Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

တောက် . . . ခံပြင်းလို့ပါဗျာ၊

mggwaFebruary 12, 20125min96920

ကမ္ဘာမှာ ဗုဒ်ဓဘာသာလို့သိအောင် လုပ်ပြနေတာ တိဘက် ဒလိုင်းလားမား မဟာယာနနှင့် ထိုင်း၊ သီရိလင်္ကာ ဘုန်းကြီးများသာဖြစ်ကြပါတယ်။ မြန်မာဘုန်းတော်ကြီးတွေက ကမာ္ဘမှာ မြန်မာလူမျိုးတွေ မရှိရင် သာသနာမပြုတတ်တော့ပါဘူး ဆိုတဲ့ (ဗုဒ္ဓဘာသာကို ကမာ္ဘသိအောင်လုပ်ပြနေတာ ဘယ်နိုင်ငံကလဲ) ဆိုတဲ့ ပိုစ့်လေးတွေလိုက်ရလို့ ခံပြင်းလိုက်တာဗျာ။

ကျုပ်တို့ ဗမာဘုန်ကြီးတွေ ဘာလုပ်နေလို့လဲ?

မအားမလပ်အောင် အလုပ်တွေ လုပ်နေကြတာ ကမ္ဘာက မသိကြလို့ပဲဗျ။

နေ့ည မအား ဘောလုံးပွဲတွေ ကြည့်နေရတယ်၊

ချဲဂဏန်းတွေ တွက်နေ၊ ပေးနေရတယ်။

တရားပွဲတွေမှာ တစ်ပါးနဲ့ တစ်ပါး ပလ္လင်လုပွဲတွေ ဖိုက်နေရတယ်။

တစ်ပါးကို တစ်ပါး နှိပ်ကွက်ဖို့၊ ဖြစ်နိုင်ရင် ထောင်ချဖို့တွေ လုပ်နေရတယ်။

ကျောင်းကောင်းကောင်းမှာ ကျောင်းထိုင်နိုင်ဖို့ လုပ်နေရတယ်။

ကျောင်းထိုင်ပြီး ရွာစားကြီးတွေ၊ နယ်စားကြီးတွေလို အပိုင်စားဖို့ လုပ်နေရတယ်။

ကျောင်းတိုက်ကြီးတွေထောင်ပြီး ကိုရင် (ခလေး)တွေကို စက်ရုပ်တွေလို စာတွေ အလွတ်ကျက်ခိုင်းဖို့ လုပ်နေရတယ်။

စာတွေအလွတ်ရပြီး ကိုယ်လိုပဲ စာတွေအလွတ်ရသူ (စက်ရုပ်လူ)တွေ ပြန်မွေးထုတ်ပေးဖို လုပ်နေရတယ်။

ကမ္မဋ္ဌာန်းဗန်းပြပြီး ရိပ်သာကြီးတွေထောင် လူတွေကို ဘာမှ မလုပ်ချင်တော့တဲ့ သူတွေဖြစ်အောင် ပုံစံခွက်ထဲ ထည့်ပေးနေရတယ်။

. . . . . . . . . . . . . . . . . . လုပ်နေရတယ်။

. . . . . . . . . . . . . . . . . . လုပ်နေရတယ်။

ကိုယ်နားလည်နေသလို  ထင်ရာ မြင်ရာတွေ အဲဒီလို မအားအောင် လုပ်နေကြရတာကို

အဲဒီဆောင်ပါးရှင်က ဗျာ . . . ရေးရက်လိုက်တာ ကြည့်စမ်းပါဦး၊  ဘာတဲ့ . . . . .

 

အခုမြင်နေတရတဲ့ ဓာတ်ပုံကတော့ ထိုင်းနိုင်ငံ ဝဒ်ဓမ္မကိုင်ကျောင်းအတွင်းမှာ လူပေါင်းတစ်သိန်းကို နှစ်စဉ်နှစ်တိုင်းရှင်ပြုပွဲ ရဟန်းခံပွဲများကိုပြုလုပ်ပေးနေတဲ့တော်ကြီးဖြစ်ပါတယ်။ (ထိုကျောင်းတိုက်ကို တည်ထောင်သူဟာ ထိုင်မယ်သီလ တစ်တစ်ပါးကနေ စပြီးတည်ထောင်ပါသည်)

(မဟာယာန အယူရှိသော ဒလိုင်းလားမား နှင့် အမေရိကန်လက်ရှိသမ္မတကြီး အိုဘားမား)

ဗုဒ္ဓဘာသာ ဘာသာရေးခေါင်းဆောင်ဒလိုင်းလားမား နှင့်ဘာသာရေးခေါင်းဆောင်များ

(ဗုဒ်ဓဘာသာကို ကမာ္ဘ့ထိပ်သီး ခေါင်းဆောင်အတော်များများကသိနေတာ ဒလိုင်းလားမား နှင့် ဦးဂိုအင်ကာတို့က အဓိကအခန်းက ပါဝင်နေတယ်ဆိုတာကို ဗဟုသုတရှိသူတိုင်းသိတယ်။ တို့ထေရဝါဒက သာသနာပြုနေလု့ိ ကမာ္ဘကသိတာဆိုပြီး ရမ်းမချပါနဲ့၊ ရွာမှာနေတဲ့ကလေးတွေကိုသွားပြော သူတို့က ဗဟုသုတမရှိဘူးတော့ ယုံတာပေါ့၊  မြန်မာနိုင်ငံက ဆရာတော်များ ဒီလောက်ထိ ဘယ်ဆရာတော်မှ မစွမ်းနိုင်ပါ။

မြန်မာရဟန်းတော်များက မဟာယာနတွေ ထေရ်ရဝါဒတွေပြောနေရင်လဲ အပိုပဲ။ မြန်မာပြည်တွင်းမှာပဲ ခွဲခြားဆက်ဆံနေရတာပါ။ ပြည်ပထွက်ကြည့်ပါ။ ထေရဝါဒဆိုသူတွေ မဟာယာနဲ့ အတူတူ ဆွမ်းများ ဘုဉ်ပေးကြပါတယ်။ ….. ထိုင်း သီရိလင်္ကာဆိုတာ ထေရဝါဒ အမည်ခံပဲ။ ဒါပေမယ့်။ မြန်မာဘုန်းတော်ကြီးတွေလောက် သဘောထားမကျဉ်းမြောင်းပေ။ အချင်းချင်း ရုံးတွေ ဂါတ်တွေကို မရောက်ကြပေ။

 

…….

မိမိညံဖျင်းကြောင်းကို သိကြလော့ ……

ပြုပြင်စရာတွေရှိပါက ပြုပြင်ကြလော….

မြန်မာဘုန်းကြီးတွေ အချင်းချင်း ခိုက်ရန် ဖြစ်ခြင်းမှ ရပ်တန့်လော့

ဟိုတရားမှားတယ် ဒီတရားမှာတယ်လို့ပြောတွေ ရပ်စဲလော့…..

ဘုရားတရားတွေကို အမှားအမှန် ဆုံးဖြတ်ရအောင် ဆုံးဖြတ်သူကိုယ်တိုင် အရိယာလော့…….

ပကာသနနဲ့ မိမိရဲ့ မိုက်ဂုဏ်ဖြစ်မယ့် အလုပ်တွေကို ရပ်စဲလော့….

……….

မြန်မာဘုန်းတော်ကြီးများကို စက်တင်ဘာဖြစ်တုန်းကတော နဲနဲသိသွားတယ်ဗျ။ တရားပြလို့သိတာမဟုတ်ပါ၊ အမျိုးသားရေးအတွက် အသက်တွေပေးခဲ့လို့သိနေခြင်းဖြစ်ပါတယ်။

ဝိပဿနာနဲပါတ်သတ်ရင်လဲ ဦးဂိုအင်ပဲ ကမာ္ဘကသိတယ်။ သူဟာ ကုလအတွင်းရေးမှူးဟောင်းကိုဖီအာနန် ဇနီးနှင့်၊ အမေရိကန်သမ္မဟောင်း ကလင်တန်၊ အစ္စလာန်တို့ရဲ ခေါင်းဆောင် မိုဟာမက်မွေးခဲ့သော မကာမြို့လဲ ဘုရားတရားတွေကို ချပြနိုင်ခဲ့တယ်။ ဒီလောက် ကြီးမားတဲ့ ဝိပဿနာ တရားတွေကိုဟောပြနေခြင်းဟာ လူသားဖြစ်ပါတယ်။

ဘုန်းကြီးတွေ ဝိပဿနာပြတယ်ဆိုတာ လူအများစုတကယ်ကို မသိတာပါ။ (မဟာစည် မိုးကုတ် ဖားအောက် ဆရာတော်များကတော့ တကယ့်ကို သာသနာအတွက် စွမ်းစွမ်းတမံပြုလုပ်နေကြပါသည် ထိုဆရာတော်တို့ရဲ့ ဓမ္မတွေလည်း ကမာ္ဘမှာ စွမ်းနိုင်သလောက် ပျံနှံအောင် ပြသနေပါသည်၊ ၎င်းဆရာတော်တို့ကား အယူဝါဒ မတူညီတဲ့ ရဟန်းတစ်ပါးကို ထောင်ချသင့်သည်ဟု မပြောကြားပေ ထိုဆရာတော်များကိုတော့ လေးစားပြီး ကြည်ညိုမိပါတယ်) (အထူးအားဖြင့် ပြည်တွင်းမှာရှိနေသော ယောဆရာတော်ကိုလဲ အတုယူလေးစား ဂုဏ်ယူစရာ ဆရာတော်တစ်ပါးဖြစ်ပါသည်) ။ သီလဂုဏ် သမာဓိဂုဏ်နှင့် ပြည့်စုံသော ရဟန်းတော်များသည် ဒီပို့စ်နဲ့ မသက်ဆိုင်ပါ။ ဘုန်းကြီးအချဉ်းချဉ်းကို ထောင်ချသင့်သည်ဟု ဆိုသော ရဟန်းများကို ဆိုလိုသည်)

……

မြန်မာဘုန်းကြီး ပညာရေးတွေ ညံ့ဖျင်းလွန်းတဲ့အတွက် ငွေတက်နိုင်သော ရဟန်းအချို့သည် သီရီလင်္ကာ။ အိန္ဒိယ၊ ထိုင်းနိုင်ငံတွေမှာသွားပြီး တပည့်ခံနေရပါသည်။

………………

မိမိလည်း ပြည်တွင်းမှာ နေတုန်းက မိမိကိုယ်မိမိ ဘဝင်တလုံးဖြင့် ငါတို့ပဲ ကမာ္ဘမှာ သာသနာပြုတယ်ဆိုတဲ့ ပုံစမျိုး ဝါဒတွေကို ရိုက်သွင်းခြင်းခံရသူတစ်ဦးပါ။ အရင်တော့ ကိုယ့်ကိုယ်ကို အဟုတ်ကြီးထင်ခဲ့ပါသည်။

အဲဒီ အထင်တလုံးအတွက် ရှက်လည်းရှက်ပါသည်။

 

 

ပြည်တွင်းမှာ ဖြစ်နေတဲ့ ဘုန်းကြီး အရေးတွေလဲ ကြားလိုက်ရရင် စိတ်မကောင်းစရာတွေကြည့်ပါပဲ။ ဟိုဘုန်းကြီးက မှားတယ် ဒီဘုန်းကြီးမစ္ဆာနဲ့ ငြင်းခုန်နေကြတာနဲပဲ အချိန်ကုန်နေတယ်။

 

ဘယ်သူကိုထောင်ချသင့်တယ်စတဲ့ စကားတွေလဲ အခုတလော ကျယ်ကျယ်လောင်လောင်ကြားနေရပါတယ်။ များစွာ စိတ်မကောင်းပါ။

အချင်းချင်းပဲ ရန်ဖြစ်နေကြပါသည်။

 

မြန်မာနိုင်ငံမှာ စိတ်သဘောထား မပြည့်ဝတဲ့ ဘုန်းကြီးတွေ ပညာတက်လာမယ်။ လူထုက ထောက်ခံလာမယ်ဆိုရင်တော့ ။ မြန်မာပြည်ရဲ့ ဘာသာရေးကတော့ ရင်မအေးစရာပဲ။

 

တစ်ချို့ကပြောသေးတယ်။ တို့က သာသနာအတွက်ဆိုရင် အသက်ပေးတယ်။ ဘာာညာညာ ပေါဗျာ၊ အသက်ပေးစရာမလိုပါဘူး။ ဘုရားက ငွေမကိုင်နဲ ပြောထားတယ်။ အဲဒီ သိက္ခာပုဒ်လေးကိုပဲ စောင့်ထိန်းနိုင်အောင် ကြိုးစားပါ။ (လေကျယ် ရဟန်းအတွက် ပြောဆိုခြင်းဖြစ်ပါတယ်)

 

သင်္ကန်းအရေးခြုံပြီး ကျော်စောမှု သူများအထင်ကြီးလိုမှု့ကို ရှာဖွေ နေတဲ့ နာမည်ကြီးချင်သော အရေခြုံများသည် မိစ္ဆာတွေကို ပါယ်ရှင်းရမည်၊ ထောင်ချရမည်စတဲ့ နာဇီလေသံများဖြင့် ဘာသာချစ်စိတ်ဟုဆိုကာ လူအများကိုခဏခဏ ပြောတက်ကြပါသည်။

အဲဒီ စကားတွေကို လူတွေကလည်း အရမ်းသဘောကျပါသည်။

 

ဘုရားသာသနာကို ဖျက်ဆီးနေတဲ့၊ ရဟန်းများကို မြန်မာလူထုကြီးက အားကျနေလိုက်ကြတာ။ ပံပိုးနေလိုက်ကြတာ။ ရင်လေးစရာပဲ။

 

ဘုရားက ငါ့ဝါဒကို ဆန့်ကျင်ရင် ထောင်ချ သတ်ဖြတ်စေလို့ မဟောကြားပေ။ မြတ်စွာဘုရားအဆူဆူတို့သည် တကယ် ဂရုဏာရှင်ဖြစ်တော်မူ၏။

 

တကယ်လို့ ရဟန်းတစ်ပါး အယူမှားနေရင် အဲဒီအယူမှားနေတဲ့ ရဟန်းကို လမ်းမှန်ရောအောင် ဟောကြားပေးရမည်ဟု ပြောဆိုထားပါသည်။

တကယ်လို့ အယူလွဲချော်နေတဲ့ ရဟန်းကို အယူမှန်အောင် ဟောနိုင်စွမ်းမရှိပါက သာသနာပြုသူ၏ ညံဖျင်းမှုသာဖြစ်ပေသည်။

 

ဒီခေတ်ရဟန်းတွေက မိမိရဲ သာသနာ ပြုနိုင်စွမ်း ၊ ဟောပြောမှု့ညံဖျင်းနေတာကိုတော့ မသိကြဘူး။

အယူမှားတယ်ဆိုပြီး ခင်ညွန့် ထောက်လှန်းရေးအစိုးရလို လျောက်လုပ်ချင်နေတဲ့ချင်တဲ့ပုံစံပါပဲ။

 

အာဏာရှင် အစိုးရအောက်မှာ မွေးတယ် သိမ်ဝင်တယ်။ ကြီးပြင်လာတယ်ဆိုတော့လည်း အာဏာရှင်ရဲ့ အငွေသက်လေးတွေတော့ ပါလာမှာပေါ့။

 

သိထားဖို့က မြန်မာဘုန်းကြီးတွေကို ကမ္ဘာက တကယ်ကိုမသိတာပါ။ သိအောင်လဲ ဘယ်သူမှမကြိုးစားကြဘူးဆိုတာပဲ။

 

ကမာ္ဘသာသနာပြုဖို့ နေနေသာသာ မြန်မာနိုင်မှာ တနေ့တခြား အခြားဘာသာဝင်တွေ များလာနေမှု့ဟာ ဘုန်းကြီးနဲပဲသက်ဆိုင်ပါတယ်။

ဘုန်းကြီးတွေ အလုပ်မလုပ်ဘူးဆိုတာသက်သေပြနေတာပဲ။ အချင်းချင်းပဲ ရန်ပွဲလုပ်နေတာဆိုတော့ အချိန်မရဘူးနဲတူပါရဲ့။

 

လူတကာတွေ တကာမတွေကို သနားတယ်ဆိုရင် အချင်းချင်း ရန်ဖြစ်နေတာတွေကို ရပ်စဲလော…….. ရပ်စဲလော့….

 

လူတစ်ယောက် အယူမှားနေတယ်ဆိုတာ ။ အယူမှားနေတဲ့သူများ မှာ အပြစ်မရှိဘူး။ ဘာကြောင့်လည်းဆိုတော့ လူဆိုတာ အမြဲတမ်းမှားနေသောကြောင့်ဖြစ်ပါတယ်။

 

လူတွေ အယူမှားနေတာကို အယူမှန်အောင် မပြောပြနိုင်သူသာ အပြစ်ရှိပါသည်။ အယူမှားတွေကို လက်ခံနိုင်အောင် ပြောစမ်းပါ။ ဟောစမ်းပါ။ စာတွေသင်ထားတယ်လည်းပြောသေးတယ်။ စာသင်တယ်ဆိုတာ အယူမှားနေတဲ့သူတွေကို အယူမှန်အောင် ပြောပြဖို့ စာသင်ထားတာ မဟုတ်လား။ ဘာလို့ ဝါဒမတူရင် ထောင်ချမယ်လို့ ပြောနေရတာလဲ။ ရွှေမြန်မာ ဘုန်းကြီးတို့ရယ်……

မေတ္တာဖြင့်….

)

အဲဒီလို ရေးသင့်ရဲ့လား ဗျာ၊ ဘယ်လောက်ခံပြင်းစရာကောင်းသလဲဆိုတာ၊

တို့ဘုန်းဘုန်းတွေမှာတော့ မအားမလပ်အောင်လုပ်နေကြရရှာတာ . . . . . . . ။

(လူတွေက အသုံးမတည့်လို့ မသုံးတာတော့ မတတ်နိုင်ဘူးပေါ့။ သူတို့လည်း သူတို့ သိတာ တတ်တာလုပ်နေရတာပဲ  ဟာကို ။)

20 comments

  • water-melon

    February 12, 2012 at 11:02 am

    ဘာသာရေးနဲ့ပက်သက်ပြီးတော့ မဝေဖန်တော့ပါဘူး
    ကိုယ်လည်း ဗုဒ္ဓဘာသာပါဘဲ
    online မှာ ကိုယ်တော်တို့ ချက်တင်ထိုင်တာကိုလည်း မပြောပါဘူး
    ရုပ်ရှင်ရုံမှာ ကြည့်တာကိုလည်း မပြောပါဘူး
    ညနေတိုင်း ဘောလုံးကန်တာကိုလည်း မပြောပါဘူး
    ဘောလုံးလောင်းတာကိုလည်း မပြောပါဘူး
    သူ့အာပက်နဲ့သူ ဖြစ်ပါလိမ့်မည်။
    နေရာတစ်ကာ ဝင်ပြောရအောင် ကိုယ်လည်း သမ္မတ မဟုတ်
    မြန်မာပြည်မှာနေရင် စိတ်ရှည်သည်းခံ ရတယ်ကွဲ့။
    ပြောရင်လည်း တစ်ထောင့်တစ်ည ပုံပြင်ထက် ပိုရှည်လိမ့်မယ်
    သူ့ကိစ္စနဲ့သူ ချောပါလိမ့်မယ်။

  • kaunglay

    February 12, 2012 at 3:59 pm

    အလုပ်လုပ်ကြပါတယ်
    ချဲထီထိုး၊ ဘောလုံးပွဲကြည့်၊ ဂိမ်းဆော့ ၊ ဘောလုံးကန်…
    မအားကြပါဘူးရယ်…(အလုပ်တစ်ကယ်လုပ်နေတဲ့သူတွေကိုမပြောလိုဘူးရယ် )

  • ever

    February 12, 2012 at 6:22 pm

    ရဟန်းတော်တို့သည် ကမ္မဋ္ဌာန်း( လောကအကျိုးဆောင်သော အလုပ်) လက်လွတ်နေလို့ မသင့်ပေ။

  • သူ ့အာပတ်သူသင့်ပါလိမ့်မယ်ဗျ။

    မအားမလပ်အောင် အလုပ်တွေ လုပ်နေကြတာ ကမ္ဘာက မသိကြလို့ပဲဗျ။
    နေ့ည မအား ဘောလုံးပွဲတွေ ကြည့်နေရတယ်၊
    ချဲဂဏန်းတွေ တွက်နေ၊ ပေးနေရတယ်။
    တရားပွဲတွေမှာ တစ်ပါးနဲ့ တစ်ပါး ပလ္လင်လုပွဲတွေ ဖိုက်နေရတယ်။
    တစ်ပါးကို တစ်ပါး နှိပ်ကွက်ဖို့၊ ဖြစ်နိုင်ရင် ထောင်ချဖို့တွေ လုပ်နေရတယ်။

  • lionking

    February 13, 2012 at 5:53 pm

    ကမ္ဘာမှာ ဗုဒ္ဓဘာသာဟာ ဘာသာရေးတွေထဲမှာ အသာဆုံးဗျ ဘာသိလို့လဲ။ မဟုတ်တာလုပ်တဲ့နေရာမှာ ပြောတာပါ ဟဲ…ဟဲ။ သူများကျွေးတာအသာစား ငေါက်လိုက် ငန်းလိုက် ခြောက် လိုက် ခြမ်းလိုက် လုပ်နေကြတာပါ။ ဒါကြောင့်မအားတာပါ။ ခွင့်လွှတ်လိုက်ကြပါ ဟဲ…ဟဲ။

  • maungpeace

    February 14, 2012 at 5:34 pm

    မတူညီတာတွေကို အတင်တူအောင်ညှိမနေ၊ နှိပ်ကွက်မနေကြပဲ တူညီတာလေးတွေနဲ့ ဘယ်လို ငြိမ်းချမ်းစွာ ဘယ်လိုလုပ်ဆောင်ကြမလဲ၊ ဒါလိုရင်းပါပဲ။

  • မိုးချမ်းမြေ့

    February 19, 2012 at 3:28 pm

    အင်း…အပြင်းစားခံစားရခြင်းဆိုတဲ့…ပို့စ်တောင်ထပ်ရေးမလားလို့စဉ်းစားမိပါရဲ့…။
    ထေရဝါဒအမည်ခံဆရာတော်ဘုရားများလည်း…ဒေါက်တာဘွဲ့တွေယူနေကြတာမသိဘူးလား…..
    (ပိုက်ဆံပေးပြီးလျှင်…တစ်ပါးသူအား…ကျမ်းပြုစာရေးခိုင်းခြင်း)။ သာသနာပြုဘို့အတွက်…
    တောင်တန်းတွေသွားပြီး…ဒုက္ခတွေသွားခံနေကြတာတွေကို…မသိကြဘူးလား…..
    (သာသနာပြုလက်မှတ်ရရန်..မဖြစ်မနေစေလွှတ်ခြင်းကြောင့်…ကျိတ်မှိတ်၍သွားခြင်း)။
    နိုင်ငံရပ်ခြားကို…သွားနေကြတဲ့ဘုန်းတော်ကြီးတွေအများကြီးပါရှိနေတာကို မသိပြန်ဘူးလား…
    (စား၊ ဝတ်၊ နေရေးကို ရင်ဆိုင်ဖြေရှင်းရန်သာများခြင်း)…။
    ဒါမျိုးတွေလုပ်နေမှန်းကို မသိတာလား…မသိခြင်ယောင်ဆောင်နေတာလား….
    ဒါလောက်အပင်ပန်းခံပြီးလုပ်နေတာကိုများ…သူတို့မို့…ရာရာစစ….အ…အ..အ….

  • mggwa

    June 21, 2012 at 4:47 pm

    ရေရေလည်လည် ခံစားရလို့ပါ နေဝန်းနီ။ . . . ဗျဲ . . . ။

  • မွန်မွန်

    June 21, 2012 at 5:09 pm

    ချက်တင်ထိုင်၊ ရုပ်ရှင်ကြည့်၊ ချဲထိုး၊ ဘောပွဲလောင်း၊ ဗေဒင်တွက်…. တော်သေးတာပေါ့…
    သင်္ကန်းကြီးနဲ့ အဗြဟ္မစရိယာ ကို ဗြဟ္မစရိယာတွေလုပ်တာ ရှိသေးတယ်…
    ကိုယ်ပေါင်ကိုယ်လှန်ထောင်းရတာလည်း မကောင်းပါဘူး။
    ဒီအခြေအနေတွေမှာတောင် သာသနာကိုထိန်းသိမ်းထားနိုင်တဲ့ သာသနာ့အာဇာနည် ဆရာတော်ကြီးတွေကို တကယ်ကြည်ညိုမိပါတယ်။

  • TTNU

    June 21, 2012 at 5:43 pm

    ဒီအကြောင်းကို ဆရာတော်ကြီးတစ်ပါးနဲ့ ဆွေးနွေးဖူးတယ်။
    အပေါ်က မွန်မွန်ပြောသလို ကိုယ်တော်တွေ (ချက်တင်ထိုင်၊ ရုပ်ရှင်ကြည့်၊ ချဲထိုး၊ ဘောပွဲလောင်း၊ ဗေဒင်တွက်…. တော်သေးတာပေါ့…
    သင်္ကန်းကြီးနဲ့ အဗြဟ္မစရိယာ ကို ဗြဟ္မစရိယာတွေလုပ်တာ ရှိသေးတယ်…)
    အကြောင်းပေါ့။

    ပြီးတော့ ဘုန်းကြီးစာမေးပွဲတွေ အရင်ကစောင့်ဖူးတယ်။ သိပ်စိတ်ညစ်စရာကောင်း
    လောက်အောင် ကိုယ်တော်တွေ ဆိုးကြတယ်။

    အိမ်ခြံအဝကနေ ကိုယ်တော် သုံးလေးပါးအော်ဟစ် တံခါးဖွင့်ခိုင်းပြီး ခရီးစရိတ် အလှူခံတာ
    မနည်းဖြေရှင်းခဲ့ရဖူးတယ်။

    ဆိုတော့ အဲဒီဆရာတော်ကြီးရဲ ့ ဆုံးမစကားကတော့ သူတို့တွေ (ဒီလိုမျိုးကိုယ်တော်တွေ)
    ဟာ သင်္ကန်းဝတ်ထားတဲ့ သာမာန်လူတွေပဲတဲ့။ သူတို့ကို မိမိကနှုတ်ဝစီနဲ့ ပြောမှားဆိုမှား
    လိုက်ရင် သူတို့ ဆင်မြန်းထားတဲ့ သင်္ကန်းအတွက် ကို်ယ့်မှာအကုသိုလ်ဖြစ်မယ်တဲ့။
    မလှူနိုင်ရင် ကန်တော့ပါသေးရဲ ့လောက်တော့ ပြောလိုက်ပါတဲ့။

    သာဓကပေးတာကတော့ ဆဒ္ဒါန်ဆင်မင်းဝတ္တုထဲက သောနုတ္ထိုရ် ကိုယ်မှာသင်္ကန်းပတ်ထားတော့
    “ဘုရားလိုဏ်ခေါင်း အောင်း၍ မာန်သွေးဟောင်သောခွေးကို အရေးပျူငှာ ခွင့်မသာသို့”…
    လို့ ဦးပုည ရေးစပ်ခဲ့သလိုပဲတဲ့။

    အခွင့်သာရင်တော့ လူတိုင်းဖြေရှင်းပစ်ချင်တာပေါ့ကွယ်။

    • မွန်မွန်

      June 22, 2012 at 3:02 pm

      ဟုတ်ကဲ့ ဆရာမ
      အဲဒီသင်္ကန်းကြောင့်ပဲ ပြောလို့မရဖြစ်နေတာ။ သံဃာ့နာယကအနေနဲ့လည်း ထိထိရောက်ရောက် အရေးယူသင့်ပါတယ်။
      ဲကြာရင် တကယ်သာသနာ့အကျိုးဆောင် ဦးပဇဉ်းတွေပါ အကြည်ညိုပျက်ပါတယ်။ စေတနာကိုတောင် သို့လောသို့လောနဲ့ သံသယဝင်စေပါတယ်။

  • etone

    June 22, 2012 at 3:28 pm

    ဘုန်းကြီး ကိစ္စကို လူအနေနဲ့ မဝေဖန်ချင်လို့ …. ဆိတ်ဆိတ်နေပါ့မယ် ။
    ပြောရလျှင် နေရာတိုင်းမှာ အဆိုးနဲ့ အကောင်းဒွန်တွဲနေကြတာချည်းပါပဲ ….. ။
    ဝတ်နည်းတော်နဲ့ အညီနေတဲ့ ဘုန်းကြီးရှိသလို ၊ မနေတဲ့ ဘုန်းကြီးလည်း ရှိတယ် … ။ ဒီတော့ ဝါးလုံးရှည်နဲ့ သိမ်းကျုံးမရမ်းပါနဲ့ နော် ….. ဗုဒ္ဓဘာသာ တစ်ယောက်ဆိုလျှင် …. ဘုန်းကြီးတွေကို ကြည့်ပြီးဝေဖန်နေတာ … ဘယ်လောက် အကုသိုလ်များလဲဆိတာ .. သိသင့်ပါတယ် … (ဝေဖန်ခံရတဲ့ ဘုန်းကြီးတော့ ဘာမှမဖြစ်ပါ )

    ကောင်းတာလုပ်လျှင် ကောင်းတာဖြစ်မယ်
    မကောင်းတာ လုပ်လျှင် မကောင်းတာ ဖြစ်မယ် … ဒီသဘောလေးပါပဲ ။

  • ဂဂျီဂဂျောင် ပျိုတို့မောင်

    June 22, 2012 at 3:47 pm

    ဟုတ်မှန်ပါသည် ၊ သံဃာ့အရေး ဝင်ဆွေးနွေးရန် မသင့်တော်ပါ ။
    ငါးပါးသီလ ကိုတောင် လုံအောင်မထိမ်းနိုင်သေးသော လူများအနေဖြင့်
    ဝေးဝေးရှောင်သင့်ပါတယ် ။

  • naked

    June 22, 2012 at 4:57 pm

    ဘုန်းကြီးဆိုတဲ့အတွက် ဘုန်းကြီးပါတယ်…
    သူတို့ကိုဝေဖန်ရင် ငရဲကြီးပါတယ်…
    ကိုယ်အပြစ်ဖြစ်ပါတယ်…….
    ဘုန်းကြီးတွေဝိနည်းတော်နဲ့မညီတဲ့အမှုကိုပြုရင်….
    သူ့ဟာသူအာပက်သင့်ပါတယ်လို့ကြားဖူးပါတယ်…..
    သူ့ဝိနည်းနဲ့သူကျင့်ကြံနေတဲ့ဘုန်းတော်ကြီးတွေလည်းရှိလို့…
    ကိုယ့်လူတို့…………………..
    ငရဲမယူကြရအောင်လား….

  • ကိုငြိမ်းအေး

    June 29, 2012 at 8:46 am

    (ဘုန်းကြီးဆိုတဲ့အတွက် ဘုန်းကြီးပါတယ်…
    သူတို့ကိုဝေဖန်ရင် ငရဲကြီးပါတယ်…
    ကိုယ်အပြစ်ဖြစ်ပါတယ်…….) ဆိုတဲ့ စကားအသွာအလာဟာ လူမျိုးကြီးဝါဒဆန်သလို ဖြစ်နေပါတယ်။

    ဒါဟာလည်းရှေးခေတ်က ရှင်ဘုရင်တွေက သူတို့ကို ပြည်သူပြည်သားတွေက မဝေဖန်ရဲအောင် အာဏာနဲ့ခြောက်လှမ့်ခဲ့တဲ့ ပုံစံမျိုးလိုပါပဲလို့ သုံးသပ်လို့ရပါတယ်။

    ဘုန်းကြီးရယ်၊ လူရယ်ဆိုတဲ့ ပုဂ္ဂိုလ်ရေးအမြင်ထက် လုပ်နေတဲ့ အလုပ်ရဲ့ အကောင်အဆိုးပေါ်မူတည်ပြီး ပြောဆိုဝေဖန်ဖို့ အချိန်အခါရယ်၊ အခါအခွင့်အလိုက် လောကကောင်းဖို့အတွက် ဝေဖန်သင့်ပါတယ်လို့ မြင်မိပါတယ်။

    • mggwa

      August 1, 2012 at 4:50 pm

      good ကိုငြိမ်းအေး။
      {(ဘုန်းကြီးဆိုတဲ့အတွက် ဘုန်းကြီးပါတယ်…
      သူတို့ကိုဝေဖန်ရင် ငရဲကြီးပါတယ်…
      ကိုယ်အပြစ်ဖြစ်ပါတယ်…….) ဆိုတဲ့ စကားအသွာအလာဟာ လူမျိုးကြီးဝါဒဆန်သလို ဖြစ်နေပါတယ်။ }

      လူမျိုးကြီးဝါဒလည်း ကောင်းဘူး။
      လူမျိုးနှိမ်ဝါဒလည်း ကောင်းဘူး။
      လူမျိုးစွဲမပါ လူသားစိတ်နဲ့ ဆက်ဆံနိုင်ကြဖို့က အဓိကပါလို့ ထပ်လျှာရှည်ကြည့်လိုက်တယ်ဗျာ 🙂

  • Wow

    June 29, 2012 at 10:51 am

    သာသနာတော်သန့်ရှင်းရေးတော့လုပ်သင်ပြီထင်ပါတယ်….
    တိုင်းပြည်မှာ ပရိရတ်သာမ ပရိပါတ်ပါ တကယ် လုပ်ခြင်လို့ ဝတ်ကြောင်စိတ်ကုန်တဲ့ သူများသာ သာသနာ့ အမွေခံသင့်ပါတယ်….
    စေတနာစကားဆိုတာ တစ်ခါတစ်လေ နားခါးတတ်ပါတယ်။ အစားရချောင်လို့ ဘုန်းကြီးဝတ်၊ စစ်ထဲဝင်သူတွေများလာရင် ပြည်နာပါတယ်….

Leave a Reply