သတင်းဘယ်လိုရေးမလဲ…

အစကို ရေးရတာဟာ အခက်ဆုံးပဲလို့ သတင်းစာဆရာ အတော်များများကပဲ ပြောကြပါတယ်။ ကိုယ့် သတင်းရဲ့အစ စကားလုံးက တကယ်လည်း အရေးကြီးတာကိုး။ အဖွင့်စာပိုဒ်က စိတ်ဝင်စားစရာဆိုရင် စာဖတ်သူ က အဲဒီသတင်းကိုဆုံးတဲ့အထိ ဖတ်ဖြစ်သွားမယ်။ စိတ်ဝင်စားစရာ မကောင်းရင်တော့ နောက်စာမျက်နှာကို လှန်သွားမှာပဲ။

ကိုယ်က အဖွင့်စာပိုဒ်ကို ဘယ်လို ရေးမယ်ဆိုတာ ဆုံးဖြတ်ပြီးသွားရင် နောက်စိန်ခေါ်လာတာက သတင်းရဲ့ ကျန်တဲ့ အပိုင်းကို ဘယ်လိုစုစည်းပြီး ရေးမလဲဆိုတာပါ။ အဆင်ပြေပြေ ဖြစ်အောင် သတင်းအချက်အလက်တွေကို ဘယ်လို စီစဉ်ပြီး ရေးမလဲပေါ့။ ဒီလို အချက်အလက်တွေ အစီအစဉ်တကျဖြစ်အောင် ဆိုတာဟာ ဝါရင့်စာရေး ဆရာတွေအတွက်တောင်မှ မကြာခဏဆိုသလို အခက်တွေ့ရတတ်တာမျိုး။ ကိုယ်က အချက်အလက်တွေ အများကြီး စုဆောင်းယူလာတာလေ။ ဒီတော့ ဘယ်ဟာတွေကို သုံးပြီး ဘယ်ဟာတွေကို ချန်ပစ်ခဲ့ရမယ်ဆိုတာ ဆုံးဖြတ်ရခက်နေတတ်တာပေါ့။

သတင်းဆောင်ပါးတွေမှာဆိုရင် နိဂုံးကလည်း အရေးကြီးပါတယ်။

အဖွင့်

အဖွင့် နှစ်မျိုးရှိပါတယ်။ တိုက်ရိုက်အဖွင့်နဲ့ အဖွဲ့အနွဲ့ အဖွင့်ပါ။

တိုက်ရိုက်အဖွင့်က စာဖတ်သူကို သတင်းရဲ့ ပင်မအကြောင်းအရာကို တန်းပြောပြပေးတယ်။ (ပထမဦး ဆုံး ဝါကျမှာပဲ စပြီး ပြောပြတာဖြစ်ပါတယ်။

အဖွဲ့ အနွဲ့ အဖွင့်ကတော့ ဖြစ်ရပါတိုကလေးတစ်ခု၊ ဒါမှမဟုတ် အခြေအနေ တစ်ရပ်မှာရှိတဲ့ လူ တစ်ယောက်ကို ဥပမာပေးလို့ ဖြစ်စေ၊ ဒါမှမဟုတ် မြင်ကွင်းတစ်ခုကို သရုပ်ဖော်ပြလို့ဖြစ်စေ အမြဲစတယ်။ အဲဒီ ဖော်ကျူးချက်တွေက သတင်းဆောင်းပါးရဲ့ အဓိကအကြောင်းအရာကို ဖော်ပြပေးတယ်၊ ဒါမှမဟုတ်လည်း ဒီ သတင်းပေါ်မှာ စိတ်ဝင်စားလာအောင် ဆွဲခေါ်လိုက်တယ်။ နောက်ပိုင်းကျမှ စာရေးသူက သူပြောချင်တဲ့ အဓိက အကြောင်းအရာကို တိုက်ရိုက်ပြောပြတာမျိုး ဖြစ်ပါတယ်။

ဘယ်လို အဖွင့်မျိုး ရေးမလဲဆိုတာကတော့ ကိုယ်က သတင်းဦးရေးမှာလား၊ သတင်းဆောင်းပါး ရေးမှာလားဆိုတဲ့ပေါ်မှာ မူတည်တယ်။

တိုက်ရိုက်အဖွင့်

သတင်းဦးတွေရေးဖို့ အတွက် ဆိုရင်တော့ တိုက်ရိုက်အဖွင့်က အကောင်းဆုံးပါပဲ။ ဒီအဖွင့်ထဲမှာ ဘခြောက်လုံးတွေလိုမျိုး အရေးအကြီးဆုံးဖြစ်တဲ့ အချက်အလက်တွေပါဝင်တယ်။ အကောင်းဆုံး အဖွင့်တွေကို ရှေ့မှာ ဖော်ပြသလိုပဲ အင်္ဂလိပ် ဝါကျဆိုရင် Subejct- Verb-object ပုံစံ၊ မြန်မာလို ဆိုရင်တော့ ကတ္တား-ကံ-ကြိယာပုံစံနဲ့ ရေးသားထားတဲ့ အဖွင့်တွေပါပဲ။ အင်္ဂလိပ်ရေးမယ်ဆိုရင် သတင်းဦးရဲ့ အဖွင့် စာပုဒ်ဟာ စာလုံးရေ ၂၅လုံးထက် မပိုသင့်ဘူး။ အဲဒီအဖွင့်ဟာ ရှင်းရမယ်၊ တိကျရမယ်။

အဖွဲ့ အနွဲ့ အဖွင့်

သတင်းဆောင်းပါးအတွက် ဆိုရင်တော့ အဖွဲ့ အနွဲ့ အဖွင့်က ပိုသင့်တော်တယ်။ သတင်းရဲ့ အဓိက အကြောင်းအရာကို ပြောပြဖို့အတွက် စာရေးဆရာက စိတ်ဝင်စားစရာကောင်းတဲ့ ဥပမာတစ်ခု၊ ဒါမှမဟုတ် တစ်ယောက်ယောက် အကြောင်း အဖြစ်အပျက် ဇာတ်လမ်းတိုကလေး တစ်ပုဒ်၊ ဒါမှ မဟုတ်လည်း ဖြစ်ရပ်ကလေးတစ်ခုနဲ့ အမြဲ နိဒါန်း ပျိုးလေ့ရှိပါတယ်။ ဒီလိုရေးခြင်းဖြင့် စာဖတ်သူပါ ဒီထဲမှာ ကိုယ်တိုင်ဝင်ခံစာမိလာတယ်။

ဒါပေမဲ့ အဖွဲ့ အနွဲ့ အဖွင့်ကို သုံးတဲ့အခါမှာ အဲဒီသတင်းရဲ့ အဓိကအကြောင်းအရာကိုတော့ စာပိုဒ် သုံးလေးပိုဒ်အတွင်း ပေါ်အောင်ဖော်ပြဖို့ အရေးကြီးပါတယ်။ အဲဒီလို မဟုတ်ရင်တော့ စာဖတ်သူ က ဒီဆောင်းပါးက ဘာကြီးလဲဆိုပြီး ဆက်ဖတ်တော့မှာ မဟုတ်ဘူး။

အဖွင့်ကို နှစ် မထားပါနဲ့

သတင်းဦးတွေကို ရေးတဲ့နေရာမှာ သတင်းထောက် အတော်များမျာပဲ အဓိကအကြောင်းအရာနဲ့ သတင်းရဲ့ ရှုထောင့်တို့ကိုပေါ်လွင်အောင် မပြနိုင်ကြဘူး။ ဥပမာ အစည်းအဝေးတစ်ခု အကြောင်းရေး တယ်ဆိုရင် ဒီအစည်းအဝေးက ဘာတွေ ဆုံးဖြတ်ဆောင်ရွက်တယ်ဆိုတာ ရေးရမယ့်အစား ဒီအစည်း အဝေးကို ဘယ်သူတွေ တက်ရောက်တယ်ဆိုတာမျိုးနဲ့ စဖွင့်တယ်။ ဒါကို တစ်နည်းပြောရရင် သတင်းကို နှစ်တားတယ်လို့ပြောရပါမယ်။

အဖွင့်ကို မချဲ့လွန်းပါနဲ့

အဖွင့်ထဲမှာ ဘာတွေထည့်ရေးသင့်တယ်ဆိုတာကို သိနားလည်ဖို့ အရေးကြီးပါတယ်။ ဘာတွေကို မထည့်ရဘူးဆိုတာ သိထားဖို့လည်း အရေးကြီးတာပါပဲ။ အဖွင့်မှာ အကြောင်းအရာတွေ အများကြီးနဲ့ ပိမနေမိပါစေနဲ့။ ပြီးတော့သတင်းရဲ့ နောက်စာပိုဒ်တွေမှာ ဖော်ပြလို့ရတဲ့ သိပ်အရေးမကြီးတဲ့ အကြောင်းအရာတွေကိုလည်း အဖွင့်စာပိုဒ်ထဲမှာ ထည့်ရေးမနေပါနဲ့။ ဘခြောက်လုံး စလုံးကို အဖွင့်ထဲ မှာပါအောင် ရေးစရာမလိုပါဘူး။ ဒုတိယနဲ့ တတိယစာပိုဒ်တွေမှာ ကျန်တဲ့အချက်တွေကို ထည့်ရေးသွား နိုင်ပါတယ်။

အဖွင့်ကိုရေးဖို့အတွက် အကြံပေးချက်

အဖွင့်စာပိုဒ်ရေးဖို့အတွက် ကိုယ့်ဘာသာ မေးခွန်းထုတ်ရမယ့်အချက်တွေက-

ဘယ်သူက ဘယ်သူကို ဘာလုပ်လိုက်သလဲ၊

  • သတင်းရဲ့ တကယ်အကြောင်းက ဘာလဲ၊
  • ဒီအကြောင်းကို ရေးရတဲ့အချက်က ဘာလဲ၊
  • ဒီအဖြစ်အပျက်မှာ စိတ်ဝင်စားစရာ အကောင်းဆုံးက ဘာလဲ၊
  • ဒီအဖြစ်အပျက်နဲ့ ပက်သက်ပြီး စာဖတ်သူက ဘယ်အချက်ကို အသိချင်ဆုံးလဲ၊
  • ဒီအဖြစ်အပျက်မှာ ဘယ်အချက်က စာဖတ်သူအပေါ်မှာ အသက်ရောက်ဆုံးလဲ၊
  • မိန့်ခွန်းတစ်ခုအကြောင်းရေးရမယ်ဆိုရင် ဘယ်သူက ဘယ်သူ့ကို ဘာပြောတာလဲဆိုတာ ကိုယ့်ဘာသာကိုယ် မေးကြည့်ပါ၊
  • အစည်းအဝေးတစ်ခုအကြောင်းရေးရမယ်ဆိုရင် ဘာတွေဆုံးဖြတ်ဆောင်ရွက်တာလဲ ဆိုတာ ကိုယ့်ဘာသာ မေးကြည့်ပါ။

ရှုထောင့်ကိုရွေးချယ်ခြင်း

တစ်ခါတစ်ရံများမှာ သတင်းတစ်ပုဒ်ကိုရေးဖို့အတွက် အကြောင်းအချက်က တစ်ခုမက ရှိနေတတ် ပါတယ်။ စိတ်ဝင်စားစရာ အချက်တွေ၊ တစ်နည်းပြောရရင် ]ရှုထောင့်}တွေ အတော်များများ ရှိ့နေတတ် တယ်။

အဇွင့်ကို ဘယ်ရှုထောင့်ကနေ ရေးမလို့ စဉ်းစားတဲ့အခါမှာ ကိုယ့်ဘာသာ မေးခွန်းထုတ်ရမှာက ဘယ်သူတွေက ကိုယ့်သတင်းစာကို ဖတ်မှာလဲ။ သူတို့ တစ်တွေဟာ သာမန်စာဖတ်ပရိသတ်တွေပဲလား။ပညာတတ်တွေလား။ အထူးကျွမ်းကျင်သူတွေလား။ နိုင်ငံခြားသားတွေလား။ ကိုယ့်စာဖတ်ပရိသတ် အတွက် စိတ်ဝင်စားဆုံးနဲ့ တန်ဖိုးအရှိဆုံးဖြစ်မယ့် ရှုထောင့်ကို ရွေးချယ်ရပါမယ်။

http://www.myanmarjournalism.iblogger.org/


ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ဒေါ်အောင်ဆန်းစုကြည်ပြောကြားသောမိန့်ခွန်းကောက်နှုတ်ချက်။

  • ကျွန်မ ပြည်သူတွေကို မေတ္တာရပ်ခံ ပါရစေ။ ကျွန်မတို့နဲ့ ဆက်ဆံတဲ့ အခါမှာ ပွင့်ပွင့်လင်းလင်း သတ္တိရှိရှိ ပြောဆို ဆက်ဆံကြပါ။ ကျွန်မတို့ကို ဟိုဟာ ပြောရကောင်းလား၊ ဒီဟာ ပြောရ ကောင်းလားဆိုပြီး။ ကျွန်မတို့ ဘာမှမလုပ်ပါဘူး။ ပြောစရာရှိတာကို ပြောပါ။ သဘောမတူ လို့ရှိရင် သဘော မတူဘူး ဆိုတာကိုတော့ ပြန်ပြောမှာပါ။ ဒါကတော့ ဒီမိုကရေစီရဲ့ အခြေခံလေ။ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့် လွတ်လပ်စွာ ပြောဆိုပိုင်ခွင့် ဆိုတာ လွတ်လပ်စွာ ဆဲဆိုပိုင်ခွင့်နဲ့ မတူဘူးလေ။ တစ်ခါတစ်လေတော့ ကြိမ်းမောင်း တာလေးတော့ ပါချင်ပါမှာပေါ့။ တစ်ယောက်နဲ့ တစ်ယောက် နားလည်အောင် ပြောဆိုဖို့ အင်မတန်မှ အရေးကြီး ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အမြင်ခြင်း ဖလှယ်ဖို့ အတွက်ကတော့ ကျွန်မတို့ လေ့ကျင့်ယူရ ပါမယ်။ လေ့ကျင့်ယူရင်းနဲ့ ကျွန်မတို့ ပိုပြီး တတ်လာမှာပါ။

ဟဲဟိုးမြို့တွင် ဒေါ်အောင်ဆန်းစုကြည်ပြောကြားသောမိန့်ခွန်း

မမှန်ကန်တဲ့ကိစ္စကိုမှန်ကန်တယ်လို့မပြောပါနဲ့ မတရားတဲ့ကိစ္စကိုတရားတယ်လို့မပြောပါနဲ့။ မတရားတဲ့ကိစ္စကို တရားတယ်လို့မပြောပါနဲ့ အဲဒါနဲ့စပါ။ နောက်တစ်ဆင့်ကျမှ မှန်တဲ့ကိစ္စကို မှန်တယ်လို့ပြောရမယ်။ မှားတဲ့ကိစ္စကို မှားတယ်လို့ပြောရမယ်။ ပထမဦးဆုံးအဆင့်ဟာ သိပ်အမြင့်ကြီးမဟုတ်ဘူးနော်။ စပြီးတော့ထိန်းသိမ်းဖို့လိုတယ်။ မမှန်တာကို မှန်တယ်လို့မပြောပါနဲ့။ မတရားတာကို တရားတယ်လို့မပြောပါနဲ့။ ဒုတိယအဆင့်ကျရင်တော့ မမှန်တာကို မမှန်ဘူးပြောပြီးတော့ မှန်တာကို မှန်တယ်လို့ထောက်ခံရဲရမယ်။ အဆင့်ဆင့်တက်သွားရမယ်။ (လက်ခုပ်သံများ) ဒီလိုအဆင့်ဆင့်တက်သွားနိုင်မှ ဒီနိုင်ငံဟာတိုးတက်မယ်။ တိုးတက်တယ်။ ပြည်သူတွေက တိုးပြီးတော့ တက်မှ ဒီနိုင်ငံဟာတိုးတက်မှာလို့ ကျွန်မတို့ မှတ်ထားရမယ်။ (လက်ခုပ်သံများ)

===================================================================

ပို့စ်ကောင်း တစ်ပုဒ် ရေးသားခြင်း

Posted by on Aug 28, 2012

တစ်ရက်တွင် သူငယ်ချင်း တစ်ယောက်ဝယ်လာသည့် စာအုပ်လေး တစ်အုပ်ကို ဖတ်မိရာ ဂေဇက်

ရွာသူားများကို အနည်းငယ်ကောက်နှုတ် မျှဝေချင်သည့် အချက်လေးများ တွေ့ရသည့်အတွက် ဤပို့စ်လေးကို

ရေးလိုက်ရပါသည်။ Shirley Taylor ၏ Modal Business Letter, Emails and Other Business Documents

ဆိုသည့် စာအုပ်မှ ပို့စ်ကောင်းတစ်ပုဒ် ရေးသားခြင်း ဆိုသည့် အကြောင်းပင်ဖြစ်ပါသည်။

၁။စူးစမ်းလေ့လာပါ

စာဖတ်သူတွေ ဘာသိချင်သလဲဆိုတာ စူးစမ်းပါ။ ပြီးလျှင် ကိုယ်ရေးမည့် အကြောင်းအရာနှင့် ပတ်သက်သော

အချက်အလက်များကို သေချာလေ့လာပါ။ ထိုအကြောင်းအရာနှင့်ပက်သက်သော နောက်ဆုံးရရှိသော အချက်

အလက်များကို မိမိကိုယ်ပိုင် အမြင်လေးပါ ရောစွက်၍ တင်ပြပါ။ ကိုယ်ပိုင်အတွေး အမြင်လေးပါ ပါသည့်အ

တွက် စာဖတ်သူများက သင့်ကို အလေးထား အသိအမှတ်ပြုပါလိမ့်မည်။(ကျွန်တော်တို့ ရွာထဲတွင် အသေ

အချာ စူးစမ်းလေ့လာပြီးမှ ရေးသောသူများစွာ ရှိပါသည်။)

၂။ဖမ်းစားနိုင်သော ခေါင်းစဉ်ပေးပါ

ဤအချက်သည်လည်း သင့်ပို့စ် လူသိများစေဖို့ အတွက် အရေးပါသော အချက်တစ်ခုပင်ဖြစ်ပေသည်။ ယနေ့

ခေတ် အင်တာနက်ပေါ်တွင် စာဖတ်သူများအတွက် ဖတ်စရာ ကြည့်စရာပေါင်း သောင်းခြောက်ထောင် ရှိသည့်

အနက် သင့်ပို့စ် ကို အာရုံစိုက်မိစေဖို့ စာဖတ်သူကို ဖမ်းစားနိုင်သော ခေါင်းစဉ်တစ်ခုတော့ မဖြစ်မနေ ပေးရပါ

လိမ့်မည်။ အနိမ့်ဆုံး သူတို့အနေနှင့် ကလစ်တစ်ချက် ဂွပ်ခနဲ နှိပ်မိနိုင်လောက်အောင် ဖမ်းစားနိုင်လျှင်ပင် လုံ

လောက်ပါပြီ။ (ဥပမာ- ကျွန်တော်တို့ ရွာထဲတွင် မောင်မောင်ဂီ သည် ဤသို့ ခေါင်းစဉ်းများပေးတတ်ပေသည်။

ပါကင်ဖွင့်ခြင်း တို့…ဝတ်လစ်စလစ် မိန်းမပျိုလေးတစ်ဦး ရက်စက်စွာ အသတ်ခံရခြင်းတို့..။ ဘာရယ်မဟုတ်ဘူး၊

သူ ညစ်တီးညစ်ပတ် မတင်ဘူးဆိုတာ သိရက်နှင့်ပင် ခေါင်းစဉ်ကြည့်ပြီး လက်ကနှိပ်နေပြီ..ခေါင်းစဉ်က

စိတ်ဝင်စားစရာကိုးဗျ..)

၃။ နိဒါန်း ကောင်းလေးနှင့်စတင်ပါ

စာဖတ်သူက မိမိ၏ ဖမ်းစားနိုင်သော ခေါင်းစီးကို စိတ်ဝင်စား၍ ကလစ်နှိပ်ပြီးနောက် နိဒါန်းလေး တစ်ကြောင်း

နှစ်ကြောင်းလောက်နှင့် ဆက်လက်၍ ဖတ်ချင်စိတ်ဖြစ်အောင် ဆွဲဆောင်ထားနိုင်ရပါမည်။ သို့မဟုတ်ပါက

မိမိ၏ နိဒါန်းပျိုးမကောင်းပုံနှင့်ပင် စာဖတ်သူက တစ်ခါတည်း စိတ်ပျက်၍ ထွက်သွားပါလိမ့်မည်။ထို့ကြောင့်

နိဒါန်းကို မိမိပို့စ် ဆိုလိုရင်းအနှစ်သာရပါအောင် ရေးသားပါ။

(ခေါင်းစဉ် စိတ်ဝင်စားလို့ ဖတ်မိပါတယ်..ဟယ်…အစရှိသေး စောက်တလွဲဟ ..ဆိုတာတွေ အများကြီး

တွေ့ဖူးပါလိမ့်မည်။)

၄။လမ်းမလွဲသွားပါစေနှင့်

အွန်လိုင်းတွင် စာဖတ်သူအများစုမှာ စာဖတ်ချိန် နဲနဲပဲ ရသူများဖြစ်နိုင်ပါသည်။စာဖတ်ချိန်နည်းနည်း..ဖတ်စရာ

များများ ဆိုသည့်အနေအထားတွင် မိမိပို့စ် ခေါင်းစဉ်နှင့် မဆိုင်သော အကြောင်းများကို ခုနစ်စဉ် အမျှင်တန်း

ရေးနေလျှင် စာဖတ်သူက သည်းခံလိမ့်မည် မဟုတ်ပါ။ ထို့ကြောင့် သင်တင်ပြသော အချက်အလက်များ ခေါင်း

စဉ်မှ သွေဖည်မသွားအောင် ဂရုစိုက်ပါ။ ဖတ်ချင့်စဖွယ် ရေးသားခြင်းနှင့် တောင်တောင်အီအီ ဦးတည်ချက်မရှိ

ရေးသားခြင်းသည် များစွာ ကွာခြားလှပါသည်။

၅။ ဆိုရှယ် ဆန်ပါ

ပညာရပ်ဆန်ဆန်..ကျမ်းဆန်ဆန် မရေးပါနှင့်။ ပေါ့ပေါ့ပါးပါး တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်

စကားပြောသလို ရေးပါ။ မိမိ ပင်ကိုယ်စရိုက် လက္ခဏာလေးများလည်း ပါဝင်နိုင်အောင် ကြိုးစားပါ။

(တစ်ယောက်နှင့်တစ်ယောက် အထာမသိပဲ စွတ်စက် ရေးခြင်းမျိုးတော့ မလုပ်ပါနှင့်။ ခင်မင်စရာကောင်း

သော ပွင့်လင်းသည့် မိမိပင်ကိုယ် သဘောကို ဆောင်မှ စာဖတ်သူများနှင့် ရင်းနှီးလာပါလိမ့်မည်။)

၆။ လေသံ မှန်ပါစေ

(စာရေးနေတာ..ဘယ့်နှယ် လေသံမှန်ရမလဲ မမေးပါနှင့်..ကိုယ်ရေးလိုက်သည့် စာတွင် အသံ

ပါကြောင်း ကနေ့ အွန်လိုင်းစာရေးသူများ သိကြပါသည်။)အသံ ဆိုတာ ကိုယ်သုံးလိုက်တဲ့ စကားလုံး

..ဝေါဟာရ..အဖြတ်အတောက် တွေက ဖြစ်ပေါ်တာ။ ဆိုတော့ ကိုယ်နဲ့ စာဖတ်သူနဲ့ ဘယ်လောက်ရင်းနှီး

သလဲ ဆိုတာလေး တစ်ဆိတ် ဂရုပြုပါ။ ကိုယ့်ကို အသိအမှတ်ပြု ..သတိထားမိ လောက်မည့် အနေအထားကို

ဆုံးဖြတ်ပြီး သင့်တော် သည့် လေသံကို သုံးပါ။ ကိုယ့်အရေးအသားက ကိုယ့်စရိုက်ကို ပေါ်လွင်စေမှာ

ဖြစ်တယ်။ ဒါကြောင့် ကောင်းမွန်တဲ့ပင်ကိုယ်စရိုက်လေးများပေါ်အောင်..မိမိ ဘယ်လိုလူလဲ

ဆိုတာ ပေါ်လွင်အောင် -ရေးသားတဲ့ လေသံကို ဂရုပြုရမှာ ဖြစ်တယ်။

၇။ အမွှမ်းတင်လွန်းခြင်း ကိုရှောင်ပါ

မိမိကိုယ်ကို အမွှမ်းတင်လွန်းခြင်း..ကိုယ်ရည်သွေးလွန်းခြင်း…ရေးသည့် အကြောင်းအရာ ကြော်ငြာဆန်

လွန်းခြင်းကို ရှောင်ပါ။ ကိုယ့်ရှူးကိုယ်ပတ် တတ်ပါသည်။ဦးဆုံး အဓိက အနေဖြင့်..မိမိရေးသည့် အကြောင်း

အရာသည် ဖုံးကွယ်ထားသော အကြောင်းအချက် မရှိပဲ လေ့လာမှတ်သားစရာ..အသုံးတည့်စရာ ဖြစ်ပါစေ။

၈။ဓာတ်ပုံလေးများ သုံးပါ

ပုံလေး ဘာလေးများ ရှိရင် သုံးပါ။ ကိုယ့်ပို့စ် မှာ ဝေဝေဆာဆာလေး ဖြစ်သွားတာပေါ့။ မဆိုင်တဲ့ ပုံတော့

မတင်နဲ့ပေါ့။ စာတွေချည်း ဖတ်နေရလျှင် စာဖတ်သူ ပျင်းသွားနိုင်ပါသည်။ စာလုံးချည်း ကြည့်ရတာကြိုက်

တယ် ဆိုသည့်လူမျိုးတော့ ရှားပါလိမ့်မည်။ (ပြောသာပြောရ..ကျွန်တော်တော့ ပုံလေးငါးပုံတောင် ဒီမယ်

ပြည့်အောင် မတင်ဖူးဘူးဗျာ)

၉။ ညီညွှတ်ကိုက်ညီမှု ရှိပါစေ

မိမိရေးတဲ့ အကြောင်းအရာ ဆီလျော် ညီညွှတ်မှုရှိဖို့လိုပါသည်။ထို့အတူ ကိုယ်ရေးတာ စာဖတ်သူ အဆင်ပြေ

ပြေ ဖတ်ရှုနိုင်ဖို့လည်း လိုပါသည်။ အမြင်အားဖြင့်လည်း သပ်ရပ် ညီညွတ်ရပါမည်။ စာကြောင်းတွေ စိပ်လွန်း

ကျဲလွန်းတာ..ကပေါက်တိ ကပေါက်ချာ ဖြစ်နေတာမျိုး ရှောင်ပါ။( သို့မဟုတ်က အပေါ်ကအချက်တွေ ပြည့်

စုံတောင် စာဖတ်ရတာ ကိုယ့်ရို့ကားယားနဲ့ ကွာ ဆိုပြီး ဆက်ဖတ်ချင်မှ ဖတ်ပါတော့မယ်)

၁၀။ပဋိညာဉ် ပေးပြီး လုပ်ပါ

ပို့စ်ရေးတာ ကိုယ့်ကိုယ်ကိုရော စာဖတ်သူကိုရော ကတိကဝတ်ကလေး ပြုရေးတာ ကောင်းသည်။ (ဒီအချက်မှာ

ကျွန်တော် ကောင်းကောင်းကြီး ပျက်ကွက်မိကြောင်း ဝန်ခံရသည်။ စာရေးပျင်းလျက် ဝတ္တုကို အခန်းဆက် ဘာ

သာပြန်ရာ..တင်လိုက် မတင်လိုက်ဆိုတော့ စာဖတ်သူများ ကျွန်တော့်ကို စိတ်ပျက်ကြပေလိမ့်မည်။) မှန်မှန်ရေး

တာ ကြာလာသည်နှင့် အမျှ အတွေ့အကြုံကောင်းကောင်းရလာပါလိမ့်မည်။ ဆောင်ရန် ရှောင်ရန် သိလာသည်

နှင့်အမျှ ၊ရေးသက် ကြာလာသည်နှင့်အမျှ ပို့စ်ကောင်းကောင်းလေးများ လူဖတ်များအောင် ရေးနိုင်လာပါလိမ့်

မည်။ အတွေ့အကြုံက မိမိအတွက် ပိုကောင်းသည့် ဖော်မြူလာ ကို ပေးလာပါလိမ့်မည်။

( စာလုံးပေါင်း သတ်ပုံလေးတော့ ဂရုပြုစေချင်တယ်…ပို့စ်မတင်ခင် ပရုဖ်လေး ဖတ်ပေါ့ခင်ဗျ…

သို့သော် ကျွန်တော်တို့ရွာထဲမှာတော့ သတ်ပုံအဖွဲ့က စိစစ်ပေးပါလိမ့်မယ် ခင်ဗျား..)

==================

26 comments

  • susunosuki

    April 15, 2010 at 4:53 pm

    ကျွန်တော် ဝင်တာမရဘူး
    site & Admin မှာ တစ်နေတယ်
    passward ပြန်တောင်းလိုထည့်ပြန်တော့လည်း မရဘူး

  • ကောင်းပါပြီဗျာ …
    ကျွန်တော်ကတော့ သက်တန့်ရွာကလေးဆိုဒ်မှာတော့ စာရေးသူတစ်ဦးပေါ့ …
    ဘာသာရေး၊ ဝတ္ထု၊ ဆောင်းပါး၊ ဓမ္မစာပေ၊ ကဗျာတွေနဲ့ ဟာသ၊ သတင်း စတာတွေရေးလေ့ရှိပါတယ် …
    ဒီဆိုဒ်မှာလည်း ရေးချင်တဲ့ ဝတ္ထုကောင်းကောင်းလေးတွေ ပြန်ပြီးတင်ချင်ပါတယ် …

  • ဆူး

    February 3, 2011 at 1:52 pm

    ဒီမှာ ကိုယ်တိုင်ရေးမှန်သမျှ လက်ခံ ပါတယ်။
    အားလုံး လွတ်လပ်စွာ တင်နိုင်ပါတယ်။ သဂျီး ကိုယ်စား ဖြေပေးလိုက်သည်။

    • etone

      February 4, 2011 at 5:20 am

      သဂျော်ကတီး သိရင် စိတ်ဆိုးနေဦးမယ် ဆူးရေ .. ဟီးဟီး 😀

  • lovepoem

    February 17, 2011 at 8:44 am

    naywintunနာ မည် နဲ. ဝင်တာ မရဘူး ဘာဖြစ်နေတာ လဲ ဆိုတာလေးကြည်. ပေး ပါနော်

    • kai

      February 17, 2011 at 9:24 am

      Password ပြန်ပို ့လိုက်ပါတယ်..။ အဲဒါနဲ့ဝင်ပါနော..။

  • kai

    January 18, 2013 at 6:43 am

    Password မေ့နေသူများ ဒီလိုလုပ်ကြည့်ပါ – မဟာရာဇာ အံစာတုံး
    http://myanmargazette.net/164076/

    ကျနော်တို့ မသုံးတာ ကြာသွားတဲ့ အခါမျိုးမှာ Login ဝင်ဖို့အတွက် Password တင် မက၊ တစ်ခါတစ်ခါ ကိုယ့်ရဲ့ Username ပါ မေ့နေတတ်တာမျိုး ဖြစ်တတ်ပါတယ်။

    အဲ … Mail Account များတဲ့ လူဆိုရင် ဘယ် account နာမည်နဲ့ ဝင်ခဲ့မှန်းတောင် စဉ်းစားရနိုင်ပါတယ်။

    ဒါကြောင့် …. အခု အထက်ကလို Login ဝင်ဖို့ Password သော်လည်းကောင်း၊ Username သော်လည်းကောင်း မေ့နေသူများ အဆင်ပြေစေဖို့အတွက် ကိုယ် Register လုပ်ခဲ့စဉ်က အသုံးပြုခဲ့၊ ပေးခဲ့တဲ့ Mail Account ကို သိရုံနဲ့ ပြန်လည်ပြီး အသုံးပြုနိုင်မယ့် နည်းလမ်းလေးကို မသိသေးသူများ အတွက် ရည်ရွယ်လို့ ဖော်ပြလိုက်ပါတယ်။

    — မဟာရာဇာ အံစာတုံး

  • ဦးကြောင်ကြီး

    January 18, 2013 at 11:15 am

    ပတ်စ်ဝက်ဒ်
    ကြက်ငှက်
    ဓာတ်သက်
    မတ်တပ်
    နတ်မြတ်
    ကပ်လျက်
    အပ်စပ်
    လာဘ်ထပ်..။
    ဒီကွန်းမန့်လေးနဲ့ ပွိုင့်တသိန်း ပလက်တီနမ် တင်းပြည့်မှတ်တမ်း ဝင်သွားပါကြောင်း :harr:

  • ဦးကြောင်ကြီး

    January 18, 2013 at 11:21 am

    တိုက်တေနီယမ် မင်န်ဘာအဆင့် တိုးမြှင့်ခံရပါ၍ တိုက်တေနီယမ်ဦးကြောင်ဟု လေးလေးစားစား ခေါ်ဝေါ် ဆက်ဆံကြရန်နှင့်……… ရေမြှင့် ကြာတင့် ဆိုသည့်အတိုင်း ကြေးမုံဂျီးအား မျောက်နန်းဒေဝီရာထူး ပေးသနားဂျောင်း :kwi:

    My Points Points: 100002 Kyats Rank: Titanium
    comments total 6445 on 1-18-13

  • kai

    January 23, 2013 at 5:46 am

    ဘာရယ်မဟုတ်…
    ဆရာဗန်းမော်တင်အောင်က… ၁၉၆၄ထုတ်..သူ့စာအုပ်အဖုံးမှာ.. “ကျွန်နော်”လို့သုံးတာလေး..တွေ့မိလို့… အမှတ်တရထားတာပါ…။

    ဗန်းမော်တင်အောင် ၊ ကျွန်နော်

    ပထမအကြိမ် ၊ ၁၉၆၄ ခုနှစ် ၊ အုပ်ရေ ၃၀၀၀။
    ဒုတိယအကြိမ် ၊ ၁၉၇၃ ခုနှစ် ဇူလိုင်လ ၊ အုပ်ရေ ၂၀၀၀၊ တန်ဖိုး ၄ ကျပ် ၊ သင့်စာပေ။

    ထို့ကြောင့် ၁၉၆ဝ ခုနှစ်ဆန်းပိုင်းလောက်မှ အစပြုကာ ကျွန်နော်သည် ဝတ္ထုတို ပုံသဏ္ဍာန်သစ်ကို တဖက်တွင် ဖွေရှာရင်း အခြား တဖက်မှလည်း အထက်ဖော်ပြပါ မိမိ၏ အရပ်ရပ်အတွေ့အကြုံ အထင်အမြင်နှင့် ခံစားချက်စသည်များကို တစတစ စမ်းသပ်ရေးသား ဖော်ပြကြည့်ရန် အားထုတ်ကြိုးပမ်း ကြည့်ခဲ့၏။

  • Thit San Khant

    February 7, 2013 at 12:27 pm

    ဒီဆိုက်လေး(ဆိုက်ကြီးတစ်ခု) ကို မနေ့က တွေ့လိုက်တယ်
    အရင်ကကြားဖူးနေတယ် စာဝင်ရေးလို့ရတယ်ဆိုတာ မသိဘူး
    မနေ့ကမှ ကျွန်တော်ရှာနေတဲ့ ရေသူမ ပိုစ်တစ်ခုနဲ့ ပတ်သက်ပြီးမှ ဓါတ်ပုံတစ်ခုကနေ ကလစ်ထောက်မိပြီး
    ရောက်လာခဲ့တာပါ သစ်ဆန်းခန့် လို့ ခေါ်ပါတယ်…
    နည်းပညာပိုင်းနဲ့ ပတ်သက်ပြီး အားလုံးကိုဝေမျှနေပါတယ်
    ကဗျာ နဲ့ စာတိုပေစ လေးတွေ ရေးတာ ဝါသနာပါတယ်
    ဒီဆိုက် ကိုလဲ အရမ်းသဘောကျမိပါတယ်…

    လေးစားလျက်

    သစ်ဆန်းခန့်

    • kai

      February 7, 2013 at 12:44 pm

      ဒီဆိုက်က..တော်တော်လေးတာမို့.. ဒီဆိုက်လေး(ဆိုက်ကြီးတခု) ဆိုတာမှန်ပါတယ်.
      ပို့စ်ပေါင်း.. ၂သောင်းခွဲကျော်.. ကော်မန့်ပေါင်း၂သိန်း၆သောင်းလောက်နဲ့မို့ပါ..။

      ဆိုက်လေးမှ… ကြိုဆိုပါကြောင်း..
      နည်းပညာ..ကဗျာတိုစ..ပေလှလှတွေ..ကိုယ်တိုင်လည်း.. ရေးပါ..
      သူတပါးပို့စ်တွေမှာလည်း..ဝင်တွေး..ဆွေးနွေး. ကော်မန့်.ရေးစေလိုပါကြောင်း.. :harr:

  • Wow

    February 7, 2013 at 12:59 pm

    😳
    👿
    🙄
    😈

    • Ghi Ghi ThE KiD

      February 7, 2013 at 1:05 pm

      ဒီဆိုက်ကလေးကို ဟိုတနေ့ကတေ့လိုက်လို့ ဝင်လာဒါဘာ …
      အရင်ကတော့ အမေရိက သမ္မတ မိန့်ခွန်းစာတေရေးပါတယ်…
      မစားလောက်တာမို့ ..အခု ဟာသလိုင်း ပြောင်းရေးမယ်မှတ်ပါတယ်..
      ဟိဟိ.
      ရွာသားအတစ်ချက်ချက်လေး ဖြစ်ပါတယ်
      ထူးခြားချက်က ခြစ်တတ်တာပါ…

      :harr:

      • Wow

        February 7, 2013 at 1:12 pm

        ရွာသားအသစ်လေးဆို နာမယ်လှလှလေးပေးမယ် :kwi:

  • nay khin

    March 30, 2013 at 11:31 am

    ကျေးဇူးပြုပြီး Post ဘယ်လိုတင်ရမယ်ဆိုတာလေး ပြောပြပေးပါ

  • Moe Z

    April 2, 2013 at 1:06 pm

    😕 💡 😉
    စမ်းကြည့်ဒါ..

  • သူကလေး

    April 5, 2013 at 4:28 pm

    ဂီး …. စိတ်ညစ်တယ် ခေါင်းစဉ်မပေးလိုက်မိဘဲ publish ဖြစ်သွားတယ်
    edit လုပ်လို့ရမယ့်နေရာလည်းတွေ့ဘူး ကယ်ကြပါဘာာာာစ်

  • myat pearl phyu

    January 31, 2014 at 10:40 am

    စာရေးဆရာတွေကို လေးစားအားကျပါဒယ်…
    စာဖတ်သူပဲ လုပ်တော့မယ်နော်…

  • Judas Empress

    June 23, 2014 at 1:12 pm

    လာရောက်လေ့လာသွားပါကြောင်း……

  • Yae Myae Tha Ninn

    September 18, 2014 at 10:31 am

    အခုမှ သေချာ ပြန်ဖတ်မိတယ်ဗျာ.. တော်တော်ကောင်းတယ်.. အဲထဲက အချက်တွေနဲ့ ရေးရင် ကျိန်းသေတယ်.. မကြာခင် အသိအမှတ်ပြုခံရမှာပဲ… 🙂

  • ဟေသီ

    August 4, 2015 at 12:11 pm

    သူကြီးရေ ကယ်ပါ…. ရေဘေး အလှူနဲ့ ပတ်သက်ပြီး တင်တဲ့ ပို့စ်မှာ ဘယ်က ဘယ်လို Copy/paste Category ထဲ ဝင်သွားမှန်း မသိလို့ ကူပါအုံးဗျို့။ ကိုယ်တိုင်ရေး ကိုယ်တိုင်းရိုက်ကနေ ကူးချ ဖြစ်သွားတာလေးကို ဖြေရှင်းပေးတော်မူပါ သူကြီးမင်းရှင့် :'(

    • Alinsett @ Maung Thura

      August 5, 2015 at 6:49 am

      ပိုစ့်တင်ကတည်းက publishကို မကလစ်ခင် category တစ်ခုခု ရွေးထည့်မှ . .
      နှို့မှုန့်ဆိုရင် အော်တိုမတ်တစ် copy/paste ထဲရောက်ပြီး ပျောက်နေရောလေ
      အရင်ကလို့ မှုတ်တော့ဝူးကိုးးးးဗျ
      ရွာကလည်း မြို့ပြောင်းးး
      သဂျီးတောင် အသစ်ပြောင်းထားသလားဘဲ
      :k:

  • komyominaung

    August 31, 2015 at 7:31 pm

    ဒီလိုညွှန်ပြလို့ ကျေးဇူးတင်ပါတယ် အလွတ်တမ်းသတင်းထောက် တစ်ယောက်ဖြစ်ချင်ပါတယ် ပညာရပ်ဆိုင်ရာနဲ့ ဗဟုသုတ ရသစုံ အောင်ဖတ်ရလို့ ဒီ site လေးကို ကြိုက်ပါတယ်

  • kai

    September 16, 2015 at 3:19 pm

    ရန်သူ သုံးယောက်ရှိတဲ့သူက နှစ်ယောက်နှင့် သဘောတူညီမှူရယူထားရမယ်။
    (ဂျာမန်)

    ကိုယ့်အမှားကို ကိုယ်မြင်တဲ့သူက သူတပါးတွေရဲ့ အမှားတွေကို
    ထည့်စဉ်းစားနေဖို ့အချိန်မရှိဘူး။ (ဘော့စနီးယန်း)

    အတော်ဆုံးတွေနှင့် ယှဉ်ရင် ငါ့မှာ နည်းနည်းဘဲရှိတယ်၊ ခပ်ညံ့ညံ့တွေနှင့်
    ယှဉ်ရင်တော့ ငါ့မှာသူတို ့ထက်ပိုများတယ်။ (တရုတ်)

    ကိုယ့်ကိုကိုယ် သိုးငယ်လေး လုပ်တဲ့သူ ကဝံပုလွေစားတာကို ခံရလိမ့်မယ်။
    (အင်္ဂလိပ်)

    အချိန်ရရင်လုပ်မယ် လို ့မပြောပါနှင့်၊ အချိန်ရမယ်လို ့သင့်ကို
    ဘယ်သူကပြောသလဲ။ (ဟီဘရူး)

    ငြိမ်းငြိမ်းချမ်းချမ်း နေချင်ရင် မြင်သမျှ၊ ကြားသမျှကို မပြောပါနှင့်။ (အီတလီ)

    သမီးကို မယူခင် အမေကိုအရင်လေ့လာပါ။
    (လဘ်ဖနီးစ်)

    ကျွန်တစ်ယောက်ကဲ့သို ့အလုပ်လုပ်ပါ၊ သခင်တစ်ယောက်ကဲ့သို ့
    သုုံးဆောင်ပါ။ (အယ်ဘေးနီးယန်း)

    ထော့ကျိုးထော့ကျိုး လမ်းလျှောက်နေတဲ့ ခွေးတစ်ကောင်နဲ့
    မိန်းမတွေရဲ့မျက်ရည် ကိုမယုံပါနှင့်။ (မက်စီကန်)

    ဝံပုလွေ ကိုကြင်နာတာ သိုးငယ်ကို ရက်စက်တာဘဲ။ (ပါရှန်း)

    ကောင်းမွန်စွာပြင်ဆင်ထားသူသည် စစ်ပွဲ၏တဝက်ကို
    အောင်မြင်ပြီးသားဖြစ်လေသည်။ (ပေါ်တူဂီ)

    လူနှစ်ဦးသာ သိသောလှျို ့ဝှက်ချက်သည် ဘုရားသခင်၏ လျှို ့ဝှက်ချက်ဖြစ်၍၊
    သုံးယောက်သိသော လှျို ့ဝှက်ချက်သည် လူတကာ၏ လျှှို ့ဝှက်ချက်ဖြစ်လေ၏။
    (စပိန်)

    တစ်ကြိမ် မြင်ရခြင်းသည် နှစ်ကြိမ် ကြားရခြင်းထက်ကောင်း၏။ (ဆွီဒင်)

    – ashinpanna.com –

    အချိန်ရှိတိုင်း စဉ်းစားပါ။ စဉ်းစားရင်း အချိန်မကုန်ပါစေနှင့်။
    အကြံပေါက်ရင် ထလုပ်။ (ကျော်ဟိန်း)

    ကိုယ့်ထက်စွမ်းသူထက် ကိုယ့်ထက်စောသူကို ကြောက်ရသည်။ (နပိုလီယန်)

    ယောက်ျားလေးများသည် မိန်းကလေးရဲ့ အချစ်ဦးပဲဖြစ်လိုကြသည်။
    မိန်းကလေးများကတော့ ယောက်ျားလေးတို့ရဲ့ နောက်ဆုံးအချစ်ကိုသာ
    လိုချင်ကြသည်။

    ကောက်ကျစ်သော လျှာသည် ရက်စက်သော လက်ထက် ဆိုးရွား၏။
    (ယီဒင်)

    • Ma Ma

      September 16, 2015 at 5:27 pm

      အဲဒီစာတွေအကုန်ကူးထားပြီး အော်ပီကျယ်ကာတွန်းပြက္ခဒိန်မှာ ပြန်သုံးရရင်ကောင်းမယ်။ :k:

Leave a Reply